24 June 2010

လှည်းကူး မရမ်းချောင်း အနာကြီးရောဂါသည်စခန်း

Powerpoint slide တွေ နည်းနည်းနှေးနေတာမို့ စိတ်ရှည် သည်းခံစောင့်ပေးပါရန်ခင်ဗျာ

ဒီအလှူက ဂျွန်လမှာ ပြီးသွားခဲ့ပါပြီ နောက်ထပ် လှူလို့ရအောင် တိုက်တွန်းနှိုးဆော်ချင်တာပါခင်ဗျာ

Hlaku Mayanchaung
ဒီလောကမှာ ကျနော် အကြောက်ဆုံးအရာတွေရှိပါတယ်။

ကိုယ့်လက်ကိုယ့်ခြေ မသယ်နိုင်ပဲ သူတပါးအကူအညီကို ရယူတဲ့အခြေအနေမျိုးပါ။ ပုံမှန်က စိတ်မြန်လက်မြန်ရှိတတ်တာမို့ ဒီအခြေအနေမျိုးကို ရောက်ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တွေးမိတိုင်းကြောက်မိတတ်ပါတယ်။ ကျနော် မွေးစကတည်းက အဘိုးက လေဖြတ်နှင့်ပြီးပါပြီ။ အဘိုးရဲ့ စိတ်သွားတိုင်းကိုယ်မပါပဲ ငါးနှစ်တာ အသက်ရှင်ရပ်တည်မှုကို မျက်ဝါးထင်ထင်တွေ့မြင်လာတဲ့နောက် ဒီနေရာမှာ ငါဆိုရင်ဆိုတဲ့ အတွေးနဲ့ ကြောက်နေမိတာလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ အခုလို ဒုက္ခခံစားနေရတဲ့ ဝေဒနာရှင်တွေ အတွက် မိမိတို့ တတ်စွမ်းနိုင်သမျှ ထည့်ဝင် အားပေးကူညီကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

မိတ်ဆွေတို့ရဲ့ မေတ္တာရေစက်ရေပေါက်တွေကနေ ဝေဒနာရှင်တွေအတွက် သုခမိုးတွေ ရွာသွန်းဖြိုးကြရအောင်ပါ

အားလုံးချမ်းမြေ့သာယာသော ဘ၀များမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အမြဲရှိကြစေဖို့ ဆန္ဒပြုပါတယ်ခင်ဗျာ

6 comments:

khin oo may said...

ရွာသားလေးဆိုတော့ နိဗာန်ဆော်ကိုမြင်ယောင်တယ်။ ဆိုင်းတမ်းကလေးထမ်းပြီး နှိုးဆော်နေတာ.

ဂျုလိုင်မပါလား။

PAUK said...

မန်းလေးအထွက်က အနာကြီးသည်တွေ
နေတဲ့အဆောက်အအုံတောင် သတိရမိသေး..
ဘာတဲ့..နာမည်လေးက လှလှလေးပါ..။
အခုရှိသေးလားတောင်မသိ..
့ဖျက်လိုက်ပြီထင်တယ်...။။

PAUK said...

နောက်တစ်ခါထပ်လှူဖို့ရှိရင်
ပို့စ်တင်လေ..
ဒါမှ လူတိုင်းသိမှာပါ..။။

သဒ္ဓါလှိုင်း said...

မင်္ဂလာပါရှင်..။စာတွေလာဖတ်သွားပါတယ်..။

ခင်မင်စွာ
သဒ္ဓါလှိုင်း

မိုးခါး said...

သနားပါတယ်နော် ..း((
မြင်ရတာ စိတ်မကောင်းလိုက်တာ ..း((

linn said...

မြင်ရတာ တော်တော် စိတ်မချမ်းသာစရာကောင်းတယ် နော် ...
ဘ၀တွေလဲ အမျိုးမျိုးပဲ ..
ပြည့်စုံတဲ့သူတွေကလဲ ပြည့်စုံတဲ့ အလျောက် အပူတွေ ရှိနေကြတယ် ...
သူတို့လိုတွေကလဲ သူတို့ အလျောက် ခံစားချက်တွေနဲ့ ရှိမှာပဲ ...