25 October 2015

ရုပ္ရွင္မ်ားနဲ႕ တညေန



အမှတ်မထင် ညနေခင်းတခုမှာ ကျနော်ဟာ ရုပ်ရှင်များနဲ့ ဆုံတွေ့ ဖြစ်ခဲ့တယ်။ အဆင်သင့် လက်ထဲရောက်လာတဲ့ လက်မှတ်တခု ပြီးတော့လက်မှတ်မှာပါတဲ့အတိုင်း ဖြစ်တည်နေတဲ့ ထိုင်ခုံတခုမှာ ကျနော် နောက်ကျောမှီ ထိုင်လိုက်မိတယ်။ ရုံးကနေ တက်သုတ်ရိုက် အချိန်မှီလာခဲ့တာမို့  ညနေစာစားဖို့ အချိန်မရှိပါ။ ညနေစာအဖြစ် စားဖို့ ယူလာတဲ့ ပေါင်မုန့်တွေကို အဝင်ဝမှာပဲ သိမ်းယူလိုက်တာကြောင့် ဗိုက်ကလည်း ဆာနေခဲ့ပါတယ်။ ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းတားမြစ်တဲ့ စာတမ်းတွေကြောင့် ပထမဆုံးရောက်ဖူးတဲ့ နေရာတခုမှာ ကျနော် အူကြောင်ကြောင်ဖြစ်နေခဲ့တာ....

အကျင်္ ီအနောက်ပိုင်း တော်တော်လေး ရှည်ရှည် ဝတ်ထားတဲ့ လူတယောက် တက်လာခဲ့တယ်။ စင်ပေါ်က လူတွေ အားလုံး မတ်တပ်ရပ်ပေးလိုုက်ကြတာမို့  သူဟာ ကျနော့ကို ရုပ်ရှင်တွေဆီ ခေါ်သွားမယ့်သူလား မသေချာဘူး။ သူ့ ပခုံးပေါ်ကို တယောတင်လိုက်တယ်။ သူ့ ဆီက အသံတွေကို ကျန်တဲ့သူတွေ အာရုံုစိုက်နေကြတယ်။ ကျနော့ ရုပ်ရှင်တွေက ဘယ်မှာလဲ....

သိပ်မကြာခင်မှာ စင်ပေါ်က လူတွေ အကုန်လုံး မတ်တပ်ရပ်လိုက်ကြတယ်။ ခြေလှမ်း ခပ်သွက်သွက်နဲ့ နောက်ထပ် လူတယောက် လျှောက်လာတယ်။ သူပဲနေမှာပါ ကျနော်မျှော်လင့်နေတဲ့သူ။ ဟာသစွက်တဲ့ ဗြိတိသျှအသံထွက်နဲ့ သူတယောက်ပေါ့...သူက Jason lai.

ပထမဆုံးကျနော်တို့ ကို သေချာပေါက်လွမ်းဆွတ်ကြေကွဲစေတဲ့ ရုပ်ရှင် တခုနဲ့  မိတ်ဆက်ပေးခဲ့တယ်. အဲ့ဒီတေးသံကြားရင် လူတော်တော်များများ သေချာပေါက်မှတ်မိစေတဲ့ အီတာလျံ တေးသွားတခုပါ။ ရုပ်ရှင်နာမည်က The Godfather. ကောင်မလေး ကြိုက်တယ်ခိုက်တယ်ဆိုပြီးတော့ လုပ်ခဲ့တာပေါ့ဗျာ.

ဂျေဆင်ခေါ်ဆောင်သွားတဲ့ နောက်ဇာတ်ကားတခုကတော့ Titanic ။ မူရင်းဇာတ်ကားတီးလုံးတွေမှာ အသစ်ဆန်းထွင်မှုတွေနဲ့  ဇာတ်ကားရဲ့ နောက်ခံသီချင်းကို အဆိုတော် Syakirah Noble ရဲ့ ဖြည့်စွက်မှုနဲ့  လှိုင်းလုံးတွေ သင်္ဘောတိမ်းစောင်းပုံ၊ အချစ်သရုပ်ဖော်ပုံများဟာ တကွက်ပြီးတကွက် စိတ်အာရုံမှာ ထင်ဟပ်လာခဲ့တယ်။ ဂျက်နဲ့ ရို့စ်တို့ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ဟာ ဇာတ်စင်ပေါ်မှာလား ကျနော့ရင်ဘတ်ကြီးထဲမှာလား.....

တီးလုံးအပြီးမှာ ကြေကွဲစရာ စကားကို ဂျေဆင်က ဆိုလာခဲ့တယ်။ အခုလို လှပခမ်းနားတဲ့ သီချင်းကို ရေးစပ်ခဲ့သူ ဂျိမ်းစ်တယောက် ဒီနှစ်ဂျူလိုင်မှာပဲ သူနှစ်သက်တဲ့ လေယာဉ်မောင်းနှင်ခြင်း ခရီးစဉ်မှာ မတော်တဆ ဖြစ်ပြီး တိမ်းပါးသွားခဲ့တဲ့အကြောင်း၊ နောက်ထပ်အခုလိုမျိုး လှပတဲ့တီးလုံးတွေ ထွက်လာဦးမလားဆိုတဲ့မျှော်လင့်ချက်တွေဟာ တစစီ....

နောက်တဇာတ်ကားကတော့ ကျနော် တခါမှ ကြည့်ဖူးတဲ့ ဇာတ်ကား Back to the future. အချိန်ရွှေ့ ပြောင်းနိုင်တဲ့စက်ကနေ ၁၉၅၅ခုနှစ်ကို ပြန်ရောက်သွားတဲ့ အဖြစ်အပျက်ကိုရိုက်ထားတာလို့ ဂျေဆင်က ဆိုပါတယ်။

အားလပ်ချိန် မိနစ်နှစ်ဆယ် အတွင်းမှာ ဘယ်မှ လျှောက်မသွားဖြစ်ခဲ့ဘူး။ နောက်ထပ်ရောက်လာမယ့် ရုပ်ရှင်တွေအတွက် ကျနော် ရင်တွေခုန်နေခဲ့တယ်။

Bernard Herrmann ရဲ့ Vertigo တေးသံကတော့ မဆုံးနိုင်တဲ့ လမ်းတခုကို ခေါ်သွားသလိုပါပဲ။ မြိုင်ဆိုင်နေတဲ့ အသံချိုတွေကြားမှာ တက်လာလိုက် ကျသွားလိုက် တေးသွားခေါ်ရာနောက်ကို ရင်ဘတ်ကလေးဖိုပြီး လိုက်နေမိကြတော့တာ။ 

ကီဗင်ကော်စနာနဲ့ ရောဘတ်ဒယ်နီယိုတို့ပါတဲ့ The untouchable ကတော့ သိပ်မသိသာလိုက်ဘူးလိုပါပဲ။ ရုပ်ရှင်ကို မကြည့်ဖူးတာကြောင့် တေးသံမှာ လိုက်ပါ မခံစားနိုင်တာ ဖြစ်မှာပါ။ ဂျေဆင်ကတော့ ရောဘတ်ဒယ်နီယိုဟာ နာမည်ကြီးဘရန်းတခုကို ဒီဇာတ်ကားမှာ တခုတ်တရ ဝတ်ဆင်ခဲ့တယ်ဆိုပါတယ်။

ဆီးနှင်းတွေတောင် လက်ထဲမှာ ထိတွေ့စေတဲ့ အသိရောက်သည်အထိ တီးခတ်ထားတဲ့ The legend of the fall ကိုတော့ ဘရက်ပစ်နဲ့ တွဲပြီး မှတ်မိနေကြပါလိမ့်မယ်။ စိတ်ထဲအမြဲ ထိခိုက်ကြေကွဲစေတဲ့ နောက်ဆုံးဇာတ်သိမ်းခန်းကို အမှတ်ရမိတဲ့အခါ သက်ပြင်း ထူထူကြီးတခုကို ချလိုက်မိတယ်။ လူ့ဘဝဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ်။

ကိုယ့်ကိုကိုယ် ဘယ်ကိုရောက်နေမှန်းမသိ၊ ဘာတွေလုပ်နေမှန်းမသိတဲ့ တီးလုံးကိုတော့ Psycho ရုပ်ရှင်ကနေ ဖော်ကျူးခဲ့တယ်။ ဓါးနဲ့ ထိုးတဲ့ အိအိအိအိဆိုတဲ့ အသံကို ဂျေဆင်လုပ်ပြတုန်းက ပရိတ်သတ်အကုန်လုံး အတူတကွ လိုက်ရီနိုင်ကြပေမယ့် တကယ်တမ်း တယောတွေနဲ့  ဖော်ကျူးတဲ့အခါ ရင်ဘတ်တခုလုံး ပွင့်ထွက်မတတ် ခံစားခဲ့ရတာ.

တခါတရံမှာ ရုပ်ရှင်တွေဟာ စာအုပ်တွေကို ကျော်နိုင်စွမ်းမရှိကြဘူး။ စာအုပ်ရဲ့ အရှိန်အဟုန်သိပ်ကြီးတာလည်း ဖြစ်နေနိုင်သလို ရုပ်ရှင်ရဲ့ ဖော်ကျုးနိုင်တဲ့ စွမ်းရည် နိမ့်ကျသွားတာလည်း ဖြစ်နေနိုင်တယ်။ ဂျေဆင်ကတော့ စာအုပ်ကို ပိုကြိုက်တယ်ပါတယ်လို့ ပြောတဲ့ Da Vinci Code ဟာ ပါရီနဲ့ ဗာတီကန်ကြားမှာ လွန်းထိုးနေခဲ့တယ်။

စိတ်ကျေနပ်စရာတွေ လုပ်နေခဲ့ရင် အချိန်ဟာ သိပ်အကုန်မြန်ပါတယ်။ နောက်ဆုံးဆိုတဲ့ ရုပ်ရှင်တခုကတော့   Star Trek Into Darkness ပါ။ ရှေ့က အငြိမ်တွေကြားထဲမှာ အလှုပ်ခပ်ဆုံး အဆူညံဆုံးနဲ့ ကြယ်တွေကို အစင်းလိုက် ခြွေချနေသလိုပါပဲ။ စင်ပေါ်က ဆူညံမှုတွေ အားလုံး တိခနဲ ရပ်သွားတဲ့အခါ ပရိတ်သတ်တွေရဲ့ သြဘာသံတွေဟာ အတောမသပ်နိုင်အောင် လျှံတက်လာခဲ့တယ်။

ဂျေဆင်ဝင်သွားလိုက် ပရိတ်သတ်တွေ အဆက်မပြတ်လက်ခုပ်တီးလို့  ပြန်ထွက်လာလိုက်နဲ့ ။ နောက်ဆုံး အဖြစ် နောက်ဆုံး တပုဒ်ကို ပရိတ်သတ်အတွက် ထပ်မံ ဖျော်ဖြေခဲ့တယ်။ တီးလုံးအဖွင့်မှာတင် သိပ်သာလွန်းတဲ့ Mission Impossible  ။ သူများတွေတော့ ဘယ််လိုနေတယ် မသိပါဘူး ကျနော်ကတော့ သမ္မတရုံကို ပြန်ရောက်သွားပါတယ်။

ရုပ်ရှင်တွေကို ကြည့်တဲ့အခါ မင်းသား မင်းသမီး သရုပ်ဆောင်မှုကို ကြည့်ကြတာ များပါတယ်။ နောက်ခံဇာတ်လမ်းကတော့ စာအုပ်ကြောင့် လူသိများပြီးသား ဖြစ်သလို၊ ဒါရိုက်တာတွေကိုလည်း ရုပ်ရှင်တွေကြောင့် မှတ်လွယ်သိလွယ်နိုင်ကြတယ်။ သရဲကားကို ကြည့်တဲ့အခါ အသံပိတ်ကြည့်ရင် အရသာမရှိသလို၊ ဇာတ်ကားရဲ့ အနိမ့်အမြင့်ရဲ့ နောက်ကွယ်က တေးသံတွေဟာလည်း အဓိကနေရာမှာပါနေခဲ့တယ်။ ဒါပေမယ့် တေးသံတွေ တေးသွားဖန်တီးသူတွေကိုတော့ အမှတ်ထင်ထင် သိပ်မရှိတတ်ကြပါဘူး။

ဒီနေ့ ညနေ ဆုံဖြစ်တဲ့ ရုပ်ရှင်များဟာ ကျနော် တွေ့နေဆုံုနေကြ ပုံစံမဟုတ်ပဲ အသံများနဲ့ ဖော်ကျူး တင်ဆက်ထားတာဖြစ်လို့  အသစ်အဆန်းဖြစ်နေတဲ့အပြင် တီထွင်ဖန်တီးတဲ့ အနုပညာရှင်များရဲ့ အားထုတ်မှုကိုလည်း ချီးကျူးအံ့သြ မကုန်နိုင်အောင် ခံစားရင်း.....

08 March 2015

ကချနဘူရီ၊ ကျားကျောင်း နဲ့ ကွေးမြစ်

Day 3:

- Go to train station named Bang Khen in the early morning and go to River Kwai, Kachanaburi by train and that's whole day trip. Like 07:00 to 18:00, I guess.

- Weather is very hot, you may need to bring your hat or umbrella. I've sunscreen lotion which I can share with you.


သေမင်းတမန်ရထားလမ်းလို့ နာမည်ကျော်တဲ့ ဆီကို ရထားလက်မှတ်ကုန်သွားပါသဖြင့် သွားခွင့်မရခဲ့ပါ။ ကွေးမြစ်အထိ ရောက်တဲ့ ပုံမှန်ရထား လက်မှတ်ပဲ ဝယ်ခဲ့တယ်။

မနက်စောစောသွန်ဘူရီကနေ ရထားစီးကြတယ်။ မီးရထားဖြင့် ခရီးသွားခြင်းဆိုတဲ့ အကျိုးအမြတ်တွေက လမ်းဘေး ဝဲယာက စိမ်းစိုနေတဲ့ စပါးခင်းတွေပဲပေါ့။
ကျချနဘူရီ ရောက်တဲ့အခါ ကျားကျောင်းကို ဝင်မယ်ဆိုပြီး ဆင်းကြပြန်ရော။ ထမင်းစားရင်း ကျားကျောင်းကိုသွားတဲ့ လိုင်းကားကို စောင့်စီးကြတယ်။ အဲ့ဒီကားက ဘုရားသုံးဆူကို သွားတဲ့ကားဖြစ်ပြီး ကားပေါ်မှာ ကျနော်တို့ လူမျိုးတွေနဲ့ တွေ့တာပေါ့။ ညနေ သုံးနာရီလောက်ဆို မြန်မာပြည်ရောက်ပြီတဲ့။ သိပ်မဝေးတော့ဘူးပဲနော့။

လိုင်းကားက ကားလမ်းမပေါ်မှာပဲ ရပ်ပေးတယ်။ ကားလမ်းမကနေ ကျားကျောင်းကို အတော်လေး လျှောက်ရပါတယ်။ ကျောင်းအရှေ့မှာ စိမ်းစားဥစားနေတဲ့ လိပ်တကောင်နဲ့ ဆုံတယ်။ ကျားကျောင်းကို သွားမယ်ဆိုရင် အနီရောင် သို့  ပန်းရောင် ဝတ်မသွားပါနဲ့။ သူတို့စည်းကမ်းချက်ထဲမှာ ကန့်သတ်ထားလို့ပါ။ ဒီအရောင်တွေဟာ ကျားတွေကို အစာစားချင်စိတ် ဖြစ်ပေါ်စေလို့နဲ့ တူပါရဲ့။
ကျားတွေကို အနီးကပ်မြင်ဖူးတာ၊ ထိတွေ့ဖူးတာ ပထမဆုံး အကြိမ်ပါ။ အကောင်သေးသေးလေး တကောင်ကို အစမ်းကိုင်ပြီး ဓါတ်ပုံရိုက်ကြည့်တယ်။ ရီတော့ရီတာပဲ မချိသွားဖြဲ ကြောက်ပြုံးလေး ဖြစ်နေတာတခုပဲ။
အကောင်ပေါက်လေးတွေ နို့တိုက်ချိန် စောင့်ဦးမလားမေးတယ်။ ပိုက်ဆံတော့ ပေးရသပေါ့လေ။ ရထားပြန်စီးမယ့် အချိန်နဲ့ တွက်လိုက်တော့ မမှီမှာစိုးလို့ နိုးလုပ်ခဲ့ရတယ်။
ကျားမော်ဒယ် ပြခန်းကြီးထဲမှာ မော်ဒယ်တွေနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တယ်။ ကိုယ်တိုင်ရိုက်ခွင့်မပေးပဲ သူတို့ က ရိုက်ပေးတာဆိုတော့ စိတ်ကြိုက် တပုံမှ မရခဲ့။ အဝေးကနေ လှမ်းရိုက်တဲ့အခါ ဒူးထောက်ပြီး ဓါတ်ပုံ မရိုက်ဖို့ လာပြောတာမို့  ကျားဆရာတွေလက်ထဲ ဝကွက်အပ်လိုက်ပါတော့တယ်။


ကျားကျောင်းကနေ ကွေးမြစ်ပေါ်ကို ကားငှားပြီး ထပ်သွားကြတယ်။ ကွေးမြစ်က အတိတ်က ပြန်ပြောပြနိုင်မလား တံတားပေါ်က ယိုကိုကာဝါ အမှတ်တံဆိပ်ဟာ ချေဖျက်လို့ မရတဲ့ သမိုင်းတွေအတွက် စကားလုံးတွေ အများကြီ စီချနေခဲ့တာပဲ မဟုတ်လား။
ကွေးမြစ်ဘူတာကနေ ကျနော်တို့အပြန်ရထား စီးလာကြတယ်။ အပြန်ခရီးမှာ လူသိပ်မပါဘူး။ ဒါကြောင့် အတွေ့အကြုံအသစ်တခုကို ထပ်ရပြန်တယ်။ တွဲနောက်ပိုင်းမှာ ဒေသခံလူငယ်တွေပါပြီး သူတို့ ဆေးလိပ်သောက်တဲ့ အကြိမ်တိုင်း ကျနော့ကို လာလာ တောင်းပန်ကြတယ်။ ဘန်ကောက် ရောက်ခါနီးမှာတော့ သူတို့အဖွဲ့က တခြား တယောက်နဲ့ စကားများပြီး အဲ့ဒီတယောက်ကို အသေအကြေ ဝိုင်းဆော်ပလော်တီးကြပါတော့တယ်။ ဝမ်းဘတ်ဇာတ်ကားကို အပြင်မှာပါ မြင်လိုက်ရသလိုပါပဲ။ အဖွဲ့ခေါင်းဆောင် ဖြစ်ပုံရတဲ့တယောက်က နောက်တခေါက် ကျနော့ကို လာတောင်းပန်ပြန်တယ်။ ရိုက်ခံထားရတဲ့ လူကတော့ မျက်နှာကို ကွယ်ထားပြီး ကျနော်တို့ ဆင်းတဲ့အချိန်ထိ ရထားဒေါင့်မှာ ကွေးကွေးလေးနေရစ်ခဲ့တယ်။

သွန်ဘူရီဘူတာမှာ ဒူးရင်းသီးစားတော့မှ ယိုးဒယားက လူတွေက ဒူးရင်းသီးစားပုံဟာ ကျနော်တို့နဲ့ ကွဲလွဲနေတာကို သိရတော့တယ်။ သူတို့က ဒူရင်းသီးကို မမှည့်ခင် မာဆပ်ဆပ်အနေမှာ စားကြပြီး တကယ်မှည့်သွားတဲ့အနေမှာ ဘယ်သူမှ မကြိုက်ကြဘူးဆိုတယ်။





ညနေစာအဖြစ် သင်္ဘောသီးထောင်း၊ငါးခူကြော်နဲ့ ပဲ အဆုံးသတ်လိုက်ကြတယ်။ မနက်ဖြန်တရက်ကိုတော့သူငယ်ချင်းတက်ခဲ့တဲ့ ကျောင်းမှာ ဓါတ်ပုံသွားရိုက်ကြဖို့  သူက တိုက်တွန်းထားတယ်။

သူများနိုင်ငံက ကျောင်းကို လေ့လာရမှာ စိတ်ဝင်စားစရာ ကောင်းတယ်။ ပညာရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ တိုးတက်ထွန်းကားမှုကို အလွယ်တကူ တိုင်းတာသိမြင်လွယ်တဲ့ ပေတံတခုဆိုတော့ကာ.....

16 February 2015

ကော့ကရိတ်၊ ဝပ်အာရွမ်၊ တရုတ်တန်း ဒုတိယနေ့

Day 2:

- On Saturday, 5th May 2012, we'll go to nonthaburi pier by taxi in the morning and go to koh kret by boat.

- After visit around in koh kret for about 3 hours (I guess), we'll go to either Wat Arun or Golden Mountain depend on where you wanna go first.

Wat Arun is convenient to go by boat when we're back from koh kret but if you like to see sunset at  Wat Arun which is nice my pov, we can go to Golden Mountain first.

- End of Day Two.


ဒုတိယနေ့  အဖြစ် ကို့ကရက်လို့  မူရင်း အသံထွက်အတိုင်းဆိုနိုင်ပေမယ့် ကျနော်က ကော့ကရိတ်လို့ပဲ မှတ်ထားလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ နှစ်၂၀၀လောက်ကတည်းက မွန်လူမျိုးတွေ အခြေချနေထိုင်ခဲ့တဲ့ နေရာမို့လို့ ကော့ကရိတ် လို့မှတ်ထားတာ အသင့်လျော်ဆုံးပဲ မဟုတ်လား။ 


ဘန်ကောက်လို မြို့ကြီးပြကြီးမှာ မလည်ပတ်ချင်တဲ့ ကျနော့အတွက် သူငယ်ချင်းက ဒီနေရာကို စီစဉ်ပေးထားတာပါ။ နွန်သဘူရီ ဆိပ်ကမ်းကနေ ဖယ်ရီနဲ့ ကူးရတယ်။ ဖယ်ရီပေါ်က ဆင်းတာနဲ့ မွန်ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို မြင်နိုင်တယ်။

မုန့်ဆိုင်တန်းလို စျေးတန်းတခုမှာ မုန့်တွေစားလိုက်၊ ဓါတ်ပုံရိုက်လိုက် လျှောက်ကြတယ်။




အရုပ်ကလေးတွေက လိုချင်စရာလေးတွေပါ



လုပ်ထားတဲ့ မုန့်ရောင်စုံလေးတွေ

နှင်းဆီပွင့်တွေက မစားရက်စရာ

မုန့်ဦးနှောက်နဲ့ ဆင်တယ်။ တပန်းကန်လောက်တော့ အသာလေးပေါ့။


ပွဲတော်တခုကျင်းပနေတာတွေ့လို့ ကလေးတွေ ကနေတာလေး အမှတ်တရ ရိုက်ယူလာခဲ့တယ်။

မြစ်ဟိုးတဖက်ကမ်းက ဘုရားကိုလည်း လှမ်းဖူးခဲ့တယ်။


ဝပ်ပါရာမိုင်းဆိုတဲ့ ဘုရားတဆူကိုလည်း ဖူးခဲ့သေးတယ်။ ဘုရားပေါ်မှာ ဆရာတော်တွေနဲ့ တွေ့တော့ ဆရာတော်တွေက မြန်မာတွေလားလို့ မေးပါတယ်။ ကိုယ့်လူမျိုးတွေနဲ့ နိုင်ငံရပ်ခြားမှာ တွေ့ရတာဟာ စိတ်ထဲ ပျော်စရာ အလွန်ကောင်းတယ် မဟုတ်လား။



ကော့ကရိတ်က ပြန်တဲ့အခါ တော်တော်လေး နောက်ကျနေပြီ။ Golden Mountain ကိုတက်ဖို့  မမှီတော့ဘူး။  ဘုရားပေါ်တက်တဲ့ လှေခါးကို ပိတ်ထားတာမို့  လမ်းတဝက်ကနေ လှည့်ပြန်လာခဲ့တယ်။


ဝပ်အာရွမ်မှာလည်း ပိတ်ထားတဲ့ တံခါးကြီးက ဆီးကြိုတယ်။ သံတိုင်တွေကြားကနေ ကောင်းကင်ပြာထဲက ဘုရားကို ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။





ဘယ်မှလည်း သွားလို့မရတော့တဲ့နောက် တရုတ်တန်းမှာ ဗိုက်သွားဖြည့်ကြတယ်။ ယိုးဒယားစကား ပြောတတ်တဲ့သူပါတာ အတော်လေး အဆင်ပြေပါတယ်။ ပင်လယ်စာတွေကို စားတိုင်း ယိုးဒယားတွေရဲ့ အစပ်အဟပ်ကို ဘယ်နိုင်ငံကမှ လိုက်မမှီတာ တွေ့ရတယ်။

အပြန် ကချနဘူရီ ရထားလက်မှတ်လည်း မရှိတော့ပါဘူး။ ပုံမှန်ရထားလက်မှတ် နှစ်စောင်ဝယ်ပြီး နှစ်ယောက်သား အိမ်ပြန်လာကြတယ်။ ကချနဘူရီသွားဖို့  မနက်စောစောထရဦးမယ် မဟုတ်လား.....

ဘန်ကောက်၊ အယုဒ္ဓယ ပထမနေ့


၂၀၁၂ မေလထဲမှာ ဘန်ကောက်က သူငယ်ချင်းတယောက် မြန်မာပြည် အပြီးမပြန်ခင် ဘန်ကောက်ကို လာလည်ဖို့ဖိတ်တယ်။ မစွန်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိချင်နေတာနဲ့  လေယာဉ်လက်မှတ်ကို စလုံးသုံးရာကျော် ဘတ်ဂျက်အဲလိုင်းကနေ ဝယ်လိုက်တယ်။ ဗီဇာကိစ္စ စီစဉ်ပြီးတဲ့အခါ သူငယ်ချင်းကို အဆင်သင့် ဖြစ်ပြီလို့ အကြောင်းကြားတယ်။ သူငယ်ချင်းက ခရီးစဉ်ကို အခုလို အသေအချာ ဆွဲပေးထားပါတယ်။
Day 1: 
- On Friday, 4th May 2012, you may arrive to my place ard 10:00 - 10:30 so take sometimes to refresh yourself. 
- After that, I'll drop you at victory monument to catch a van to Ayudhya which is the last stop of that van service.
- You can hire Tuk-Tuk at the van gate to visit around the temples in Ayudhya. They have photos and you can pick which one to go. 3-4hrs would be enough for temple visits. 150-200THB per hour charges for tuk-tuk (that's what I paid last time though it's not very recent
- After the temple trip, ask the tuk-tuk driver to drop you at van gate to go to victory monument and get on the van and you'll be back to bkk
- If you wanna go to madame tussaud, you can go to Siam BTS station from victory monument BTS station which is in walking distance from the van gate you get off.
Once you arrived to Siam, go to Siam Paragon and you'll see ticket sales counter of madame tussaud, ticket costs 800sth THB and you can ask them how to go there in English.
- After that, I'll come pick you up there
- On the way, we'll go buy train ticket for River Kwai trip for Sunday.
- End of Day One.
သုဝဏ္ဏဘူမိလေယာဉ်ကွင်းကနေ အမြန်ရထားနဲ့ မြို့ထဲကို ကိုယ့်ဖာသာ လက်မှတ်ဝယ်ပြီး လာလိုက်တယ်။ လာကြိုမယ့် သူငယ်ချင်းက အိပ်ယာထ နောက်ကျနေလို့ပါ။ သောကြာနေ့ဖြစ်တာမို့  သူအလုပ်မသွားခင် ကျနော့ကိုလမ်းတဝက်ကလာကြို၊ အိမ်မှာ အထုတ်တွေချပြီး အယုဒ္ဓယသွားမယ့် ဘတ်စ်ကားပေါ် တင်ပေးခဲ့ပါတယ်။ 

အယုဒ္ဓယကို ဒုတိယအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး အရင်တခေါက်ကအတူလာတဲ့ ကိုသူရိန်နဲ့ကိုစိုင်းကိုပါ သတိရမိတယ်။ ဘတ်စ်ကားဂိတ်နားက တုပ်တုပ်ဆရာတယောက်နဲ့  သွားမယ့်နေရာတွေ ဓါတ်ပုံထဲကနေ ရွေး စျေးစကားပြောပြီးတဲ့အခါ ကျနော့ရဲ့ အယုဒ္ဓယ ခရီးစဉ်ကို အခုလိုစ ဖြစ်ပါတော့တယ်။ 
























အယုဒ္ဓမှာ လည်လို့ဝတော့မှ ဘန်ကောက်ကို ပြန်တက်လာခဲ့တယ်။ ဘန်ကောက် ဆိုင်ယမ်ပါရာဂွန်မှာ ကျနော့ကို သူငယ်ချင်းက လာကြိုတယ်။ နောက်တနေ့  မှာ ရုံးပိတ်ရက်တွေဖြစ်တာမို့  ကော့ကရိတ်ဆိုတဲ့ နေရာတခုကို သွားဖြစ်ကြတယ်...