07 July 2013

ငါ့ကိုမေ့လိုက်ပါ လီနာ

မေ့ပစ်လိုက်ပါ လီနာ
ငါဟာ မင်းကို လျစ်လျူရှုမိသူပါ

မေ့ပစ်လိုက်ပါ လီနာ
ငါဟာ မင်းအပြုံးကို မရထိုက်သူပါ

မေ့ပစ်လိုက်ပါ လီနာ
ငါဟာ မင့်ချစ်ခြင်းနဲ့ မတန်တဲ့သူပါ

အိမ်ပြန်ရလို့ ငါက ပျော်တဲ့အခါ
မင်းက မျက်ရည်ဝဲပြီး
ကြေကွဲနေတာ မသိတဲ့ကောင်ငါပါ

မုန်းပစ်လိုက်ပါ လီနာ
ဒီကောင်ဟာ အသည်းမရှိသူတယောက်မို့ပါ.....

လက်ပြထားရစ်ခဲ့ရက်သူကို
စိတ်အနာကြီးနာ
မုန်းပစ်လိုက်ပါ မေ့ပစ်လိုက်ပါ လီနာ....

No comments: