16 February 2009

ကျနော်နဲ့မိုနိုပိုလီကစားခြင်း

ငယ်ငယ်တုန်းက ကစားဖူးခဲ့ကြတဲ့ မိုနိုပိုလီလေးကို အမှတ်ရမိတယ်။ အံစာတုံးကို ခေါက်ပြီးအကွက်တွေကိုရွှေ့ခဲ့ကြတယ်။ အခုလည်း ကျနော် အံစာတုံးမခေါက်ပဲ ချထားတဲ့အကွက်တွေကို အစဉ်လိုက်သွားကြည့်မိတယ်။

စထွက်ကွက်လေးပါ။ စထွက်ကွက်ကို ဖြတ်ရင်ဘဏ်ကနှစ်ရာထုတ်ယူရမယ့်အစား ပေးလိုက်ရတာက နှစ်ရာမကဘူးလေ။


ရ..ရထားကြီးပျော်ပျော်စီးပြီး ကျနော့ရဲ့ အိမ်ကလေးသို့ထဲက အိမ်ကလေးဆီကို ချီတက်ခဲ့တယ်.


နေဝင်ချိန်ညနေခင်းတစ်ခုကို ရထားပေါ်ကပဲ ရိုက်ခဲ့မိတယ်။


ရွာကိုရောက်တော့ ရွာရဲ့ လက်မှုပညာကို မှတ်တမ်းတင်မိပြန်ရော။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ ထွန်းကားလာတဲ့ သစ်မြစ်ဆုံ ပန်းပုလက်ရာကလည်း နှစ်ခြိုက်စရာကောင်းနေတယ်လေ။







ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းကို ဖော်ညွှန်းနေတဲ့ ချောင်ထဲက ပန်းပုများ


ရွာကအပြန် ရန်ကုန်မြို့ ကန်တော်ကြီးရဲ့ ညဘက်ပါ။


မနက်စောစောဘုရားကို တက်ရင်း မြန်မာ့ဝါးငြမ်းအလှကို တမေ့တမော။ ဒီတစ်ခေါက် ကြာမှောက်ကြာလှန်တွေကြားမှာ စတီးတိုင်များထည့်သွင်းခြင်း ခေတ်မှီနည်းပညာများဖြင့် ဘုရားကို ပိုမိုခိုင်ခန့်အောင်ပြုပြင်နေတယ်ဆိုပါတယ်။ ရွှေစင်ရွှေပြားများကပ်လှူပူဇော်နိုင်ပြီး ရွှေပြားများအလွယ်တကူ ကွာမကျနိုင်တဲ့ နည်းပညာအသစ်လို့ ကြားသိရတယ်။


ဘုရားအရန်စေတီများနဲ့ ငှက်တစ်သိုက်



မသမာသူဝိသမလောဘသားတွေကြောင့် အရင်နေရာချောင်လေးထဲကနေ ပြောင်းရွှေ့အပူဇော်ခံထားတဲ့ ဆယ်တော်မူဘုရား


အကွက်တွေကျန်နေပါသေးတယ်....

13 comments:

Anonymous said...

ဘုရားတွေလာဖူး ရှူးခင်းတွေလာကြည့်သွားတယ် ကိုယ်တိုင် ပန်းပု ၀င်ထုနေပါလား စိတ်ဝင်တစားနဲ့ အကျီင်္အဖြူကြီးဝတ်ပြီး ;) ( ကောလဟာလ၀ါ ဖြန့်ခဲ့တယ် )

လူပါတဲ့ ပုံတွေ အောက်ဆုံးထားပိုကောင်းလားလို့ ဘုရားက အောက်ကဖြစ်နေလို့ အစ်ကို ။

khin oo may said...

သေချာကြည့်သွားပါသည်။
မောင်မျိုး...ရွာသားလေးဒွိဟ ဖြစ်အောင် မလုပ်ပါနဲ့လေ.
သူက အကွက်ရွေ့တဲ့ ခံစားချက်နဲ့သွားနေတာ။

khin oo may said...

ပုံလေးတွေကောင်းသည်။

Anonymous said...

ပြန်ရောက်တာ ကြာပြီလား.. နောက်ဆုံး တင်ထားတဲ့ ပို့စ် ဖတ်ပြီးကတည်းက အသစ်စောင့်နေတာ။ ဓါတ်ပုံတွေ ကြည့်သွားတယ်.. မိုနိုပိုလီ ဆက်ဆော့တာလည်း ဖတ်ချင်ပါသေးတယ်။

:P said...

မောက်မျိုးမှားနေသည်။ ရွာသားလေးက ညောင်းလို့ ရထားရပ်တုံးအောက်ဆင်းလမ်းလျှောက်နေတာပါ။
အကျီ်အစင်းကျားနဲ့.... (ဟိ.. ပိုဆိုးတွားပြီ)
အကွက်တွေကျန်နေပါသေးတယ်..ဆိုလို့ read more
ကိုနှိပ်တာ ဒါပဲပြန်ပေါ်လာတယ်..။

:P said...

မောင်မျိုးရေးတာ... မောက်မျိုးဖြစ်သွားတယ်..
ဟားဟား

ကိုရုပ်ဆိုး said...

ကြုံတောင့်ကြုံခဲပွဲကို လာမတက်တဲ့အတွက် စိတ်ဆိုးတယ်ဟေ့ ....

kay said...

ပြန်ရောက်ပီလားဗျိုး-
ရွာက ဘာမုန့်တွေပါသလဲ..
ပုံတွေ ကြည့်ရင်း လွမ်းသွားတယ်။

Unknown said...

မိတယ်ဗျာ....................
ကင်မရာကြီးကရှယ်ပဲ
ရိုက်ချကက်တွေမိုက်မှမိုက်................

ဗီလိန် said...

ကဲကဲ။ ကင်မရာဝယ်တုန်းက အကြွေးလေး မစပါဦး။ :P

Unknown said...

ရိုက်ချက်တွေကောင်းတယ်ဗျာ...။ လောလောဆယ်တော့ ကန်တော်ကြီးရဲ့ ညခင်းအလှကိုကြည့်ပြီး လူက တော်တော် ငိုင်သွားတယ်...။ :( ရိုက်တဲ့သူပဲ တော်လွန်း သွားလားမသိ...။

လင်းဒီပ said...

အခုက စစချင်းအခန်းတွေမို့ မင်းသမီး(Princess)အခန်းမပါသေးဘူး..
နောက်ပိုင်း ဆက်လက်ရှုစားကြပါ...
ရွာသားလေး(Photographer)နဲ့ မင်းသမီးလေးအခန်း တွေ့ပါလိမ့်ဦးမယ်..
နောက်ပိုင်းကျရင် ရွာသားလေးက မောင်မျိုးပြောသလို..
အကီ်ျအဖြူကြီးနဲ့လည်း ပန်းပုမထုတော့ပါဘူး..
မစင်ဒင်းလားပြောသလို..
အကျီအစင်းကြီးနဲ့လည်း လမ်းမလျှောက်တော့ပါဘူး...

သူက အကွက်တွေ့အခုမှ စရွေ့တုန်းပါ...

ဆက်မျှော်..ဆက်မျှော်..ဟီး...

Unknown said...

စိတ်ကူးလေးကောင်းတယ်ဗျာ မိုနိုပိုလီကစားခြင်းတဲ့
စာအရေးအသားကောင်းသလို ဒါ့ပုံအရိုက်လည်း တော်တယ်ဗျာ အနုပညာဓါတ်ခံသိပ်ကောင်းတာပဲ (စိတ်ကလေးကလည်း နူးညံ့မယ်ထင်ပါ့)