နေ့စဉ်နေ့တိုင်း ခြေလှမ်းတွေတော့ လှမ်းမြဲလှမ်းနေတာပါပဲ။ ပုံမှန်ခြေလှမ်းတွေကြားမှာ နေသားကျနေခဲ့ပြီ။ ခြေလှမ်းသစ်လှမ်းဖို့ ဟမ်……………လိုအပ်တယ်လား……………………….
ဒီပုံမှန်ခြေလှမ်းတွေနဲ့ တစ်နှစ်ပြည့်တော့ အစ်ကိုတစ်ယောက်က မေးတယ် ဘာလုပ်မှာလဲတဲ့။ ဘာလုပ်ရမလဲ ကိုယ့်ကို ကိုယ်မေးဖို့ လိုအပ်နေခဲ့ပြီ။ ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ အား…. ခေါင်းတွေပူလာပြီ။ အခု မကြီးဝါက နောင်ငါးနှစ်အတွက် မေးပြန်ပြီ။
ဒီနိုင်ငံမှာ အလုပ်လုပ်တဲ့နောက် ဒီနိုင်ငံမှာ ဆက်နေသင့်သလား။
Permenant Resident (PR) လျှောက်သင့်သလား။
Citizen ပြောင်းသင့်သလား။
ဒါမှ မဟုတ် တတိယနိုင်ငံတစ်ခုကို ကူးရမလား (အမေရိကား၊ သြစတြေးလျား စသည်…)
ဥမကွဲ သိုက်မပျက်နေဖို့ ရွှေပြည်ကြီးကို ပြန်သင့်သလား။
PR ကကော လျှောက်တိုင်းရမှာတဲ့လား။ PR ရရင်ကော ဘာတွေထူးခြားလာမလဲ ငါးနှစ် နေထိုင်ခွင့် ပြီးတော့ အချိန်မရွေးအလုပ်ထွက်နိုင်ခွင့်လက်မှတ်တစ်ခု ကိုင်ဆောင်နိုင်တာထက် ဘာမှ ပိုလာမှ မဟုတ်တဲ့အပြင် CPF (Central Provident Fund) လစဉ် အဖြတ်ခံရမှာတော့ သိပ်သေချာပါတယ်။
အခုလတ်တလောမှာ PR တွေကို Citizen ဖြစ်အောင် တွန်းအားတွေ များလာသလိုတွေ့လာရတယ်။ ကျောင်းလခတွေ တိုးလာတာ အပြင် PR နဲ့ Citizen ခံစားမှု မညီမျှခြင်း စတဲ့အချက်တွေက Citizen ပြောင်းဖို့ အဓိက စဉ်းစားစေတဲ့အချက်တွေပါပဲ။ ပြည်ပခရီးတွေ အထွက်များတဲ့သူဆို ခြားနားချက်တွေကို ပိုသိမှာပါလေ။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတော့လည်း ကိုယ့်ရွာက ကြက်ဖ သူတပါးရွာမှာ ကြက်မပေါ့။ နိုင်ငံသားစွန့်လွှတ်ဖို့ အခုအထိတော့ အစီအစဉ်မရှိသေးပါဘူး။ တို့ပြည်ကိုချစ်လွန်လွန်းလို့ အတင်းဖက်တွယ် ပြောရအောင် အပြင်ကိုရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မတင့်တယ်ဖူးထင်ပါရဲ့။
နောက်ထပ်နိုင်ငံကူးဖို့ ဘယ်လိုကူးရမလဲ။ ဟိုဟိုဒီဒီ ခပ်လွယ်လွယ် သွားနိုင်လောက်အောင် ခိုင်ခန့်တဲ့ ပညာအရည်အချင်းကလည်း မပြည့်ဝလေတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပြီလေ။ ကျောင်းဆက်တက်ခြင်းနဲ့ ကူးဖို့။ ဟင့်အင်း မပြောပါနဲ့ ပညာရေးက ဆုံးခန်းတိုင်ပြီထင်တယ် တော်ပြီလေ သေစာရှင်စာ ဖတ်တတ်နေမှပဲ။
တကယ်သွားဆိုရင်တော့ သွားချင်မိတယ် အမေရိကား။ သူများ ကားလို့ ကားတာပါ ကိုယ်တိုင်က ရောက်ဖူးလို့ မှ မဟုတ်ပဲ။ လျားမယ်ဆိုလည်း လျားမယ်လေ သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိဆိုတာ ကျနော်မှ အစစ်။ လျားသာ လျားချင်တာ အဖြစ်တော့ တယ်မရှိ။ အခုအချိန်အထိ ဘာကိုမှ မပြင်ဆင် မလေ့လာ။ ဒုံရင်းက ဒုံရင်းဆိုတော့…..ဘာဖြစ်သေးလဲ တစ်နေ့တစ်လံ ကား လျား ဘယ်ရွေ့မလဲပေါ့။ ရှေ့တိုးမယ့် ရွာသား နောက်ခြေလှမ်း ကိုးဆယ်ဆုတ်ပစ်လိုက်တယ်။ လှုပ်သာ လူးသာ ရှိအောင်ပါ ကျနော် ၀တာ လူမသိစေအောင်လည်း ပါတာပေါ့။ နောက်မှ ဦးတည်ချက်လွဲတော့လည်း GPRS မကောင်းတာကြောင့်လို့ ပဲ အပြစ်ဖို့တော့မယ်။
ပြန်မယ်ဆိုရင်ကော… ဒီအချက်ကတော့ တော်တော်လေး စဉ်းစားစရာတွေကို ပေးပါတယ်။ ဘာလုပ်မလဲ ဘယ်လိုနေမလဲဆိုတာက စတာကနေ အင်တာနက် သုံးလို့မရရင် နေနိုင်ပါ့မလား။ အခုလိုဒေါင်းလုပ် လုပ်လို့နှေးနေရင်တောင် စိတ်မရှည်တာ ဟိုမှာ စိတ်ရှည်ပါ့မလား။ ဒေါ့ကွန်းတွေတောင် ဖွင့်ရခက်တဲ့နေရာမှာ ဘလော့စပေါ့ဒေါ့ကွန်းကို ဘယ်လို ရေးမလဲ။ ဖယောင်းတိုင်တွေ မီးစက်သံတွေ ခြင်တွေနဲ့ တစ်သားတည်းမဖြစ်ခင် အိပ်ရေးဘယ်လောက်ပျက်ဦးမလဲ၊ အရင်လို ရေတင်ဖို့ မနက်လေးနာရီထနိုင်ပါဦးမလား၊ ၂၀၇ ၂၀၄ ဘတ်စ်ကား ကြပ်ခြင်းနဲ့ ၃၅ ၅၁ စပယ်ယာတွေရဲ့ အဆိုအငေါက် ကို ခံနိုင်ပါ့မလား အဆုံး အားလုံးကို တွေးတောနေမိတယ်။
ကြီးကြီးကျယ်ကျယ် စီးပွားရေးတွေလုပ်ဖို့ စိတ်ကူးယဉ်ထားတာတွေတော့ ရှိပါတယ်။ အကယ်၍များဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ….
၁။ စာအုပ်ဆိုင် (အရောင်းဆိုင် ဖြစ်ဖြစ် အငှားဆိုင်ဖြစ်ဖြစ်ပါ ဖတ်ရင်းရောင်း ရောင်းရင်းဖတ်ဖို့ပါ)
၂။ အခွေအငှားဆိုင် (ကားကောင်းလေးတွေ စုချင်လို့ ဘာကားကောင်းလဲ မမေးပါနဲ့)
၃။ ဖက်ရှင်ဆိုင် (ကိုယ်လည်းဝတ် သူများတွေလည်း ၀တ်ပေါ့၊ ရိုးရာဖျင်ကြမ်း ပုဆိုး ဖက်ရှင်ပါ)
၎။ စားသောက်ဆိုင် ကောင်းကောင်း (ကုသိုလ်လည်း ရ ၀မ်းလည်း ၀ ဆိုတာမို့)
၅။အင်တာနက်ဆိုင် (ကိုယ်တိုင် ဆိုင်ဖွင့်ရင် ဆိုင်ပိတ်ချိန်ပူစရာမလိုတော့ဖူးဆိုတော့ တစ်ချက်ခုတ် လေးငါးချက်ပြတ် သတိ -မခင်ဦးမေ လက်မခံပါ)
လူကုန်ကူးဖို့ လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်သွားနိုင်တယ်။ တနေ့ကပဲ customer တစ်ယောက် marketing ပြန်ဆင်းသွားတယ် မြန်မာပြည်က လူတွေ ဒီကို သွင်းချင်လို့ဆိုပဲ။ စိတ်ဝင်စားရင် လက်တို့လိုက်ပါတဲ့။
ရည်ရွယ်တဲ့လမ်းဟာ ဘယ်လောက်ဝေးဝေးကွယ် ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ် ပထမဆုံးဒီခြေလှမ်းဟာ အို နောက်ဆုံးတော့ ပန်းတိုင်ရောက် နိုင်မယ်…………သီချင်းသံ သဲ့သဲ့ကြားတယ်။ ဘယ်နားကပါလိမ့်…
အခုတော့ ဘယ်ခြေစလှမ်းရမလား ညာခြေစလှမ်းရမလား အဆုံးအဖြတ်အတွက် ခေါင်းပန်း လှန်ဖို့ နှစ်ထပ်စေ့ တစ်စေ့ ရှာနေတုန်း……………..
(စာဖတ်သူတွေပါ ၀ိုင်းဆွေးနွေးပေးမယ် အကြံဥာဏ်ပေးကြမယ်ဆိုရင်တော့ နောနော် ပါခင်ဗျာ)
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
25 comments:
ဟမ်း... ရှင်းရှင်းမပြောဘူး..ထမင်းဂျိုင့်လာပို့တယ်ဆိုလို့.
ဒီက ဥာဏ်ပြေးလို့ တော်သေးတာပေါ့.း))
အင်း..စိတ်ကူးတွေ စိတ်ကူးတွေ .. ပြည့်ပါစေ မောင်ရွာသားရေ..
နံပါတ် ၃ ၊ ၄ ၊ ၅ ရှယ်မယ်.း)
အစ်မကတော့ နိုင်ငံခြားမှာ တစ်သက်လုံးအခြေမချစေ
ချင်ဘူး...ကိုယ်လည်း တသက်လုံးမနေနိုင်ဘူး။ဒါပေမယ့်
လည်း ဒါပေမယ့်ပေါ့လေ... ရောက်ပြီးနေကြတော့လည်း
ကိုယ့်နိုင်ငံမှာနေရတာထက် အစစအရာရာသာနေတော့
မြန်မာပြည်ပြန်ပြီးသွားရင်လည်း နိုင်ငံခြားကိုပြန်လွမ်းရင်
လွမ်းနေဦးမှာပါပဲလေ။
အင်း..ပြောချင်တာတွေတော့ များကြီးပဲ မပြောတော့ပါဘူး။း)
ဒါနဲ့ နံပါတ် ၂ ဆက်ရေးမယ်ကွယ်.း)
ကျေးဇူး.
မကြီးဝါ
:)
စားသောက်ဆိုင်နဲ့ စာအုပ်ဆိုင် ကိုအားပေးတယ်။
ကိုရွာသားရဲ့ စိတ်ကူးတွေ ကောင်းတယ်။ အကောင် အထည်ဖော်နိုင်ပါစေ။ ရွှေပြည်ကြီးကို ပြန်ချင်ပေမယ့် ဘာလုပ်ရမှန်းမသိသေးသလို လုံလောက်တဲ့ စီးပွားရေးအတွက် ဆက်လက် ရုန်းကန်ရအုံးမယ် ထင်ပါတယ်လေ...။ လူနေမှုအဆင့်အတန်း ကွာခြားတာတော့ စမဖွဲ့ချင်တော့ပါဘူး..။း))
ခင်မင်လေးစားလျှက်
ကိုရွာသားရေ...လူတိုင်းရုန်းကန်လုပ်ရှားနေရတဲ့ ဒီဘ၀ တွေမှာ အားငယ်ဝမ်းနည်းလာရင်မိဘအိမ်ကိုဘဲတမ်းတ ကြတာပါဘဲလေ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ဇာတိ ရန်ကုန်ကိုဘဲ ပြန်ချင်နေတာပါဘဲ၊ ရောက်ပြီးရင်လည်း နေနိုင်လားဆိုတော့ မီးပျက်၊ ရေမလာ၊ ခြင်ကိုက် ပြီး သန့်ရှင်းမှုအားနည်းတဲ့နေရာကိုပြန်စိတ်ပျက်မိနေပြန်တယ်။ PR နဲ့ပတ်သက်လို့ပြောရရင်လည်း အခုတလော တင်တဲ့ သူတွေအားလုံး ရီဂျက်ထိနေပြန်တယ်။ ဘာမှ မရေရာတဲ့ဘ၀ကြီးမှာ တစ်ခါတစ်လေစိတ်ပျက်လွန်းတယ်။ ရန်ကုန်ပြန်ပြီး ဆေးဆိုင်ထောင်ရင်ကောင်းမလား။ ဘီယာဆိုင်ထောင်ရင်ကောင်းမလားဘဲ စင်းစားနေတာ။
အဓိက ပိုက်ပိုက်အရင်စုဖို့  အကြံဉာဏ်ပေးတယ်ခင်ဗျ
ဒါမှာ နံပါတ်စဉ် ၁ ၂ ၃ ၄ ၅ တင်မက လုပ်လို့ ရမယ်ခင်ဗျ
အဲ့အကြံကတော့ ရွာသားလေးအတွက် အဆင်ပြေမယ်ထင်တယ်ခင်ဗျ
Latest & Branded တွေ မဝယ်ဖူးဆိုရင် ပိုက်ဆံက စုလို့ ရပါတယ် ။
ရန်ကုန်မှာလဲ ပိုက်ဆံပေးနိုင်ရင် အဆင်ပြေပါတယ်
ဒီမှာ အသက်ကြီးရင် ကျန်းမာရေးမကောင်းရင်
နေဖို့  အဆင်မပြေနိုင်ပါဘူး
PR က Single ဆိုရင် မလွယ်ဘူး အခုချိန်
Married ဆိုကျတာများပါတယ် ။
ကိုရွာသား PR လိုချင်ရင် အရင် အိမ်ထောင် ပြုပေတော့
သားတို့ကတော့ ရှင်းတယ်
ရရင်ရ (မိန်းမ)
မရရင်ချ (ဆံ)
ပညာရေးကတော့ ဆုံးခန်းတိုင်ပြီ ထင်ပါရဲ့။ တော်ပြီပေါ့ သေစာရှင်စာ ဖတ်တတ်နေမှပဲ။ (တူလို့။ စာဆို စာကလေးတောင် ကြည့်မရဘူး။ မျက်စေ့နောက်တယ်)
ရေးတတ်လိုက်တာ အကိုရွာသားရာ။
At the symposium Saya Chit Oo Nyo has spoken about မြို့မငြိမ်း …..လူချွန်လူကောင်း ...thinking about that and want to cry.
No.4) is my no.1 choice
No.1) is my no.2 choice
ကိုရွာသားရေ..
အခုမှလာဖတ်ဖူးတာပါ.. ပထမဆုံးဖတ်ဖြစ်တဲ့  post ကတင် ခံစားချက်တွေတိုက်ဆိုင်နေတယ်ဗျို့ ........ အစ်ကို့ ကို အကြံမပေးနိုင်တာစိတ်မကောင်းပါဘူး... ရီမိုးလည်း ဒီတိုင်းယောင်ချာချာဖြစ်နေလို့ ပါ...
I say ကိုရွာသား
လူကုန်ကူးမယ်ဆိုရင်တော့
ကျွန်တော့်ဘက်က တာဝန်အရ ဆက်လုပ်ရလိမ့်မယ်နော်..
(( ငှဲလျောင်း..ငှဲလျောင်း ))
ပုံ/
ဆားပုလင်း နေညို
ဟက်ပီး မယ်ရီခရစ်စမတ်ပါ (ကို)ရွာသားကြီး
သေစာ ရှင်စာ တတ်တယ်တဲ့.....
စာအုပ်ငှားဖတ်မယ်...
အခွေငှားကြည့်မယ်...
အင်ကျီ လာဝယ်မယ်...
စားသောက်ဆိုင်မှာ လာစားမယ်...
အင်တာနက် အလကား လာသုံးမယ်....:)
ဘယ်ခြေဖြစ်ဖြစ် ညာခြေဖြစ်ဖြစ် ဆရာမ ဂျူး ပြောသလို တဘက်ကို အသာလေး ခြေဖြားလေးပဲ အရင် ချကြည့်လိုက်ပေါ့..သိပါလိမ့်မယ်...
အစ်ကိုရေ...ဖတ်ပြီး ကိုယ့်ကိုကိုယ်အတွက်လည်း တွေးမိသွားပါတယ်...။
စားသောက်ဆိုင်ဖွင့်ဖို့စိတ်ကူးလေးတူနေပါတယ်.....ဟီးး
ဟင်.....
တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ နောက်ကျလာမဖတ်ဘူးပါဘူး။ ဒီတစ်ခါဘဲ နောက်ကျဘူးတယ်။
ခေါင်းခြောက်နေတာနဲ့ တမင်ကိုလာမဖတ်ပါတာ။ စိတ်ရွင်မှ လာမယ်လေဆိုပြီး။
ပထမဆုံးအကြိမ်ရောက်လာတာပါ
ကျနော်လည်းအခုထိ နှစ်ထပ်စေ့ ရှာနေတုန်းပါပဲ :)..........
သြော်... ကျန်ခဲ့တော့မလို့...
အင်တာနက်ဆိုင် ဖွင့်ရင် မာမီကြီး ခင်ဦးမေကို လက်မခံတာ အများကြီး မှန်ပါတယ်။ နောင်တ ဆိုတာ နောင်မှ တ မှာ။ နောက်မှ စာသူငယ်တွေ ဇရက်သူငယ်တွေ မလုပ်နဲ့။ အခုကတည်းက ကြိုရှင်းထားတာ အကောင်းဆုံးပဲ။ အားနာရင် ခါးပါသွားမယ်။ မိအေး ၂ ခါ နာတာ မှတ်မိတယ် မဟုတ်လား။ ဟားဟား...
စာအုပ်ဆိုင် ခွေငှားဆိုင် တွက်ခြေကိုက်ဖို့ အတော် ကြိုးစားရမယ်။ ၀ါသနာအရပဲ ကောင်းမယ်။ စားသောက်ဆိုင်ကတော့ စားဖို့သောက်ဖို့အတွက် မပူမပင် ဖြစ်လောက်တယ်။ ဖက်ရှင်ဆိုင် အဲဒီလိုင်းက လားလားမှ မသက်ဆိုင်တော့ ဖင်ရှက်လို့ မပြောတတ်ဘူး။ အင်တာနက်ဆိုင် မီးပျက်တဲ့ ခေတ်ကြီးမှာ အဆင်မပြေပါ။ ဆော်ဒီရေနံသူဌေးရဲ့ သမီးကို ယူလိုက်ပြီး လောင်စာဆီအတွက် စိတ်မပူရဘူး ဆိုရင် အင်တာနက်ဆိုင် ဖွင့်ဖို့ အားပေးပါတယ်။ မဟုတ်ရင်တော့ သမင်မွေးရင်း ကျားစားရင်းပါပဲ။
(နေရာ မှားရေးလို့ ပြန်ကူးလာတာ)
I like this post so much..absolutely with the same my thought..
အင်တာနက်ဆိုင်ဘယ်နားဖွင့်မှာလဲ .....
Post a Comment