09 February 2015

သမိုင်းထဲကမြို့ ဘန်ဒေါင်း (ဘန်ဒုံ)




သမိုင်းထဲမှာ အသေအချာ ကျက်ခဲ့ဖူးတဲ့ ဘန်ဒေါင်း ညီလာခံ ကျင်းပရာမြို့။ ညီလာခံထဲက အချက်တွေကို မမှတ်မိတော့လို့  ညီလာခံ ခန်းမထဲက မြန်မာဘာသာပြန်မူကို ဓါတ်ပုံရိုက်ယူလာခဲ့တယ်။ မိတ်တွေတို့ ကော မှတ်မိပါဦးမလား...

သမိုင်းမှာတော့ ဘန်ဒေါင်းလို့ ကျနော်တို့ ခေါ်ခဲ့ကြပေမယ့် တကယ်က အပြင်မှာ ဘန်ဒုံလို့  ခေါ်ကြပါတယ်။ မလေးရှားက ဖျော်ရည် ဘန်ဒုံနဲ့  နာမည်ချင်း တူတူပဲ။ အင်ဒိုနီးရှားရဲ့ တတိယအကြီးဆုံး မြို့တော် ဘန်ဒုံဟာ အာရှရဲ့ ပါရီလို့လည်း တင်စားကြတယ်။ စင်္ကာပူနဲ့ အနီးနားဝန်းကျင်က လူတွေ စျေးဝယ်ထွက်ရာမြို့တမြိုပါ။ ရာသီဥတု သမမျှတခြင်း၊ တောင်များဖြင့် ဝန်းရံထားသောကြောင့် သဘာဝဘေးမှ ကာကွယ်လုံခြံုမှုပေးခြင်း စသည့်အချက်တို့ဖြင့် ဒတ်ချ်လက်အောက်ခံ အစိုးရ ရုံုးစိုက်ရာမြို့တော် ဘန်ဒုံဟာ ဂျကာတာကနေ မိုင်၁၁၀အကွာမှာ ရှိပြီး အမြန်လမ်းကနေ မောင်းလာရင် နှစ်နာရီအတွင်းမှာ ရောက်ရှိနိုင်ပါတယ်။ ဂျကာတာက လုပ်ဖော်ကိုင်ဖက်တွေက တရုတ်နှစ်ကူးရုံုးပိတ်ချိန် ဘန်ဒုံကို သွားကြဖို့  တိုက်တွန်းတာနဲ့ ဒီခရီးကို ကျနော်သွားဖြစ်ခဲ့တယ်။ သွားခဲ့တဲ့ အချိန်က ၂၀၁၂တရုတ်နှစ်သစ်ကူးချိန်ပါ။



လေဆိပ်ကို ဂျကာတာကနေ ရောက်နှင့်နေတဲ့ သူတို့က လာကြိုကြတယ်။ ဟိုတယ်မှာ အထုတ်တွေချပြီးတာနဲ့  နေ့လည်စာ စားဖို့ လိုက်ရှာကြတယ်။ ဘန်ဒုံဟာ တော်တော်လေးကိုစည်ကားတယ်လို့ ဆိုနိုင်တယ်။ သူငယ်ချင်းတွေ မှာတဲ့ ထမင်းကြော်ကိုပဲ မှာလိုက်တယ်။  ဗိုက်ဆာနေတာမို့ အတော်လေး စားလို့ကောင်းသွားတယ်။ 
တကယ်တမ်း ဘန်ဒုံနဲ့ ဘန်ဒေါင်းကို ကျနော်က ရောက်တဲ့အချိန်ထိ မစပ်ဆက်မိခဲ့ပါဘူး။  ရောက်တာနဲ့ ကျနော့ကို နေရာတခု လိုက်ပို့ပေးမယ်လို့ ဆိုတယ်။ ပထမဆုံး လိုက်ပို့တဲ့နေရာဟာ ဘန်ဒေါင်းညီလာခံ ကျင်းပရာ အဆောက်အဦးပြတိုက်ပါ။ ဝင်ဝင်ချင်းမှာပဲ မြန်မာလူမျိုးဆိုတာနဲ့  ဦးနုနဲ့ဦးသန့် ဆိုတဲ့နာမည် နှစ်ခုကို ရွတ်ပြတယ်။ ဦးနုရဲ့ ရုပ်လုံုးပုံကိုပြပြီး မင်းတို့ မြန်မာလူမျိုးတွေ တော်တော်ဆင်ကြတယ်ပြောတာနဲ့ ရီနေမိသေးတယ်။
ပြတိုက်ထဲမှာ ကျောင်းသားလူငယ်တွေ တွေ့ရပြီး အင်္ဂလိပ်မေဂျာဒုတိယနှစ်က ကျောင်းသားတွေပါလို့ နှုတ်ဆက်ပါတယ်။ သူတို့အင်္ဂလိပ်စာ စကားပြော အလေ့အကျင့်ရအောင် ကျောင်းကနေ တာဝန်ချပေးထားတာမို့ တလေးတစား လိုက်လံရှင်းပြကြတယ်။ မြန်မာပြည်က ပြတိုက်တွေမှာလည်း အခုလို ကျောင်းသား လူငယ်တွေကို တာဝန်ပေးထားရင် ဘာသာစကား၊ ပြီးတော့ လူမှုဆက်ဆံရေးတွေပါ သင်ကြားပြီးသား ဖြစ်နေမှာပဲလို့ တွေးမိစေတယ်။
မြန်မာနိုင်ငံရဲ့ အလံအသစ်ကိုပါ ပြင်ဆင်ထားပြီးဖြစ်လို့ အမှတ်တရ ဓါတ်ပုံ ရိုက်ယူလာပါတယ်။
ပြတိုက်ကပြန်တဲ့အခါ လမ်းပေါ်က လူတွေဟာ စိတ်ဝင်စားစရာ အရာတခုကို စိုက်ကြည့်နေကြတယ်။ ဒီခေတ်ကြီးထဲမှာ လမ်းပေါ်က တီဗွီကို အခုလို ကြည့်နေကြဦးမယ်လို့  ထင်မထားမိတာ အမှန်ပါပဲ။
သူတို့ဆီက ဆိုက်ဂျဲရိုးလေးတွေ။
လမ်းပေါ်မှာ သွားလာနေတဲ့ ပေါင်မုန့်ကားလေးတွေကို လက်တားလိုက်ရင် ချက်ချင်းရပ်ပေးကြတယ်။ ဘန်ဒုံရဲ့ ဘတ်စ်ကားဟာ ဒီကားလေးတွေတဲ့။ သူတို့ရဲ့  နာမည်ကျော် အစိုးရ ရုံးစိုက်ရာ ဆာတေး အဆောက်အဦးကို ဓါတ်ပုံ ရိုက်ဖို့ လိုက်ပို့ပေးပါတယ်။ ဆာတေးနဲ့ တူတဲ့ အရာရှိလို့ ဆာတေး အဆောက်အဦးလို့  အမည်တပ်ကြတာပါ.

လမ်းဘေးက မဖွင့်သေးတဲ့ ဆာတေးခြင်းတောင်းလေးတွေ...
မီးပွိုင့်တွေတိုင်းမှာ အခုလို ဖျော်ဖြေရေးသမားတွေက အပြည့်။ တချို့ သီချင်းဆို ဂစ်တာတီးတာ အဆိုတော်တွေတောင် ရှုံးလောက်တယ်။

နောက်တနေ့ ခရီးစဉ်က တောင်ပေါ်ကို ဆိုင်ကယ်နဲ့ တက်ကြမယ် ဆိုတာနဲ့  ညစာစားပြီး စောစော အနားယူဖြစ်ကြတယ်......

No comments: