26 October 2009

နောင်တမဲ့အနမ်း


ယေရှုသခင်ကို နမ်းတဲ့အနမ်း
ရက်စက်တယ်မဆို
ဒီအနမ်းကို ကိုယ်တော်တိုင်လက်သင့်ခံခဲ့တယ်

နှုတ်ခမ်းတစ်စုံကို တို့ထိတိုင်း
အလွမ်းသင့်တဲ့ ဒီအနမ်း
နမ်းမ၀လို့ အနမ်းအဆင့်ဆင့်
မနမ်းသင့်ဘူးလို့ ငါမဆိုမိခဲ့

လွမ်းမ၀လို့
အနမ်းအထပ်ထပ်ပို
ရက်စက်တယ် မဆိုပါဘူး
နင်ထားခဲ့ရင်လည်း
ကျန်ရစ်မယ့် ဒီအနမ်းကို
ငါရင်နဲ့အပြည့်
လွမ်းနေခဲ့မယ်………


လမ်းခွဲစကားမဆိုခင်တော့

င့ါကို နမ်းဖြစ်အောင် နမ်းပါ..........


(ဘာရယ် မဟုတ်တဲ့ခံစားချက်ကလေးတွေကို ပေါက်တတ်ကရ ရေးဖြစ်တာပါပဲ ရယ်သွမ်းသွေးသူတို့ ရယ်လိုကရယ်နိုင်ပါတယ် လှောင်ပြောင်မေးငေါ့ဖို့ ကုန်ကြမ်းလည်း ဖြစ်နိုင်ပါတယ်။ ကျနော်နဲ့လမ်းမှာဆုံဖြစ်တဲ့အချိန် ရယ်ပြုံးနိုင်ကြတယ်ဆိုရင်ပဲ စာလေးတစ်ပိုဒ် ခံစားမှုလေးတစ်ခုကို ဟာသတစ်ပုဒ် အဖြစ် အသိအမှတ်ပြုနိုင်ကောင်းပါရဲ့)