31 December 2008

ဘူတာစဉ်


ပြန်လှည့်လို့မရတဲ့
ရထားတစ်စင်း
အဆက်မပြတ်
မရပ်မနား
ဖြတ်သန်းသွားခဲ့တယ်

အချို့အဆင်း
အချို့အတက်
ဒါပေမယ့်မရပ်ခဲ့

တစ်ချက်တစ်ချက်
ကျော်ဖြတ်သွားလေတဲ့
ဘူတာစဉ်

မမြင်သာပေမယ့်
ဒီဘူတာကျော်ရင်
နောက်တစ်ဘူတာ
ဝင်ရဦးမယ်

နောက်တစ်ဘူတာဝင်ရဦးမယ်....