16 July 2010

မိုးတွေရွာစဉ်

ဒီနေ့မိုးတွေရွာတယ်
မိုးတွေရွာတုန်း ငါဘာတွေလုပ်သလဲ
ရေကူးကန်ထဲကို ၀င်လာတဲ့ မိုးရေတွေကို ငါပက်ထုတ်တယ်

လူတွေ အားလုံး
ငါ့ကို ဒီအတိုင်း ကြည့်နေကြတယ်
ဘယ်သူမှ မကူကြဘူး
တကယ်ဆို ဒီရေကူးကန်ကို
သူတို့တွေလည်း ကူးကြတယ်
ဒါပေမယ့် မိုးရေတွေကို
ပက်ထုတ်တော့ ငါတယောက်တည်း

မိုးတိတ်သွားတော့မှ
ငါရပ်လိုက်တယ်
ဒါပေမယ့် စိတ်ထဲမှာတော့
ရေကူးကန်တခုလုံး ကုန်အောင်
ခပ်ထုတ်နေမြဲ

ပြီးတော့မှ
သက်ပြင်းခပ်ထူထူချပြီး
ဆုံးဖြတ်ပစ်လိုက်တယ်
မိုးရေတွေနဲ့ ရောနေတဲ့
ဒီရေကူးကန်ကို
ဘယ်တော့မှ ငါမကူးတော့ဘူး…

8 comments:

မိုးခါး said...

အင်းးးး
ပုံမှန်တော့မဟုတ်ဘူး :P

Maung Myo said...

တစ်ခုခုတော့ တစ်ခုခုပဲ နောမယ်တော့မဟုတ်ဘူး ;)

kka said...

ဂွဒ်ပါပေတယ်ဗျာ ;)

နေ၀သန် said...

း)).. သဘောပေါက်သွားပြီလား...


ခင်မင်တဲ့
နေ၀သန်

Sein Lyan Tun said...

ကိုယ်တိုင် ကျေကျေနပ်နပ် ပက်ထုတ် နေတာပဲ။

သူများပက်ထုတ် တာ မပက်ထုတ်တာ သူများကူးတာ မကူးတာကို ဘာလို့ ထည့်စဉ်းစားမတုန်း

စိတ်ထဲပျော်မယ်ထင်ရက်ပက်ထုတ်လိုက်

မပျော်တော့ရင် ရပ်လိုက်

သူများ လုပ်သည် မလုပ်သည် ကူးသည် မကူးသည်ကို မကြည့်မိစေနဲ့

သက်ပြင်းခပ်ထူထူ ချရမဲ့နေရာမှာ

ကိုယ် ခပ်ထုတ်ခဲ့မိတာကိုပဲ ပီတိ ဖြစ်နေရမှာ။

ခပ်ထုတ်လိုက်တဲ့ အညစ်တွေ ကုန်သည် ဖြစ်စေ မကုန်သည်ဖြစ်စေပေါ့။

ကိုယ်လုပ်နိုင်ခဲ့သလောက်ကို ကြည်နူးလိုက်စမ်းပါ။

သက်ပြင်းခပ်ထူထူချတာထက်တော့ သာပါတယ်။

ဟုတ်ဖူးလား အကိုကြီးရွာသားလေး ဝိုင်တီယူ

ချီးဝင်ပေါက်တယ်မှတ်ပါ

သိင်္ဂါကျော် said...

အစကတည်းက မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက် ပြီးရော.. ပက်ထုတ်ရတာ ပင်ပန်းလိုက်တာ

Ree Noe Mann said...

ဘာဖြစ်လို့တုန်း

ကိုလူထွေး said...

ကဗျာရဲ့နောက်က မိုးစက်တွေနောက်ကိုလိုက်ရင်း မိုးရေအိုင်ထဲ ပြုတ်ကျသွားခဲ့တယ်...

းဝ)