27 February 2010

သစ်ခြောက်ပင်

စိမ်းစိမ်းရယ် မစို
သစ်ခြောက်ပင်အို
....

တောင်ထိပ်မှာ
တစ်ပင်တည်း
ထီးထီးရယ် ကျန်

လေဆန်လည်း
သူမလဲ
လေထန်လည်း
သူမလဲ

အရိပ်ရယ်
မခိုအားတော့
သောင်းသောင်းချီ
ငှက်ပလီဘယ်မနားတယ်
အားကငယ်ငယ်

အနားက
ကလူဆယ်
အကိုင်းခို
တစေ(သရဲ)ခြောက်တောင်
အပန်းပြေ
ငါမကြောက်ပေါင်
ထပ်ခြောက်ပါလှည့်
.....

16 comments:

သက်ဝေ said...

သူ့ဟာသူနေတဲ့ တစ္ဆေ သရဲကိုတောင်
လာခြောက်ပါလို့ ခေါ်နေတယ်...
တယ်သတ္တိကောင်းပါလား...
တကယ်ကြီး လာခြောက်တော့မှ ထွက်ပြေးမှာ မြင်ယောင်မိပါသေး...း))

(အခုပဲ ၁၂ နာရီထိုးခါနီးနေပြီနော်... ဒီလို အချိန်ဆို သူတို့ လာ လာ ခြောက်တတ်တယ်... ဘုရားစာရွတ်နေပါ...)

ချစ်ကြည်အေး said...

အေးလေ...သရဲ တစ္ဆေ ဘယ်ကြောက်မတုန်း...ပေးစမ်း ဘယ်မလဲ ငါ့ဓါး...ညှင်း ညှင်း ညှင်း....:)

ဂျူနို said...

ရွာသား တစေ ဝေလေလေ
နင် ဘယ်ကိုင်းမှာ နေ
ညောင်ကိုင်းမှာ နေ
နင် ဘာသီး စား
ပဒိုင်းသီး စား
နင် ဘာရည်သောက်
ထန်းရည် သောက်
နင်သေရင် ဘယ်သူ့ကို ခြောက်
ဘလောဂါ အားလုံးကို ခြောက်
ဟေး ရွာသား တစေ ဝေလေလေ....

khin oo may said...

နုညံ့နေပါလား အသည်းငယ်နေသလား။

Talkii said...

တစ်နေ့တော့ မိုးထဲမှ အမွှေးဆုံး ပန်းများ ပွင့်လန်းလို့ ...

ဇွန်မိုးစက် said...

ဂျူနိုမန့်ထားလေး သဘောကျတယ်။ သစ်ခြောက်ပင်အိုပေါ်က ရွာသားတစ္ဆေ ဝေလေလေ...း)

ကြည်ဖြူပိုင် said...

ကာရန်အစပ်အဟပ်လေးတွေနဲ့
အရမ်းကိုကောင်းတဲ့ကဗျာလေးပါလား
ကိုရွာသားရေ
ကြိုက်နှစ်သက်စွာခံစားသွားပါတယ်

သူရဲကောင်းကြယ် said...

ကဗျာတွေကောင်းတယ်ဗျို့..

Unknown said...

ဒီတခါတော့ ဒီစာေ၇ာက်တော့မယ် ဟဲဟဲ

ကိုလူထွေး said...

ဝူး..ထွား.. ဟား.. ဟား...

(သရဲ လာချောက်သွားသည်)

းဝ)

ကြည်ဖြူပိုင် said...

ဘာရို့တတ်ချင်တာရဲ?
;P

WWKM said...

ရွာသား မြန်မြန်နေကောင်းပါစေ....

မကြီးဝါ

ကြည်ဖြူပိုင် said...

ကျားပိစိညှောက်တောက် ပေါက်စိကွေး သေးသေးလေး
နောင်မကေးဘူးလား?
ဒိုဆာ
နောင်ကေး ပါစေ။ :P
ကျားအမေ့ဗိုက်ထဲကထွက်လုထွက်ခင်ပြူတစ်ပြူတစ်
လေးက ဆောင်းတုပါတယ်။

ဟားဟားဟား
နားမလည်ရင်တော့တတ်နိုင်ဘူး
ပြောချင်ရာတွေလျှောက်ပြောသွားတာ
အမလစ်တုန်း :D

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာရဲ့ ဆိုလိုရင်းကို တအားကြိုက်တာပဲ အစ်ကိုရွာသား။ အထီးကျန်ဆန်လွန်းတော့ တစ္ဆေသရဲကိုတောင် ထပ်လာခြောက်ဖို့ မျှော်နေရတဲ့ သစ်ခြောက်ပင်အိုရဲ့ဘဝ... နင့်နင့်နဲနဲ ခံစားသွားပါတယ်...

Unknown said...

အသက်ကြီးလာလို့ လားမသိဘူး
ဒီလို သစ်ခြောက်ပင်အိုတို့  ဘာတို့ ဆိုရင် ဖတ်ရင်း စိတ်ဓါတ်ကျလာတယ်
စိမ်း၂စို၂ လေးများ ရေးပါ့ မောင်ရွာသားရယ်

မျှော်လင့်ခြင်း said...

Bonus ရထားတာတွေ မကုန်သေးဘူးဆိုရင်
သူငယ်ချင်းတွေ နဲ့  ပျော်လို့ ရပါသေးတယ်
ဘယ်လိုဖြစ်လို့  ဒီလောက် အထီးကျန်နေတဲ့ ကဗျာကို ရေးနေပါလိမ့်  ။