24 April 2008

ကျွန်တော်နဲ.အိပ်မက်ခရီးစဉ်အစ

အိပ်မက်ခရီးလို့ ပဲထားပေးပါ။ တကယ်ကို ဒီခရီုးဖြစ်လာဖို့ ၈၅% မဖြစ်နိုင်လို.ပါ။ ရန်ကုန်ကို စလာကတည်းက ဒီခရီုးမျိုး မသွားပါဘူးလို့ နှုတ်ကတိပေးခဲ့ရလိုပါ။ ဒါကြောင့် အိပ်မက်ခရီးလို့ ပဲထားပေးပါ။

ကားအနီကြီးနဲ့ ၂ နှစ်တာ ခရီးအပြီးမှာ အိပ်မက်ခရီးစဉ်အစပြု ဖြစ်တည်ခဲ့ပါတယ်။ အဲဒီက သူငယ်ချင်းမောင်နှမရဲ့ အကူအညီနဲ့ပါ။ July 28 ခရီးစဉ်စဖို့ပါ။ ခရီးစဉ်သွားဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်စရာတွေကို တစ်ယောက်တည်း ယောက်ယပ်ခပ်အောင် တက်သုတ်ရိုက် စီစဉ်ရပါတော့တယ်။ ဒီခရီုးစဖို့အားပေးတဲ့ မေမေလည်း လာရောက်ကူညီခဲ့ရတယ်။ ဒါပေမယ့် အမြဲကံမကောင်းတဲ့ ကျွန်တော်က သွားဖို့တစ်ပတ်အလိုမှာ အပြင်းအထန် ဖျားပါတော့တယ်။ ဆေးခန်းသွားလိုက် မသက်သာလိုက်နဲ့ပေါ့။ ရင်တထိတ်ထိတ်နဲ့ စီစဉ်ပြီးသားခရီးစဉ်ပျက်ခဲ့ရင် ဘာလုပ်ရပ ဆိုပြီး စဉ်းစားရကြပ်နေခဲ့ရတယ်။ Plan B ဆိုတာလဲမရှိခဲ့တော့ ဘုရင့်နောင် ဖောင်ဖျက််ကိန်းပဲ။ သေချာတယ်။

သွားခါနီး ၂ရက်အလိုမှာတော့ သားအမိနှစ်ယောက် မနက်စာစားရင်း စိတ်မကောင်း ဖြစ်ကြရသေးတယ်။ နီးရင်မတည့်ကြပေမယ့် ဝေးမယ်ဆိုတယ်တော့လည်း ဒီလိုဖြစ်ကြရ သေးတယ်နော်။ အဖေရောက်လာတော့ နှစ်ယောက်ပေါင်း သိမ်းဆည်းကြပါတော့တယ်။ ပွစိပွစိနဲ့ အမေကတော့ ကြိုတင် မသိမ်းဆည်းရ ကောင်းလားပေါ့။ နေမကောင်းသေးတဲ့ ကိုယ့်ကတော့ ခေါင်းထောင်ကြည့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။

မနက်ဖြန်လို သွားရတော့မယ့် ဒီနေ့လိုညနေခင်းအချိန် Check list နဲ. အားလုံးကို တိုက်စစ်ကြည့်တဲ့ အခါမှာတော့ ဖျားနေတဲ့လူ တခါတည်း အဖျားပျောက်ချင်စိတ် ပေါက်သလောက်ပါပဲ ခေါင်းနပန်းလည်း ကြီးလာပါတော့တယ်။ Air Ticket နဲ့ Passport ကပျောက်ဆုံးနေခဲ့ပြီ။ ပြောင်လက််ရှင်းသန့်နေတဲ့ တအိမ်လုံးမှာ မျှော်လင့်ချက်မှ မရှိုနိုင်တော့တာ။ သေချာတာကတော့ ခရီးစဉ်ဖျက်မလား ရက်ရွှေ့ရမလား။ ဟင်းတွေချက်နေတဲ့မေမေ လူကြုံလာပေးတဲ့လူတွေကို ဘယ်လိုပြောရပ။

အစ်ကို ဆီကိုဖုံးဆက်ပြီး ညတွင်းချင်းကားနဲ့ လိုက်ဖို.ပြင်ကြတယ်။ တနေ့ကအိမ်ကို ပို့လိုက်တဲ့ကားနဲ့ အဲဒီဟာတွေ ပါသွားတယ်တဲ့။ ကားဂိတ်ကို ဖုံးဆက်ပြီး ရှာခိုင်းတဲ့ အခါမှာတော့ ကံကောင်းစွာပဲ မေမေပြောတဲ့ ပုံးထဲမှာပဲ ရှာတွေ့ခဲ့ပါတယ်။ ရှာအတွေ့ကောင်းပေမယ့် တွေ့တဲ့အချိန်က ညနေ ၆နာရီဆိုတော့ မကွေး ရန်ကုန် ကားတွေ တောင်တွင်းလောက် ရောက်ရော့မယ်။ လာပေးနိုင်မယ့် လက်ရွေးစင်နှစ်ယောက်ကို ရွေးထုတ်ပြီး ဖုံးဆက်ရပါတယ်။ ကားငှားလာဖို့ မှာလိုက်ပေမယ့် မှီမှမှီပမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ်။ စေတနာ အကျိုးပေးတယ်ပဲ ပြောရမလား သူငယ်ချင်းတွေကို ဒံပေါက်စားစေချင်တာကြောင့် ညနေ Flight နဲ. စီစဉ်ထားတာ အတော်ပဲ ဖြစ်သွားပါတယ်။ ကျေးဇူးရှင် နှစ်ယောက် ရောက်လာချိန်က ၁၀နာရီထိုးနေခဲ့တာမို့ မနက် Flight ဆို သေချာပေါက် ကျန်ခဲ့မှာပါပဲ။ အားလုံးပဲ သက်ပြင်းကိုယ်စီ ချနိုင်ကြပါတော့တယ်။

ဆွေမျိုးတသိုက်နဲ့ ပျော်ပျော်ပါးပါး လေဆိပ်သစ်ကြီးမှာပေါ့။ အခုမှပြုံးဖော်ရကြပြီး တဖြတ်ဖြတ် ဓာတ်ပုံ ရိုက်နေတာကတော့ ထုံးစံအတိုင်း မေမေပဲပေါ့ ။ ခဏကြာလို့ Check in အဝင်မှာတော့ စိတ်ပူသလောက် ရှိသမျှ စုံစေ့အောင် ထည့်ပေးလိုက်တဲ့ မေမေရယ် အားလုံးကိုအားနာပြီး ပေးသမျှလူကြံု သယ်လာတဲ့ ကျွန်တော်ရယ် အခက်ကြံု ရပါတော့တယ်။ သယ်နိုင်တဲ့ဝန်ထက် ပိုနေတာက ၁၀ ကီလိုတဲ့လေ။ ဘယ့်နှာလဲပေါ့။ အထုတ်တွေကို လည်းပြန်မထုတ်ချင်နဲ. စဉ်းစားရကြပ်နေတုန်း ဗြံုးဆို နောက်ထပ်ကျေးဇူးရှင်တယောက် ရောက်လာပါတယ်။ ကျွန်တော့ဆရာမရဲ့သား ငယ်ငယ်တုန်းက စာပြပေးခဲ့ဖူးတဲ့ ကလေးက လေဆိပ်မှတာဝန်ကျ ဝတ်စုံပြည့်နဲ့လေ။ ဘာပြောကောင်းမလဲ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ အဆင်ပြေတယ်ဆိုပါတော့။

စမိတဲ့အိပ်မက် တခုကို အဆုံးထိ မက်ရအုံးမယ်။ တကယ်တော့ ဒါဟာကိုယ့်အိပ်မက်ရဲ့ အဆုံးသတ် မဟုတ်ခဲ့တာမို. ဆက်မက်ရအုံးမယ်။ ဆက်မက်ရအုံးမယ်………..

၂၈-၀၇-၂၀၀၇ အမွတ္တရ

4 comments:

Anonymous said...

အခုတော့ အိပ်မက်တွေကိုကောင်းကောင်း အကောင်ထည်ဖော်နေနိုင်ပြီးပဲ ၀မ်းမြောက်ပါတယ်ဗျာ ။

Mogok Thar said...

အိပ်မက်ဟာ တကယ်လက်တွေ့ ဖြစ်လာပေါ့။ ကိုယ်ကတော့ လေဆိပ်ထဲ ယောင်လည် ယောင်လည်။ ကီလိုတွေ ပိုနေလို့ အအော်က ခံရသေး။ ကျန်ကျောင်းအိတ်ကြီး နှစ်လုံးလက်ဆွဲ ၀င်သွားမိလို့ အစစ်ခံရတာလေ။ အပြင် ပြန်ထွက်၊ အိတ်ဝယ်ပြီး ထိုးသိပ် ထည့်ရတယ်။ သိပ်အရေးမကြီးတဲ့ (တကယ်တော့ ကိုယ်ဖတ်ဖို့ စာအုပ်တွေဆိုတော့ ကိုယ့်အတွက် တော်တော် အရေးကြီးပါတယ်။ လေဆိပ် လိုက်ပို့ပေးတဲ့ ကိုယ့်ညီတွေဆီ ထားခဲ့ရတာ နှမျောသားရယ်)
ရွာသားရေ။ အိပ်မက်တွေကတော့ ဆုံးမယ်မထင်။ အိပ်မက်တွေ ပြောင်းသွားတာပဲ ၇ှိမယ်ထင်ရဲ့။

Unknown said...

အိပ်မက်တွေဟာ လွှမ်းမိုးမှုတစုံတရာနဲ့  မျှော်လင့်ချက်တွေကနေ ဖြစ်လာတယ်ဆိုရင် တို့ အိမ်မက်တွေကလည်း ထာဝရအိပ်မက် မဆုံးတဲ့အိပ်မက်ဖြစ်လေမလားလို့  စဉ်းစားမိတယ် (စကားမစပ် တို့ အိပ်မက်ကတော့ ၃လလောက်စောခဲ့မယ်)

သက်ဝေ said...

ရှေ့ဆက်ရမယ့် နေ့ရက်တွေတိုင်းမှာ ကိုယ်နှစ်သက်တဲ့ အိပ်မက်မျိုးတွေ အများကြီး ဆက်မက်နိုင်ပါစေ...
အရေးကြီးတာတွေကိုလဲ မပျောက်မပျက် ကိုယ်နဲ့ တပါတည်း သိမ်းထားနိုင်ပါစေ... :-P