14 July 2010

မြစ်တစ်စင်းပါ



နေခြည်ဖြာ၍
ရွှေရောင်ဝါသည်
သို့သော်မြစ်တစင်းပါ

ကောက်ကွေ့သည်
ပြီးတော့ အလှမ်းကွာသည်
သို့သော် မြစ်တစ်စင်းပါ

ရေပြည့်နေသေးသရွေ့
အရေးပါသေးသည်
သို့သော် မြစ်တစ်စင်းပါ

္ကဤသို့ဖြင့်
မြစ်တစ်စင်းပီသစွာ
ယနေ့ထိ
စင်းစင်းကြီး
စီးဆင်းနေပေသည်.....

အနှီ မြစ်တစ်စင်းသည်...

9 comments:

လင်းဒီပ said...

ဧရာဝတီ ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီ... :)

khin oo may said...

ဟိုမရောက်ဒီမရောက်.

သိင်္ဂါကျော် said...

မြစ် ဆိုတော့လည်း စီးဆင်းရမယ့် တာဝန်ရှိနေတာကိုး..
စီးဆင်းနိုင်တဲ့ အင်အားရှိသရွေ့တော့.. စီးနေရမှာပဲလေ.

Unknown said...

ပုံရိပ်များ နှင့်ချစ်ခြင်း မှာ ရွာသားလေး အစစ်ကို ပြန်တွေ့ တယ်

ဂျူးရဲ့  မြစ်တို့ မာယာ ကို သတိရတယ်

Vista said...

မျှစ်တို့ ၏ မာယာ

ဆန်းဝင်း said...

great shoot...

mirror said...

ရှယ်ပဲ..

ဇွန်မိုးစက် said...

အဲလို ကောက်ကွေ့စီးဆင်းနေတဲ့မြစ်တွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ ရင်ထဲက ချစ်ခြင်းတွေ ပိုပိုတိုးပွားလာတာ။ ဧရာဝတီရော မြန်မာပြည်ကိုရော သိပ်ချစ်တယ်။

Anonymous said...

တရုတ်စာလုံးနဲ့တူတယ်။