တကယ်တမ်း ရောမသွားလည်တာလား ဗာတီကန်ကိုလား ကျနော်လည်း သိပ်မသည်းကွဲဘူးဖြစ်နေခဲ့တယ်။ ဒုတိယနေ့ကို ဗာတီကန်ပြတိုက်ဝင်ဖို့ လက်မှတ်ဝယ်ဖြစ်တယ်။ ကျနော်တို့ မရောက်ခင် ရာသီဥတုကြောင့်လား အကြောင်းတခုခုကြောင့်လား သေချာမသိပါ၊ ပြတိုက်တွေ ပိတ်ထားတာကြောင့် ပြတိုက်ဝင်ကြည့်မယ့် ဧည့်သည်တွေဟာ ပြတိုက်ရှေ့မှာ ပုရွက်ဆိတ်အုံလိုပါပဲ။
ဗာတီကန်ပြတိုက်ဟာ ကမ္ဘာ့အကြီးမားဆုံးပြတိုက်တခုမှာ အပါအဝင်ဖြစ်ပြီး နံပါတ်လေးခုမြောက် ဧည့်သည် အဝင်ဆုံးပြတိုက်အဖြစ်ရပ်တည်တယ်။ လတိုင်းရဲ့ နောက်ဆုံး တနင်္ဂနွေနေ့ နဲ့ ကြုံကြိုက်ခဲ့ရင် ပြတိုက်ကိုဧည့်သည်တွေအတွက် အလကားဝင်ကြည့်ခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ဖို့ရာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို မြင်ရမယ်ဆိုတာလည်း ကြိုတင်ပြင်ဆင်ထားရမယ်။
ပြတိုက်ဝင်ဖို့ ဝယ်ထားတဲ့ လက်မှတ်ကိုတောင် အေးဂျန့်ဆီကနေ တန်းစီပြီး ယူခဲ့ရတယ်။ လက်မှတ်ထုတ်ပြီး အချိန်စောနေသေးတာကြောင့် အရှေ့က ကော်ဖီဆိုင်မှာ ကော်ဖီသောက်ကြတယ်။ အချိန်နီးလာမှ ပြတိုက်ရှေ့ ပြန်လာကြတယ်။ ဒါတောင် မိနစ်နှစ်ဆယ်လောက်စောနေသေးလို့ အစောင့်က ပေးမဝင်ဘူး။ အရှေ့က အမှတ်တရပစ္စည်းဆိုင်မှာ စျေးဝယ်ရင်းစောင့်ကြတယ်။
ဝင်လို့ရပြီဆိုတော့ skip the line လက်မှတ်မို့ တန်းစီစရာ မလိုပဲ အေးဆေးဝင်လာတယ်။ ပန်းချီကားတချို့ကို ဖြတ်လာရပြီးရင် အီဂျစ်ပြတိုက်ကိုရောက်တယ်။ အီဂျစ်မရောက်ဖူးထားတို့ သေချာ ပတ်ကြည့်ကြတယ်။ မမ်မီရုပ်အလောင်းတွေပါ သေချာ ပြထားပါတယ်။ ပြတိိုက်ကို ဘာကြည့်မယ် ညာကြည့်မယ်ဆိုပြီး ဦးတည်ချက်နဲ့ လာတာ မဟုတ်တော့ ခြေဦးနဲ့ဒူးတည့်ရာ လျှောက်ကြည့်ကြတယ်။
အီဂျစ်ပြတိုက်ကနေ ဟိုဒီလျှောက်သွားရင်းရုပ်တုတွေ တသီချည်း ရှိတဲ့နေရာ New Wing ကိုရောက်သွားတယ်။ တစိမ့်စိမ့် ထိုင်ကြည့်စရာ ကောင်းတဲ့ ဒီအရုပ်တွေကြားမှာ အချိန်အတော်လေးကြာခဲ့ကြတယ်။
ပြီးတော့ အပေါ်တက်လိုက်အောက်ဆင်းလိုက်သွားရင်း သိပ်လှတဲ့ ခေါင်မိုး ပန်ချီကားတွေကို ရောက်ပြီး နတ်ကရာ ကျီးမော့ကြပြန်ရော။ အရမ်းကို ရင်သပ်ရှုမော ကြိတ်ကြိတ်တိုး လျှောက်သွားရတဲ့ အီတလီနိုင်ငံ မြေပုံ Gallery of Maps ဆိုတဲ့နေရာမှာ အစောင့်ကသာ အတင်း မောင်းမထုတ်ရင် ရှေ့တောင် ဆက်တိုးမိမယ်မဟုတ်ပါဘူး။
ဓါတ်ပုံရိုက်ခွင့်မရတဲ့ Sistine Chapel ကိုပါ အမှတ်မထင်ရောက်သွားခဲ့တယ်။ ရှေးလူတွေရဲ့ ဖန်တီးမှု အနုပညာဟာ အံ့မခန်းချီးကျူးဖွယ်ပါ။
နောက်ဆုံးကျနော် အသည်းအသန်ရှာတဲ့ လှေခါးဟာ ပြတိုက်အထွက်မှာ ရှိနေခဲ့တယ်။ ပထမရိုးရှင်းတဲ့ လှေခါးကို ၁၉၃၂လောက်မှာ လှပခမ်းနားစွာ ထပ်မံပြုပြင်ခဲ့တယ်။ ဓါတ်ပုံ ဆရာအတော်များများရဲ့ လက်ရာကို မြင်ဖူးတာမို့ အရမ်းရင်းနှီးနေခဲ့တဲ့ ဒီလှေခါးကို အပြင်မှာ မြင်ရတော့ အတော်လေး စိတ်ကျေနပ်စေပါတယ်။
ပြတိုက်ကနေ ထွက်လာတဲ့အခါညနေ သုံးနာရီလောက်ဖြစ်နေပြီ။ စိန့်ပီတာရင်ပြင်ကိုသွားပြီး ညနေနေဝင်ချိန်ကို စိန့်ပီတာအပေါ်ကနေတက်ကြည့်ဖို့ လုပ်ပေမယ့် တက်ဖို့ တန်းစီနေတဲ့ လူတန်းကို မြင်တော့ စိတ်လျှော့သွားတယ်။
ဘယ်သွားမလဲဆိုပြီး နောက်ဆုံး ဂလက်တီယေတာကွင်းကို သွားငေးကြတယ်။ အနားက Palatine hillပေါ်တက်ကြတယ်။ တောင်ကုန်းပေါ်က ဘုရားကျောင်းကို ခဏသွားကြည့်ကြတယ်။ အပြာရောင်ညနေခင်းမှာ ကိုလက်စီယမ်နဲ့ ရိုမန်တိုင်လုံးတွေကို ဓါတ်ပုံရိုက်ကြတယ်။လမ်းတဖက်ကနေဖြတ်သွားတဲ့ ကားတွေနဲ့ ကိုလက်စီယမ်ကွင်းကြီးကို ဓါတ်ပုံရိုက်ပြီးမှဟိုတယ်ပြန်ကြတယ်။
ဟိုတယ်ရောက်တော့ တနေ့လုံးညောင်းသမျှ Spa အခန်းထဲမှာ ချွေးထုတ်အညောင်းဖြေ ကြရတော့တယ်....

No comments:
Post a Comment