11 October 2009

အချစ်ဦးမို့…….


လူတိုင်းလူတိုင်း အချစ်ဦးဆိုတာ ရှိတတ်ကြမှာပါပဲ။ အချစ်ဦးဆိုတာ ဘာလဲ ဘယ်လိုလဲ ဖြေရှင်းစရာလိုမယ်မထင်ပါဘူး။ လူတစ်ယောက်ကတော့ ပြောဖူးတယ် အဲ့ဒီလူဟာ သူ့အချစ်ဦးပါတဲ့ အဲ့လူက လမ်းခွဲခဲ့တာတောင် သူအဆက်အသွယ်မဖြတ်နိုင်ဘူးတဲ့။ ဒါဆို ခင်ဗျားတို့ကော… ကျနော့ကိုယ်ကျနော်လည်း မေးနေမိပါတယ်……………


ဒီရက်ပိုင်းအတွင်းမှာ ရုပ်ရှင်တစ်ခုကို ကြည့်မိလိုက်တယ်။ ဇာတ်ကားအဟောင်းတစ်ခုပါပဲ။ စုထားတဲ့ ဇာတ်ကားထုပ်တွေ ဖုန်မတက်ခင်တစ်ချက်ဝင်ကြည့်ဖြစ်လိုက်တာ။ သုံးဆယ်ကျော်မိန်းမတစ်ယောက်နဲ့ ဆယ်ငါ့းနှစ်အရွယ် ကောင်လေး တစ်ယောက်ရဲ့ အကြောင်းပေါ့။ ဒါရိုက်တာ ပြချင်တဲ့အကြောင်းအရာက တစ်ခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့ရင်ထဲ ရောက်လာတာ အဲ့ဒီ အချစ်ဦးဆိုတဲ့ အကြောင်းအရာလေးဖြစ်နေလို့ပါ။

အတွေ့အကြုံမရှိသေးတဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက် အတွက် ဒီလိုကိုယ်ခန္ဓာချင်း ရင်းနှီးတဲ့ ချစ်ခြင်းဆိုတာ ဘယ်လောက်များရူးသွပ်စေလိုက်မလဲ။ အဲ့ဒီမိန်းမတစ်ယောက်အနားကကို ခွာနိုင်မယ်မထင်ဘူး။ ဒါကြောင့်လည်း သူမက သူ့အတွက် အချစ်ဦးဖြစ်ခဲ့မှာပါပဲ။

ဒီအကြောင်းအရာကိုပဲ တွေးတောနေတတ်တဲ့ ကောင်လေးကို ထိန်းသိမ်းတဲ့ သူမရဲ့ ပညာကိုလည်း လေးစားမိတယ်။ သူမအတွက် စာဖတ်ကိုပြမှ သူလိုချင်တဲ့အရာ ရမယ်တဲ့လေ။ ကိုယ်တိုင်ဖတ်လို့ရရဲ့သားနဲ့ လို့ပြောတော့ ဟင့်အင်း မင်းဖတ်ပြတာ နားထောင်ချင်တာပါ ဆိုတဲ့ သူမပုံစံကို အတွေးထဲက မထွက်ဘူး။ ဒီလိုနဲ့ သူဖတ်ပြတဲ့ စာအုပ်တွေက နည်းမှ မနည်းတော့ပဲ။

သူစုဆောင်းထားတဲ့ တံဆိပ်ခေါင်းလေးတွေ ရောင်းပြီးတော့ ခရီးအတူထွက်ကြတယ်။ သူတို့နှစ်ယောက်လုံးပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် သူမတို့ နှစ်ယောက်ခွဲခွာကြရပြန်တယ်။ အချိန်တန်တော့ လူဆိုတာ ခွဲခွာရစမြဲပဲလေ။ သူမက သူ့ကို လုံးဝအသိမပေးခဲ့ဘူး။ သူဘယ်လောက်ခံစားလိုက်ရမလဲ။ သူမဟာ သူ့အတွက် အချစ်ဦးလေ။ ဘယ်လောက်ထိ ငိုကြွေးလိုက်မလဲ။ ဘယ်လောက် စိတ်ထိခိုက်လိုက်မလဲ။ ကျနော်ဆိုရင်ကော ခံနိုင်ရည် ရှိပါ့မလား။ တွေးရင်းတောင် တစ်ကိုယ်လုံး ပျော့ခွေချင်လာမိတယ်။

နောက်တော့ သူက ဥပဒေကိုသင်ယူလေ့လာတယ်။ သူတို့ လေ့လာတဲ့ အမှုတစ်ခုမှာ သူမနဲ့ ပြန်လည် ဆုံတွေ့ခဲ့ရတယ်။ ရင်နာစရာကောင်းတာက သူမက တရားခံလိုနေရာကပါ။ စစ်အတွင်းက အမှုကို ပြန်လည်ကြားနာ စစ်ဆေးတဲ့အမှုပေါ့။ သူမ စာမတတ်ဖူးဆိုတာ ဝန်ခံလိုက်ရင် အမှု ကလွတ်နိုင်ရက်နဲ့ သူမ တစ်သက်လုံး လျှို့ဝှက်လာခဲ့တာနဲ့အတူ သူမကို သူမ မြေမြုပ်ပစ်ခဲ့တယ်။ သူမ ထောင်ကျခဲ့တယ်။

သူမကို သွားတွေ့ဖို့ ကြိုးစားရင်း သူဘာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတာလဲ ကျနော်နားမလည်ခဲ့ဖူး။ သူမ ထောင်ထဲရောက်တော့ သူ စာအုပ်တွေကို ဖတ်ပြီး အသံသွင်းပေးခဲ့တယ်။ ပြီးတော့ သူမကို ပုံမှန် ပို့ပေးခဲ့တာ။ သူ့အတွက် ချစ်ဦးသူဆိုတာ တကယ့်ကို လေးနက်လွန်းပါလား။ ပေါ့ပျက်ပျက် အချစ်တွေ နဲ့ စာရင် သူ့အချစ်တွေကို မြင်ရတာ တကယ့်ကို ကြက်သီးထမိတယ်။

နောက်တော့ သူမရဲ့ သင်ယူခြင်း။ တိတ်ခွေတွေကို ဖွင့် စာအုပ်တွေမှာ စာလုံးတွေကို ခဲတံနဲ့ဝိုင်း။ ပြီးတော့ စကားလုံးကို မှတ်ရင်း စာတွေတတ်မြောက်လာခဲ့တယ်။ သူမ ပထမဆုံးရေးတဲ့စာက သူ့ကို ကျေးဇူးတင်တဲ့အကြောင်းလေးပါပဲ။ နောက်တစ်ခေါက် တိတ်တွေလာပို့တော့ သူမအတွက် စာများ ပါလာမလားဆိုတဲ့ စိတ်ကလေးကို မြင်လိုက်ရတာ စိတ်မကောင်းဖြစ်သွားမိတယ်။ ချစ်သူ ခင်သူ တစ်ယောက်ဆီက ကိုယ့်ကို ဆက်သွယ်ဖို့ စောင့်ရတာ သိပ်ပင်ပန်းလွန်းတယ်။ နောက်တော့ သူ့ကို အချစ်ဇာတ်လမ်းလေးတွေ ပို့ပေးဖို့ နောက်တစ်စောင်ပေးပြန်တယ်။ သူမ စာတွေ ဖတ်တတ်ရေးတတ်လာပြီလေ။

သူမလွတ်မြောက်ခါနီးတော့ သူမဆီကို တစ်ဦးတည်းသောဆက်သွယ်သူ သူ့ဆီကို ထောင်က ဖုံးဆက်လာပါတယ်။ သူမလွတ်မြောက်ရင် နေရေးထိုင်ရေး အလုပ်အကိုင် စီစဉ်ပေးဖို့ပါ။ သူမနဲ့တွေ့ဆုံဖို့ သူ ချီတုံချတုံ ဖြစ်နေခဲ့ပုံပါ။ အဲ့အချိန်မှာ သူလက်ထပ်ပြီး သမီးတစ်ယောက်အဖေ ဖြစ်နေခဲ့ပြီလေ။

Kid လို့ခေါ်လိုက်တာလေးကို နှစ်ခြိုက်သဘောကျဖြစ်မိသေးတယ်။ တကယ်တော့ သူမအတွက် သူက ပီဘိကလေးလေးလေ။ သူမအတွက် သူဘာတွေ လုပ်ထားတယ် သူမကို သူလာကြိုမယ်ဆိုတာကို ပြောပြီးအပြန် သစ်ပင်နားမှာ သူငိုတော့ ကိုယ်လည်း ငိုချင်လာမိတယ်။

သူမလွတ်မြောက်မယ့် ရက်မှာ သူလာကြိုပေမယ့် သူမကို မကြိုနိုင်တော့ပါဘူး။ အကြိုထောက်သူ နှောင့်ပူဗျာဝေရပြီ။ သူမ တစ်ခြားလမ်းတစ်ခုကို ရွေးချယ်ခဲ့ပြီ။ သူ့အတွက် ဟလို ဆိုတဲ့စကားလေးကလွဲရင် ဘာမှ မထားခဲ့ပါဘူး။ ဒါပေမယ့် သူဖတ်ပြလေ့ရှိတဲ့ စာအုပ်လေးထဲက စာကိုတော့ ကိုယ်တိုင်ရေးပြီး နံရံမှာကပ်ထားခဲ့ပါတယ်။ ငိုကြွေးနေရုံပေါ့ kid ရယ် သူကခွဲသွားရက်ပြီပဲ…………………

ချစ်ဦးသူဆိုတဲ့ စကားလုံးရဲ့နောက်ကို ဒီရုပ်ရှင်နဲ့အတူ လိုက်မိသွားတယ်။ ကိုယ့်အတွက် ခံစားချက်တစ်ခုနဲ့အတူ သူရဲ့ အချစ်ကို ချီးကျူးမိတယ်။ သူမရဲ့ ကြိုးစားမှုကို မြင်ယောင်မိတယ်။ တကယ်တမ်းတော့လည်း…………….

24 comments:

pandora said...

ရွာသားလေး ရေးပြတော့ လွမ်းစရာပဲ.. အဲဒီကားလေးကို ကြားဖူးတယ်။ မကြည့်ဖူးသေးဘူး။

Unknown said...

Very nice story.. Want to watch this movie.
Yes , noboday can forget the first love..
Although we meet the new love, first love is always in our mind..

Phyo Maw said...

ချစ်သူဦးသူအကြောင်း ဖတ်ပြီး
ပြန်တွေးရရင်
သူမက မိန်းကလေး တစ်ယောက်ဖြစ်တယ်
နောက်ပြီး ကျနော်က သူမကို သိပ်ချစ်တယ်
ဘာမှမလိုအပ်တော့လောက်အောင် ချစ်တယ်
လို့များ ဆိုရင် လွန်မလား...။

khin oo may said...

လွမ်းစရာ..

khin oo may said...

ဒီက စိတ်ခိုင်တာမဟုတ်ဘူး။

မဆုမွန် said...

အဲ့ဒီ့ကားလေးကို ကြည့်ဖူးတယ် တော်တော်လေး ကောင်းတဲ့ ကားလေးပဲ တရားခွင်မှာ သူ့ချစ်သူကို ပြန်တွေ့လိုက်ရတဲ့အချိန် ပြတဲ့ မြင်ကွင်းလေးနဲ့ သူ့ချစ်သူအပေါ် လုပ်ဖော်ကိုင်ဖက်တွေက ၀ိုင်းပြီး အမူပုံချနေတာတွေကိုမြင်နေရတဲ့အခါရယ် နောက် စာမရေးနိုင်ဘူး စာမဖတ်နိုင်ဘူးဆိုတာကို သူ့ရဲ့အရှက်နဲ့လဲပြီး ထောင်ကျခံလိုက်တဲ့ အချိန် ကောင်လေးရဲ့ ခံစားချက်တွေ နောက် တိတ်လေးတွေပို့ပေးတာတွေအတွက် တော်တော်လေး ကောင်လေးဘက်က ခံစားပေးလို့ရပေမယ့် တကယ်တမ်း ချစ်သူကို လွတ်ခါနီးသွားတွေ့ချိန် သူဆက်ဆံလိုက်တဲ့ပုံစံကြောင့် ကိတ်ဝင်းစလက်က အဲ့သေလမ်းကို ရွေးလိုက်တယ်လို့ထင်တယ် အိမ်လေးကို ပြင်ပြီး စောင့်နေတဲ့ ကောင်လေးအတွက်တော့ ၀မ်းနည်းမိပေမယ့် သူ့ရဲ့ အေးတိအေးစက် အမူအယာရယ် လက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန် ရုပ်လိုက်တဲ့ အမူအယာရယ်အတွက် သူနာကျင်သွားပုံပဲလေ သိပ်ကောင်းတဲ့ ရုပ်ရှင်လေးပါ ပို့စ်လေးအဖြစ်နဲ့ထပ်ဖတ်တော့ ပြန်ပြီး အမှတ်ရမိတယ်

စိမ်း... said...

ခံစားချက်ပြင်းထန်းလွန်းသူတစ်ယောက်ပေါ့... ကိုယ့်အတွက်မကောင်းတာတော့ အမှန်ပဲ... :)

ကြည်ဖြူပိုင် said...

ကြည့်ချင်လိုက်တာ..စိတ်ဝင်စားစရာ
သနားစရာလေး..
လွန်ခဲ့တဲ့တစ်လခွဲလောက်က
အော့ချက်ကိုသွားရင်း..
အဲလိုဆင်ဆင်ဇာတ်လမ်းတစ်ခုက
ိုကြော်ငြာထားတာတွေ့မိသလိုပဲ...
အဲဒိတုန်းကလည်းစိတ်ဝင်စားသွားတယ်။

ဖိုးသင်္ကြန် said...

စ ကြည့်ပြီလား??
ကြည့်ပြီးရင်တော့ ရေး ပေတော့ဗျို့...
စောင့်ဖတ်မယ်

ကောင်းကင်ပြာ said...

အမ ခနခန ပြန်ကြည့်ဖြစ်တဲ့ ကားလေးပါ..ရွာသားရေးတော့ တခေါက်ပြန်ကြည့်လိုက်ဦးမယ်...

tg.nwai said...

အော်...ပို့စ်ခေါင်းစဉ်လေး စိတ်ဝင်စားလို့ လာဖတ်တာပါ.. The Reader ကို ခံစားဖွဲ့ပြထားတာ စိတ်ဝင်စားစရာပါ...တို့လည်း ကိုနိရေးတဲ့ ပို့စ်မှာမှ ဒီကားအကြောင်း သိခဲ့ ဖတ်ဖူးခဲ့တယ်။ ကိုရွာသားကတော့ အချစ်ဦး..ဆိုတာကို အသားပေးပြီး ခံစားဖြစ်တယ် ထင်ပါတယ်။ မောင်စိန်ဝင်းရဲ့ အချစ်ဦး ကဗျာလေးတောင် ခေါင်းထဲ ရောက်လာခဲ့တယ်...ကျေးဇူးပါ ကိုရွာသားရေ... :)

ကိုလူထွေး said...

ငယ်ငယ်ကကောင်လေးဘဝကို အားကျနေတယ်ထင်ပါ့ ရွာစားရေ.. အဲ ရွာသားရေ...

(ပြန်လာမရေးပါနဲ့တော့.. မရေးချင်မှတော့)

းဝ)

ကာရံဆူး said...

ကိုရွာသားရေ...အချစ်ဦးကို လွမ်းသွားတာလား...ဖတ်ရင်းနဲ့ လည်း စိတ်မကောင်းလိုက်ဘူး...

Unknown said...

ရူးတော့သည်

ခရေညို said...

ရွာသားလေးကရော ရွာသူအချစ်ဦးကိုလွမ်းနေတာထင်တယ်

purplemay said...

အဲ့ကားလေးအကြောင်းရေးထားတာ ဖတ်ဖူးတယ်..။ ကြည့်ဖို့တော့ မကြိုးစားမိခဲ့ဘူး...။
အချစ်ဦးဆိုရင် အရူးအမူးဖြစ်တတ်ကြတာ လူတိုင်းပဲထင်ပါရဲ့နော်......

မေလေး said...

ကိုရွာသားပြောလို့ ပြန်ကြည့်လိုက်အုန်းမယ်။

မမေ့ရက်ဘူး အချစ်ဦးရယ်။
(ဇာတ်လမ်းနာမည်ပြောပါတယ်။းP )

MieMie said...

ကြည့်ချင်သွားပြီ...

mie nge

Anonymous said...

ကျေးဇူးတင်ပါတယ် ရွာသားလေး။
ရုပ်ရှင်မကြည့်ဖူးပေမယ့် ဇာတ်လမ်းရဲ့ သဘောကို ရွာသားလေးအရေးနဲ့တင် သဘောကျပါတယ်။

Rita said...

ထုံးစံအတိုင်း ကြည့်ချင်သွားပြန်ပြီ။
ဒါပေမဲ့ ရုပ်ရှင်တကားကြည့်ရင် တနေကုန်တယ်။
ကိုယ့်ဘာသာ တော်တော်ချော့ပြီး ကြည့်ရတာမို့လို့။ ကြည့်လိုက် ထသွားလိုက် ဘလော့ဖတ်လိုက် ချက်တင်ဝင်လိုက် ပြန်ကြည့်လိုက် ပျင်းလိုက်တာဆိုပြီး pause လုပ်ထားလိုက်။

ငြိမ်ပြီးလုပ်ရတဲ့ အလုပ်ဆို စာဖတ်တာပဲ ရတယ်။

ATN said...

ကြည့်ပြီးပြီ ... ထိခိုက် ရှနာစေတဲ့ ရုပ်ရှင်တကားပါပဲ...

Ree Noe Mann said...

ကဲ ကဲ အညွန်းကလည်းကောင်းနေတော့ သွားကြည့်လိုက်အုံးမယ်ဗျာ

ချစ်ညီ ရီနို

ဂျူနို said...

ရွာသားရယ် ချစ်ပေမဲ့ ဘယ်သွားတွေ့ ရဲမလည်း။ ဟာနာက နာဇီ တရာခံဖြစ်နေတယ်။ သူက ခေတ်သစ်က ရှေ့ နေလောင်းလေ။
သားသမီးရင်းတွေတောင် နာဇီတရာခံမိဘတွေကို မတွေ့ ရဲဘူး။ ကိုယ့်အဖေအမေနာဇီပါလို့ မပြောရဲဘူး။လူ့ အသိုင်းအ၀ိုင်းက လူမဆန်တဲ့လုပ်ရပ်တွေကြောင့်ဖယ်ကျဉ်ထားကြမှာ ကြောက်တာကိုး။ ခုထိပုန်းနေတုန်းပဲ။

ဟာနာလည်း အပြစ်လုံးလုံးကင်းတဲ့သူမဟုတ်ခဲ့ဘူးလေ။ စာမတတ်လို့ သာအားလုံးထက် အပြစ်ပိုကြီးသွားတာ။ ဒါလည်း သူတို့ ချင်းပဲ သိတာကိုး။ တရားဝင်ကတော့ လူဆိုးမကြီးလေ။



နာဇီခေတ်ဆိုရင်တော့ ရှေ့ နေလောင်းလေးက ငယ်ချစ်ဦးကို ဆက်သွယ် နေရာလေးရဖို့ ကပ်နေမယ်ထင်တယ်။ အဲ့တုန်းက အဲ့လိုပဲဖြစ်ခဲ့ကြပါတယ်တဲ့။

ဆုမွန်ပြောသလိုပဲ လက်ဆုတ်သွားတော့ သိတ်ရင်းနှီးပါတယ်ဆိုတဲ့ တဦးတည်းသော သူတောင် သူ့ ကို မကြည်ဖြူတော့ သတ်သေလိုက်တာနေမှာ။

Anonymous said...

ကာရွာသိုးရေ..
ဒီပို့စ်တင်တုန်းက သိလိုက်လို့ အကြမ်းဖျင်းလာဖတ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် မကြည့်ရသေးလို့ မှတ်ချက်မပေးချင်ဘူး
သိပ်လည်းစိတ်ဝင်စားသွားတယ်။ ဒီကားရယ်၊ Lost in translation ရယ်ကို ဟိုနေ့က မှတ်မှတ်ရရနဲ့ အခွေဆိုင်မှာလိုက်ရှာခဲ့တယ်။ ဒီအခွေအပါအ၀င် ကားဟောင်း ၁၅ခွေနီးပါးတွေ့ပေမယ့် Lost in translation ကိုတော့ မရခဲ့ဘူး။ ဒါနဲ့ပဲ ဒီကားကို သေချာ ကြည့်ဖြစ်တယ်။ ကြိုက်လွန်းလို့ ပြန်ကြည့်တာ ၃ခေါက်လောက်ရှိသွားပြီ။

သိပ်ကြိုက်တယ်။
နင့်ခနဲ.. ရင်ထဲမှာ ဘယ်လို ဖော်ထုတ်ရမှန်းမသိအောင်ကို ဖြစ်ကျန်ရစ်ခဲ့တာ။ အချစ်ဦးလေ.. အချစ်ဦး။
Michael ကသိပ်ချစ်တတ်တာပဲ။
Hanna Schmitz ရဲ့ရွေးချယ်သွားပုံက လေးစားစရာကောင်းတယ်။ သူတို့အတူနေလို့၊ ဘ၀ခရီးအတူဆက်ဖို့ကလည်း ဘယ်လိုတွေးတွေး မဖြစ်နိုင်တော့ဘူးလေ။
သူတော်တော်ဇာတ်နာတယ်။ Michael ရဲ့ အချစ်ကိုလည်း အားကျပီတိဖြစ်လွန်းလို့ နောက်ဆုံး သူငိုတဲ့အခန်းမှာ အကို့လိုပဲ ကျနော်လည်း စိတ်ထဲမကောင်းဘူး။
မတူညီတဲ့ဘ၀အသီးသီးကို ဖြတ်သန်းနေထိုင်ကြပေမယ့် တစ်ယောက်ကို တစ်ယောက် အဝေးကနေထားတဲ့ အခုလို မေတ္တာစစ်ကတော့ ရှားပါတယ်၊ သိပ်ကို တန်းဖိုးရှိလွန်းပါတယ်။ မူရင်းစာရေးဆရာ Bernhard Schlink လည်း ဒီဝတ္ထုနဲ့ ကမ္ဘာကျော်ပြီး နာမည်တဟုန်ထိုးကြီးသွားခဲ့တာပဲ။
သူမို့ ခံစားရအောင် ရေးလည်းရေးတတ်ပါပေ့ဗျာ။ ချီးကျူးတယ်။