02 July 2010

မျက်နှာသုတ်ပုဝါ တထည်နှင့်စပ်လျဉ်း၍


တီတီဆိုပြီး အ၀တ်လျှော်စက် ပြီးဆုံးတဲ့ အသံကြားရတယ်။ အဝတ်တွေ လှမ်းဖို့ လုပ်ရဦးမယ်ဆိုပြီး စက်ကို ဖွင့်လိုက်တော့မှ…………..

ဟာ သွားဘီ အင်္ကျီအနက်ရောင်တွေ အကုန်လုံး ဘာတွေ ဖြစ်ကုန်ပြီလဲ။

တစ်ရှူးတွေ မပါတော့အောင် ဂရုစိုက်ပါတယ် (နှစ်ခါ သုံးခါလောက် ခံရပြီးတဲ့နောက်မှာ ဘောင်းဘီ အိတ်တွေထဲကို ရှာတတ်တယ်) အကြွေစေ့တွေပါပြီး စက်ပျက်သွားတဲ့တခေါက်၊ memory stick ပါသွားတာ တခေါက်၊ သူငယ်ချင်း ဖုန်းပါသွားလို့ အသစ်ဝယ်လိုက်ရတာကြောင့်လည်း ပါပါတယ်။

အခု အနက်ရောင်တခုလုံး ဖွေးဖွေးလှုပ်နေတယ်။ ဘာတွေလဲ။ စက်ထဲကို ငုံကြည့်တော့လည်း ဘာမှ မတွေ့ဘူး။ ဟာ ဒါဆို ဘာမှားပြီလဲ


အ၀တ်ဟောင်းထည့်ထားတဲ့ တောင်းနဲ့ အ၀တ်လျှော်စက်နားကို သွားတယ်။

နေဦးညီ ကိုယ်တို့ အ၀တ်တွေ ရေစိမ်ထားတယ် ခဏနေမှ ကိုယ်ထည့်ပေးမယ်

များသောအားဖြင့် အခန်းဖော်တွေက သူတို့ အ၀တ်တွေကို တခါတည်းလျှော်လေ့မရှိပဲ ဆပ်ပြာမှုန်နဲ့ နှပ်ထားလေ့ရှိသေးတာ။

ယူသွားတဲ့ အ၀တ်တောင်းကို ပြန်ယူသွားဖို့လည်း အားနာ။ တော်ကြာ သူတို့တမျိုးထင်မှာစိုးလို့ပါ။ ဒါနဲ့ တောင်းကို အ၀တ်လျှော်စက်ဘေးနားမှာပဲ ချထားခဲ့လိုက်တယ်။

အဲ့ဒီမှာ သူတို့ အ၀တ်တွေအကုန်လုံး စက်ထဲကို ထည့်လိုက်တော့တာပါပဲ..


အဲ့ဒီလိုမျိုးနှစ်ခါ သုံးခါရှိပြီ။ ကျနော်က တချို့အ၀တ်တွေကို လက်နဲ့လျှော်ပါတယ်။ ဒါပေမယ့် အ၀တ်ဟောင်းတွေကိုတော့ ဒီတောင်းတစ်ခုတည်းမှာပဲ ထည့်ထားလေ့ရှိပါတယ်။ ပြီးတော့ အ၀တ်ဟောင်းတွေကို တခါတလေ တပတ်လောက် မလျှော်ပဲ မေ့သွားတတ်တာမို့ ပရုပ်လုံးလေးတွေလည်း ထည့်ထားမြဲ။

ပထမဆုံးအခေါက်က အ၀တ်လျှော်စက်ထဲကို တောင်းလိုက် မှောက်ထည့်လိုက်တာမို့ ပရုပ်လုံးတွေ ပါသွားခဲ့တယ်

ဒုတိယ အခေါက်က လက်နဲ့လျှော်မယ့် အ၀တ်တွေကိုပါ ထည့်လိုက်တယ်။ တချို့အ၀တ်တွေက စက်နဲ့လျှော်ရင်ပျက်စီးလွယ်ပါတယ်။

အခုကတော့ တတိယတခေါက်..


အ၀တ်တောင်းလေး ယူသွားရင်း တလက်စတည်း ရေချိုးမလို့ပါပဲ။

ဒါပေမယ့် ရေချိုးခန်းမအားတာမို့ ယူလာတဲ့ မျက်နှာသုတ်ပုဝါကို တောင်းဘေးနားမှာ တင်ထားခဲ့တာ။

တောင်းလိုက်မှောက်လိုက်ပြန်ပြီလေ

က
ကျနော် ၀ယ်ဖြစ်နေကျ အရာတွေထဲမှာ အိပ်ရာခင်းနဲ့ မျက်နှာသုတ်ပုဝါ တွေ ပါလေ့ရှိပါတယ်။ များသောအားဖြင့် အိပ်ရာခင်းလှတာမြင်ရင် မျက်နှာသုတ်ပုဝါ အသားကောင်းကောင်းထူထူ ကြီးကြီးမြင်ရင် အိတ်ထဲက ပိုက်ဆံက အပြင်ကို ခုန်ချင်နေပါပြီ။

ဒီမျက်နှာသုတ်ပုဝါကိုတော့ ဖေတို့မေတို့ လာခါနီးမှ ၀ယ်လိုက်တာ။ သူတို့တွေက သုံးမသွားဖြစ်ခဲ့ဘူး။ သူုတို့ကိုလည်း ထုတ်မပေးဖြစ်ခဲ့ဖူး။ သူတို့က မလေးမှာ ၀ယ်ဖြစ်တဲ့ မျက်နှာသုတ်ပုဝါ အသစ်ကို ပိုနှစ်သက်ကြတယ်။ အဲ့ဒီ မျက်နှာသုတ်ပုဝါကို ပြန်တော့လည်း တောင်းယူသွားကြလေရဲ့။

အခုတခေါက်ကျနော် ပြန်လာတော့ ဒီမျက်နှာသုတ်ပုဝါကို သုံးဖြစ်ခဲ့တယ်။

အသစ်ဆို ကျနော်က သိမ်းမထားတတ်တဲ့အကျင့်ဆိုးလည်း ရှိတာကိုး…

8 comments:

linn said...

စောင်းရေးတာတွေ ပြီးတော့ တည့်တည့် ရေးဖို့ လက်က ကျင်းသားမရတော့တာနဲ့ အထက်အောက် ပြန်ရေးတာလား ...
စာဖတ်သူကို အလုပ်ပိုတွေက ပေးသေးတယ် ... :(

Maung Myo said...

ကောင်မလေး အသစ်ရလို့ သိမ်းမထားတတ်တဲ့အကျင့်ဖြစ်ရင်တော့ သူများနောက်ပါသွားမှာပေါ့း)

ဒီတိုင်းရေးလည်း ရပါတယ် က ခ ဂ တွေနဲ့ လိုက်ရေးနေတော့ ဘာလဲဟဆိုပြီး အူလည်လည်ဖြစ်သွားတယ် အူလည်လည် အစ်ကိုကြီးရေ့ ။

ချစ်ကြည်အေး said...

ဪ....ရွာသား တကယ်ကို ပလော်ဖက်ရှင်နယ် ဘလော်ဂါ ဖြစ်သွားဘီဂိုး.....ပိုစ့်တွေကို စက်နဲ့ လှည့်ထုတ်နေသလိုပါပဲလား....လိုက်မမီ....

P.S:မန်နေဂျာ ရုံးတက်ပါ၏ :))

ဆန်းဝင်း said...

ကိုရွာသားလေးရေ
ရောက်ပါတယ်...ပိုစ် အသစ် လာဖတ်တယ်.

ကောင်းကင်ပြာ said...

အိပ်ရာခင်း တွေ ပိုနေသေးလား..

ကောင်းကင်ပြာ said...

ရတယ်....ပို အဆင်ပြေတယ်...:)

နေ၀သန် said...

အထက်အောက်ပြောင်းပြန်လှန်ဖတ်သွားပါတယ်..


ခင်မင်တဲ့
နေ၀သန်

khin oo may said...

ဒါမျိုးလေးကြိုက်တယ်။
ပါစင်နယ် မရေးတာကြာနေပြီ။

အားလုံးဖတ်သွားသည်။

အပေါ်ကစဖတ်သည်. နားလည်ပါသည်. က.ခ..များကိုသတိမပြုမိလိုက်. လင်းကပြောမှ သတိပြုမိတယ်။

အတည့်ဖတ်တာလဲနားလည်ပါတယ်။
အောက်ကပြန်ဖတ်မှ လည်သွားသလိုလဲ လည်သွားသလိုဘဲဆိုတာ ပိုရှုပ်သွားသလိုဘဲလို့ပြောတာ.

ဒီကတော့နေ့တိုင်းလျှော်တယ်။ သူငယ်ချင်းတစ်ယောက်က ပြောတယ။် ဒေါ်လျော်ကြီးတဲ့။ လျှော်ပြီးသားတွေ အားမရလို့ပြန်ပြနလျော်တယ်။ နဲနဲကြာရင် တစ်ခါပြန်လျော်တယ်။ အကျီတွေ က နွမ်းသာနွမ်းတာ လျော်သလားကတော့မမေးနဲ့။ တစ်ခါတစ်လေ စက်ထဲက လျော်ပြီးသားကို တစ်ခါလျော်ပြီးသားကို အားမရလို့ထပ်လျော်သေးတယ။် နောက်တစ်ခေါက်။

မလျော်ခင်.ပရုပ်လုံးပါထည့်သေးသတဲ့ရယ်ချင်လိုကတာ.တစ်ခါ မှ မကြားဘူးဘူး ။