ကစားပွဲအဆုံးသတ်ရတော့မယ်။ နားချိန်ရယ်လို့ လုံးဝမချန်ခဲ့ပါဘူး။ ပြန်လာတဲ့ သူငယ်ချင်းတိုင်းက ပြန်လာတိုင်း အမြဲလွမ်းဆွတ်တမ်းတ ဖြစ်တတ်ကြတာတဲ့(မိခင်မြေနဲ့ကျန်ခဲ့တဲ့ မိသားစုကို ချစ်ကြတာကိုး)။ ဟင့်အင်းအဲဒီအလွမ်းတွေကို မလိုချင်ဘူး။ ခံစားချိန်ကိုမရှိအောင် တနင်္ဂနွေနေ့ ညနေ ဖလိုက်ကိုရွေးခဲ့တာ။ အထုတ်တွေချ လူကြုံလာယူတဲ့လူတွေယူ ပြီးတော့ နောက်နေ့မနက်မိုးလင်း ရုံးတက်၊ ပျက်ကွက်ခဲ့သမျှအတွက် တန်းစီနေတဲ့ အလုပ်ပေါင်းများစွာနဲ့ လွမ်းဖို့ အချိန်မရှိအောင်ကို လုပ်ပစ်ခဲ့တာပါ။
ဒီကစားပွဲမှာမြင်ခဲ့သမျှလေးတွေဝေမျှရရင်…
လေယာဉ်ချိန် နှစ်နာရီခွဲ၊ ပြည်ဝင်ခွင့် တန်းစီချိန်က တစ်နာရီခွဲ အပြင်ရောက်တော့ ဗိုက်တွေဆာနေခဲ့ပြီ (အရမ်းဗိုက်ဆာတတ်ရင် မုန့်ဆောင်ထားဖို့ပါ)
ရန်ကုန်က အရင်လိုပါပဲ (အရင်အတိုင်းရန်ကုန်ပေါ့ - ပြည်သူ့ရင်ပြင်နဲ့ တက္ကသိုလ်ထဲက သစ်ပင်တွေမပါဘူးဗျ)
ကျနော်နေခဲ့တဲ့ နှစ်နေရာလုံးက မီးမပျက်ဘူးဗျ
နောက်ထပ်ထူးခြားတာက ကျနော်တို့တစ်နိုင်ငံလုံး ကိုရီးယားနိုင်ငံဖြစ်တော့မှာ။ ငှားစီးမိတဲ့ တက္ကစီဆရာက ညည်းတယ် ကိုရီးယားတစ်ခေါက်လောက်ရောက်ဖူးချင်တယ်တဲ့ ချန်ဂင်ချက်တဲ့ ဟင်းစားချင်တယ်ဆိုပဲ။ မင်းသာလေးကလေ ဟိုဟာလေ မနေ့ကဇာတ်ကားက ဘယ်လို၊ ဂျူမုံသူရဲကောင်းလေနဲ့ ကိုရီးယားတွေ အောင်မြင်နေတာကို မြင်ရကြားရခဲ့ပါတယ်။ ဆွေးနွေးကြတာတောင်မှ မနေ့ညကဘယ်လို ဘယ်အပိုင်းရောက်ရင် ဘာဖြစ်မယ်ဆိုတာမျိုး။ ကိုရီးယားအစားအစာတဲ့ ကိုရီးယားဒီဇိုင်း အဝတ်အစားတဲ့ ဘုရားကဆုပေးတဲ့သူတွေတောင် ကိုရီးယားမင်းသားမင်းသမီးလိုချောပါစေလို့ အပ်ဒိတ်လုပ်ထားပြီးပြီဗျ။ အဲလို…
လျှပ်စစ်ပစ္စည်းများစျေးကျနေတယ်လို့သိရတယ်
ကန်တော်ကြီးက ကုန်စည်ပြပွဲ ရောက်ဖြစ်ခဲ့တဲ့အမှတ်တရပါ
ကောင်မလေးချောလို့လည်းရိုက်တာပါ
အိုင်တီပြပွဲကိုလည်း ဖျတ်ခနဲ
တကယ်တမ်းတော့ အဲဒီအိမ်လေးမှာပဲ ဝါဂွမ်းတွေ ခြွေရင်း သစ်ပင်တွေစိုက်ရင်း လေတွေတိုက်ချင်သလောက်တိုက်ပါစေ လွင့်လာတဲ့ မြေနံ့ကို ရှူရင်း ဒါငါ့မြေလို့ ရွတ်နေချင်တာပါ။
မိုနိုပိုလီကစားပွဲကိုပဲ ဒီမှာပဲ ရပ်လိုက်ရပါပြီခင်ဗျာ…….