19 August 2009

ချစ်ပြုံးနှင်းဆီ ကျနော့ရင်ထဲက ပန်းနှင်းဆီ



ရွှေနှင်းဆီအငုံလေးနှယ် နှုတ်ခမ်းတော်စူလွန်းတယ်

နေ့စဉ်စောင့်ပါလို့ရယ် နေပင်မယ့်ကွယ်

ပွင့်နိုင်ခဲပါဘိတယ် သန္တာလဲ့ရယ်

ဘယ်ခါချစ်ပြုံးမာလာကိုကွယ်

ခူးဆွတ်လို့ဖုန်း မောင်နမ်းလာမယ်

လူတိုင်းလူတိုင်း ရင်ထဲမှာ အနည်းဆုံးတော့ ပန်းတစ်ပွင့်ဆီ ပွင့်ခဲ့ဖူးကြမှာပါ။ ပန်းလေးတစ်ပွင့် ဘယ်လိုများ ဖူးပွင့်ခဲ့ပါလိမ့်……..

စတင်သတိထားမိတာ ပန်းသီးတံဆိပ် ဖိနပ်သည်းကြိုး အမည်းရောင် လေးပါ။ သည်းကြိုးလေး ထင်းခနဲပေါ်စေခဲ့တာ အဲ့ဒီခြေဖမိုးလေးကြောင့်လို့ ထင်ခဲ့မိပါတယ်။ တကယ်လည်း ခြေဖမိုးပြင်က အပြစ်ကင်းစင်ခဲ့သည်လေ။

ပန်းနှင်းဆီနဲ့စဆုံခဲ့တဲ့ နေရာက ဗိုလ်ချုပ်ကြေးရုပ် ရဲ့ အ၀ိုင်းပတ် စုံချက်နေရာမှာပါ။ အမှတ်၂ကျောင်းနဲ့ အမှတ်၃ကျောင်းက ကျောင်းသူကျောင်းသားတွေ ကျောင်းဆင်းချိန်စုံတတ်တဲ့ နေရာတစ်ခု။

ဖီးဆင့်အစိမ်းရောင် ဘီးလေးကို သူ့အရပ်နဲ့အညီ ထိုင်ခုံလေးကို အောက်လျှော့ပြီး ခပ်သွက်သွက်နင်းတတ်တယ်။ ဆံပင်ဂုတ်ဝဲလေး တစ်ချက်နှစ်ချက်ဝဲပြီး မာန်တင်းပြီးနင်းတက်လေတယ်။ မျက်မှန်ကိုင်းမည်းမည်းလေး ကြားမှာ မျက်ဝန်းတွေမြင်ခွင့် ဘယ်သူများရကြပါလိမ့်။ နောက်က သကောင့်သားတွေ ပါမှန်းသိလို့ထင်ပါရဲ့ ဇွတ်အတင်းလို့ဖြင့် သူနင်းလေတဲ့ ပန်းနှင်းဆီ။

ဖြူလည်းမဖြူ ညိုလည်းမညို မောင်ကြီးနှမ ညက်လှပြာစင် ဒီအသွင်ဖြင့် တင့်တယ် ထင်မိခဲ့တယ်။ ပန်းပွားလွယ်အိတ် အနက်ရောင်ကြောင့်လား အင်္ကျီရယ် အဖြူရောင်ကြောင့်လား ပန်းနှင်းဆီ အငုံအပွင့်က ဂုဏ်တင့်ခဲ့ပါတယ်။

လက်ရေးခပ်ဝိုင်းဝိုင်းနဲ့ ဒီမှတ်စုတိုင်းကို လူတိုင်းကလိုချင်ပါသတဲ့။ ပန်းနှင်းဆီရယ် ကျနော် စာအုပ်ငှားခဲ့တာ သူတကာလို မဟုတ်ခဲ့ပါဘူး။ ပြည့်စုံတဲ့ မှတ်စုဆိုတဲ့ ဆရာမရဲ့ မှတ်ချက်တစ်ခုတည်းကြောင့်ပါ။

ဒါပေမယ့် ပန်းနှင်းဆီက ကျနော်စာအုပ်ငှားတိုင်း ငြိုငြင်ခဲ့တယ်။ ပြိုင်ဘက်တစ်ယောက်လို ဆူဆောင့်ပြီးမှ မတတ်သာလို့ ပေးတတ်တဲ့ အမူအယာကို အသည်းပြင်မှာ စွဲထင်မိပါရဲ့။ နှုတ်ခမ်းတော် စူလွန်းတယ်ဆိုတဲ့ သီချင်းကို စာအုပ်ငှားပြီးတိုင်း ကျနော်ဆိုမိခဲ့တယ်။

ပန်းနှင်းဆီတို့ အိမ်ရှေ့ကဖြတ်ရင် ကျနော်ငေးနေမိတာက အိမ်နံရံပေါ်က နာရီလေးပါ။ ငှက်ရုပ်ကလေးတွေနဲ့ ကြိုးတန်းရှည်တစ်ဖက်တစ်ချက်ကျနေတဲ့ နာရီလေးက အိမ်ထဲမှာ ရှိနေတဲ့ ဘယ်အရာကမှ ဖမ်းမစားနိုင်တဲ့ အာရုံကိုပေးပါတယ်။ နာရီလေးရဲ့ နဘေးမှာတော့ ပန်းနှင်းဆီရဲ့ ပုံပန်းချီလေးတစ်ခုက အခန့်သားတည်ရှိနေခဲ့တာ။ နာရီလေးပြီးရင်တော့ ပန်းနှင်းဆီဆိုတော့ ကျနော့အတွက်မှတ်တိုင်တစ်ခုလိုပါပဲ။

ကိုးနာရီထိုးခါနီးတိုင်း ကျူရှင်တွေအဆင်း ဒီအိမ်ရှေ့မှာ စက်ဘီးတွေ တချွင်ချွင်မြည်တတ်ကြတယ်။ ရလေးစပေါ့တွေနဲ့ တချက်ချက်မြည်သံတွေလည်း ညံစေတတ်တယ်။ ပန်းနှင်းဆီရယ် အခြေသတင်းကြီးလွန်းပေတယ်။

အနားရယ်ကပ်လေတိုင်း ဒီပုတ်ထဲကပဲ ဒီပဲ ဒီနှယ် ထင်တတ်လေတယ်လို့ အပြစ်မတင်ရက်ပါဘူး။ ကပ်လေတိုင်းကလည်း ဒီအတိုင်းပေကိုး။ အဆောင်က အခန်းဖော်ကတောင် ပန်းနှင်းဆီရယ် ဖြစ်နေတော့မင့်ဟာ။ ကျနော့ဆီကတစ်ဆင့် တစ်ညနေ အဖော်လိုက်ပါရစေ အခွင့်တောင်းတယ် ပန်းနှင်းဆီရေ။ အနေခက်ခက်နဲ့ မျက်နှာကိုလွှဲ ပန်းနှင်းဆီအရှေ့ သွင်းခဲ့မိတယ်။

တို့ကဘယ်လို အစချီတဲ့ မာန်ပြည့်တဲ့ နှင်းဆီ တစ်ပွင့်ကို အဲ့ညနေက တွေ့လိုက်ရတယ်။ ဆူးတွေကလည်း အပြည့်ပါလားနှင်းဆီရယ်။ ပင်မြင့်သလောက် အကိုင်းရှည်တယ်ကွယ်။ အကိုင်းခြေက ဆူးချက်တွေ အရိပ်ရယ် မသီဝံ့အောင် တပ်လှန့်ကြပေတယ်။

ပန်းနှင်းဆီကို မြင်လျှင်ပင်ကို ကြိုးပါလိုလည်း ဆိုတဲ့ အထဲမှာ ကျနော်မပါခဲ့ဘူး။ ပန်းနှင်းဆီကလည်း ကျနော့စိတ်ခံစားမှုကို သိခဲ့မှာ မဟုတ်ပါဘူး။ ပန်းနှင်းဆီနဲ့ ခပ်ဝေးဝေးမှာ နေခဲ့တဲ့သူကို အပင်ခြေနားဝိုင်းနေတဲ့ လူတံတိုင်းကို ဘယ်လိုမှ ကျော်မမြင်နိုင်တာ မဆန်းပါဘူးလေ။

ဒါပေမယ့် သည်ပင် သည်သို့ သည်မို့ သည်ပုံ စွဲထင်စေတဲ့ အရိပ်တွေကြားမှာ ပန်းနှင်းဆီတစ်ပွင့် ပွင့်ခဲ့ဖူးတယ်…………….

ခင်မင်ရင်းနှီးတဲ့ သူတွေရဲ့ ပန်းပွင့်လေးတွေကို ကြည့်ဖို့အခွင့်ပေးစေချင်ပါတယ်ခင်ဗျာ
၁။ ကိုစာတိုပေစ ရဲ့ ရင်မှာပွင့်သောပန်း
၂။မရွှေပြည်သူ ရဲ့ အိပ်မက်ပန်း
၃။ အစ်ကိုအောင်သာငယ် ရဲ့ ရင်ဘတ်ထဲက နှင်းဆီဖြူ
၎။ အမလေနုအေး ရဲ့ ကျွန်တော်ပြောချင်သော ပန်းပွင့်လေးများအကြောင်း (ဆင်ဝှေ့ရန်ရှောင်နည်း)
၅။ ကိုဖိုးသင်္ကြန် ရဲ့ ပန်းလင်္ကာ
၆။ မအပြုံးပန်း ရဲ့ ပန်းလေးတစ်ပွင့် ပွင့်ခဲ့ရာကစလို့
၇။ ကိုမိုးကုတ်သား
၈။အမသက်ဝေ ရဲ့ မာနကြီးသောနှင်းဆီနီ
၉။ ကိုဂျူလိုင်အိပ်မက် ရဲ့ ကနေတဲ့ မိန်းမပျို
၁၀။ မသစ်သစ် ရဲ့ ထိုသူ
၁၁။ ကိုရန်ကုန်သား ရဲ့ ချစ်ပန်းတစ်ပွင့် ပွင့်ခဲ့သည်
၁၂။ မနန်းညီ ရဲ့ အယ်ရှား စွယ်တော်ပင်နဲ့ နန်းညီ
၁၃။ ကိုခရာတွန်
ရဲ့ ကြယ်တစ်ပွင့်ပြောသော နတ်သမီးပုံပြင်
၁၄။ မကြေးမုံ
ရဲ့ ခရေရာဇ၀င်
၁၅။ ကိုသီဟသစ်
ရဲ့ စံပယ် နှင်းဆီ သဇင် (ဒီဂျေပို့စ်)
၁၆။ မကြည်ဖြူပိုင် ရဲ့ သဇင်တစ်ခက်ဖြစ်ခဲ့ရင်တောင်
၁၇။ ကိုဆောင်းချမ်းမိုး ရဲ့ ပန်းတွေဝေသော်လည်း
၁၈။ မကောင်းကင်ပြာ ရဲ့ ပိတောက်တစ်ခက်
၁၉။ ကိုပုလုကွေး ရဲ့ သင်္ကြန်ပန်း

၂၀။ မ၀ါဝါခိုင်မင်း ရဲ့ ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ
၂၁။ ကိုတောင်ပေါ်သား ရဲ့ ရင်ထဲကပန်း

၂၂။ မမိုးခါး ရဲ့ ပန်းတစ်ပွင့်
၂၃။ ကိုလူထွေး ရဲ့ ရင်ထဲကပန်းတစ်ပွင့်
၂၄။ မမေဇင်
ရဲ့ ငယ်ငယ်တုန်းက ပန်းရိုင်းလေး
၂၅။ ကိုလင်းဒီပ
ရဲ့ နှင်းဆီဝင်္ကပါ
၂၆။ မရွှန်းမီ
၂၇။ ကိုဖိုးဂျယ
ရဲ့ ပန်းကလေးတစ်ပွင့်
၂၈။ မအေးမြတ်မြတ်ကို
ရဲ့ ကိုယ်နဲ့ ပန်းပင်လယ်
၂၉။ ကိုဗီလိန်
ရဲ့ ပန်းရေးပြစီးချင်း
၃၀။ ကိုခရောင်း ရဲ့ ပန်းလေးတစ်ပွင့် ပိုင်ဆိုင်ဖို့ဆို

53 comments:

ဖိုးသင်္ကြန် said...

ပတ်ပတ်စက်စက်ကြီးကို Tag တာပါလားဟေ့...။
ရေးပေးရမှာပေါ့လေ။

ဖိုးသင်္ကြန် said...

ဘယ်သူ ဆက်tag ရမှန်းတောင်သိတော့ဘူး

Rita said...

လူ ၃၀ တောင်တဂ်တာ...
ကြုံဖူးပေါင်

ရွှေပြည်သူ said...

“ချစ်ပြုံးနှင်းဆီ” နဲ့ စဖွင့်လိုက်တော့ စဖတ်ကထဲက လွင့်ကနဲပါသွားလိုက်တာ... ငယ်ရွယ်နုနယ်တဲ့ အချစ်တစ်ခုရဲ့ နူးညံ့လတ်ဆတ်မှုရနံ့နဲ့ နှင်းဆီရနံ့ရောနေတဲ့ ရနံ့တစ်ခုကို စာဖတ်သူ ရလာတဲ့အထိ ရေးနိုင်ပါတယ် အစ်ကိုရွာသားရေ...

အဆင်တန်ဆာတွေ အဆောင်အယောင်တွေနဲ့ အချစ်တွေကိုချည်း မကြာခဏမြင်မြင်နေရတဲ့ ကာလကြီးမှာ ဒီစာလေးဖတ်လိုက်ရတာ လေကောင်းလေသန့်လေး ရှုလိုက်ရသလိုပါပဲ...

ကောင်မလေးက နှင်းဆီအနီလေးဆိုရင် ကောင်လေးရင်ထဲမှာ ပွင့်ခဲ့တဲ့ မေတ္တာပန်းကတော့ နှင်းဆီအဖြူလေးလို့ပဲ တင်စားလိုက်ချင်တယ်...

မေဇင် said...

စဖတ်ထဲက မြောသွားတယ် တကယ်ပါ .... နုနယ်လှပတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဟန် ကလဲ အထင်းသား..........ဖတ်လို့တော်တော်ကောင်းတယ်... ဆူးလေးတွေ ကာရံထားတဲ့ ပန်းနှင်းဆီ... ကိုရွာသား ကိုမြင်ရင်လဲ မြင်ခဲ့မှာပါလေ...။

JulyDream said...

ဇွတ်ပဲဗျာ... ဒီလူကြီးကတော့.....

အခုတောင် ၃၀ ဖြစ်နေပြီ။ ဘာလဲ အိမ်ထောင်သက် ၃၀ ဖြစ်တဲ့ အထိမ်းအမှတ်လား။ ဘလော့ရေးနေတဲ့ ရှိသမျှ လူ အကုန် Tag လိုက်ပါတော့လေ။

Aung Phyoe said...

ဘယ်ကတည်းက ရင်ထဲအောင်းထားလည်း မသိဘူး ...မိန်းကလေးရဲ့ ပုံဟန် ဆိုထင်းနေတာပဲ ..

ကြည်ဖြူပိုင် said...

ရက်စက်တော့မှာလား...သိခွင့်မရှိတဲ့တို့ရဲ့မနက်ဖြန်လေးတွေရယ်..ဒီမှာလေအဆုံးသတ်တော့မှာလား..

ဟဲဟဲ..ဘာမှတော့မဆိုင်ဘူး.တဂ်တဲ့အထဲကိုယ်ပါ ပါသွားလို့ ရက်စက်တော့မှာလားလို့ပြောလိုက်တာ...သီချင်းလေးသတိရလို့ဆက်ဆိုသွားတယ်....
နည်းနည်းတော့ ခွင့်လွှတ်ပေးနော်...ကြာမယ်နော်..ဘယ်တစ်ယောက်လဲပြန်စဥ်းစားချင်လို့ :P

သက်ဝေ said...

"ရွှေနှင်းဆီ ငုံကလေးနှယ် နှုတ်ခမ်းတော်စူလွန်းတယ်...
နေ့စဉ်စောင့်ပါလို့ရယ် နေပေမယ့်ကွယ်
ပွင့်နိုင်ခဲပါဘိတယ် သန္တာလဲ့ရယ်
ဘယ်အခါ ချစ်ပြုံးမာလာကိုကွယ်
ခူးဆွတ်လို့ဘုန်း မောင်နမ်းသာမယ်..."

မနေနိုင်လို့ နဲနဲလေး ပြင်ပေးသွားတယ်နော်...
ဒီ Tag ကတော့ ရေးဖို့ နဲနဲခက်နေတယ်...
စဉ်းစားကြည့်လိုက်အုံးမယ်လေ.. နော်..
အေးဆေးပေါ့...

ကြည်ဖြူပိုင် said...

လိမ္မာသား အိမ်ထောင်သည်တွေကျ မပါဘူးတော့...နို့မို့ဆို ပြသနာဖြစ်ကုန် ဒုက္ခနော်

ဒါပေမယ့်ရည်းစားရှိပြီးသားလူတွေလဲ စိုးရိမ်ရတယ်..သတင်းအမှန်ရဖို့က ခက်ပြီလေ....သူ့လက်ရှိသာပထမပန်းနှင်းဆီပါလို့ရန်အေးရင်ပြီးရော ပြောလိုက်ရင်....သွားပြီဆရာ...

ဟဲဟဲ...အုံးစားသွားတယ်

မေလေး said...

ဟဲဟဲ
နှင်းဆီက ကွမ်းသွေးရောင်လိုလို
ပြာတာတာလိုလိုနဲ့နော်

ကြည်ဖြူပိုင် said...

ဟားဟား ကိုသီဟလည်းပါတာကိုး ပြောင်ပြောင်တို့က တော့ ရှမ်းလွန်းပြာလွန်းတယ်..ပျာတာလုပ်စားဖို့ပဲကောင်းတော့တယ်

yangonthar said...

အင်း လှလိုက်ပလိုက်တာ ရေးထားတာ ကျနော်တော့ ဒုက္ခပဲ ဟဟ .... ရေးမယ် ဗျာ ကိုရွာသား .... မိတ်ဆွေဖြစ် အထိမ်းအမှတ်ပေါ့ ကျွန်တော့ တတိယမြောက်တက်ဂ်ပို့ စ့်ဖြစ်မယ် ဗျ ...... ခုလို ကျွန်တော့်လို လူသစ်ကို ခင်ခင် မင် ကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ
ကိုရွာသားလို တော့ နုရွလှပ နေအောင် ရေးနိုင်မယ် မထင်ဘူးဗျို့ ..... တွေးလိုက်ပါဦး မယ် အမြန်ဆုံးရေးနိုင်ဖို့ ကြိုးစားပါ့မယ် ဗျား :D
လေးစားလျှက်
ရန်ကုန်

ဖိုးသင်္ကြန် said...

ကိုသီဟသစ်မှာ...
ပန်း ဘယ်နှစ်ပွင့်ရှိမယ်ထင်လဲ??
မှန်းကြစမ်းဗျာ

ဟား ဟား ဟား
(အဲ့လို ရီချင်ဘူး)

SongChanMoe said...

ကိုရွာသားရဲ့ ချစ်ပြုံးနှင်းဆီကို လာရောက် နားဆင်သွားပါတယ်..။
ဟိုက်.. အတဂ်ခံရတယ်ဟ..။

SongChanMoe said...

ကိုရွာသားရဲ့ ချစ်ပြုံးနှင်းဆီကို လာရောက် နားဆင်သွားပါတယ်..။
ဟိုက်.. အတဂ်ခံရတယ်ဟ..။

WWKM said...

အမယ်လေးနော်..သူလည်း နာ့လိုပဲ လင့်ခ်တွေ တော်တော်ထည့်လိုက်ရမယ် ထင်ရဲ့..း))
ဝါးး အိပ်ချင်ပြီ ..မနက်ဖြန်မှ လာဖတ်တော့မယ်နော်.

မကြီးဝါ

WWKM said...

အမယ်လေးနော်..ပို့စ်မဖတ်ရသေးဘူး..ပြောင်ပြောင့်
ကွန်မန့်ဖတ်ပြီး လန့်စ်စ်စ်. :D
မဟုတ်တာတွေဖော်ရရင် ဦးဥာဏ်အိမ်ပေါ်ကနေ နှင်ချလိမ့်မယ်နော်.. ကိုယ့်အစ်မကိုကြည့်ရက်သလား။း)

အပြုံးပန်း said...

နှင်းဆီပန်းလေးက ရက်ရက်စက်စက်လှပါရောလား။
လူကြီးကို ဘာတွေလာရေးခိုင်းနေတာတုန်း၊ ခက်ပြီ။
စာကို စာလိုတော့ရေးချင်ပါသေးတယ်။ စိတ်ကူးယဉ်လိုက်ပါအုံးမယ်နော်။

Craton said...

ခွိခွိ.. တီဝါတို့တော့ ကံထူးတာပေပဲ.. :P

ရေးထားတာလေးညက်တယ်အစ်ကို..
တက်ဂ်ကိုရေးပေးပါ့မယ်။

Nay Mya Mya Swe said...

ပန်းနှင်းဆီလေးကိုခံစားသွားပါတယ်ရှင်
မုံရွာသားထင်ပါရဲ့ 

ကောင်းကင်ပြာ said...

တို့ ဘာပန်းမှ မကြိုက်ပါဘူးးး အဲ့ဒီတော့ ဒီတဂ်ပို့စ်ကို ရေးဖို့ ချင်းချားပါဦးမယ်ချင့်( အမှန်က ရေးစရာကို မရှိတာပါ)

ဖိုးသင်္ကြန် said...

ရေးပြီးကြောင်း
သတင်းပို့...

Nyi Linn Thit said...

ှပန်းနှင်းဆီရဲ့ ဓါတ်ပုံကိုတော့ ကြိုက်သွားပြီဗျို့...၊

ပန်းတွေကို အဲဒီလို bokeh နဲ့မြင်တိုင်း ပိုလှတယ်လို့ ခံစားရတယ်ဗျ၊ ဒီ blur ကတော့ တော်တော့လှတယ်။

အောင်သာငယ် said...

အစုလိုက် အပြုံလိုက်ကို Tag လိုက်တာပါလား... ရွာသားရယ်...
သည်Tag က သိပ်မလွယ်ပါလား...
ချစ်ပြုံးတွေရော ရင်ဘတ်တွေရော နှင်းဆီတွေရော ဆိုတော့ ဒါ ဂျောက်ချတာပဲ...း)
စဉ်းစားလိုက်ဦးမယ်...

ThuHninSee said...

သူ့နှင်းဆီရောဂါအတော်ဆိုးနေပါလား။ ဒီနေ့ပဲ နှစ်ပင်ထပ်ဝယ်ခဲ့တယ်။
အဖြူလေးတစ်ပင်ရယ်.. မိတ်ကပ်ရောင်အပွင့်မှာ အနီရောင်ရောင်အနားသပ်နဲ့တစ်ပင်ရယ်။ လှတယ်တော့..သိလား။

တောင်ပေါ်သား said...

နှင်းဆီ နှင်းဆီ နှင်းဆီး)
အကိုရဲ့ နေရာကနေ နှင်းဆီကို ခံစားကြည့်ပါတယ်း)

လေးစားလျက်
တောင်ပေါ်သား

ဗီလိန် said...

မတဂ်တော့လည်း မတဂ်ဘူး။ တဂ်ပြန်တော့လည်း အယောက် ၃၀ တဲ့။ အဟေဟေ့. ခဏစောင့်။ မန်နေဂျာလစ်တုန်း ဆွဲလိုက်ဦးမယ်။ :P

ဗီလိန် said...

ခက်တာက ဆင်ဆာမလွတ်ဘူးဗျ။ ဘယ်လိုလုပ်ရပါ့။

may said...

ချစ်ပြုံးနှင်းဆီ သီချင်းလေးနဲ့ စပြီး နုလှတဲ့အရေးအသား ကြောင့် ဘာပြောရမှန်းတောင်မသိတော့ဘူး ဒီအတိုင်းလေးပဲ လှည့်ပြန်သွားပြီကွယ်

အောင်သာငယ် said...

ရေးပြီးပြီ

Mogok Thar said...

ပြာဂျီးက လာမေးသွားတယ်။ ရီးစားဦးအကြောင်း ရေးခိုင်းတာလား၊ ပန်းအကြောင်းရေးခိုင်းတာလားတဲ့။
ပန်းနှင်းဆီလေး သရုပ်ဖော်သွားပုံက လှလွန်းတော့ အကိုတော်လဲ ဘယ်လို ရေးရမယ် မသိတော့ဘူး။
အကြွေး မှတ်ထားတော့။
:-P

WWKM said...

ဟင်.. အစ်ကိုအောင်သာငယ်ကလည်း ရေးတာမြန်
လိုက်တာ အရိုက်မခံရဘူးလားမသိဘူး။ ဒီကတော့ ဆင်ဆာမလွတ်လို့ မရေးရင်ကောင်းမလားလို့တွေးနေ
တုန်း..း)))
ဒါလိုပို့စ်က မိန်းကလေးတွေ ရေးစရာမှ မဟုတ်တာ..
ရက်စက်ပါ့ မောင်ရွာသားရယ်.

နန်းညီ said...

လူအများအပြားကို စုပြုံရက်စက်ခြင်းပေါ့.. “ပန်း”တဲ့ နန်းညီတို့တော့ ကိန်တာပဲ.. ဘယ်သကောင့်သားကို ပန်းနဲ့ တင်စားရပါ့

ဦးငယ်တို့ကတော့နော် မြန်ချက်တွေ...

လင်းဒီပ said...

အင်း ဘလောဂ့်လောက အေးစက်စက်ဖြစ်နေတယ်လို့ ခံစားမိတာ ဒီလို တက်ပိုစ့်တွေနဲ့ပဲ ပြန် နှိုးပေးရတာပေါ့။

ခက်တော့ ခက်တယ်...ရင်ထဲမှာက နှင်းဆီခင်းကြီးနဲ့ ဆိုတော့ ဘယ်အရောင် အကြောင်း ရေးရင် ကောင်းမလဲ မသိ..:P...

puluque said...

အီးယား အပျင်းကြီးနေတာနော်...တက်စ်ပို့ရေးရအုန်းမယ်.. ဘယ်ချစ်ချစ်အကြောင်းရေးရင် ကောင်းမလဲ

မီးမီးချစ် said...

မမဝါ နဲ့  အားလုံး တစုတစည်းထဲ တွေ့  ရအောင် east cost မှာ ဘာဘီကျု့  လုပ်ကြရင် မကောင်းဘူးလား..
ကိုရွာသား လူစုလေ...စုပြီး ရှယ် ကြမယ်..
မကောင်းဘူးလား..
(စီဘောက် မတွေ့  လို့ ဒီမှာရေးသွားတာ စိတ်မဆိုးနဲ့ နော်)

အပြုံးပန်း said...

ရွာသားလေးရဲ့ ပန်းနှင်းဆီက ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့ နှင်းဆီပန်းလေးပါ၊ သိပ်လှတယ်၊ ဆံပင်ကုတ်ဝဲနဲ့ ပန်းဖွားလွယ်အိတ်နဲ့ ဖီးဆင့်စက်ဘီးကို မြန်မြန်စီးသွားတာကို မြင်မိတယ်၊ ပန်းနှင်းဆီ အိမ်ရှေ့မှာဝဲနေတဲ့ လိပ်ပြာလေးတကောင်လည်း တွေ့ပါရဲ့။


(နောက်တခေါက်လာဖတ်တယ်၊ ယောင်္ကျားလေးအနေနဲ့ ရေးလို့ကောင်းတာပေါ့၊ ပန်းကလေးတွေအနေနဲ့ ရေးရင်...အင်း ဘယ်လိုရေးရပါ့၊ ရှာကြံရေးရမှာပဲ):)

ခင်မင်းဇော် said...

ရွာသားလေး ဒီပို့စ်မရေးခင် ၁၆ ရက်နေ့က အမကလဲ ပို့စ်တခု ရေးခဲ့တယ် လာဖတ်ကြည့်ပါဦး။

tg.nwai said...

ကိုအောင်သာငယ့်ဆီကနေ ရောက်လာခဲ့တာပါ.. အကိုကြီးရဲ့ ရင်ထဲက စာသားတွေ ဖတ်ရတော့ တက်ဂ်လိုက်တဲ့ ရွာသားလေးရဲ့ စာတွေ ဖတ်ဖို့ ရောက်လာတော့ ချစ်ပြုံးနှင်းဆီနဲ့ တည့်တည့်တိုးနေပါလား..ဖတ်လို့ သိပ်ကောင်းတာပဲ...။ ကျေးဇူးတင်တယ်ရှင်.. လူတွေအများကြီးကို တက်ဂ်ထားတာ..ဒီလိုစာမျိုးတွေ အများကြီးဖတ်ရတော့မှာမို့လို့လေ..:)

ဖိုးဂျယ် said...

ရက်စက်လိုက်တာ အကိုရာ
ဘယ်လို ရေးရပါ့။
သူများ ရေးထားတာတွေ လိုက်ဖတ်မယ်။
ပြီးမှရေးမယ် အကိုရေ
လာမယ် ကြာမယ်ပေါ့။

ခင်မင်လျှက်

ဖိုးဂျယ်

Talkii said...

အမှတ် ၂ ရယ် အမှတ် ၃ရယ် ဗိုလ်ချုပ်ကြေးရုပ်ရယ်ဆိုတာနဲ့ အောက်ကစာတွေ မဖတ်မိတော့လို့ ၂ခါပြန်ဖတ်ယူရတယ်။
ဟိုတစ်လောက Rဇာနည်ရဲ့ နားထောင်ဖြစ်နေတဲ့ သီချင်းဆိုတာ "ပန်းလေးတစ်ပွင့်" ဖြစ်ရမယ်။း)

မိုးခါး said...

ရေးပြီးပြီဗျို့
မမ၀ါ နဲ့ နန်းညီ ပြောသလိုပဲ
တော်တော်ခက်တယ် :P

ကိုရွာသားရဲ့ နှင်းဆီလေးကတော့ လှလို့ပလို့
ညီမရေးထားတာတော့ သည်းခံဖတ်နော် .. :D

ကြိုပြီး ရီကွက်စ် လုပ်ပါ၏ :D

ကိုလူထွေး said...

ဟိုတနေ့ကတည်းက ဖတ်ပြီးသွားပြီ...
မသိချင်ယောင်ဆောင်နေတာ...

အချိန်ရှိပါသေးတယ် ကိုယ့်လူရာ...

းဝ)

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ said...

ပန်းနှင်းဆီလေး ခုရောဘယ်ရောက်နေပြီလဲ....။ဆက်ရေးပါဦးဗျို့.....။
အားပေးလျှက်...

နှင်းဟေမာ

တောင်ပေါ်သား said...

ရေးထားတယ်ဗျာ.. ဘာမှတော့ မဆိုင်ဘူးး) စိတ်မဆိုးနဲ့နော့်

လေးစားလျက်
တောင်ပေါ်သား

အပြုံးပန်း said...

နှင်းဆီပန်းလေးကို နောက်တစ်ခေါက်လာကြည့်ရင်း ပန်းကို ကူးယူထားလိုက်တယ်။

ရွှေပြည်သူ said...

ရေးပြီးသွားပြီ အစ်ကိုရွာသား...း))

Mirror said...

နယ်ပြန်နေတာ။ဒီနေ့မှပြန်ရောက်တယ်။
ကြိုးစားပြီး ရေးပေးပါ့မယ်။ပြောရရင် ပန်းဆိုတာကိုယ်နဲ့ နဲနဲတော့အလှမ်းဝေးသားလား :D

ဗီလိန် said...

ရေးပြီးပါကြောင်း။ နောက်ကျတဲ့အတွက် နောက်ကျကြေးတော့မပေးတော့ဘူး။ :)

ဗီလိန် said...

အမုန်းတွေ အကြမ်းတွေပဲ ရေးတတ်ပါတော့တယ် ဆိုမှ။ အချစ်တွေ အနုတွေ လာရေးခိုင်းတာကိုဗျ။ အဲဒါပဲရေးတတ်တော့တယ်။ :)

yinnthu said...

ုကိုရွာသား က ၃-ကျောင်းက ၁၀ တန်းအောင်တာလား ဘယ်နှစ်ကလဲဟင်.. တစ်နှစ်တည်းများ ဖြစ်နေမလားလို့..ကျွန်မက ၉၇ အောင်တာ.. MTU က ကျောင်းပြီးပါတယ်..

ဖိုးဂျယ် said...

အကိုရေ ရေးပြီးပြီဗျ တင်လိုက်ပြီ
နည်းနည်းကြာသွားတယ် တောင်းပန်းပါတယ်။