16 February 2015

ကော့ကရိတ်၊ ဝပ်အာရွမ်၊ တရုတ်တန်း ဒုတိယနေ့

Day 2:

- On Saturday, 5th May 2012, we'll go to nonthaburi pier by taxi in the morning and go to koh kret by boat.

- After visit around in koh kret for about 3 hours (I guess), we'll go to either Wat Arun or Golden Mountain depend on where you wanna go first.

Wat Arun is convenient to go by boat when we're back from koh kret but if you like to see sunset at  Wat Arun which is nice my pov, we can go to Golden Mountain first.

- End of Day Two.


ဒုတိယနေ့  အဖြစ် ကို့ကရက်လို့  မူရင်း အသံထွက်အတိုင်းဆိုနိုင်ပေမယ့် ကျနော်က ကော့ကရိတ်လို့ပဲ မှတ်ထားလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ နှစ်၂၀၀လောက်ကတည်းက မွန်လူမျိုးတွေ အခြေချနေထိုင်ခဲ့တဲ့ နေရာမို့လို့ ကော့ကရိတ် လို့မှတ်ထားတာ အသင့်လျော်ဆုံးပဲ မဟုတ်လား။ 


ဘန်ကောက်လို မြို့ကြီးပြကြီးမှာ မလည်ပတ်ချင်တဲ့ ကျနော့အတွက် သူငယ်ချင်းက ဒီနေရာကို စီစဉ်ပေးထားတာပါ။ နွန်သဘူရီ ဆိပ်ကမ်းကနေ ဖယ်ရီနဲ့ ကူးရတယ်။ ဖယ်ရီပေါ်က ဆင်းတာနဲ့ မွန်ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို မြင်နိုင်တယ်။

မုန့်ဆိုင်တန်းလို စျေးတန်းတခုမှာ မုန့်တွေစားလိုက်၊ ဓါတ်ပုံရိုက်လိုက် လျှောက်ကြတယ်။




အရုပ်ကလေးတွေက လိုချင်စရာလေးတွေပါ



လုပ်ထားတဲ့ မုန့်ရောင်စုံလေးတွေ

နှင်းဆီပွင့်တွေက မစားရက်စရာ

မုန့်ဦးနှောက်နဲ့ ဆင်တယ်။ တပန်းကန်လောက်တော့ အသာလေးပေါ့။


ပွဲတော်တခုကျင်းပနေတာတွေ့လို့ ကလေးတွေ ကနေတာလေး အမှတ်တရ ရိုက်ယူလာခဲ့တယ်။

မြစ်ဟိုးတဖက်ကမ်းက ဘုရားကိုလည်း လှမ်းဖူးခဲ့တယ်။


ဝပ်ပါရာမိုင်းဆိုတဲ့ ဘုရားတဆူကိုလည်း ဖူးခဲ့သေးတယ်။ ဘုရားပေါ်မှာ ဆရာတော်တွေနဲ့ တွေ့တော့ ဆရာတော်တွေက မြန်မာတွေလားလို့ မေးပါတယ်။ ကိုယ့်လူမျိုးတွေနဲ့ နိုင်ငံရပ်ခြားမှာ တွေ့ရတာဟာ စိတ်ထဲ ပျော်စရာ အလွန်ကောင်းတယ် မဟုတ်လား။



ကော့ကရိတ်က ပြန်တဲ့အခါ တော်တော်လေး နောက်ကျနေပြီ။ Golden Mountain ကိုတက်ဖို့  မမှီတော့ဘူး။  ဘုရားပေါ်တက်တဲ့ လှေခါးကို ပိတ်ထားတာမို့  လမ်းတဝက်ကနေ လှည့်ပြန်လာခဲ့တယ်။


ဝပ်အာရွမ်မှာလည်း ပိတ်ထားတဲ့ တံခါးကြီးက ဆီးကြိုတယ်။ သံတိုင်တွေကြားကနေ ကောင်းကင်ပြာထဲက ဘုရားကို ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။





ဘယ်မှလည်း သွားလို့မရတော့တဲ့နောက် တရုတ်တန်းမှာ ဗိုက်သွားဖြည့်ကြတယ်။ ယိုးဒယားစကား ပြောတတ်တဲ့သူပါတာ အတော်လေး အဆင်ပြေပါတယ်။ ပင်လယ်စာတွေကို စားတိုင်း ယိုးဒယားတွေရဲ့ အစပ်အဟပ်ကို ဘယ်နိုင်ငံကမှ လိုက်မမှီတာ တွေ့ရတယ်။

အပြန် ကချနဘူရီ ရထားလက်မှတ်လည်း မရှိတော့ပါဘူး။ ပုံမှန်ရထားလက်မှတ် နှစ်စောင်ဝယ်ပြီး နှစ်ယောက်သား အိမ်ပြန်လာကြတယ်။ ကချနဘူရီသွားဖို့  မနက်စောစောထရဦးမယ် မဟုတ်လား.....

ဘန်ကောက်၊ အယုဒ္ဓယ ပထမနေ့


၂၀၁၂ မေလထဲမှာ ဘန်ကောက်က သူငယ်ချင်းတယောက် မြန်မာပြည် အပြီးမပြန်ခင် ဘန်ကောက်ကို လာလည်ဖို့ဖိတ်တယ်။ မစွန်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိချင်နေတာနဲ့  လေယာဉ်လက်မှတ်ကို စလုံးသုံးရာကျော် ဘတ်ဂျက်အဲလိုင်းကနေ ဝယ်လိုက်တယ်။ ဗီဇာကိစ္စ စီစဉ်ပြီးတဲ့အခါ သူငယ်ချင်းကို အဆင်သင့် ဖြစ်ပြီလို့ အကြောင်းကြားတယ်။ သူငယ်ချင်းက ခရီးစဉ်ကို အခုလို အသေအချာ ဆွဲပေးထားပါတယ်။
Day 1: 
- On Friday, 4th May 2012, you may arrive to my place ard 10:00 - 10:30 so take sometimes to refresh yourself. 
- After that, I'll drop you at victory monument to catch a van to Ayudhya which is the last stop of that van service.
- You can hire Tuk-Tuk at the van gate to visit around the temples in Ayudhya. They have photos and you can pick which one to go. 3-4hrs would be enough for temple visits. 150-200THB per hour charges for tuk-tuk (that's what I paid last time though it's not very recent
- After the temple trip, ask the tuk-tuk driver to drop you at van gate to go to victory monument and get on the van and you'll be back to bkk
- If you wanna go to madame tussaud, you can go to Siam BTS station from victory monument BTS station which is in walking distance from the van gate you get off.
Once you arrived to Siam, go to Siam Paragon and you'll see ticket sales counter of madame tussaud, ticket costs 800sth THB and you can ask them how to go there in English.
- After that, I'll come pick you up there
- On the way, we'll go buy train ticket for River Kwai trip for Sunday.
- End of Day One.
သုဝဏ္ဏဘူမိလေယာဉ်ကွင်းကနေ အမြန်ရထားနဲ့ မြို့ထဲကို ကိုယ့်ဖာသာ လက်မှတ်ဝယ်ပြီး လာလိုက်တယ်။ လာကြိုမယ့် သူငယ်ချင်းက အိပ်ယာထ နောက်ကျနေလို့ပါ။ သောကြာနေ့ဖြစ်တာမို့  သူအလုပ်မသွားခင် ကျနော့ကိုလမ်းတဝက်ကလာကြို၊ အိမ်မှာ အထုတ်တွေချပြီး အယုဒ္ဓယသွားမယ့် ဘတ်စ်ကားပေါ် တင်ပေးခဲ့ပါတယ်။ 

အယုဒ္ဓယကို ဒုတိယအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး အရင်တခေါက်ကအတူလာတဲ့ ကိုသူရိန်နဲ့ကိုစိုင်းကိုပါ သတိရမိတယ်။ ဘတ်စ်ကားဂိတ်နားက တုပ်တုပ်ဆရာတယောက်နဲ့  သွားမယ့်နေရာတွေ ဓါတ်ပုံထဲကနေ ရွေး စျေးစကားပြောပြီးတဲ့အခါ ကျနော့ရဲ့ အယုဒ္ဓယ ခရီးစဉ်ကို အခုလိုစ ဖြစ်ပါတော့တယ်။ 
























အယုဒ္ဓမှာ လည်လို့ဝတော့မှ ဘန်ကောက်ကို ပြန်တက်လာခဲ့တယ်။ ဘန်ကောက် ဆိုင်ယမ်ပါရာဂွန်မှာ ကျနော့ကို သူငယ်ချင်းက လာကြိုတယ်။ နောက်တနေ့  မှာ ရုံးပိတ်ရက်တွေဖြစ်တာမို့  ကော့ကရိတ်ဆိုတဲ့ နေရာတခုကို သွားဖြစ်ကြတယ်...

12 February 2015

ကာဝမ်ပူသီ နဲ့ အစိမ်းရောင် ဝင်္ကဘာ

ကာဝမ်ပူသီဆိုတာ မီးတောင်ဟောင်း အဝတခုပါ။ ဆာလဖာနဲ့ ဓါတ်ပြုပြီး အရောင်ပြောင်းနေတဲ့ ရေကန်တခုပေါ့။ ၁၉၈၇ခုနှစ်ကစပြီး ခရီးသွားလေ့လာသူများကို ခွင့်ပြုခဲ့ပြီး ဘန်ဒုံကနေ ကီလိုမီတာ ငါးဆယ်အကွာ စီဝီဒီဆိုတဲ့ အရပ်မှာ ရှိတယ်။
မနက်စောစော အိပ်ရာနိုးတာနဲ့ လူတွေ မများခင် သွားကြဖို့ ကျနော်က အတင်းလိုက်တွန်းရတယ်။ အေးတဲ့ရာသီဥတုမှာ ရေနွေးစက်မပါပဲ ရေချိုးရတာ ခပ်လန့်လန့်ပဲ။ ရုံးပိတ်ရက်မို့ ကျနော်တို့ ဧည့်ဆောင်ရှေ့မှာတင် ကားတန်းက ရှည်နေပြီ။ သူတို့ဆီက ဆိုင်ကယ်ငှားပြီး အနွေးထည်နှစ်ထပ်ဝင် တောင်ပေါ်ကို တက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ မြူနှင်းတွေကြားက စီဝီဒီဟာ အလှကြီးလှနေတယ်။

တောင်ပေါ်စခန်းကို ရောက်တာနဲ့  မနက်စာစားကြတယ်။ ဝါလာနီဆိုတဲ့ ဘလက်ကားရမ့် လက်ဖက်ခြောက်ကို စမ်းသောက်တာကြိုက်လွန်းလို့  အိမ်အတွက်ဝယ်လာခဲ့တယ်။ သူငယ်ချင်းတွေက ကျနော့ကို စကားမပြောပဲ လိုက်ခဲ့ပါဆိုပြီး လက်မှတ်ဝယ်တဲ့ဆီကို ခေါ်လာတယ်။ စကားမပြောပဲနေရင် မင်းက အင်ဒိုနီးရှားနဲ့ ခွဲမရဘူးတဲ့။ အိုကေဆိုပြီးငြိမ်ငြိမ်လေးလိုက်သွားတာ ဒေသခံလက်မှတ်ဈေးနဲ့  ကာဝမ်ပူသီကို တက်ခွင့်ရခဲ့တယ်။ လက်မှတ်တစောင်နဲ့ နှာခေါင်းစည်း ခပ်ပါးပါးလေး တခုပေးပါတယ်။
၁၀ဒီဂရီ အနားတဝိုက်မှာပဲ ရှိတဲ့ ရာသီဥတုက အေးစိမ့်နေတယ်။ လေကတညှင်းညှင်းတိုက်နေသလို မြူတွေကလည်း အဆုပ်လိုက် ကြဲချနေသလိုပါပဲ။ ကန်ရဲ့ ရေပြင် ဖြူမလို၊ စိမ်းပြာပြာဟာ အက်စစ်ပမာဏ ၀.၅ကနေ ၁.၃အထိရှိသတဲ့။ သူနဲ့ ထိစပ်တဲ့ ကျောက်တုံးတွေ၊ သဲတွေ အားလုံးဟာ ဖြူဖွေးကုန်တယ်။ 
စစ်ကာလအတွင်းက ဆာလဖာ စက်ရုံတခုရှိခဲ့ပြီး အခုအခါမှာတော့ တူးဖော်မှုလုပ်ငန်းရဲ့ အကြွင်းအကျန်အနည်းငယ်သာ ရှိတော့တယ်။ ကာဝမ်ပူသီအနီးတဝှိုက်ဟာ အခုအခါ ခရီးသွားလုပ်ငန်းနဲ့ ရေပူစမ်း အပန်းဖြေဟိုတယ်လုပ်ငန်းတွေပဲ လက်ရှိလုပ်ကိုင်နေကြတယ်။
ကာဝမ်ပူသီကနေ ပတန်ဂန်ဆိုတဲ့ ကုန်တွင်းရေကန် တခုကို သွားကြတယ်။ ဒေသခံတွေက ပျော်ပွဲစားထွက်သူတွေ၊ ကန်ထဲမှာ အပျော်စီးလှေသင်္ဘောတွေနဲ့ အတော်လေး စည်ကားတာတွေ့ရတယ်။ ကျနော်ကတော့ စိမ်းနေတဲ့ လက်ဖက်ခင်းတွေ ကြားထဲကနေ ထိုးထွက်နေပြီး အေးမြကြည်လင်တဲ့ ရေကန်ကြီးကို ဒီအတိုင်းပဲ ထိုင်ကြည့်နေမိတော့တယ်။ 
ဒေစီပန်းတွေဟာလည်း အရိုင်းဆန်ဆန်ပွင့်နေကြတယ်။ စတော်ဘယ်ရီ တွေ ရောင်းနေကြတာလည်း တွေ့ရတယ်။ ပြောင်းဖူး မီးဖုတ်ကို ကျနော်က ထောပတ်နဲ့ပဲ သုတ်စားပြီး၊ သူငယ်ချင်းတွေက ငြုတ်ဆီသုတ်စားကြတယ်။ ငြုတ်ဆီသုတ်စားတာ ကျနော် ပထမဆုံး မြင်ဖူးတာ အထူးအဆန်းပဲ ဆိုလို့ ကျနော့ကို သူတို့က အံ့သြစရာလေး အဖြစ်ကြည့်ကြတာပေါ့။
ရေကန်က ပြန်ထွက်လာတဲ့အခါ ကျနော်ဟာ အစိမ်းရောင် ဝင်္ကဘာထဲမှာ တဝဲဝဲလည်နေတော့တယ်။ လှိုင်းဂယက်တွေလို အရစ်လိုက် အတန်းလိုက် အဲ့ဒီ လက်ဖက်ခင်းကြီးထဲမှာ တနေကုန်သာ နေလိုက်ချင်တော့တာ။ 
ကင်မရွမ်ဟိုင်းလမ်းက လဖက်ခင်းတွေဟာ အခုလို ပုံဖော်ထားခြင်း မရှိဘူး။ ဒီကတော့ အရစ်လိုက် အဝိုင်းလိုက် အစွေလိုက်နဲ့  အဲ့ဒီဝင်္ကဘာထဲမှာ နေခဲ့ချင်တော့တာပါပဲ။ 

ညနေ နေချိုတဲ့အခါ ကျနော်တို့ ပြန်ဆင်းလာခဲ့တယ်။ ဧည့်ဂေဟာမှာဝင် ပစ္စည်းတွေယူပြီး ဘန်ဒုံကို တခါတည်းပြန်ဆင်းလာကြတယ်။ လမ်းမှာ အခုမှ လာနေဆဲ ဖြစ်တဲ့ ကားတန်းရှည်ကြီးကို မြင်ရတဲ့အခါ ဂျကာတာတင် ကားလမ်းကြပ်တာမဟုတ်ပဲ ဘန်ဒုံမှာပါ ရုံးပိတ်ရက်တွေမှာ ကြပ်တယ်လို့ သူငယ်ချင်းတွေက ရှင်းပြတယ်။

ညနေစာကို စားလို့ကောင်းတယ်လို့ သူတို့ညွှန်းတဲ့ စားသောက်ဆိုင်ကို ရွေးခိုင်းပြီး ကျနော်က သူတို့ ကျွေးခဲ့တယ်။ ဘန်ဒုံက ကောင်းတယ်ဆိုတဲ့ မုန့်တိုက်ကနေ ဒူရင်းသီးပတ်ဖ်တွေ ပူပူနွေးနွေးဝယ်လာတဲ့အပြင် ဘရောင်းနီနှစ်ဗူးလောက်အဆွဲကောင်းတာ လေဆိပ်မှာ ကံကောင်းလို့ ပေါင်ပို မပေးရတယ်။ လက်ဆွဲအိတ်ထဲက လက်ဖက်ခြောက်ထုတ်တွေကို ကင်မရာအိတ်ထဲထည့် ကိတ်မုန့်တွေ လက်ကဆွဲနဲ့အတော်လေး ဖရိုဖရဲ နိုင်တဲ့ အိမ်ပြန်ခရီးဖြစ်ခဲ့ပါတော့တယ်။ 
ပြန်လာတာ နှစ်တွေကြာပြီဆိုသော်ငြားလည်း အစိမ်းရောင်ဝင်္ကဘာက အခုထိ ကျနော့ကို ညှို့ခေါ်ယူနေဆဲ ဆိုတာကိုတော့ ဘယ်လိုမှ မငြင်းနိုင်တာ အသေအချာပါ......