23 November 2009

နောင်တမဲ့ စာသူငယ်မှ

ယနေ့ စိတ်အချဉ်ပေါက်လို့ ရေးတဲ့စာမို့ ဖတ်လို့ကောင်းမယ် မဟုတ်ဘူး။ ဒါပေသိ ဒီနေရာမှာ တင်ချင်စိတ်ရှိလို့ တင်လိုက်ပါတယ်ခင်ဗျာ။

ညီမငယ်တစ်ယောက်ရေးတဲ့စာကို ရန်ကုန်တုန်းက ဖတ်ခဲ့ရဖူးတယ်။ တောင်းမယူထားလိုက်မိတာ နာတာပါပဲ၊ အမှတ်မိဆုံးစကားလုံးလေးက စေတနာဆိုတာ လူတိုင်းနဲ့ မတန်ဖူး လို့မပြောလိုက်ပါနဲ့တဲ့။ စေတနာဆိုတာ လူတိုင်းနဲ့ထိုက်တန်သတဲ့လေ။ ဟုတ်မှာပါ။ အဲ့ဒီလိုပဲ ကျနော်လည်း ခံယူမိတယ်။ ဒါကြောင့်လည်း စေတနာတွေ ရေစီးကမ်းပြိုခဲ့မိတာပါ………………

လူတိုင်းကို ကိုယ်လို စိတ်သွင်းမိတယ်။ ငါ့တုန်းက ဒီလို အခက်အခဲတွေဖြစ်တာ ကြုံရတာ။ သူများတစ်ကာကို မဖြစ်စေချင်ဘူး။ မိတ်ဆွေ အပေါင်းအသင်းအပေါ် နှုတ်၏စောင်မခြင်း လက်၏ စောင်မခြင်းဖြင့် ကူညီဖို့ သွန်သင်ခြင်းခံရတဲ့ စိတ်အခံလည်း ပါပါတယ်။ အမြင်မတော် ဆင်တော်နဲ့ခလောက်ကို ပြင်ဖို့ကြိုးစားတာက အကြိမ်ကြိမ်။ ကိုယ်ထမင်းကိုယ်စားပြီး ကြီးတော် နွား အလကားကျောင်းပေးခဲ့တာက အခါခါ။ ကျနော်ဘာတွေလုပ်ပေးခဲ့တယ်ဆိုပြီး ကျောက်စာတင်ဖို့ ၀ါသနာလည်း မပါ ပါဘူး။ ကျနော့ကို ဘာတွေပြန်လုပ်ပေးပါလို့လည်း မတောင်းဆိုပါဘူး။ အစကတည်းက ဘာကိုမှ ပြန်ရဖို့ မမျှော်လင့်ခဲ့လို့ပါပဲ။ မျှော်လင့်ခဲ့တယ်ဆိုလည်း မေတ္တာတရားကိုတော့ မျှော်လင့်ပါကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ အသွားအပြန်ရှိတယ်ဆိုပေမယ့် ကြုံလိုက်တိုင်း ပြန်လမ်းမဲ့ ဂူဖြစ်ဖြစ်နေတာ ဘာကြောင့်ပါလိမ့်ပဲ။

ကျေးဇူးဆပ်ဖို့ မလိုသလို ကျေးဇူးတင်ဖို့လည်း မလိုအပ်ပါဘူး။ တစ်ခုပဲ ရှိပါတယ် ကျေးဇူးတော့ မကန်းပါနဲ့လို့ ဆိုပါရစေ။ အမြဲတမ်း ကိုယ်ကောင်းတယ်ဆိုပြီး ခေါင်းပေါ်ချီးတက်ပါချင်ကြတာချည်းမို့ပါ။ ကြုံလိုက်တဲ့အကြိမ်တိုင်း အမြဲစိတ်ပျက်အားလျော့မိတယ်။ စေတနာဆိုတာ လူတိုင်းနဲ့မထိုက်တန်ဖူးလို့လည်း တွေးမိသွားတတ်တယ်။ လူတွေနဲ့ ဝေးရာမှာနေမယ်ဆိုပြီး ဆုံးဖြတ်မိတာလည်း များလှပြီ။ လူတွေက ဒီလို စိတ်ရှိတယ် ဒီလိုမျိုးတွေချည်းပဲဆိုပြီး ဆုံးမမှုကို ခံရလိုက် နောက်တော့လည်း ခွေးမြီးကောက်ကျည်တောက်စွပ်သလို အရှေ့က မထော်မနန်းတွေကို မနေနိုင်တဲ့ စိတ်နဲ့ ဟိုပါဒီပါ ပါလေရာဖြစ်နေပြန်တာမို့ ကျည်တောက်လည်း ကျွတ်ကော ဒုံရင်းအတိုင်းကောက်စမြဲလေ။

အခုနောက်ပိုင်းတော့ စေတနာစိတ်များ လျှော့လာသလို ကိုယ့်ကိုကိုယ် ခံစားမိတယ်။ မြင်နေတာကို မြင်နေလျက် မသိချင်ယောင်ဆောင်ချင်လာတယ်။ စိတ်စေတနာပျက်ပြီဆိုရင် ခက်ကပြီ။ တော်တော့တန်တန်ဆို ဥပေက္ခာပြုချင်လာတယ်။ တကယ်တမ်း အဲ့ဒီစိတ်က ကောင်းတဲ့စိတ်မဟုတ်ပေဘူး။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့ ။ဆုံးမတော့ အလွယ်သားနော် နာလွယ်ပြီးလိုက်နာရန်ခက်ခဲဘိခြင်း။ သူများကို မပြောခင်ကိုယ့်ကိုကိုယ် အရင်မေးကြည့်စေချင်တယ် ကိုယ်တိုင်ဆိုရင် ဘယ်လိုနေမလဲဆိုတာကိုပါ။

မသိမမြင်လို့ မဟုတ်ပါဘူး။ မသိကျိုးကျွန်ပြုထားတာပါ။ လူပဲ ခံစားတတ်ပါတယ် နားလည်လွယ်ပါတယ်။ အပွေးမြင် အပင်သိသတဲ့။ နင်းတာပဲ ဖြစ်ဖြစ် ကန်တာပဲဖြစ်ဖြစ် ချက်ဆိုတာနဲ့ နားခွက်က မီးတောက်ပါတယ်။ ကူညီလိုက်လို့ အမြင့်တက်သွားတယ်ဆို တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ ဘူးကောင်းလို့ စင်ခံရတာ စင်ကျိုးလည်း ဘူးသီးအလုံးလှရင် တကယ့်ကို မုဒိတာပွားပါတယ်။ ဘူးသီးလေးလို့ စင်ကျိုးတာ ဘာအရေးလဲနော့။ တမင်ချိုးရင်တော့ စင်ဖက်ကိုလည်း လှည့်ကြည့်သင့်ပါတယ်လေ။ အကူအညီမလိုတဲ့နောက် ဇော်ကန့်လန့်လို လုပ်လုပ်ပြနေတာတော့ မျက်စိနောက်မိတယ်။ အရှေ့ကနေ ငါကွဆိုပြီး လက်မထောင်နိုင်တဲ့အချိန်ဆိုရင် လှေကားထစ်တွေကို ပြန်ကြည့်ဖို့ မမေ့လျော့စေချင်ဘူး။ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုပေမယ့် လမ်းခင်းသူတွေရဲ့ စေတနာကို မမေ့လျော့သင့်ပါဘူး။ စေတနာ အသိအမှတ်မပြုရင်နေပါ ဒီလမ်းကို ဘယ်လိုနင်းဖြတ်သွားတယ်ဆိုတာ အမှတ်ရရင်တော်ပါပြီ။ အခုတော့ ဘုရားပြီးလို့ ငြမ်းမဖျက်ခင်က တံတွေးထွေးပြီး နှပ်ချီးသုတ်ချင်နေကြပြီ။

ဒီစာသူငယ်ကလည်း ခဲမှန်ဖူးတာ အကြိမ်ကြိမ်ပေမယ့် နောင်တမဲ့လွန်းတယ်။ တစ်ခါမှန်လိုက် ပြန်ထူပြီးတိုင်း မူရင်းကို ပြန်ပြန်လုပ်နေမိတတ်တယ်။ တစ်ခါတစ်ခါတော့ စေတနာပျက်ချင်မိတယ်။ စိတ်ကွက်ပြီး လှည့်မကြည့်တာမျိုးလည်း လုပ်မိတယ်။ ကိုယ့်ကိုကိုယ် တစ်ခါမှ သူတော်ကောင်း စိတ်ထားကောင်းတယ်လို့တော့ မကြွေးကြော်ဖူးသလို သူတော်ကောင်း ခြောက်ပစ်ကင်းသဲလဲစင်တွေကိုလည်း ဟုတ်မှန်ကြောင်းလိုက်စစ်ဆေးနေဖို့ ၀ါသနာမပါတာမို့ အေးအေးပဲနေမိတယ်။

ကိုယ်ကောင်းရင် ခေါင်းမရွေ့ဖူး ဆိုပြီး နေနေပေမယ့် ခေါင်းကို မရွှေ့ရွှေ့အောင်လိုက်လုပ်နေလို့ကတော့ ဘီလူးခေါင်းဆောင်းပြီး သွားဖြဲပြဖို့ ၀န်မလေးဖူးဆိုတာတော့ မမေ့ပါနဲ့လို့……………………

31 comments:

Mee Mee Sandar said...

I am no.1... :)

Your post is same as my feeling. But will try to smile and help others as much as I can...

သက်ဝေ said...

ကိုရွာသားလေးက စိတ်တွေတိုနေတာပါလား...
စိတ်မတိုပါနဲ့.. တချို့အရာတွေကို မလိုအပ်ရင် ဥပက္ခာပြု လျှစ်လျှူရှုပြီး သက်သာသလိုသာ နေလိုက်ပါလေ... စိတ်တွေငြိမ်းအေး ချမ်းသာရာရပါလိမ့်မယ်...။

ကြည်ဖြူပိုင် said...

ကိုရွာသားရေ
ဘာတွေဖြစ်?
ဟုတ်တယ်ကွာလူတွေက မကောင်းဘူး(အကုန်လုံးတော့မဆိုလိုပါဘူး)
အနော်လူတွေကြောင့်အရမ်းခံစားရလို့
လူတွေကိုတောင်ကြောက်ချင်မိတယ်
အထူးသဖြင့် ကိုယ်ရင်းနှီးတဲ့လူတွေက ကိုယ့်ကိုလုပ်သွားရင် ပိုခံစားရတယ်
ပထမတော့ ဒေါသ..နောက်ကျတော့နာကျင်မှု
ဒဏ်ရာတွေကိုလူတွေကပဲပေးတာပါလေ

ကြည်ဖြူပိုင် said...

ကိုရွာသားရေ
ဘာတွေဖြစ်?
ဟုတ်တယ်ကွာလူတွေက မကောင်းဘူး(အကုန်လုံးတော့မဆိုလိုပါဘူး)
အနော်လူတွေကြောင့်အရမ်းခံစားရလို့
လူတွေကိုတောင်ကြောက်ချင်မိတယ်
အထူးသဖြင့် ကိုယ်ရင်းနှီးတဲ့လူတွေက ကိုယ့်ကိုလုပ်သွားရင် ပိုခံစားရတယ်
ပထမတော့ ဒေါသ..နောက်ကျတော့နာကျင်မှု
ဒဏ်ရာတွေကိုလူတွေကပဲပေးတာပါလေ

ကြည်ဖြူပိုင် said...

ကိုရွာသားရေ
ဘာတွေဖြစ်?
ဟုတ်တယ်ကွာလူတွေက မကောင်းဘူး(အကုန်လုံးတော့မဆိုလိုပါဘူး)
အနော်လူတွေကြောင့်အရမ်းခံစားရလို့
လူတွေကိုတောင်ကြောက်ချင်မိတယ်
အထူးသဖြင့် ကိုယ်ရင်းနှီးတဲ့လူတွေက ကိုယ့်ကိုလုပ်သွားရင် ပိုခံစားရတယ်
ပထမတော့ ဒေါသ..နောက်ကျတော့နာကျင်မှု
ဒဏ်ရာတွေကိုလူတွေကပဲပေးတာပါလေ

ကြည်ဖြူပိုင် said...

ဆောရီး
ကလစ်နှိပ်တာလွန်သွားတယ်
ခုတလောကိုယ်လဲစိတ်ချဉ်ပေါက်နေလို့
ခံစားချက်ချင်းတိုက်ဆိုင်တယ်ဆိုပြီး
အားပါသွားတာ

puluque said...

ကိုရွာသား ဘယ်သူကို စိတ်တို စိတ်အချဉ်ပေါက်နေတာလဲဗျာ.. လူတွေက ဒီလိုပါပဲဗျ.. သူတို့လိုအပ်ရင်တော့ အနားကပ်လာပီး လိုတာရတဲ့အခါ တိုင်မှတ်လို့ နှပ်တောင်လာမသုပ်တော့ဘူးဗျ..

သီးခံ ဒကာ သီးခံဒကာ

ကျတော့ကို စိတ်ဆိုးနေတာတော့ ဟုတ်ပါဘူးနော်..

မျှော်လင့်ခြင်း said...

ပေါက်ကွဲ မှုတွေ တခုပြီးတခုပါလား
စာတွေ အသစ်တပုဒ်ပြီးတပုဒ် ဖတ်ရတာတော့  ကောင်းပါတယ်။

ကျွန်မကတော့
သိပ်စိတ်ညစ်ရင် ခွင့်ယူပြီး အိမ်ကိုပြန်လိုက်တာဘဲ
အဲဒီတခဏ ကတော့  နောက်တနှစ် လူတွေကို ရင်ဆိုင်ဖို့  အင်အားပဲ

ကောင်းကင်ပြာ said...

စိတ် မတိုပါနဲ့ ရွာသားရယ်..

Rita said...

(puluque said... ကျတော့ကို စိတ်ဆိုးနေတာတော့ ဟုတ်ပါဘူးနော်..)

=D

တချို့ ကိစ္စတွေမှာ ပရိယာယ် မာယာ လိုတယ်လို့ ထင်မိတယ်။ ကိုယ့်အမြင်ပြောတာပါ။

လှည့်စားတာကို ပြောချင်တာ မဟုတ်ဘူး။
ကိုယ့်စေတနာကို တန်ဖိုးရှိအောင် ကူညီတာတောင် နေတတ်ဖို့လိုတယ် ထင်မိတယ်။

(အနေမတတ်ဘူးလို့ ပြောချင်တာလည်း မဟုတ်ပါဘူး=D)

တချို့ကိစ္စတွေကျ ကိုယ့်ဘက်က အချိန်ပဲဖြစ်ဖြစ် ခက်ခက်ခဲခဲ ဖဲ့ပေးရတာမျိုးတွေ ရှိတယ်လေ။ အဲဒီအခါမျိုးမှာ သူတို့ကို ဒါ တန်ဖိုးရှိတယ်။ ကိုယ့်ဘက်က လွယ်လွယ်လေး မဟုတ်ဘူးဆိုတာ ပါးပါးလေးတော့ ပြမိတတ်တယ်။ ကိုယ်ဆိုရင်...

အဲဒါ အမှန်ကို မြင်သာအောင် ပြတာပဲ။
ဒါမှ တန်ဖိုးမထားဘဲ ကျေးဇူးကန်းမယ် အထာမျိုးချိုးလာလို့ကတော့ ဆောရီးပဲ။ သိတတ်နားလည်ပြီး အကူအညီတကယ်လိုနေတဲ့လူတွေ နောက်ထပ် အများကြီး ရှိနေသေးတာမို့ မတန်တဲ့ အဲလိုဟာမျိုးတွေအတွက် အချိန်ထပ် မပေးနိုင်တော့ဘူး။

ဘဝက တိုတိုလေးရယ်။
အကုသိုလ်ပေးမဲ့ဟာတွေဆီက မြန်မြန် ရှောင်နိုင်မှ တော်ကာကျတာ။

Sein Lyan Tun said...

ထပ်တူခံစားရတယ် ကိုရွာသားရေ...

ကျနော်လဲအဲလိုစကားမျိုးတွေနဲ့ ပေါက်ကွဲချင်နေတာ...

ဒါပေမယ့် တခါတလေကျတော့လဲ နှုတ်ဆိတ်နေရပြန်ရော...

ကြိုက်တယ်..

စိတ်တော့မရှုပ်နေပါနဲ့...

C'est La Vie! N'est pas? ..:)

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Anonymous said...

ကာရွာသိုး စိတ်ဓါတ်ကောင်းပါ၏..
သားသားတော့ ရှင်းရှင်းပြောရရင် အဲ့လောက် စိတ်ကောင်းမထားနိုင်၊ စေတနာကို မရှိတာ။

Ree Noe Mann said...

ငါ့အကို ဘာတွေဖြစ်လဲလို့တော့ မေးတော့ဘူးဗျာ။

တက်နိုင်သလောက်တော့ သည်းခံကြည့်ပါအုံး အကိုရာ

ချစ်ညီ ရီနို

khin oo may said...

ကြောက်တတ်ပါတယ်ဆိုမှ...

Anonymous said...

ဘာဖြစ်မှန်းသေချာမသိလို့
မေတ္တာနဲ့ပဲ နှစ်သိမ့်လိုက်ပါတယ်။

အများကြီးမတွေးနဲ့ပေါ့။

Mogok Thar said...

နိဗ္ဗာန် သွားနေတယ်မှတ်တာ။
ကိုရင် ရွာစားမင်းက အသစ်တက်လာလို့ အပြန် ဘာလက်ဆောင်ပါလဲ ပြေးလာတောင်းတာဗျာ။
ဘီလူးခေါင်းစွပ်ပြီး သွားဖြဲပြမယ်တဲ့။

ကျနော်က ကြောက်တတ်တယ်ရယ်။

ပုလုကွေးပြောသလို ပြောချင်တယ်။
ကျနော့်ကိုများ စိတ်ဆိုးနေလေသလားပေါ့။
အိမ်မှာဆို ဖေ၊မေ နဲ့ ညီ၊ ညီမလေးတွေ စိတ်ဆိုးပီး စူပုပ်နေကြရင် ဘာမှ မဆိုင်ပဲ ကိုယ့် စိတ်ဆိုးတယ် ထင် ထင်ပီး နေစရာနေရာတောင် မရှိဘူး။ ခုလဲ အသာလေး လှည့်ပြန်သွားတယ်။

:=(

MieMie said...

ရွာသား လို့ နာမည် ခံ ထား တာ ဘဲ ..း)



mie nge

Dr. Yi Yi Win said...

ဘာတွေဖြစ်..ကရွာသားလေး။ အစ်မလည်း ဘယ်မှကိုမရောက်တာကြာနေပြီ။ အရေးအသားကတော့ စိတ်အချဉ်ပေါက်နေတာတောင် စကားပုံတွေအများကြီးနဲ့ ဝေေ၀ဆာဆာပဲနော်။ ဘာပဲဖြစ်ဖြစ်ပါလေ။ “မေတ္တာသည်သာ အောင်နိုင်ရာ” တဲ့။ အနိုင်အရှုံးအတွက်မဟုတ်သည့်တိုင် ကိုယ့်စိတ်ကိုတော့ ကိုယ်အောင်နိုင်ပါစေလိမ့်မယ်။ တရားတွေဟောသွားမိပြီ:)

JulyDream said...

ဘီလူးခေါင်းဆောင်းပြီး သွားဖြဲပြမယ်ဆို ကြိုပြောနော်... ကင်မရာ ယူလာပြီး အသေအချာ မှတ်တမ်းတင်ထားချင်လို့...

ကျွန်တော်ဟာ လူကြမ်းလေးပါ။ =)

မိုးခါး said...

စိတ်တော် တော်တော်ပေါက်ကွဲနေပုံပဲ ..း))
စိတ်လျှော့ ဒကာ .. ကိုပုလုကွေး လေသံနဲ့ .. :D
အင်း ကိုယ်က စေတနာထားသလောက် စော်ကားခံရရင်တော့ ဒလိုပဲ ခံစားရမှာပါ ..
ဘာပဲဖြစ်ဖြစ် စေတနာဆက်သာထားလိုက်ပါ .. သူလုပ်တာ သူ့အကြောင်း ကိုယ်လုပ်တာ ကိုယ့်အကြောင်းပဲလေ .. ကိုယ့်နောက်ကျော်လုံလုံနေနိုင်ရင်ပဲ ကျေနပ်စရာကောင်းနေပါပီ .. သွားဖြဲပြလိုက်တော့ရော ကိုယ်ကောင်းခဲ့သမျှ အလကားဖြစ်ရောပဲ ..း))
(လူလေ .. လူ .. လူ )

ကြိုးမဲ့စွန် said...

အသစ်တင်လို့အပြေးလာတယ်ကိုဝိုင်တီယူ
ပေါက်ကွဲနေတယ်ပေါ့
ဒီလိုပါပဲ
စေတနာဆိုတာလူတိုင်းနဲ့မှမထိုက်တန်တာ
ကိုယ်ပြုကိုယ်ခံ
မကောင်းတာလုပ်ရင်မကောင်းတာခံရမယ်
ကိုယ်ပြုခဲ့တဲ့အကျိုးဆက်တွေ
ကိုယ့်နောက်လိုက်တယ်လို့သာ
နှလုံးသွင်းထားလိုက်ပါဗျာ
နို့မို့ဆိုပင်ပန်းတယ်

မီယာ said...

စိတ်လျှော့ စိတ်လျှော့ အသက်ကြီးလာလေ ဒါမျိုးတွေ ပိုတွေ့ လာရဦးမှာ.. အတွေ့အကြုံ များလာတော့ ဘယ်သူ့ကို ဘယ်အချိန်မှာ ကူညီသင့်သလဲ ဆိုတာ အလိုလို သိလာမှာပါ

Unknown said...

ကာယကံရှင်မဟုတ်တဲ့ တစ်ဖက်သားကို ပြောင်းလဲဖို့  နားလည်ဖို့ မျှော်လင့်တာထက်စာရင် ကိုယ်ကိုယ်တိုင်ရဲ့ စိတ်အခံကို ခံယူတတ်ဖို့ ပြောင်းလဲလိုက်တာက ပိုပြီးလက်တွေ့ ကျသလို ပိုလဲထိရောက်လိမ့်မယ်ထင်တယ်နော်။

ကိုယ်လုပ်ပေးနိုင်ရင်လုပ်ပေးလိုက်။ ကိုယ်က တဖက်သားကိုအထောက်အကူပေးနိုင်တယ်ဆိုတဲ့ ပီတီလေးနဲ့ တင်ရပ်လိုက်တော့။ တဖက်လူရဲ့  response ကို တတ်နိုင်ရင် မကြည့်ပဲနေတာက ပိုကောင်းတယ်လို့ ထင်မိတယ်ဗျာ။

လူအမျိုးမျိုး စိတ်အထွေထွေမို့  တစ်ဦးတစ်ယောက် မကောင်းတာကြောင့် ကျန်လူအများစုကိုရော မိမိကိုယ်တိုင်ရဲ့ စိတ်ကိုပါ ညစ်ညူးစေတာ မဖြစ်သင့်ဘူးထင်လို့ ပါ။


မှားတာပါရင် ခွင့်လွှတ်သည်းခံပေးပါဗျာ။

Nge Naing said...

မင်္ဂလာပါ။ C-Box မရှိလို့ ဒီမှာပဲ ရေးခဲ့ပါတယ်။ လာဖတ်သွားပါတယ်။ ပထမဦးဆုံး ဖတ်ရတဲ့စာက စိတ်အနှောင့်အယှက် တခုခု ရှိလို့ ရေးထားတဲ့စာ ဖြစ်နေတာ တွေ့လို့ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး စိတ်ကြည်လင်ပါစေလို့ အရင်ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်မဘလော့ဂ်ကို လာလည်ပြီး မသိတာတွေ ပြောပြသွားတာ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာ City လို့ ပြောလို့ရတဲ့ မြို့ဆိုလို့ ကိုယ့်မွေးရပ်ဒေသက မြို့ကိုတောင် တခါမှ မရောက်ဖူးလို့ မြန်မာပြည် ဒေသန္တာရနဲ့ ပတ်သက်ရင် သိသမျှဟာ ကျောင်းမှာတုန်းက ၈ တန်းအထိ သင်ရတဲ့ ပထ၀ီ ဘာသာက သိတာပဲ ရှိပါတယ်။ အချုပ်တန်းဆရာဖေရဲ့ မန္တလေးဆောင်းဘွဲ့ ရမယ်ဆိုရင်တော့ ဖတ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ တခါတည်း Link သွားလိုက်ပြီနော့်။

Thetmar said...

ကို ကူးကူး.............

ဘုမန့ဲ(အခုတလော)့  ခံစားချက်တွေ လာတူနေပါလား။
ခဲမှန်ဘူးပေမဲ့ စာသူငယ်ကမနေတတ် မထိုင်တတ်တာခက်တယ်။ ကိုယ် စေတနာကိုယ် ထံပြန်ပါတယ်။ကိုယ် စေတနာ ထားပေမဲ့ သူတို့ တန်ဖိုးမထားတာတော့  နောက်တခါဆောရီးပေါ့ ဗျာ၊၊ ကျေးဇူး မသိတတ်တာတော့ ဥပေက္ခာ ပြုရမှာပေါ့ ။

လူ့ ဘဝ ကသိပ်တိုတယ် အကုသိုလ် အများမခံပါနဲ့(ဘုမတော့  အဲလို ပဲနှလုံးသွင်းဆင်ခြင်နေတယ်)။
သူများ ကို စိတ်ချဉ်ပေါက်၊အကုသိုလ်ဖြစ်အောင် နှိုးဆွတဲ့သူ လည်း ငရဲ တို့ ဝဠ်ကြွေးတို့ ကမနေပါဘူးလေ။သူ့ လမ်းသူသွားကြမှာပါ။

ရွှေပြည်သူ (ShwePyiThu) said...

စိတ်ငြိမ်းအေး ချမ်းသာပါစေ ကိုရွာသားလေး

WWKM said...

ဟမ်းးး အစ်ကိုကြီး ရွာသားစိတ်တိုနေသည်။
စိတ်တိုနေသော ရွာသားမျက်နှာကို ကြည့်ချင်ပါသည်။း)
အဲ..ဒါနဲ့ အစ်မကိုတော့ စိတ်ဆိုးနေတာ မဟုတ်ပါဘူးနော်.. အားအားနေ အလှူခံငွေကောက်ခိုင်း
နေလို့။ :D
တစ်ခါတလေ အဲလိုပေါက်ကွဲပြစ်လိုက်..ကောင်းတယ်.
သိပါဘူး..ဘိုဘိုက မောင်ရွာသား တရားစခန်းဝင်နေတယ်ထင်တယ်ပြောလို့..
စိတ်ချမ်းသာပါစေလေ.

မကြီးဝါ

ကိုချစ်ဖေ said...

ကိုရွာသားရေ စေတနာထားပြီး စေတနာကို မသိတတ်တာ မသိလိုက်ဘာသာဖြစ်နေတာ စေတနာထားတာကိုတောင်မသိတာ တွေကတော့ ကျနော်တို့တွေ့နေကျ အတက်အဆင်းကြမ်းကြမ်းလမ်းနေရာတွေပဲဖြစ်မယ်ထင်ပါရဲ့
ကျိန်းသေတာတော့ ကိုရွာသားကို စာနာနားလည်မဲ့သူ ကျနော်အပါ ၂၈ ယောက်ရှိသွားပြီဗျာ.အခြားသူတွေမှာ အဲ့လိုရှိချင်မှ ရှိမှာပေါ့.ကျနော်ကတော့ စေတနာထားတာတော့ထားမှာပဲဗျာ စိတ်ဆိုးစရာ စိတ်ပျက်စရာလည်း တွေ့မှာပါပဲ ဒီလမ်းမှာ ဒီလိုဖြစ်မယ်လို့ ကျနော်တွေးမိတယ်.ကိုယ်ချင်းစာနာပါတယ်ဗျာ..

purplemay said...

အစ်ကိုရေ..တကယ်ပါပဲ ခံရဖူးလွန်းလို့ ဒီပိုစ့်လေးအတွက် ကိုယ်ချင်းစာမိပါတယ်..။
တစ်ခါခံရပြီးတိုင်းလည်း နောက်ဘယ်သူ့မှ စေတနာမထားတော့ဘူးလို့ ဆုံးဖြတ်မိတာလည်း ခဏခဏပါပဲ..။
ဒါပေမယ့် နေမှမနေနိုင်တာကိုးနော်..။
အဲ့တော့ သူတို့ဘယ်လိုပဲ သဘောထားထား ကိုယ်လုပ်ချင်လို့ လုပ်နေတာဆိုတော့လည်း...အင်းဆက်လုပ်မိနေဦးမှာပါပဲလေ...

မေလေး said...

အနော်ပြောချင်နေတာတွေ ပြောသွားလို့ ကျေးဇူးးးးး
အဲထက်ပြင်းထန်တဲ့စကားတွေနဲ့ပြောပလိုက်ချင်နေတာ။

ဒါနဲ့စကားမစပ်
ကိုမိုးကုတ်ဆီဘာပြောသွားတာဒုန်းးးးးးးး
ဟွမ်းးးး
ဘာမေလေးထင်သလိုဘဲနေမှာဒုန်းးးးးး

Unknown said...

အင်း ပြန်ဖတ်မိတော့ အသစ်လိုပဲ
အေးချမ်းတဲ့ ဘ၀လေးကိုပဲ ပိုင်ဆိုင်ပါစေလို့  ဆုတောင်းပေးပါတယ်