အဆုံးလား
အစလား
လာမမေးကြပါနဲ့
ချထားတဲ့ လက်နှစ်ဖက်တောင်
ဘယ်ရောက်နေမှန်းမသိလို့ပါ
ပြင်ကျယ်ကျယ်တစ်ခုမှာပဲ
ခြေထောက်နဲ့ ကြမ်းပြင်
ထိထားသတဲ့လား
သတိမထားမိပါဘူး
ငုံ့ကြည့်ဖို့ မျက်စိပေါက်တွေတောင်
ပျောက်နေကြလေရဲ့
မြွှေမကြောက် ကင်းမကြောက်
ခုခေတ်ခါဆို ကားမကြောက် ရထားမကြောက်
တအားလျှောက်နေခဲ့တာပါပဲ
အားယားမှောက်နေ့တွေလည်း
ရှိခဲ့မပေါ့
Nanoလား
ပြာသိုလား
သိပ်မကွာလောက်ဘူး
ဝါဆိုနောက်နား ကပ်ရက်ပဲ
Visa လား
PRလား
ဘာမှ မလိုဘူး
IC ကဒ်တွေ မစစ်ဆေးနဲ့
မေတ္တာလား
သစ္စာလား
ဇာတ်ထဲမှာပဲ သုံးကြသတဲ့
ရှေ့ရေးလား
နောက်ရေးလား
လက်ရေး ပါတိတ်
ဈေးကြီးတယ်
Globalလား
Mobalလား
အိုပယ်ကားတောင်
မစီးဖူးဘူး
ချဉ်ချဉ်တူးတူး
မူးလို့နေလည်း
မြင်ရင် အရူးအမူး
ထူးလို့နေဆဲ
မကြားရက်လို့
နားနှစ်ဖက်ဆို့ဖို့
ပါးနှစ်ဖက်သို့အရှာ
ပါးမရှိ
နားမရှိ
ကိုယ်မရှိ
ခေါင်းမရှိ
ဘာမှ မရှိတဲ့
ဟင်းလင်းပြင်က ငါ………………………..
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
18 comments:
ချထားတဲ့လက်နစ်ဘက်ကဘေးမှာပါ။ ငုံ့ကြည့််လိုက်ကော..
မျက်စေ့ပေါက်ပျောက်တာကတော့ဝလာလို့ပါ. ရှင်းပါတယ်။
အားယားမှောက်သွားတာကတော့ခွက်ပျောက်လို့ရယ်..
ဝါဆိုနားကတော့တပို့တွဲ
မစစ်ဆေးနဲ့လို့တော့ပြောလို့မရဘူး.
တောင်းရင်တော့ထုတ်ပြရမှာဘဲ
လက်မြှောက်လိုက်ပါ။ အခု
မေတာနဲ့သစ်စာ ဇတ်ထဲတင်မက..အငြိမ့်ပါကသေးရော....
လက်ရေးဆေးကြီးရင်ခြေရေးဝယ်ကွယ်။။
မြင်ရင်အရူးအမျုး
မျိုးရိုးနာမည်တော့မထိခိုက်စေနဲ့
ဘာမှ မရှိတဲငါ
ဆွဲကိုင်ကာ လွတ်ပလိုက်တယ်။
ဘာမှန်းမသိအောင်ရေးတာကို...
အဲဒီတော့ဘာမှ လာမမေးနဲ့…ဒီအတိုင်းလျောက်ရေးလိုက်တာ...
ကောင်းတယ် ဘာမှ မရှိတာ....
ရုပ်ရော နာမ်ပါ ချုပ်သွားတဲ့ ဟင်းလင်းပြင်ဆိုရင် ကောင်းမယ်နော်။
အလတ်ကြီး မဖြစ်လို့ မရဘူး..သဘောပေါက်....
ဘာမှမပြောတတ်ဘူး။
ဟင်းလင်းပြင်ပဲ...။
ပထမဆုံးရောက်ဘူးပါတယ်
ကဗျာတွေကောင်းတယ်
လွတ်နေတယ်ဆိုပါတော့
လွတ်နေတယ်ဆိုပါတော့
ဘယ်လို ဖြစ်ရတာလဲ
PR ကတော့ အခု ချိန်မှာ Reject ပဲ များတယ်
စိတ်လေနေတာလား
ဘာပဲ ဖြစ်ဖြစ် ကဗျာလေး ကြို က်လို့  copy ကူးသွားပြီ
ကဗျာလေးကဖတ်လို့တော့ကောင်းတယ် ဒါပေမဲ့ ရောထွေးနေတော့ တမျိုးပဲ။
ဖတ်ကောင်းလို့ ကော်ပီကူးခွင့်ပြုပါ
ဒီ ဟင်းလင်းပြင် ကဗျာက မိုက်တယ်ဗျာ
မော်ဒန်လို၂ ဘာလို၂နဲ့  အရေးအသားကတော့ ရှယ်ပဲ
အားပေးနေပါတယ် ဆက်ရေးပါ
နိဒါန်း... စိတ်ညစ်နေတဲ့သဘောပါ....
ဒုတိယစာပိုဒ်...အပျော်တွေပွေ့ဖက်ထားပုံဘဲ
တတိယစာပိုဒ်...မိုးမမြင်စပရှယ်လည်ပစ်လိုက်တယ်ပေါ့
စတုတ္တစာပိုဒ်...အချိန်တွေအကုန်မြန်တယ်ပေါ့
ပဉ္စမစာပိုဒ်...မှတ်တမ်းတွေစစ်မနေနဲ့စိတ်မဝင်စားဘူး
ဆဌမစာပိုဒ်...လက်တွေဘဝမေတ္တာ၊သစ္စာတွေစိတ်မဝင်စားပြန်ဘူးတဲ့
သတ္တမစာပိုဒ်...ရှေ့ရေးနောင်ရေးမပြောနဲ့လက်ရှိဘဝသာအရေးကြီးတယ်တဲ့
အဌမစာပိုဒ်...ကမ္ဘာအကြောင်းခေတ်အကြောင်းလာမပြောနဲ့ ကားမစီးရလဲအရေးမကြီးဘူး
နမဝစာပိုဒ်...လူမှန်းမသိအောင်မူးနေလဲမင်းကိုတော့သေချာသိတယ်တဲ့
ဒသမစာပိုဒ်...မင်းနဲ့မဖြစ်ဘူးလို့သိ၊ကြားလိုက်တောနားကိုပိတ် အယောင်အမှားမှားနဲ့ ပါးကိုစမ်း နားကိုစမ်း
နိဂုံး...အသိစိတ်ကင်းမဲ့နေသောငါ....
နိဒါန်း...နိဂုံး အနှစ်ချုပ်လိုက်တော့ ရောက်တတ်ရာရာဖြစ်သွားတယ်
ဝန်န္ဒါမိ လွန်တာရှိ ခွင့်လွှတ်ပါရှင့်
ဟုတ်တယ် ကိုရွာသားရေ... လောကကြီးမှာ အမှန်တော့ ကိုယ်ပိုင်တာ ဘာမှကို မရှိတာပါ။
ခင်မင်လေးစားလျှက်
အဲဒီ ဘာမှမရှိတဲ့ကဗျာစာသားတွေကိုက
ကောင်းနေတာ
သာယာချမ်းမြေ့ပါစေနော်
မိုး
အမှန်က တကယ်ကို ဘာမှမှ မရှိကြတာပဲ ကိုရွာသားရေ...
ဒီကဗျာကတော့ အပိုအလိုမရှိ ကွက်တိပဲ
Post a Comment