17 July 2010

နေထိုင်မှုပုံစံပြောင်းလဲခြင်း

ခြေလှမ်းတွေကျဲနေတယ်ဆိုလို့
အခု ခြေထောက်နှစ်ချောင်းကို
ပူးမတတ် လျှောက်တယ်

ငွေသုံးကြမ်းတယ်ဆိုလို့
အခု ငွေမထုတ်တော့ဘူး
master နဲ့ပဲ ရှင်းတယ်

စကားများတယ်ဆိုလို့
အခု ပါးစပ်ကမပြောဘူး
လက်နဲ့ပဲ ရေးတယ်

အစားနည်းတယ်ဆိုလို့
အခု အစားများအောင်
ဂဏန်းပေါင်းစက်မှာ အစားတခုပဲထားတယ်

မျက်လုံးတွေကိုကြည့်ပြီး အိပ်ရေးမ၀ဘူးလားဆိုလို့
အခု အိပ်ရေးဝအောင်
မှောက်ပြီး အိပ်တယ်

အခန်းက ရှုပ်ပွနေတယ်ဆိုလို့
အခု ရှုပ်နေတာတွေကို
အခန်းထဲက ထုတ်ပစ်လိုက်တယ်

အခု......
အခု.........

အခု...............

8 comments:

မြူးမြူး said...

Nice Idea bro.. I love it!

Rita said...

ခြေလှမ်းတွေ ကျဲနေတယ် လာပြောရင်
တက္ကစီ စီးပစ်မယ်။

ငွေသုံးကြမ်းတယ် လာပြောရင်
အကြွေးယူပြီး သုံးပစ်မယ်။

စကားများတယ် လာပြောရင်
အရင်က စကားလုပ်မပြောဖူးတဲ့ အကြောင်းအရာမျိုးပါ ပြောပစ်မယ်။

အစားနည်းတယ် လာပြောရင်
ဥပုသ်ပါ စောင့်ပစ်မယ်။

အိပ်ရေးမဝဘူးလား လာပြောရင်
(ဒါကတော့ မရဘူး။ အိပ်ချိန်က နဂိုကမှ နည်းနေတာ ထပ်လျှော့်လို့ မဖြစ်ဘူး။ ပါးစပ်ကပဲ ပြန်ပြောလိုက်မယ်။ MYOB လို့။ စကားတောင် များသွားလိုက်သေး)

အခန်းက ရှုပ်ပွနေတယ် လာပြောရင်
မြွေလာအောင်းရင်တောင် လာအောင်းတဲ့ မြွေ အသက်ရှူကျပ်ပြီး သေအောင်လို့ လို့ ပြန်ပြောလိုက်မယ်။
ရှင်းထားတာတွေ ပြန်ဖွလိုက်မယ်။

သတ္တိရှိရင် လာပြောရဲပြောကြည့် !!!

သက်ဝေ said...

အပေါ်ဆုံး တခုကလွဲရင် ကျန်တာတွေ ကိုယ်နဲ့ အတူတူပဲ... ခြေလှမ်းကတော့ နဂိုထဲက မကျဲရဲခဲ့သူပါ...
ကိုယ့်ခြေထောက် ကိုယ် ပြန်မထိန်းနိုင်မှာ ကြောက်လွန်းလို့...း))

စောစောစီးစီး မိုးအေးအေး မနက်မှာ ပြုံးစရာကဗျာလေးအတွက် ကျေးဇူး...

နေ၀သန် said...

း))))... ရှင်းပါ့...


ခင်မင်တဲ့
နေ၀သန်

Maung Myo said...

ညစ်ပတ်တာချင်းတူတူပဲ ညီအစ်ကိုတွေမို့ထင်တယ်း) ဒီတစ်ခါ အခန်းထဲက ထုတ်ပစ်တော့မယ်ဆို ညီ့ကိုအကြောင်းကြားလာကောက်ပြီး ပဲလှော်ကုလားနဲ့ လဲစားမလို့ ။

ဇွန်မိုးစက် said...

တကယ် ပြောင်းလဲနေတာပေါ့? :)

Moe Cho Thinn said...

ပြောင်းလဲနေတာ ခဏလား၊ ရာသက်ပန်လားးးးး

ရီတာ ညီမ၊ ရွာသားလို လိမ်မာမှပေါ့။ :D

linn said...

ရှုပ်နေတာတွေ အကုန်လုံးကို မိုးရေထဲမှာ ရှင်းပစ်လိုက်တယ်ပေါ့ ...
ဟုတ်လား .... ?
ကဗျာ နှစ်ပုဒ်ပေါင်းဖတ်ပြီး နားလည်ကြည့်တာ..:)