16 November 2009

ခရုခွံအခန်းလေးထဲက ဘယ်နဲ့ညာ

တစ်စုံဆိုတာနဲ့ ဘယ်နဲ့ညာ ဒါမှ မဟုတ် အရာဝတ္ထု နှစ်ခုပေါ့…

ဒီနိုင်ငံမှာစရောက်ကာစက ခရုခွံဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ကို ဖော်ဝပ်မေးကနေ ရဖူးတယ်။ အခုတွေးနေမိတာက အဲ့ဒီခရုခွံအခန်းလေးထဲက ဘယ်နဲ့ညာလေးတွေ အကြောင်းပါ………….

ဒီမှာနေစရိတ်ကသိပ်ကြီးလွန်းတယ်။ အခန်းတွေအလိုက် နေရာအနီးအဝေးအလိုက် လူစည်ကားတဲ့ဒေသအလိုက် ဈေးတွေကလည်း များမှများဗျာ။ တစ်ခန်းလုံးကို တစ်ယောက်တည်း နေဖို့အရေးက တကယ့် သူဌေးသူကြွယ်လို။ ခရုခွံထဲက အခန်းလေးထဲမှာတောင် ဘယ်တစ်ကန့် ညာတစ်ကန့် နေရတဲ့ဘ၀တွေပါလေ။

ညာဖက် - ညဖက်မီးမမှိတ်ရင် မအိပ်တတ်ဘူး
ဘယ်ဖက်- မီးပိတ်ရင် သရဲကြောက်တယ်
ညာဖက်-အိပ်ရင် အသံမဆူမှ အိပ်တတ်တယ်
ဘယ်ဖက်-အိပ်လိုက်တိုင်းဟောက်သံတွေညံလို့
ညာဖက်-ဖုံးပြောရင် တိုးတိုးသက်သာ မပြောဘူး
ဘယ်ဖက်-ဒီအချိန်လေးပဲ လွတ်လွတ်လပ်လပ်ပြောရတာနော်
ညာဖက်-သန်ရှင်းရေး ဆိုတာဘာလဲဟင်
ဘယ်ဖက်-သန့်သန့်ရှင်းရှင်း ရောဂါကင်း
ညာဖက်-ပစ္စည်းတွေ ညာဖက်လာမထားနဲ့နော်
ဘယ်ဖက်-ဒီအခန်းကျဉ်းလေးထဲမှာ ဘယ်လိုထားမလဲ
ညာဖက်-မနက်အလုပ်စောစောသွားရမှာ စောစောအိပ်မှ
ဘယ်ဖက်-chatting တက်မယ် game ကစားမယ် ညလုံးပေါက်
ညာဖက်- အဲယားကွန်းနဲ့မှ အိပ်တတ်တယ်
ဘယ်ဖက်-နှာခေါင်းပိတ်နေကျမို့ အဲယားကွန်းမကြိုက်ပါဘူး
ညာဖက်-သီချင်းသံနဲ့ မအိပ်တတ်ပါဘူးဆို
ဘယ်ဖက်-ရုပ်ရှင်ကားကို အသံကျယ်ကျယ်နဲ့ ကြည့်မှနားလည်မှာ
ညာဖက်-စကားပြောတာကိုက အပေါ်စီးက
ဘယ်ဖက်-ကြိုက်ရင်ကြိုက် မကြိုက်ရင်နေ ကိုယ်ကတော့ ဒီလိုပဲနေတတ်ပြောတတ်တယ်
ညာဖက်-မစပ်စုရရင်ကို မနေနိုင်တာ
ဘယ်ဖက်-ကိုယ့်အကြောင်းတွေ သူများ ပြောစရာလား
ညာဖက်- အမြင်မတော်လို့ပြောတာပါ ဆရာလုပ်တယ်မထင်နဲ့နော်
ဘယ်ဖက်-သူက ဘာမို့လို့လဲ လစာဘယ်လောက်ရသလဲ အတူတူချင်းကို တစ်လုံးပိုမရှူချင်ပါနဲ့
ညာဖက်-တို့က အကောင်းစား Branded မှ ၀တ်တာစားတာ
ဘယ်ဖက်-ဒါကြောင့် လမကုန်ခင် ပိုက်ဆံကုန်တာ
ညာဖက်….
ဘယ်ဖက်….
ညာဖက်….
ဘယ်ဖက်…

အစကတည်းက ညာဖက်ချည်းမရှိခဲ့ဘူးလေ။ ဘယ်တစ်ဖက် ညာတစ်ဖက်ပေါ့။ ဘယ်ဖက်နဲ့ ညာဖက်ဆိုကတည်းက ထပ်တူကျဖို့ မရှိတော့။ ညာကလည်း ညာအလျှောက် ဘယ်ကလည်း ဘက်အလျှောက်။ ဘယ်နဲ့ညာကို ထပ်တူကျဖို့ မဖြစ်နိုင်ပေမယ့် ဘယ်ရော ညာရော ညီညီညာညာ လျှောက်ရင် လိုရာခရီးရောက်နိုင်ပါတယ်။

အရာအားလုံး မိမိစိတ်တိုင်းကျချည်း မဖြစ်နိုင်ပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်တောင် စိတ်တိုင်းကျဖို့က ခဲယဉ်းသား။ သူတစ်ပါးလည်း ထိုနည်းလည်းကောင်း ဖြစ်မှာပါပဲ။ အဲ့ဒီတော့ ဘယ်က ဘယ်ဖက်ကိုပဲ လျှောက်မယ် ညာကလည်း ညာဖက်ကိုပဲ လျှောက်မယ်ဆို ကို့ယိုးကားယားနိုင်ပါလိမ့်မယ်။

ဒီရောက်စကတည်းက အဲ့ဒီ ညာဘယ်ကိစ္စတွေကို ကြားနေနှင့်တာ။ တစ်ချို့ညာဘယ်လေးတွေဆို အခုဆို အဝေးတစ်နေရာစီမှာ။ လမ်းမှာတွေ့ရင်တောင် မေးမငေါ့ ခြေမထိုး ပါးစပ်မဟတော့ဘူး။ ကျောင်းတုန်းက အချစ်ဆုံးဘယ်ညာလေးတွေတောင် အဲ့လို ကတ္တီပါလမ်းခွဲတွေလုပ်လာကြတယ်တဲ့။

ဒီမှာက Pressure များတယ်။ အိမ်မှာပဲ နားနားနေနေ နေချင်တာ။ အခန်းဖော်က ဘယ်လို ဘယ်ချမ်းသာ စသည် စသည် အသံလေးတွေက ဟိုတစ်စ ဒီတစ။ မိဘအိမ်မဟုတ်သလို ကိုယ့်ရဲ့ မိသားစုနဲ့နေကြရတာမဟုတ်ပါဘူး။ အလုပ်ထဲက ပင်ပန်းသမျှတွေအတွက် အိမ်ပြန်ရောက်ရင် ပျော်ပျော်ရွှင်ရွှင်နေကြရဖို့ပါ။ တနေ့ကို မတွေ့ဘူးဆိုရင်တောင် အနည်းဆုံးတော့ သုံးလေးခေါက်လောက် မျက်နှာချင်းဆိုင်ဖို့များတဲ့ ဒီညာဖက်နဲ့ ဘယ်ဖက် တည့်တည့်မှတ်မှတ် မရှိ လုပ်သမျှအပြစ်မြင် ပြောသမျှ မကောင်းထင်နေရင် ဘယ်လိုလုပ် ပျော်ရွှင်စရာကောင်းတော့မှာလဲ။

ကျနော့သူငယ်ချင်းတစ်ယောက်က တစ်ယောက်တည်းနေပါတယ်။ လွတ်လပ်မှု privacy အပြည့်နေလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ပျင်းရိငြီးငွေ့စရာကောင်းတယ်တဲ့။ သူရဲ့ ညာဖက် ဒါမှမဟုတ် ဘယ်ဖက် သူငယ်ချင်း အဖော်တစ်ယောက်လောက်နဲ့ဆို ပျော်စရာကောင်းမယ်နော်လို့ ပြောပါတယ်။

ကျနော့မှာတော့ ဘက်ဖက်ကလေးရှိပါတယ်။ ကျနော့ဘယ်ဖက်ကလေးနဲ့ တစ်နှစ်ကျော်ကာလအထိ နေခဲ့ဖူးပြီ။ ကျနော်တို့ကြားမှာ တိုက်ဆိုင်တာရှိသလို အကြိုက်မတူတာတွေလည်းရှိပါတယ်။ ဒါပေမယ့် မျက်နှာချင်းမဆိုင်ချင် ဖြစ်ရလောက်အောင်အထိ မရှိခဲ့ဖူးဘူး။ သေးသေးမွှားမွှားလေးတွေကိုတော့ မသိချင်ယောင်ဆောင် ဒါမှမဟုတ် ဥပေက္ခာပြုထားလိုက်တယ်။ တစ်ချို့အကြောင်းအရာတွေကို အရမ်းမကြိုက် မနှစ်သက်ဖူးဆို မကြိုက်တဲ့အကြောင်း ပြောဖြစ်တယ်(ကျနော်ပဲ ပြောတာဖြစ်မယ်၊ ဘယ်ဖက်က ကျနော့ထက်အသံတိတ်တယ်)။

ကိုယ်ကိုတိုင်တောင် ကိုယ့်ကိုကိုယ် တစ်ခါတစ်လေ မကျေနပ်နိုင်တာ။ အရာအားလုံးကိုယ့်အကြိုက်ဖြစ်ဖို့က ခက်ပါတယ်။ တစ်ချို့အကြောင်းအရာတွေကို ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အလိုက်သင့် အလျားသင့် နေထိုင်သင့်တယ်ထင်ပါတယ်။

ရေခြားမြေခြားမှာ ခရုခွံလေးထဲက အခန်းငယ်လေးမှာ နေရတာပါ

ဦးတည်ချက် ယုံကြည်ချက် တစ်ခုခုအတွက် ရပ်တည်လုပ်ကိုင်နေကြတာပါ

ဘ၀သက်တမ်းတိုတိုလေးအတွင်းမှာ အချိန်ရသခိုက် အခွင့်အရေးရတုန်းလေး ဘယ်ညာ ညီညီလျှောက်ပြီး ပန်းတိုင်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်ကြတယ် မဟုတ်လားခင်ဗျာ..


26 comments:

Ree Noe Mann said...

1 ဗျာ
အရင် ယူလိုက်အုံးမယ်

ရီနို

Ree Noe Mann said...

ဒီဟာလေးကိုဖတ်ပြီး အရင်းက အိမ်ခန်းတွေအကြောင်း ရေးထားတာကို သွားသတိရမိတယ်။

ရီနို

Rita said...

ကောင်းပါတယ်။

ကိုယ်လဲ နေခဲ့ရတဲ့ အခန်းဖော်တွေကို သိပ်ကျေးဇူးတင်မိတယ်။ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ရလို့ပါ။ အကုန် အဆင်ပြေခဲ့တယ်။ ညှိရတယ် ဆိုတာတောင် သိပ်မရှိခဲ့ဘူး။

သိင်္ဂါကျော် said...

ကိုယ်လည်း တစ်ယောက်တည်း နေရတာကို ပိုသဘောကျပါတယ်။ ဒါပေမယ့် အခန်းဖော်တွေနဲ့လည်း တစ်ခါမှ အဆင်မပြေတာတော့ မရှိခဲ့ဖူးပေမယ့်.. အဆောင် အခန်းနီးချင်းတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးတော့ ရှိခဲ့ဖူးတာပဲလေ..။ ဒီလိုပါပဲ ညှိနေကြရတာ ပေါ့နော်...။

Anonymous said...

ဟုတ်ပါတယ်ရွာသားလေးရယ်။
ဒါပဲပြောတတ်တယ်။

mae said...

ပြန်လာပြီလား? ;)

သူများနဲ့ နေတယ်ဆိုတာတော့ ဒီလိုပါပဲ၊ စရိုက်မတူပေမယ့်လဲ ကောင်းတဲ့ဘက်က ဖြည့်တွေးကြရတာပေါ့၊ ဘာပဲဖြစ်ဖြစ် အရမ်းအဆိုးအရွားကြီးတော့ မရှိဖူးပါဘူး

သက်ဝေ said...

ဘယ် နဲ့ ညာတွေ အတူတူ Harmony ဖြစ်ဖို့ မရှိမဖြစ် လိုအပ်တာက Understanding နဲ့ Negotiation... ပြီးတော့ တခါတလေမှာ လိုအပ်တာက Ignorance...
ဒါတွေက ကိုယ့်အတွေး သက်သက်ပါလေ...။
ကိုရွာသားလေး တွေးထားတာ ရေးထားတာ လှတယ်...။

သီဟသစ် said...

အင်း ဘယ်ဘက်ကလည်း ပြောတယ် ညာဘက်မှာ အရုပ်တွေများလို့ ဆိုလား

:D

တွေးထားတာကို တကယ် သဘောကျ၏။ ဒီဘယ်ညာတွေက အရေးတော့ မကြီး၊ မကျေနပ်ရင် နောက်တစ်အိမ် ပြောင်းသွားလို့ ရ၏။
အရေးကြီးတာက အိမ်ထောင်ဖက်ဖြစ်သည်
:)

ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

ဖိုးသင်္ကြန် said...

ကိုသီဟသစ်
ဘာ ခုမှကြောက်ပါပြီလဲ။
ကျွန်တော့်အခန်းဖော်ကတော့
ညသန်းခေါင်ဆို ကောင်မလေးနဲ့ ပွားတက်တယ်။
ဘယ့်နှယ့်ဗျာ... ကိုယ်ချင်းမစာ။

:(

Taw Lu Thit said...

ရွာသားလေးရေ အလုပ်ပင်ပမ်းရတဲ့ထဲ ရွေးစရာလမ်းလဲမရှိတော့ တခန်းထဲသွားနေကြရတာပါပဲ.
ခရုခွံလေးထဲ ကိုယ်က ဘယ်ဖြစ်ရင် အခြားဘယ်တွေနဲ့ အတူအခန်းဖေါ်.ဘယ်ပတ်ဝန်းကျင်မှာ အလုပ်ချိန်အိပ်ချိန် ဖုန်းပြောချိန် အင်တာနက်သုံးချိန်တွေ.ကဘာ အကြမ်းဗျင်း ညှိပေးတဲ့သူတွေရှိရင်ကောင်းမှာပဲဗျာ..ဒါပေမဲ့လည်း..
ကိုယ့်ဘာသာညှိကြရတာပါပဲ.နော်.ကျနော်ကတော့ တခါတလေ ဘယ်နဲ့တွေ့ရင်ဘယ် ညာနဲ့တွေ့ရင်ညာ ဖြစ်အောင်လုပ်ထားတော့ ကိုယ်က ပြဿနာနည်းပါတယ် .သူတိုညာဆို ကိုယ်လိုက်ညာလိုက်တယ်..အနားမှာလော်ကြီးဖွင့်ထားလည်း အိပ်တတ်အောင်လုပ်ထားတယ်.အဲ့ ကိုယ်က အိပ်ရင် မဟောက်အောင်တော့ လုပ်တတ်သေးတော့..ပြဿနာတော့ ရှိသေးသဗျာ..ခက်ပါ၏ ကိုယ့်အိမ်ထောင်ဖက်ဆိုရင်တော့..ကွိုင်ပဲ. မလန်းတော့ဘူး..သူလည်းလန်းမှာမဟုတ်ဘူး..

khin oo may said...

ညာက သူအိပ်တော့မယ်ဆိုရင် အခန်းထဲက့ ထွက်ခိုင်းတော့တာဘဲ .။

ရွှေပြည်သူ (ShwePyiThu) said...

ခရုခွံအကြောင်းတွေးမိတိုင်း ငါကံကောင်းတယ်လို့ မကြာခဏတွေးမိပါတယ်။ သူများတွေရဲ့ ပြဿနာတွေကြားရလေ ကိုယ့်ညာဘက်လေးကို တန်ဖိုးထားမိလေပါပဲ... စနေကတည်းက ခုထိ ဘာမှ အကြိတ်အနယ် ညှိယူရတာမျိုး မရှိခဲ့ဘူး (သူကောင်းလွန်းလို့ပါ...)

ကောင်းကင်ပြာ said...

တို့တော့ ဘယ်ရော ညာရော ခလယ်ရော အားလုံးအိုကေတယ်...

ThuHninSee said...

:)
ခနအတူနေတဲ့ ဘယ်နဲ့ညာကတော်သေးတယ်။
တဘ၀လုံးအတွက် ဘယ်နဲ့ညာဆို တယ်မလွယ်ဘူး။

PAUK said...

ဟုတ်ပါတယ်..
ဟုတ်ပါတယ်။။
``မကြိုက်တဲံအကြောင်း ပြောဖြစ်တယ်
(ကျနော်ပဲ ပြောတာဖြစ်မယ်။...)``
ဆိုတဲ့နေရာမှာ ဖတ်ပြီး ပြုံးသွားတယ်။။

မျှော်လင့်ခြင်း said...

ဒီမှာနေရတာ အသက်ရူကျပ်တယ်
ရုံးမှာလဲညှိ
အိမ်မှာလဲညှိ
ကြာတော့ ဘယ်သူ့ ကိုမှ ထပ်မညှိချင်တော့ဘူး
သိပ်စိတ်ညစ်ရင် တယောက်ထဲပဲ လျှောက်သွားလိုက်တော့တယ်
သူငယ်ချင်းခေါ်နေရင်တောင် ထပ်ညှိနေရမှာစိုးလို့ ။

Unknown said...

အင်း အတွေးနဲ့  အရေးရယ် လက်တွေ့ ဖြစ်နေတဲ့ ဘ၀တွေကို ယှဉ်ရေးသွားတာလေးကို သဘောကျမိပါရဲ့ 
ဘယ် နဲ့  ညာ ထပ်တူညီဖို့ ကတော့ တော်၂ခက်ပါတယ်
နားလည်မှု သည်းခံမှု ကိုယ်ချင်းစာမှုဆိုတာလေးတွေ ကိုသာ ထားခဲ့မယ်ဆိုရင်တော့ အရာအားလုံး ငြိမ်းချမ်း သာယာနေမှာပဲ

ဒါကြောင့် တို့ ဆို အလယ်ကပဲနေတယ် ဘယ်နဲ့ ညာ မလုပ်ဘူး (ဘယ်ကို လှည့်ဆူလိုက် ညာကို လှည့်ဟောက်လိုက်နဲ့ လေ)

မိုးခါး said...

ညီမတော့ ခုချိန်ထိ အဆင်ပြေနေတုန်းပဲ ..း))

NangNyi said...

ခုချိန်ထိတော့ တစ်ခါမှ အဲလို ဘယ်ညာ မရှိခဲ့ဖူးဘူး.. တစ်ယောက်ထဲ နေရတာပဲ သဘောကျတယ်.. မဖြစ်မနေ ဘယ်ညာ ရှိရမယ့် ကိစ္စလည်း မရှိခဲ့တာ ကံကောင်းနေသလိုပဲ.. ဒါပေမယ့် သေချာတော့ တွေးသွားပါတယ်.. နောင်တစ်ချိန် ဘယ်ညာကိစ္စတွေ ရှိမလာဘူးလို့ ပြောလို့မှမရတာနော့..

ခရေညို said...

ကိုရွာသား ဘယ်ညာဆိုတော့ဒီလိုပဲလေ လက်တွေတောင် တဖတ်ကအရှေဆို တဖတ်ကအနောက်ပဲ
သူများနဲ့ နေတယ်ဆိုတာတော့ ဒီလိုပါပဲ၊:)

ရေတမာ said...

ဟုတ်ပါ့ဗျာ..... အခန်းဖော်ဖြစ်ဖြစ် ဘာဖော်ဖြစ်ဖြစ် ဒီလိုပဲဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဟိုလေ အဲ ဟိုဟာ

ချစ်ကြည်အေး said...

ဒါတောင်မှ ဘယ်ညာပဲရှိသေးတာ အထက်အောက် မတွေ့ဘူးသေးလို့ တချို့အိမ်တွေမှာ နှစ်ထပ်အိပ်ခုတင် ၂လုံး ထည့်ထားတာဗျား...

တန်ခူး said...

ဒီမှာတွေ့ ကြုံနေကျ အဖြစ်လေးတွေကို ဘယ်နဲ့ ညာ ဥပမာလေးနဲ့ ရေးတတ်တဲ့ အတွေးလေးကို ဘဘောကျမိတယ်… နောက်ကြောကို ဓားနဲ့ မထိုးတတ်တဲ့ ဘယ်နဲ့ ညာတွေနဲ့  တွေ့ ပါစေလို့  ဘယ်ညာတွေ အကုန်လုံးအတွက် ဆုတောင်းပေးပါတယ်….

Maung Myo said...

မကြုံဖူးတော့ မသိဘူးး) ကျောင်းတက်တုန်း အဆောင်မှာနေတုန်းက အခန်းဖော်ကတော့ အိပ်ရင်လည်း ကိုယ်နဲ့အပြိုင် တစ်နေ့လုံးနေလို့လည်း စကားမပြောဖြစ် ရန်ဖြစ်တာလည်းမဟုတ် စိတ်ဆိုးတာလည်းမဟုတ်တော့ အေးဆေးပါပဲ တစ်ခုလေးပဲ သူက တံမြက်စည်းမလှဲတာကလွဲလို့ တစ်နှစ်လုံး ဆပ်ပြာဝယ်မသုံးပဲ ကပ်သုံးတာကလွဲလို့ သားလက်ဖက်သုတ်တွေ ခိုးခိုးစားပြီး ပန်ကန်မဆေးပေးတာလေးကလွဲလို့ပေါ့း) အတူနေစဉ်ခဏလေး နားလည်မှုတွေနဲ့ ခွင့်လွှတ်နိုင်ကြမယ်ဆိုရင် ပျော်စရာကောင်းမယ်နော့် လူပေါင်းမြောက်များစွာထဲမှာ အခန်းလေးတစ်ခန်းထဲ လူနှစ်ယောက်တည်း ဆုံနိုင်ခွင့်ရတယ်ဆိုတာ နည်း၂နော၂ ရေစပ်လားလို့ ကဲကဲ ခလေးတို့ ရန်မဖြစ်ကြနဲ့ သင့်၂မြတ်၂ နေကြကွဲ့ ...ဥုံ ဘယ်ဘက်က တစ်ဆုတ်ကျဲလို့ ညာဘက်က တစ်စီးဝင်နိုင်ပါစေဗျား)

purplemay said...

သာမီးရဲ့ ဗယ်ဘက်လေးကတော့ ညဘက်အရမ်းပွါးတတ်လို့ ခုတော့ အိမ်ပြောင်းပြေးပါပြီ အစ်ကိုရေ....:)

ဗီလိန် said...

ညာဘက် - ထောက်ကနဲဆို နိုးတတ်တယ်။
ဘယ်ဘက် - ဝင်တိုင်းထွက်တိုင်း ခြေမလေးနဲ့ ကုတင်တိုင်။ :P