15 December 2009

နတ်တော်လကွယ်နေ့

ယနေ့ နတ်တော်လကွယ်နေ့………………………ထို့အတူ……….

မနက်က ဆရာတော်ကြီးကို ဆွမ်းကပ်အပြီး ပုံမှန်အတိုင်း ရုံးတက်ဖို့ သုတ်သီးသုတ်ပျာ လုပ်နေဆဲ ရှစ်ပါးသီလယူမည့်သူများ တရားနာရန်ကြွပါဆိုတော့မှ သတိရတယ် ယနေ့နတ်တော်လကွယ်နေ့ ဥပုသ်နေ့။

ဘဝမှာ မှတ်ရလွယ်တဲ့ နေ့ရက်တွေနဲ့ အဖြစ်အပျက်တွေက သိပ်တိုက်ဆိုင်လွန်းနေသလား။

တန်ဆောင်မုန်းလပြည့်နေ့ မေ့မွေးနေ့ပါ။ မေ့မေ့ပျောက်ပျောက်ကို မဖြစ်နိုင်လောက်အောင် သိသာတဲ့နေ့ပေါ့။ လမင်းကြီးသာသလို မေ့မျက်နှာငွေလဝန်းကလည်း ဝိုင်းစက်လို့။ အဲ့ဒီနေ့ ရောက်တိုင်း မပျက်မကွက်မေ့ကို ကန်တော့ရင်း သူလိုချင်တဲ့ မွေးနေ့လက်ဆောင်လေးတွေ ပေးနေကြ။ ကျနော်တို့ အိမ်မှာက မိသားစုဝင်တစ်ယောက်မွေးနေ့ ရောက်တိုင်း စက်ရုံနယ်မြေမှာ အကောင်းဆုံးလို့ ဆိုရတဲ့ သရက်ပင်ဆိုင်မှာ မုန့်စားခွင့် ရလေ့ရှိတယ်။ တစ်နှစ်မှာ သုံးခေါက်ပဲဆိုတော့ ဒီအခွင့်အရေးက လက်မလွတ်သင့်ဖူးလေ။ ကျနော် အပြင်ထွက်လာပြီးတဲ့နောက်ပိုင်းတော့ သူတို့နှစ်ယောက်တည်း အခုလိုမှ လုပ်ဖြစ်သေးရဲ့လား မသိတတ်တော့။

သီတင်းကျွတ်လပြည့်နေ့ ကျနော်သုံးနှစ်သားမှာပဲ မေ့ဖက်က အဖိုးဆုံးပါတယ်။ သီတင်းကျွတ်ကာလမို့ အမျိုးတွေဆုံနေတုန်းပေါ့။ အဲ့ဒီနေ့ နေ့လည်က ကျနော်က အဖိုးရဲ့ အနောက်ဖက် ကုတင်မှာ အိပ်နေခဲ့တာ။ ငိုသံတွေကြားလို့ အိပ်ချင်မူးတူး ထကြည့်တော့ မေတို့ ညီအစ်မတွေ ငိုကြွေးနေကြတယ်။ ရွှေတောင်ကြီးပြိုပေမယ့် ကျနော်က ငယ်လေတော့ ဘာရယ်ကို မသိခဲ့။ ဆရာမတွေ အိမ်မို့ ကျောင်းသားတွေ တရုန်းရုန်းနဲ့ ပျော်ဖို့တောင် ကောင်းသေးတော့။ အခုတော့ ခဏခဏပြောင်းလေတဲ့ သချင်္ ိုင်းနောက်မှာ အဖိုးတောင် ဘယ်နားရောက်နေပြီလဲ။

ပြည်ထောင်စုနေ့ မေ့ဖက်က အဖွားဆုံးတဲ့နေ့ပါ။ အဖွားဆုံးတော့ ကျနော်က ရန်ကုန်မှာပါ။ အဖွားဆုံးပြီ ကြည့်မြင်တိုင်က အစ်မကို ခေါ်ပြီး အမြန်လိုက်လာပါတဲ့။ ရန်ကုန်-မန္တလေး အမြန်ရထားကို မနက်ငါးနာရီ လက်မှတ်တန်းစီပြီး ဝယ်ရတယ်။ ပထမဆုံးတစ်ယောက်တည်းသွားရတဲ့ ခရီးမို့ အနည်းငယ်တော့ စိုးရိမ်မိတယ်။ ဆယ်တန်းဖြေပြီးကတည်း မုံရွာကို ပထမဆုံးပြန်ရောက်တဲ့ခရီးပေါ့။ ကားကွင်းကို အပြင်ထုတ်ထားပြီမို့ အရင်လို အိမ်နားအထိ မရောက်တော့။ မြို့ထဲကို သွားတဲ့ကားကို စီးရင်း စျေးဟောင်းနားရောက်တော့ ဖေနဲ့ ဦးလေးကို ဆိုင်ကယ်နဲ့တွေ့လိုက်တယ်။ ဒါနဲ့ကမန်းကတန်းပြေးဆင်းပြီး အိမ်ကို ပို့ခိုင်းရတယ်။ အိမ်က သူတစ်စိမ်းတစ်ယောက်ကို ကြိုသလို ခံစားရတယ်။ အဖွားဆုံးတော့လည်း မငိုမိပြန်ဖူး။

အချိန်ကာလတွေပြောင်းပေမယ့် အဟောင်းတွေကို မမေ့နိုင်သေး။ တစ်နှစ်ပြီးတစ်နှစ် ထိုနေ့ရက် အသစ်များကလည်း ဖြတ်ကျော်ဆဲ။ ထို့အတူ နတ်တော်လကွယ်နေ့သည်လည်း ယခု တစ်ဖန် ဖြတ်ကျော် ပြန်လေပြီ။

23 comments:

Unknown said...

နတ်တော်လကွယ်နေ့ 
ဖြတ်ကျော်ပြန်ပြီ
အဲ့ဒီတော့
အဲ့ဒီတော့
နီးလာပြန်တာပေါ့
ပြာသို လပြည့်ကို ပြောပါတယ်ကွယ်

ကြည်ဖြူပိုင် said...

အမှတ်တရလေးတွေမမေ့တတ်တာကောင်းပါတယ်

မျှော်လင့်ခြင်း said...

အဝေးမှာနေရတော့  အိမ်ကလူတွေ နေကောင်းဖို့ ပဲ မျှော်လင့်မိတယ်
တနှစ်ကုန်ဆုံးတိုင်း Bank Bal ကြည့် လိုက် ဘယ်တော့ ပြန်ရင် ကောင်းမလဲ စဉ်းစားလိုက် နဲ့ 
ပြီးတော့လဲ ဒီသံသရာထဲပဲ

Rita said...

နတ်တော်လကွယ်နေ့ ကကျတော့ ဘာအထိမ်းအမှတ်လဲ

သိင်္ဂါကျော် said...

ဟုတ်တယ်.. နတ်တော် လကွယ်နေ့က ဘာအတွက်မှန်းကို မသိလိုက်ဘူး..

ကောင်းကင်ပြာ said...

မျက်စိတွေ လည်အောင် လုပ်တယ်..

Nge Naing said...

ဟုတ်တယ် အဖိုးတွေ အဖွားတွေ ဆုံးတဲ့နေ့တွေကို လပြည့်နေ့တွေဖြစ်လို့ တိုက်ဆိုင်တယ် မှတ်ရလွယ်တယ် ပြောပြီး နတ်တော်လကွယ်နေ့ကို ဘာဖြစ်တဲ့နေ့ဆိုတာ မပြောထားဘူး။ နတ်တော်လကွယ်နေ့မှာ ဆွမ်းကပ်တယ် သီလယူတယ်ဆိုတော့ ရွာသားရေး (YTU) ရဲ့ မွေးနေ့ထင်တယ်။ မွေးနေ့ဆိုရင်လည်း ပြောပေါ့ ၀ိုင်းဆုတောင်းပေးလို့ရအောင်။

Talkii said...

နတ်တှောလဆိုတော့ အေးနေပြီတဲ့။

khin oo may said...

စဉ်းစားစရာဘဲ

ရွှေရတုမှတ်တမ်း said...

အ ပါ့ ငါ့နှမတွေရာ.. နတ်တော်လကွယ်နေ့ ဆိုတာ ..
ကရင်နှစ်သစ်ကူးမတိုင်ခင် အရင်နေ့ပေါ့...

မျှော်လင့်ခြင်း said...

သူများ comment တွေ ဖတ်မိမှ ကိုရွာသားမွေးနေ့ မို့  ဘုန်းကြီးကျောင်းသွားတာလား
မွေးနေ့ ဆိုရင် လဲ ပျော်ရွှင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်

အေးမြတဲ့  ဆောင်းညနေခင်းမှာ မွေးတယ်လို့ လဲ ရေးထားတော့ မွေးနေ့ လို့ ပဲ ယူဆလိုက်ပြီ။

ဆောင်းချမ်းမိုး said...

အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ..အကို

puluque said...

ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ

Unknown said...

ကျန်းမာပျော်ရွှင်ပြီး အရာအားလုံး ပြီးပြည့်စုံအောင်မြင်ပါစေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လည်း ပြည့်စုံပါစေ

Unknown said...

happy Bday to fri

သက်ဝေ said...

ပုလု တယောက်ကတော့ အသတ်ခံချင်တယ် ထင်တယ်... ဟဲဟဲ...
ကိုယ်ကတော့ ရွာသားလေးကို ကြောက်လို့
Happy Birthday လို့တောင် ဆုတောင်း မပေးရဲပါဘူးလေ...း))

Mee Mee Sandar said...

You started your great day with a meaningful work...

"May you be more prosperous, happy and healthy ever after"

မိုးခါး said...

မင်္ဂလာပါ ..း))
မွေးနေ့လို့ သိထားပါတယ်
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ဆုတောင်းပေးပါတယ်
ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာလည်း ရှေ့ဆက်ပိုင်ဆိုင်နိုင်ပါစေ ဆန္ဒပြုပါတယ် ..း)

ချစ်ကြည်အေး said...

ရွာသား မွေးနေ့ပေါ့ ၊ ဘယ်နှနှစ် မျောက်တုန်း... ၊ ဟမ်.. မွေးနေ့ဆုတောင်းတာများ သက်ဝေက ကြောက်လို့တဲ့၊ တို့ကတော့ ကြောက်ပေါင်၊
ဟေ့ ရွာသား မိုက်ရင်ထွက်ခဲ့ကွ၊ ရုပ်ချောတယ် သဘောကောင်းတယ် ဒါပေမဲ့ ဓါးထိုးတော့ ကြမ်းတယ် ဆိုတာ...ငါ ငါ...။ ဟဲ ဟဲ ဟဲ မနက်ဖန်မှ... နော် ၊ ခုတော့ အိပ်လိုက်အုံးမယ်...၊
မောင်ရွာသား လိုအင် ဆန္ဒပြည့်စေဗျား....။

MieMie said...

HAPPY BIRTHDAY !
သူများက ဘတ်ဒေးဆိုလို့ ဆုတောင်းပေးသွားပါတယ်... ပျော်ရွှင်ပါစေ...

mie nge

ကြည်ဖြူပိုင် said...

အမြီးတော့ ဆုမတောင်းရဲတော့
တိတ်တိတ်လေးလစ်ပီ

WWKM said...

သြော်...ရွာသားမွေးနေ့ကိုးးးးးးးးး
မသိလိုက်ဖူး ရွာသားရေ..
အကျယ်ကြီးအော်သွားတယ်.း)

လိုရာဆန္ဒ အ၀၀ပြီးပြည့်စုံပါစေသတည်....း))

မကြီးဝါ

Rita said...

အော် မွေးနေ့ကိုး

အသက် ၃ဝ ဦးလေး Happy Birthday ပါ