25 December 2009

ကော်ဖီခွက် ပုရွက်ဆိတ်၊ ရဲတိုက် နှင့် ဆေးမင်ရည် စုပ်ထိုး………………


အသက်ကလေးရလာတော့ ဟိုက ဒီက မေးကြပါတယ်။ ဘယ်တော့စားရမလဲ။ တီးတီးတိုးတိုး သဖန်းပိုးနဲ့ သီတင်းကျွတ်တော့မည် သီတင်းကျွတ်တော့မည်တဲ့။ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် အမေ့သား ဘယ်တော့ ရေတိမ်နစ်မယ်မသိသေး….

ကြားဖူးနားဝရှိတဲ့ ပုံနှစ်ခုက

ရုံးက အစ်ကိုကြီးတစ်ယောက်က ပြောတဲ့ ဥပမာက ကော်ဖီခွက်နဲ့ ပုရွက်ဆိတ်တွေ…………….
လူပျိုလေးတွေက ခွက်နှုတ်ခမ်းက ပုရွက်ဆိတ်တွေနဲ့ တူကြတယ်တဲ့ ခွက်ထဲက ကော်ဖီကို ပူမှန်းမသိ အတင်းခွက်ထဲခုန်ဆင်းမယ်ချည်းဆိုပဲ။

Supplier အစ်ကိုတစ်ယောက်ပြောတာက အိမ်ထောင်ပြုတာကို ရဲတိုက်တစ်ခုနဲ့ ဥပမာပြုတယ်။ အိမ်ထောင်မပြုရသေးတဲ့ သူတွေက ရဲတိုက်ထဲကို ၀င်ချင်ကြသတဲ့။ ၀င်ချင်ဆို ရဲတိုက်ကြီးကလည်း တယ်ခမ်းနား ကြီးကျယ်တာကိုး။ အိမ်ထောင်ပြုပြီးသူတွေကတော့ ရဲတိုက်ထဲကလူတွေတဲ့ ရဲတိုက် အပြင်ဘက်ကို ဖြစ်နိုင်ရင်ပြေးထွက်ချင်ကြတယ်တဲ့လေ။

အိမ်ထောင်ပြုခြင်းနဲ့ စပ်လျဉ်းပြီး အိမ်ထောင်တစ်ချို့အကြောင်းကို တွေးမိသွားစေခဲ့တယ်။

က

မေက မောင့်မျက်နှာတစ်ရွာထင်ပြီး လိုက်လာခဲ့ပြီ။ မောင်တို့ဆီမှာက မောင်နှမ ဆယ့်သုံးယောက်။ မေက ရွှေဘုံစံမင်းသမီး ရွှေလင်ပန်းနဲ့အချင်းဆေး မင်းမွေးသလို မွေးထားတဲ့ သမီး။ မောင်တို့က ဦးလေးတွင်ခုံမှာ မိသားစု တွေ ၀ိုင်းလုပ်ဝိုင်းစားပေါ့။ ဆင်းတယ်ရဲတယ် မေဘယ်မမှုပေမယ့် သောက်ဟယ်စားဟယ် မောင်တို့ အသိုင်းအ၀ိုင်းမှာ မေ့တွက်တာ နေရာခက်လှတယ်။ ကျန်တဲ့အချိန် စင်းလုံးချော ကောင်းလေတဲ့ မောင့်အသွေး၊ သေရည်တွေ ၀င်ရင်တော့ သွေးဆိုးတွေဖြစ်နေခဲ့သည်တဲ့။ ဒီသေရည်သောက်သည့်အချိန်တိုင်း စကားတွေများ ရန်တွေဖြစ် နောက်ဆုံး လက်တွေပါသည်အထိ။ အကြိမ်ကြိမ်ပြိုကွဲမယ်လို့ ကြံစည်မိတဲ့ အိမ်ထောင်ရေးတစ်ခုပေါ့။ ဒါပေမယ့် သားလေး မွေးပြီးတဲ့ နောက်မှာတော့ မောင်ပြောင်းလဲသွားခဲ့တယ်။ အစစအရာ ပြောင်းလဲမှုတွေနောက်မှာ မောင့်ရဲ့ အရိပ်ဟာ မေ့အတွက် အေးရိပ်သာဖြစ်စေခဲ့တယ်။ နွေးထွေးတဲ့ မောင့်လက်တစ်စုံဟာမေ့အတွက် ဘယ်အရာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားတစ်ရပ်ပါ။ အခုအခြေအနေကို မြင်ကြတဲ့ သူတိုင်းက ငြိမ်းချမ်းလေခြင်း ကံကောင်းလေခြင်းဆိုပြီး မေ့ကို အားကျချီးမွမ်းကြတယ်။ တကယ်ဖြတ်ခဲ့ဖူးတဲ့ မေ့ဘ၀ ခရောင်းတောကာလကို သူတို့ မသိခဲ့ကြပါဘူး။ သူတို့မြင်ရတဲ့ ကာလက ရွှေရောင်လွှမ်းတဲ့ မေ့တိုင်းပြည်ဖြစ်နေခဲ့ပြီလေ။



ကျွန်ကုလား မယားတောသူ၊ ဒီစကားပုံကို ဘာဖြစ်လို့ ယုံမိပါလိမ့်။ မရွှေအေးတို့က ဟိုးတောဆိုမှ တောထဲက။ ကားလမ်းခရီးဆိုတာတောင် ဖြစ်ဖြစ်ြမည်အောင် သွားဖို့ ခက်ခဲဘိခြင်း။ လေယာဉ်ခရီးကျတော့လည်း ငွေရေးကြေးရေးက မတတ်နိုင်ရင် လေယာဉ်ဆိပ်သွားဖို့တောင် အနိုင်နိုင်။ မရွှေအေးတို့ အိမ်ထောင်ကျတော့ ယောင်နောက် ဆံထုံးပါ ရန်ကုန်မြေကို ခြေချပြီပေါ့။ သူပြောနေကျ စကားက ကိုယ်တွေတုန်းက တောမှာနေလို့ နိမ့်ကျခဲ့သတဲ့။ သူ့သားသမီးတွေ မနိမ့်ကျအောင် ရန်ကုန်မြေက တလက္မမှ မရွှေ့ချင်ဘူးဆိုပဲ။ အိမ်လခလား ယောက္ခမပေးလိမ့်မယ်။ ဆန်နဲ့ဆီိ ယောက္ခမပေးလိမ့်မယ်။ မရွှေအေးဘာလုပ်နေလဲ ဟုတ်လား။ အားတယ်ကို မရှိပါဘူး အိမ်ရှေ့က ပူတော့ အိမ်နောက် ပြောင်းအိပ် အိမ်နောက်က ပူတော့ အိမ်ရှေ့ပြောင်းအိပ် နေ၀င်မိုးချုပ် အလုပ်တွေသိပ်ရှုပ်ပေါ့။ မရွှေအေးတို့ကျေးဇူးရှင် ယောက္ခမကို ဘယ်လိုထားသလဲ သိလား။ သူရန်ကုန်တက်လာရင် မြန်မြန်ပြန်အောင် လုပ်တာပေါ့။ နားဆူတယ်လေ။ လိုအပ်တဲ့ ငွေကြေးအကူပဲယူမယ် ယောက္ခမ အပူမယူလို။ သူတို့သားအမိတွေကြား ရန်တိုက်ပေးလိုက်တယ်။ အိမ်က နွားကလည်း မရွှေအေးပြောသမျှ ယုံတယ်လေ။ ခပ်ပါးပါးပါပဲ တစ်ချက်နှစ်ချက် ပုတ်လိုက်ရင် ဘွားတော်ကြီး အိမ်ပြန်ခရီးပေါ့။



တံခါးနောက်ကွယ်က အဖြစ်တွေကို ဘယ်သူမှ သိကြမယ်မဟုတ်ဖူး။ ကိုကိုက သိပ်ချစ်တယ်တဲ့။ ယုံပါတယ် ကျွန်မယုံပါတယ် ကိုကို ကျွန်မကို သိပ်ချစ်တယ်ဆိုတာ အခုတော့ ကျွန်မသိပြီလို့ ပြောရမတတ်အောင်ကို ယုံပါတယ်။ ယောင်္ကျားလေးတွေနဲ့ မပတ်သတ်ရဖူး။ သူငယ်ချင်း ယောင်္ကျားလေးတွေနဲ့ ချက်တင်မှာ စကားပြောတာ ဖုံးပြောတာတောင် လက်မခံနိုင်ဖူးတဲ့လေ။ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း မိန်းကလေးတွေချည်းဖြစ်ရမတဲ့။ ဖုန်းတဂွမ်ဂွမ်ဆက် ယောင်္ကျားလေးအသံတစ်ခုများကြားရင် အခုချက်ချင်း ပြန်ခဲ့ရမတဲ့။ ဘယ်လောက်မွန်းကြပ်လိုက်သလဲ ကျွန်မဘ၀က ဘယ်လောက် ကျဉ်းကျပ်သလဲ။ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဒီလို ဘောင်တစ်ခုနဲ့ နေရမယ်ဆို လှောင်အိမ်ထဲက ငှက်တစ်ကောင်နဲ့ထပ်တူ ဖြစ်နေတော့မပေါ့။ အကယ်၍များ စကားတွေများကြပြီဆိုရင် လမ်းခုလတ်မှာ သန်းခေါင်သန်းလွဲဖြစ်လည်း ကျွန်မကို မငဲ့ကွက် ထားခဲ့ရက်ပြန်တယ်။ ဒီထက်ပိုပြီး မိန်းကလေးပီပီ အနိုင်ယူစိတ်နဲ့ ကိုကို့အသားကို လက်သည်းချွန်တစ်ချက်ဆွဲမိရင် ကျွန်မမျက်နှာ အညိုအမည်းထင်ပြန်တယ်။ ဒါ သိပ်ချစ်တာတဲ့လား ကိုကိုရယ်။ အကျဉ်းထောင် တစ်ခုလို ငရဲခန်းတစ်ခုလို ဖြစ်နေတဲ့ အိမ်ထောင်ဆိုတဲ့အရာကို ရှင်တို့များ အားကျနေမိသလား။ လွတ်လပ်စွာ ကိုယ်သွားချင်တဲ့နေရာကို သွားလာနေကြတဲ့ အိမ်ထောင်မရှိသေးတဲ့ ကျွန်မ သူငယ်ချင်းတွေကို မြင်ရင် အတောင်ဖြတ်ခံထားရတဲ့ ငှက်တစ်ကောင်လို ကျွန်မ လှောင်အိမ်ထဲက အတောင်တကြွကြွ ဖြစ်နေဆဲပါလေ…………


…..


……

.
.
.
.
.

.
.


သံတူကြောင်းကွဲ မျိုးစုံသော အိမ်ထောင်ရေးတွေ အက္ခရာတစ်အုပ်စာ မက ရှိပါလိမ့်မည်။

အိမ်ထောင်ပြုဖို့ဆိုရင် ကျနော် ပထမဆုံးစဉ်းစားမိတဲ့ အချက်က နားလည်မှုဆိုတာပါပဲ။ အပြန်အလှန်နားလည်မှုရှိပြီး ကျနော့လက်ကို ထာဝရတွဲသွားမယ့်သူက ကျနော့အိမ်ထောင်ဖက်ဖြစ်မှာပါ။ တစ်ဖတ်သတ်ကြည့်ပြီး မိမိလိုအင်ဆန္ဒကို ရှေ့တန်းတင်ကြမယ်ဆိုရင် သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမယ်လို့ ကျနော် မမြင်မိပါဘူး။

အခုအချိန်ထိမရင့်ကျက်နိုင်သေးတဲ့ ကျနော်လို လူတစ်ယောက် အိမ်ထောင်ရေးဆိုတဲ့ အမြင်ကို ဆွေးနွေးနိုင်ဖို့ သိပ်ခဲယဉ်းလွန်းပါတယ်။

ကျနော် အိမ်ထောင် ဘယ်တော့ပြုမလဲ…ဟုတ်ကဲ့ အိမ်ထောင်ပြုဖို့ အခွင့်အခါ ကြုံကြိုက်ရင် အိမ်ထောင်ပြုဖြစ်ပါလိမ့်မယ်။ ကျနော့အသက်လား ငယ်ပါသေးတယ်။ ဘာမှတောင် မဘာရသေးလို့ လူအများဆူလည်း ခဏပေါ့။ ခလေးပဲရှိသေးတာကိုး။ မယုံရင် အမေ့ကိုမေးကြည့်ကြပါ…………………

26 comments:

WWKM said...

ဟဟဟား.. ကျမဖတ်မိ အပြစ်ရှိ၏။

ဖစ်ရမယ် ရွာသားတို့ကတော့..
ကိုယ်ကလိမ္မာတဲ့သူပဲ အလိမ္မာအိမ်ပါ အေးအေးဆေးဆေး ချစ်သူလေးတစ်ယောက်ရှာ..
(ရှိပြီးသားပဲကိုများ)ဒီနေ့ သောကြာညနေဆို ချစ်သူ
အတွက် အချိန်ပေးတဲ့နေ့ .. (အစ်မသိပြီးသား)း)
ချစ်သူလေးနဲ့ လက်မထပ်ခင်အချိန်တွေမှာ ကိုယ်က
သူ့အပေါ် ဘယ်လောက်နားလည် ခွင့်လွတ်နိုင်မလဲ..
သူ့ကောင်းကွက်ကလေးတွေရော ၊ မကောင်းကွက်က
လေးတွေရောကို လက်မထပ်ခင်အချိန်အတွင်းမှာ သိနား
လည်နိုင်အောင်ကြိုးစားပြီးရင် ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်
က နားလည်ခွင့်လွတ်ပေးနိုင်တယ်ဆိုရင်တော့ လက်ထပ်ဖို့စဉ်းစားပေါ့လေ..
ဒါပေမယ့် အိမ်ထောင်ကျပြီးမှ ကိုယ်မသိသေးတဲ့ ဆိုးကွက်ကလေးတွေကလည်း ပေါ်လာတတ်ပြန်တယ်
နော်. အစ်မလိုပေါ့.း))

တစ်ဦးအပေါ်တစ်ဦး ခွင့်လွတ်နားလည်မှုတွေနဲ့ တည်
ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ရွာသားတစ်ယောက်
အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ..
မင်္ဂလာဆောင်ရင် အစ်မကိုဖိတ်နော်..
လက်ဖွဲ့အကြီးကြီး လက်ဖွဲ့ဦးမှာ. ( ကလေးဆိုတော့ အရုပ်ပေါ့)း)

ကလေးလုပ်မနေနဲ့ အသက် ၃၀ကျော်ပြီ လူပျိုကြီးဖြစ်နေ
ပေါ့..း) ဂမ်ဘတ်တယ်နဲ


အရိဂတို ဂိုဇိုင်းမတ်

မကြီးဝါ

Rita said...

ဟက်ဟက်

Taungoo said...

"ပ" ကို ထပ်ရေးပေးပါ။

Taungoo said...
This comment has been removed by the author.
ကြည်ဖြူပိုင် said...

ကိုရွာသားတို့
တကယ်စာရေးကောင်းတယ်
လက်ဖျားကိုခါရော..
:D
မမရွာသူနဲ့အမြန်ဆုံး
ပေါင်းစည်းနိုင်စေသော်
အိုအောင်မင်းအောင် ပေါင်းဖက်နိုင်စေသော်ဝ်

pandora said...

၅၀ ၊ ၅၀ ပါပဲလို့ မျှမျှတတသမားတွေက မယုတ်မလွန် ပြောလေ့ရှိပါ၏။

မေငြိမ်း said...

အမ်မလေးတော်... အိမ်ထောင်ရေးဆိုတာ ထီထိုးရသလိုပါပဲဆို...။ (ဟဲဟဲ.. အကြိမ်ကြိမ်ထိုးရင်တော့ တကြိမ်ပေါက်ကောင်းပါရဲ့.. ဒါပေမဲ့ မပေါက်ခင်တော့ .. ဒါမှမဟုတ် မပေါက်ဘူးဆိုရင်တော့လည်း ရင်းထားရတာတွေ ရှုံးသပေါ့ကွယ်..။) ပြီးတော့ ထီထိုးတာကလည်း ၀ါသနာပါဦးမှ.. :P

khin oo may said...

ဓါတ့်ပုံလှတယ်။

khin oo may said...

မယုံဘူး။ ..................

Anonymous said...

က


အိုင်ဒီယာကောင်းတယ်။

Unknown said...

မဆွေးနွေးနိုင်ပေလို့သာပဲကိုး...

သက်ဝေ said...

ကပ်ကပ်သပ်သပ်ပြောတယ်လို့ မထင်ပါနဲ့...

အိမ်ထောင်တခုမှာ အပြန်အလှန် နားလည်မှု ရှိတယ် ဆိုတာ တခုထဲနဲ့တော့ မပြီးသေးဘူး..
တကယ်ချစ်ဖို့လဲ လိုသေးတယ်...

တကယ်မချစ်ရင် နားမလည်နိုင်ဘူး...
နားမလည်ရင် သည်းမခံနိုင်ဘူး...

:P said...

ကျွန်ုပ်၏ ကိုယ်တွေ့ ။

အိမ်း... ဘာမှ မဘာခင်တုံးကတော့ တွေးတာပဲအေ.. ချင့်ချိန်လိုက်ရတာလည်း မောရော။

ဘာမယ်လည်း ကြံရော၊ တွေးထားတာ ၊ ချင့်ချိန်ထားတာတွေ အကုန်မေ့သွားတာပဲ

ATN said...

သက်ဝေပြောတာကို ၁၀၀% သဘောတူပါတယ်...

Merry X'Mas ညီလေး...

မျှော်လင့်ခြင်း said...

ဒီလောက်စဉ်းစားနေရင်တော့ ....... မလွယ်

ကျွန်မအထင်တော့ 
အိမ်ထောင်ရေးဆိုတာ ရိုးရိုးလေးပါ
ဒီလူနဲ့ သာဆိုရင် ဘဝမှာ အခက်အခဲ ကို ရင်ဆိုင်ရဲတယ်
ဆိုတဲ့  စိတ်ကလေး တခုပဲ လိုအပ်ပါတယ် ။

Mogok Thar said...

လိမ္မာပြီး သဘောမနောကောင်းတဲ့၊ စနစ်ရှိပြီး တိကြတဲ့၊ နောက်ပြီး သံယောဇဉ်ကြီးတတ်တဲ့ ရွာသားလေး ရဲ့ အိမ်ထောင်ရေးခရီးဟာ အဆင်ပြေ ချောမွေ့မယ်ဆိုတာ ယုံကြည်ပါတယ်။

ခင်မင်လျှက်

T T Sweet said...

ဇာတ်လမ်းလေးတွေ ဖတ်လို့ကောင်းတယ်။ အိမ်ထောင်ရေးမှာ ကံလည်းလိုတယ်။ ထီထိုးရသလိုပဲတဲ့။

စကားမစပ် ... ခလေးလေးပဲ ရှိသေးတယ်ဆိုလို့ ... ခလေးလေးက ကျောက်ကျောတွေ အဲလောက်အများကြီးစားနိုင်သလား ...း))

ရီမိုးပြည့်  said...

လူတိုင်းကတော့  အိမ်ထောင်ရေးနဲ့  ပတ်သက်ရင့်အကောင်းဆုံးကို မျှော်လင့်ကြတာပါပဲ။ ကိုရွာသားလည်း အကောင်းဆုံးတွေပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်နော်...

သိင်္ဂါကျော် said...

ကော်ဖီခွက် နဲ့ ပုရွက်ဆိတ်... ရဲတိုက် ဥပမာတွေကို သဘောကျတယ်။
ကောင်းတာတွေလည်း ရှိပေမယ့် ကိုယ့်မျက်စိရှေ့မှာ မကောင်းတာ အများကြီး ဆိုတော့လည်း ခက်သားလား...

ရွှေပြည်သူ (ShwePyiThu) said...

အသက်ကြီးလို့ တူတူမတွေက “ကြီးတော် ဘာလို့ အပျိုကြီး ဖြစ်လဲ”မေးရင် ဒီပို့စ်ကို လက်ညှိုးထိုးပြရုံပဲ... အဆင်ပြေလိုက်တား))

ဇွန်မိုးစက် said...

အပေါ်က ရွှေပြည်သူ မန့်သွားတာလေး သဘောကျတယ်။ :D
အစ်မသက်ဝေပြောတဲ့အတိုင်း အချစ်နဲ့နားလည်မှုက အရေးကြီးဆုံးလို့ ကိုယ်လည်း ယုံကြည်တယ်။ ရွာသားလေး ကံကောင်းမှာပါ။

ကောင်းကင်ပြာ said...

သက်ဝေ ကွန်မန့် ကို အကို အောင်သာငယ်က ထောက်ခံသလို...တို့ကလဲ ၁၀၀% ပါ..း)

Unknown said...

ဟုတ်တာပေါ့ ခလေးကြီးရယ် အသက်လေးဆယ်မှ ဘ၀စတာဆိုလား ဒါဆို သားသားက ခလေးပဲရှိသေးတာပဲ ငယ်ပါသေးတယ် သားသား အမေကိုလည်း မေးမကြည့်တော့ပါဘူး

သူ့ ကျမှ ရေတိမ်ပဲ နစ်တယ်လို့  ပမာထားပြောရတယ်ရှိသေး
တော်ပြီအေ တို့ တော့ ရေတိမ်နစ်တယ်ဆိုပြီ နာမည်ပျက်မယ့်အစား ပင်လယ်ထဲပဲ ဒိုင်ဗင်ထိုးဆင်းတော့မယ်

ပျော်စရာလေးခံစားမိလို့  စတာပါကွယ်
ရွာသားလေးနဲ့  ရှေ့ ဘ၀လမ်းမယ် နားလည်တဲ့ မေတ္တာ အကြင်နာပြည့်ဝတဲ့ ချစ်ရတဲ့ အိမ်ထောင်ဖက်နဲ့  ပေါင်းဖက်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်

JulyDream said...
This comment has been removed by the author.
Ree Noe Mann said...

ခလေးပဲ ရှိသေးတာကိုး ဆိုတာကို ယုံပေးလိုက်မယ်။
မယုံရင် ကိုယ်ဖက် လှည့်လာမှာကြောက်လို့။
လွတ်လွတ်လပ်လပ်နေချင်သေးတယ်။
သီဟတင်စိုးလို ခုထိ လွတ်လပ်ရေး မရသေးတဲ့ ခေတ်ကြီးထဲ မဝင်ချင်သေးဘူး။
အချိန်တန်တော့ ဖြစ်လာမှာပေါ့လေ။

မိုးခါး said...

အင်း
ကိုရီနိုကတော့ ပြောနေကျ
ယောကျားလေးကံဆိုးရင် အိမ်ထောင်ကျသတဲ့
ဘယ်လိုလုပ်မတုန်း
:D
(အလကားနောက်တာ :D)
စာကို စာလိုပဲ ဖတ်သွားတယ် .. တိပါတယ် ..း))