10 July 2010

ကစားပွဲတခုအတွက်


အခုလတ်တလောမှာ ရေပန်းအစားဆုံးက ကမ္ဘာ့ဖလား ဖြစ်နေတယ်။ မိမိအားပေးတဲ့ အသင်းတွေ အလျှိုလျှို ထွက်သွားပြီးတဲ့နောက် အားပေးတဲ့ လူကိုယ်တိုင်ရော ထွက်နေသင့်ပါလား။ ၀င်ခွင့်ဆိုတာ မရလိုက်တဲ့ အသင်းတွေကရော မကောင်းဖူးလို့ တထစ်ချ ပြောနိုင်ပါသလား…..

ဘောလုံးဆိုတာ လုံးနေတာမို့ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ ကျနော်တို့ လက်ပိုက်ကြည့်နေခဲ့ကြလိမ့်မယ်ထင်တယ်။ ဘောလုံးရဲ့ နောက်ကွယ်က အကြောင်းအရာတွေကိုကော စာဖတ်သူတို့ တွေးတောကြည့်မိလေ့ ရှိဟန်မတူ။ နည်းဗျူဟာဆိုတာ စစ်ပွဲတခုတည်းအတွက် မလုံလောက်တော့ပါဘူး။ အဆုံးသတ် ပိရိသေသပ်လှပဖို့က အနိုင်ဂိုးနဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဓါတ်ဆိုတဲ့စကားလုံးကို ဘယ်အရာနဲ့ အနက်ဖွင့်မလဲ။ အသင်းအဖွဲ့ဆိုတာ တယောက်တပေါက် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ခွဲထွက်ကုန်ကြတယ်ဆိုတဲ့ စကားလုံးကို အသင်းအဖွဲ့တခုရဲ့ နောက်ဆုံးအချိန်အဖြစ် လက်သင့်ခံလိုက်ကြရတယ်။

ကစားပွဲတခုရဲ့ အချိန်အတိုင်းအတာ အတိုလေးအတွင်းမှာ အရှုံးအနိုင် အဆုံးအဖြတ်က ဘယ်အရာတွေကို သတ္ထုကျနေသလဲ တွေးနေမိတယ်။ ငယ်ငယ်က စာမေးပွဲဖြေချိန်နာရီပိုင်းအတွင်းမှာ ကျောင်းသားတယောက်အတွက် အရည်အချင်းတွေ အကုန်ချပြနိုင်ဖို့ဆိုတာ အတော်လေး လက်မခံနိုင်ဖြစ်ခဲ့ဖူးတယ်။ မှားယွင်းမှုတခုလုပ်ခဲ့မိရင် စာသင်နှစ်တခုစာ အရင်းအနှီးက အများကြီးလေ။ ပြီးတော့ အခွင့်အရေးမပေးခဲ့ရင် ဆိုတဲ့ အကြောင်းအရာ...

ကံကြမ္မာနဲ့ ယတြာဆိုတာတွေကို အကြွင်းမဲ့ ယုံလွယ်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်အရာကို တထစ်ချ ဖက်တွယ်ထားရမလဲ။ ဘယ်အသင်းကိုကော ယုံကြည်ပြီး ပုံအပ်သင့်သလဲ။

ကျနော်ကြည့်နေဖြစ်တာ ကမ္ဘာ့ဖလားပွဲတခုတည်း မဟုတ်ပါဘူး။ နောက်တပွဲကိုလည်း ကျနော်ရင်ခုန်စွာ စောင့်ကြည့်နေပါတယ်။

ဒိုင်လူကြီး လက်ထဲက ချလိုက်တာနဲ့..

အမြန်ဆိုတာကို သုံးမလား၊ ခွန်အားကို သုံးမလား၊ ငွေအားကိုသုံးမလား…

ဂုဏ်သိက္ခာတွေ ချနင်းချင်လည်း နင်းကြပါလိမ့်မယ်။ နာမည်တွေ အတွက် ထည့်တွက်စရာမှ မလိုတော့ပဲ။ ရိုးသားမှုဆိုတာကိုတော့ ဘုရားသခင်ကိုယ်တော်မှ လွဲပြီး တခြားသူ မသိနိုင်တာ ကြာခဲ့ပါပြီ။ သမ္မာသမတ်ရှိပြီး မျှတမှုကိုတော့ အသင်းတိုင်းက ဆန္ဒရှိမယ် ထင်ပါတယ်။

ကျနော်စောင့်ကြည့်နေပါတယ်။ ပြီးတော့ ၀င်ခွင့်မရလိုက်တဲ့အသင်းအတွက် ကျနော်လည်း ဘေးထွက်ထိုင်နေသင့်လား စဉ်းစားနေပါတယ်။ ဒီကစားပွဲ လောင်းကြေးက သိပ်အလျော်အစားကြီးတာမို့ပါ။

ခင်ဗျားတို့ရော ဘယ်သူနိုင်မယ်ထင်ပါသလဲ…

11 comments:

Rita said...

ဘယ်သူနိုင်မလဲ ဆိုတာ မေးလောက်စရာ မေးခွန်းမို့လို့လား လို့ ပြန်မေးချင်မိတယ်။
(မျက်ခုံးပင့်ပြီး ပုခုံးတွန့်နေတဲ့ပုံ)

Maung Myo said...

Spain နိုင်မယ်ထင်ပါတယ် ( အဲ့တာကိုမေးတာဟုတ် )

:P said...

Nobody ,Nobody.. but U.....
စွယ်တော်ရိပ်က သီချင်းလေး..... :)

:P said...

"U" doesn't mean U.

ဆန်းဝင်း said...

အကောင်ကြီးကြီး အမှီးရှည်ရှည်တွေ နိုင်မှာ သိသားပဲ။ ဒါပေမယ့် ကိုရီးယားကို အားပေးတာ .. :P

ချစ်ကြည်အေး said...

လူကိုများ အော်တိုပတ်စ် ထင်နေသလား....ဟွမ်းးးး

Unknown said...

ရှုံးနိမ့်မှုတွေမှာ အဝါကတ်တွေကိုမေ့ထား
ရှုံးနိမ့်မှုတွေမှာ အနီကတ်တွေကိုမေ့ထား
ရှုံးနိမ့်မှုတွေမှာ မတရားမှုတွေကို မေ့ထား
ရှုံးနိမ့်မှုတွေမှာ ဒိုင်လူကြီးတွေရဲ့  မှားယွင်းမှုကိုမေ့ထား
ရှုံးနိမ့်မှုတွေမှာ မဖြစ်နိုင်ခြင်းတွေကို မေ့ထား
ရှုံးနိမ့်မှုတွေမှာ တဖက်လူရဲ့ လှည့်ကွက်တွေကို မေ့ထား
ရှုံးနိမ့်မှုတွေမှာ ပွဲကြည့်ပရိတ်သတ်ရဲ့  ဝေဖန်သံတွေကို မေ့ထား
ရှုံးနိမ့်ခြင်းမှာ အကြောင်းပြချက်မလိုဘူး ..........

(ကိုအားပေးတဲ့အသင်း ရှုံးကထဲက ဒေါသထွက်နေတာ)

Talkii said...

တစ်ချို့ပွဲကတော့ နိုင်မယ့်အသင်းကြိုသိနေလို့၊ တစ်ချို့ပွဲကျတော့ အားကစား စိတ်ဓာတ်မရှိလို့ ဘယ်အသင်းမှ အားမပေးတော့ဘူး။

Talkii said...

တစ်ချို့ပွဲက နိုင်မယ့်အသင်းကြိုသိနေလို့၊ တစ်ချို့ပွဲက အားကစားစိတ်ဓာတ်နဲ့ ကန်ကြတာမဟုတ်လို့ ဘယ်အသင်းမှ အားမပေးတော့ဘူး။

khin oo may said...

နားမလည်ဘူး

Me said...

Ba Ba တို့အသင်း နိုင်မယ် ထင်ပါတယ်...