30 November 2009

ချစ်ခြင်း၌လောင်ကျွမ်းခြင်း……….


ချစ်ခြင်းဆိုတာ လောင်ကျွမ်းခြင်းတစ်ခုတဲ့လား……

အစပထမမှာတော့ ကြည်နူးရမယ်။ ပျော်ရွှင်ရမယ်။ ကျေနပ် နှစ်သိမ့်ရမယ်။ နောက်ပိုင်းမှာတော့ မုန်တိုင်းတွေလား ရွေးချယ်ခြင်းတွေ နာကျင်ခြင်းတွေ ဒါတွေက အချစ်ရဲ့ ရသတွေလား။

ဒါဆို ဘာကြောင့်ချစ်နေကြတာလဲ….

ဒီအတွေးတွေကို new moon ရုပ်ရှင်ကြည့်အပြီးမှာ ရလာခဲ့ပါတယ်။ မတူညီတဲ့ဘ၀နှစ်ခု ပေါင်းစပ်ဖို့ ဆိုတာ အချစ်တွေ မစခင်မှာ ဘယ်သူမှ သတိမ၀င်လောက်ပါဘူး။ အချစ်ဆိုတာက သိမ်မွေ့လွန်းစွာ ဖျားယောင်းတတ်ဟန် တူပါရဲ့။ အရာရာတိုင်းကို ကိုယ်တိုင်နဲ့ ချိန်ထိုးတတ်တာမို့ ကျနော်ဆိုရင်ကောဆိုတဲ့ မေးခွန်းတစ်ခု ကိုယ့်ကိုကိုယ် အရင်ဆုံး မေးကြည့်မိတယ်။ သေချာပါတယ် ချစ်မိသွားတဲ့နောက် ကျနော် နောက်ဆုတ်ဖို့ မဖြစ်နိုင်လောက်တော့ပါဘူး။ ကျွံဝင်သွားတဲ့ ချစ်ခြင်းတွေနောက်မှာ နောက်ဆုတ်ဖို့အတွက် ကျနော် မခံစားနိုင်တော့လို့ပါ။

ချစ်ခင်သူနဲ့ ခွဲခွာရခြင်းဆိုတဲ့ ခံစားချက်။ များသောအားဖြင့် ချစ်ခင်သူတွေနဲ့ ခွဲခွာခဲ့ဖူးသူတွေ ချည်းပါပဲ။ ဒါပေမယ့် အတိုင်းအဆ။ ဒီအတိုင်းအဆက ဘယ်လောက်အထိလေးနက်နိုင်မလဲ။ အချစ်က ဘ၀တစ်ခုလုံးမဖြစ်သင့်ဘူး အချစ်က ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်သင့်တယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဘ၀တစ်ခုလုံးစာ ချစ်ခဲ့တဲ့အချစ်ဆိုရင်ကော ဘယ်လိုဖြစ်သင့်သလဲ။ အတိမ်အနက်က စကားပြောမယ်ထင်ပါတယ်။

မတူညီတဲ့ဘ၀နှစ်ခုမို့ ချစ်လျက်နဲ့ ခွဲခွာဖို့ပြင်သူက ပြင်တယ်။ ကျွမ်းဝင်လျက်မို့ အသည်းတဆတ်ဆတ်နာ ဖျတ်ဖျတ်ခါလူးအောင် ခံစားသူက ခံစားတယ်။ ကောင်မလေးပြောသွားတဲ့ စကားလေးကို တဖွဖွခံစားရွတ်ကြည့်မိတယ်။ မင်းနဲ့အတူ အရာအားလုံး ပါသွားခဲ့ပြီတဲ့။ ဟုတ်မှာပါပဲ။ နေ့ရက်တိုင်းကို အကျိုးမဲ့ဖြတ်သန်းနေရမတဲ့လား။ ရူးမိုက်သူလို့ ဆိုချင်ဆိုပါတော့ ဒီနေရာမှာ သူမနဲ့ကျနော်ထပ်တူကျသွားခဲ့တယ်။

ထူးဆန်းတာက သူ့အရိပ် ဒီဝန်းကျင်ကနေ သူမ ထွက်ပြေးမသွားခဲ့တာပါ။ ကျနော်သာဆို ထွက်ပြေးမှာသေချာတယ်။ ဒီအငွေ့အသက် အရိပ်အယောင်တွေနဲ့ ဝေးတဲ့နေရာတစ်ခုမှာ အတတ်နိုင်ဆုံး မေ့ဖျောက်ဖို့ ကြိုးစားရမှာလေ။ ထားခဲ့သူကို တမ်းတပေမယ့် သူမှ ပြန်မလာချင်တော့ပဲ။

နောက်တော့ သူမအဖေနဲ့ ညှိနှိုင်းပြီး သူမရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ စတင်ခဲ့တယ်။ ဒါပေမယ့် သူမ မျှော်လင့်နေတာက သူ့အရိပ်အယောင်တွေပါပဲ။ အန္တရာယ် တစ်ခု မကျရောက်ခင်မှာ သူမကို သတိလာပေးမယ့် သူ့အရိပ်အယောင်တွေပါ။ အရိပ်အယောင်တွေရှာဖွေရင်း သူမ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့ပြန်ရော။ သူမကို မထိခိုက်အောင် ကာကွယ်ပေးမယ်ဆိုတဲ့ အဲ့ဒီတစ်စုံတစ်ယောက်ကလည်း ပျောက်သွားခဲ့ပြန်ရော။

တစ်ကယ်တမ်းသူမတို့ သုံးပွင့်ဆိုင်က မြို့လေးနဲ့အတူရှိနေခဲ့တဲ့ ပုံပြင်လေးတစ်ခုလိုပါပဲ။ နောက်တော့ မခံမရပ်နိုင်တဲ့အဆုံး သူမ ကျောက်ဆောင်ပေါ်ကနေ အဆုံးသတ်ဖို့ ကြိုးစားခဲ့တာပါ။ ကျနော်ဆိုရင်ကော အဖြေကို စာဖတ်သူတွေ သိနေလောက်ပြီထင်ပါတယ်။ ကျနော် မဖြေတော့ပါဘူး။

ချစ်သူသေဆုံးပြီလို့ ထင်ထားတဲ့နောက် မသေနိုင်တဲ့ဘ၀တစ်ခု အထူးသဖြင့် ၁၇နှစ်မှာ ထာဝရ ရပ်တန့်နေတဲ့ ဘ၀ကနေ သူလည်း ချစ်သူနောက်ကိုလိုက်ပါဖို့ အဆင်သင့်ပြင်နေခဲ့ပြီတဲ့။ သတင်းစကားက အမှန်ကို အတိအကျမသိရသေးပင်မယ့် ချစ်သူမရှိတဲ့ ဒီကမ္ဘာမှာ မနေလိုတော့ပြီတဲ့လေ။ ရုပ်ရှင်ထဲမှာမို့လား အပြင်မှာရော အခုလို ချစ်ခြင်းတွေ တည်ရှိနိုင်ပါ့မလား။

မတူညီတဲ့ ဘ၀နှစ်ခုကို တူညီအောင်လုပ်ဖို့ ဖြစ်လာပါတယ်။ ဒီလမ်းကိုရွေးချယ်သင့်ပါတယ်လေ။ ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ အတွက်ရွေးချယ်တယ်ဆိုတော့ သင့်မြတ်တယ်လို့ ထင်မိတယ်။ မဟုတ်ရင် ကျွမ်းလျက်ကွာရမယ် မဟုတ်ပါလား။

ဒါပေမယ့် ရွေးချယ်ဖို့ကလည်း ခက်ခဲနေပြန်ရော။

ချစ်ခြင်းဆိုတာ ပူလောင်လိုက်ပါဘိတော့။ သို့ပါသော်လည်း လောင်ကျွမ်းဖို့အတွက် အဆင်သင့်ဖြစ်နေကြပြန်တာမို့…………..

26 comments:

ForeverSK said...

တစ်ကွ

ForeverSK said...

ရုပ်ရှင်အသစ်ကြည့်ထားတယ်ပေါ့ ..ကောင်းပ

Ree Noe Mann said...

မြန်လိုက်တာ။

ငါများ တစ်ရမလာလို့ ထင်နေတာ။

မှားတာပဲ။ တော်ပြီ စာသွားဖတ်လိုက်အုံးမယ်။

ခင်တဲ့ ရီနို

Ree Noe Mann said...

အကို ပြောတဲ့ ကားလေးကို မကြည့်ရသေလို့

သိပ်သဘောမပေါက်ဘူးဖြစ်သွားတယ်။

အချစ်ဆိုတာကို အကိုလောက် မခံစားတက်လို့လားလည်း

မပြောတက်ဘူး။ သိပ်နားမလည်ဘူး။

တခါတခါလည်း အချစ်ဆိုတာ ဘာကြီးလဲလို့

သိချင်မိတယ်။

လိုက်မရှာမိတဲ့ ကျတော်ကိုပဲ အပြစ်တင်ကျမလားပေါ့။

ရှာခဲ့မိရင်လည်း သူမလိုပဲ ကျောက်ဆောင်ပေါ်ကနေ

အဆုံးသတ်မိမလားပဲ......

ခင်တဲ့ ရီနို

Phyo Maw said...

တာကိုးကော နောက်ဆုံး 1 condition ကို တောင်းဖို့ စိတ်ကူးနေပြီလားဟင် =D

မေလေး said...

ကိုရီနိုရော ကိုရွာသားရော ဆိတ်ထိန်းကြစမ်းဘာာာာ
ညီမတွေမျက်နှာချောကလက်မသုတ်ချင်ကြပါနဲ့ :P

Rita said...

အော် ပုလု ကြည့်ပြီး အိပ်ပျော်သွားတယ် ဆိုတဲ့ကား။
ကောင်းပုံပဲ။

:D

သီဟသစ် said...

ကျောက်ဆောင်ပေါ်က ခုန်မချခင် အမှတ်တရပို့စ်လေး ရေးသွားအုံးနော်

စကားမစပ် Singapore က Bukit Timah တောင် က အမြင့်ဆုံးဆိုပဲ..

အဲဒီတောင်က သိပ်ကဗျာမဆန်ဘူး လှလည်းမလှဘူး

ခုန်မယ့်ခုန်ချ လန်ကာဝီက Sky Bridge ကမှ လှသေး

:D


ရွှင်လန်းချမ်းမြေ့ပါစေ
ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

“If a rush of danger is what it takes to see him then that's what I'll find.” Bella

အချစ်အတွက် မိုက်ရူးရဲဆန်တာကို သဘောမကျတတ်ပေမယ့် အဲဒီစကားလေးကတော့ ဘာကြောင့်မှန်းမသိ ရင်ထဲကို တော်တော်လေး ထိသွားတယ်...

ဇာတ်လမ်းထဲမှာ အသနားဆုံးက Jacob ပါ။ အံ့သြမိတာက သူများတွေ Romantic ဖြစ်လွန်းလို့ ဆိုပြီး ကြိုက်ကြတဲ့ ရုပ်ရှင်ထဲမှာ ဘာ Romance မှ မခံစားလိုက်ရတာပါပဲ...

Rita said...

အိပ်ဆေးပဲ သောက်ကြစမ်းဘာာာ
အေးရာအေးကြောင်း။

ကျောက်ဆောင်ပေါ်က ခုန်ချရင်
သူများတွေ အပန်းလာဖြေရင် ကန့်လန့် ကန့်လန့်နဲ့ လန့်နေကြဦးမယ်။

ကောင်းကင်ပြာ said...

ရုပ်ရှင်ပါ ပဲ..

yehtutnaung said...

ဟုတ်တယ်ဗျာ.. ကျွမ်းလောင်ဖို့ အတွက် အဆင်သင့်ဖြစ်နေကြပါကောလား...

khin oo may said...

ထပ်ထပ်ပြီးဖတ်တယ်။
ပုံ
မာမီ။

Unknown said...

အချိန်တွေက စကားပြောလာမှာပါ
လက်တွေ့ ဘ၀ထဲကို ရောက်စေချင်မိတယ်

puluque said...

အချစ် အချစ် .. သားက အခုမှ ကလေးပဲ ရှိသေးတော့ အချစ်အကြောင်းမသိဘူးဗျ ကိုရွာသားရ.. ဒါနဲ့ ဘတ်ဂရောင်းလေးက လှတော့ လှသား။ ဘာပုံမှန်းမသိဘူးဗျ.. သေသေချာချာ ကြည်တောင် မမြင်ရဘူး..

NangNyi said...

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး အစ်ကိုတွေနဲ့ အကြီးအကျယ်အငြင်းပွားရသေးတယ်.. ဘယ်လိုမှခံစားလို့မရဘူးဆိုပဲ.. သူတို့ကဖြင့် နှလုံးသာတွေမာကျောနေကြပြီးတော့.. “အဖိုးကြီးတွေ”လို့ ပြန်ပြောထည့်လိုက်တော့မှ သူတို့ ငြိမ်သွားကြတာ.. ခံစားမှုအားကောင်းနေသေးသူတိုင်းကတော့ သဘောကျကြမယ့် ဇာတ်လမ်းတွေပဲလို့ ထင်တာပဲ.. တွိုင်းလိုက်ရော နယူးမွန်းရော.. နောက်လာမယ့် အီကလစ်ပ်နဲ့ ဘရိုတ်ကင်းဒေါင်းကိုရော..

မဆုမွန် said...

ရင်နဲ့ရင်းပြီး ပို့စ်လေးကို ခံစားသွားတယ်..လတ်တလော အချစ်ဆိုတာကို ဇဝေဇ၀ါဖြစ်နေတာမို့ပါ..:P

Nge Naing said...

အချစ်အတွက်နဲ့တော့ ဘ၀ကို ဒီလောက်အထိ အရှုံးပေးဖို့ မလိုဘူးထင်တယ်။

mae said...

ရုပ်ရှင်တော့ ကြည့်ဖြစ်ပါဘူး၊ စာအုပ်တော့ ဖတ်မိတယ်၊ teenager တွေအကြောင်း ရေးတဲ့ ဇာတ်လမ်းမို့ ပေါ့ပေါ့လေးပဲ ဖတ်လိုက်မိတယ်၊ ရုပ်ရှင်ဆိုရင်တော့ ပိုတွေးဖြစ်မလားမသိပါဘူး၊

အချစ်ကြောင့် ဘဝပျက်တာတို့ ဘာတို့ကိုတော့ တကယ်ခံစားလို့မရဘူး၊ (နညတော့ အဖွားကြီးလို့ လာပြောတော့မယ်)

Unknown said...

It is very heart touching post. I like the way you express about love .

ThuHninSee said...

ဆက်ဖတ်ပါလေ.. နောက်တစ်အုပ်မှာ ဝေဒနာကို အချစ်သစ်နဲ့အစားထိုးလိုက်ပါတယ်။ သို့သော်လည်း ချစ်သူ နှစ်ယောက်လုံးကို သိပ်ချစ်ရပါတယ်တဲ့။
း)

Dr. Yi Yi Win said...

သူသေပြီမှတ်လို့ ကိုယ်လိုက်သေ၊ ကိုယ်သေပြီမှတ်လို့ သူလိုက်သေ..အင်း ရိုမီယိုနဲ့ ဂျူးလိယက်လိုပဲနော်။

မမသီရိ said...

အချစ်ကြောင့် အရာရာ ဖြစ်နိုင်တယ် မောင်လေး

အဖြူရောင်နတ်သမီး said...

ပထမဦးဆုံးရောက်လာခြင်းပါ...
အားပေးသွားပါတယ်..
နောင်လည်း လာလည်ပါအုံးမယ်...

မျှော်လင့်ခြင်း said...

ဒီရုပ်ရှင်ကို သွားမကြည့် ရသေးဘူး
ဒီ post ဖတ်ပြီးသွားကြည့် လိုက်ဦးမယ်လို့  စိတ်ကူးမိတယ်

တကယ့် ဘဝ မှာတော့ အချစ်ရှိခြင်း မရှိခြင်း နဲ့မဆိုင်ပဲ ကိုယ်တယောက်ထဲ ဒီလိုဘဲ ရုန်းကန်နေရမယ်ထင်တာပဲ