05 July 2010

ဓမ္မရာဇကစေတီနှင့် ပုဂံရှုခင်း

အထက်ပစ္စယံကို တက်ရောက်ဖူးမြော်ခွင့်ရတဲ့ ဒုတိယ စေတီက ဓမ္မရာဇက စေတီဖြစ်ပါတယ်..

ဒီဘုရားကိုဖူးမြင်ရတော့ သင်္ခ ါရဆိုတဲ့ တရားသဘောတွေ၊ ရေပွက်ပမာဆိုတဲ့ အတွေး၊ မင်းခစားကမ်းနားသစ်ပင်ဆိုတဲ့ အရာတွေကို ပိုမြင်လာမိတယ်။ ဘုရားအမှတ်အလိုက် တာဝန်ယူလှူဒါန်းတဲ့အထဲမှာ ဒီဘုရားကို တာဝန်ယူခဲ့သူက အရင်က အာဏာစည်းစိမ်ကျော်ကြားမှုတွေနဲ့ ပြည့်နေခဲ့ပြီး အခုလက်ရှိ သူ့လက်ထဲမှာ ဘာမှ မရှိတော့တဲ့နောက် ဘုရားကို ပြုပြင်သူလည်း မဲ့နေဟန်တူပါတယ်။

ပြီးတော့ အဟောင်းတွေကြားမှာ အသစ်တွေကို သိသာထင်ရှားစေတဲ့ နေရာတခုလို့ ခံစားမိတာမို့ ကျနော့အတွက်တော့ နှမြောတဿဖြစ်ခြင်းဆိုတာကိုလည်း ဖြစ်စေခဲ့ပါတယ်....















11 comments:

Ree Noe Mann said...

ဘုရား လာဖူးသွားကြောင်းပါဗျာ

လေးစားစွာဖြင့်

Talkii said...

ပုံတွေထဲမှာကြည့်ရတာ စေတီတွေကို ပြန်ပြင်ထားတယ်ထင်တယ်။ တှောတှောများများ သစ်နေသလိုပဲ။ မရောက်တာလည်း ကြာပြီကိုး...

khin oo may said...

ညက တင်တော့အိပ်မပျော်သေး။

mabaydar said...

ပြီးခဲ့တဲ့ ဒီဇင်ဘာက ပုဂံသွားတုန်းက ပုဂံဘုရားတွေပေါ် တက်လို့မရဘူးလို့ restrict လုပ်လိုက်ပြီ... အစ်ကို ရိုက်ထားတဲ့ပုံတွေက ဘုရားတွေပေါ်ကနေရိုက်ထားသလိုပဲနော်... ဟုတ်လားတော့ သိဘူး... ဘယ်ဘုရားက တက်လို့ရသေးလို့လဲဟင်...
ပုဂံသွားရင် အဲလို တက်ပြီး ညနေခင်း ပုဂံအလှကို ခံစားရတာက မိုက်တာ... ခုတော့ မရတော့လို့... ရှိရင် ပြောပြပါအုံး...

ဆန်းဝင်း said...

အမှန်ပေါ့..
တချိန်က ဗွီအိုင်ပီ ဘုရားဖူးတွေနဲ့ ဝေစည်တဲ့ စေတီပါ..
ဓမ္မရာဇက စစ်သူကြီး အကြောင်း ရေးရေးတော့ ကြားဖူးတယ်..

ဇွန်မိုးစက် said...

ပုံတွေ သိပ်ကောင်းတာပဲ။ ကြည်နူးစွာနဲ့ ဘုရားတွေ ဖူးသွားတယ်။

mirror said...

ပုဂံရောက်ရင် အရင်ဆုံးဖြစ်တာက ပျော်တာ၊ပြီးတော့ နှမြောတာ... အဲ့ ၂ မျိုးပါပဲ..။ ညီထွဋ်ရဲ့ မဟာ တွေလဲ ညည်းဖြစ်တယ်ဗျ။ဘယ်သူတွေ ဘာပြောပြောလေ

P.Ti said...

ကရွာသားလုပ်တာ ရွာပြန်ချင်သွားပြီ။

Anonymous said...

ငါးမျက်နှာဘုရားနော်၊
ဘုရားက အတော်ကြီးတယ်၊
လွမ်းစရာများထဲက တစ်နေရာပါ။

kka said...

ပုံ၅,၆,၇,၈တွေကြိုက်ပါ၏

မိုးခါး said...

လွမ်းမိပါတယ် .. တကယ်ကြီးပါပဲ ....း((