26 October 2009

နောင်တမဲ့အနမ်း


ယေရှုသခင်ကို နမ်းတဲ့အနမ်း
ရက်စက်တယ်မဆို
ဒီအနမ်းကို ကိုယ်တော်တိုင်လက်သင့်ခံခဲ့တယ်

နှုတ်ခမ်းတစ်စုံကို တို့ထိတိုင်း
အလွမ်းသင့်တဲ့ ဒီအနမ်း
နမ်းမ၀လို့ အနမ်းအဆင့်ဆင့်
မနမ်းသင့်ဘူးလို့ ငါမဆိုမိခဲ့

လွမ်းမ၀လို့
အနမ်းအထပ်ထပ်ပို
ရက်စက်တယ် မဆိုပါဘူး
နင်ထားခဲ့ရင်လည်း
ကျန်ရစ်မယ့် ဒီအနမ်းကို
ငါရင်နဲ့အပြည့်
လွမ်းနေခဲ့မယ်………


လမ်းခွဲစကားမဆိုခင်တော့

င့ါကို နမ်းဖြစ်အောင် နမ်းပါ..........


(ဘာရယ် မဟုတ်တဲ့ခံစားချက်ကလေးတွေကို ပေါက်တတ်ကရ ရေးဖြစ်တာပါပဲ ရယ်သွမ်းသွေးသူတို့ ရယ်လိုကရယ်နိုင်ပါတယ် လှောင်ပြောင်မေးငေါ့ဖို့ ကုန်ကြမ်းလည်း ဖြစ်နိုင်ပါတယ်။ ကျနော်နဲ့လမ်းမှာဆုံဖြစ်တဲ့အချိန် ရယ်ပြုံးနိုင်ကြတယ်ဆိုရင်ပဲ စာလေးတစ်ပိုဒ် ခံစားမှုလေးတစ်ခုကို ဟာသတစ်ပုဒ် အဖြစ် အသိအမှတ်ပြုနိုင်ကောင်းပါရဲ့)

23 comments:

pandora said...

ရယ်သွမ်းမသွေးပါဘူး..
အနမ်းခြေရာတွေက ရင်ထဲထင်ကျန်တတ်တာပဲလေ

yangonthar said...

"Make me immortal with a kiss." (Christopher Marlowe) ဆိုတာလေးကြား ဖူးတယ်ကိုယ်ရွာသားရ ... ဒီအနမ်းမျိုးဖြစ်မယ် အလွမ်းရယ် အနမ်းရယ် နောက် ပြောင်းပြန်လန် နေတဲ့ အိုင်လပ်ဖ်ယူရယ် အတော့ကို လှတယ် .....
ခင်တဲ့
ရန်ကုန်သား :)

khin oo may said...

နောင်တမဲ့အနမ်း

ကိုယ့်ကိုနမ်းပါ
ဘယ်လောက်ဘဲကြာ
ဘယ်လိုဘဲဖြစ်
မင်းနမ်းတဲ့အနမ်း
တစ်သက်တာအတွက်.........
မျက်စေ့စုံမှိတ်
အသက်မရှု။
သေချာခံစား
ရင်မှာပေါက်ကွဲ
ထိခိုက်ရင်ထဲ
အလွမ်းများ နောင်တမဲ့စေ။

khin oo may said...

တို့ကဗျာသိတ်ကောင်းတယ်။

khin oo may said...

ကိုယ့်ဘာသာကိုယ်ချီးကျူးသွားသည်။

JulyDream said...

ဖိုးသင်္ကြန်ရေ...
ငါတို့လည်း သူနဲ့ လမ်းမခွဲခင် ရွာသားကို နမ်းသွားကြရအောင်ကွာ... အမှတ်တရပေါ့။ မင်း ဘယ်ဘက်ပါးဆိုရင်... ငါ ညာဘက်ပါးပေါ့။ ဒို့တတွေ ဝေစုတည့်ပြီးရင် ကလေးအဖေ ခြင်္သေ့ကြီးပါ ခေါ်ပြီး အပိုဆုအနေနဲ့ နမ်းခိုင်းလိုက်မယ်လေ။ ပြီးရင် ဗီလိန်နဲ့ ပုလုကွေးကိုပါ အစစ် ထည့်ပေးလိုက်မယ်။

ဖိုးသင်္ကြန် said...

EE
နမ်းချင်ပါရဲ့ဗျာ။ ဒါပေသိ ပါးစပ်မအားဘူးဗျ။ (မုန့်စားနေ၍)
အဲ... ပါးတော့ အားတယ်။ ဟဲ
လမ်းကြုံရင် နှုတ်ဆက်လို့ရအောင် အသိပေးတာပါ။

(ဒါနဲ့ စကားမစပ် ကိုရွာသားပါးက မွေးခါစကလေးတင်ပါးလို ပြောင်တင်းတင်းလေးဗျ)
ဟေ ဟေ့

စိမ်း... said...

မရယ်မိပါဘူး... စဉ်းစားနေတာ... ဟီး
အမှန်အတိုင်းပြောရရင် မျက်စေ့ထဲပုံဖော်ကြည့်နေတာ... ဟီး ဟီး..

ကောင်းကင်ပြာ said...

လမ်းမှာ ဆုံရင် ပြောပြလိုက်ပါ့မယ်...
ရယ်မသွားဘူးး
ပြုံးရုံလေး ပြုံးသွားတယ်နော်..

ညီလင်းသစ် said...

ဇော်ဝင်းထွဋ်ကတော့ ငါ့ကိုချစ်ရင်မနမ်းပါနဲ့ ဆိုပဲဗျ :)

ကျနော်ကတော့ မူရင်း Bon Jovi ရဲ့ Never Say Goodbye ကိုပိုထိတယ်၊ အဲဒီ Bon Jovi ပဲ သခင်ယေရှု ကိုနမ်းခဲ့တဲ့ ယုဒရှကာရုတ်အကြောင်း Blood Money ထဲမှာ ဆိုထားခဲ့ပြန်ရော...၊

ဘယ်လိုပဲပြောပြောပါ၊ အချစ်မြေသြဇာနိုင်နိုင်နဲ့ ပွင့်လာတဲ့ အနမ်းပွင့်တွေသာ အလှဆုံးဖြစ်မယ်ထင် ပါရဲ့ဗျာ...။

မိုးခါး said...

ရှက်ရှက် :P

မိုးခါး said...

လှောင်တာမဟုတ်ဘူးနော် .. :D
ကိုရွာသားတို့ အလွမ်းတွေ မဆုံးနိုင်ဘူးနော်
ဒါတောင် ဘေးချင်းကပ်နေလို့ .. ပြောချင်ဘူး :P

ပုံ့မေ said...

အယ်... လမ်းခွဲစကားဆိုတာတောင် နမ်းရဦးမယ်... မြတ်စွာဘုရားးး))

ကိုရွာသားကို မေးလဲ မငေါ့ပါဘူး၊ လှောင်လဲမလှောင်ပါဘူး......

နှုတ်ခမ်းလေး ကွေးရုံသာ ပြုံးနေပါ့မယ်... ခိခိ....

Unknown said...

ဒီတခါ စိတ်ကူးလေးကို သဘောကျတယ်
ဒါ့ပုံလေးထဲက ကျောက်ကလေးတွေနဲ့  ပုံဖော်ထားတာလေးကိုပါ
ဒီတခါ ကမ်းခြေသွားရင် ရေးပေးမယ့်သူမရှိ ကိုယ့်ဖာသာကိုယ်အဲ့စိတ်ကူးအတိုင်း ပုံဖော်လိုက်မယ်
ချစ်ရက်နဲ့  အကြောင်းတစုံတရာကြောင့် လမ်းခွဲရမယ် ဆိုရင် တို့ သာဆို နမ်းဖြစ်အောင်ကို နမ်းခဲ့မှာပဲ

Unknown said...

Good idea....
I like both picture and poem so much..

I think kiss is one of the symbols to express your love and care to someone special.

So you should kiss your someone special whenever you get a chance.

I still cannt forget the kisses I got from someone in my life although we have been broke up ...

It is unforgetable memory in my life.

မျှော်လင့်ခြင်း said...

There is no reluctance in you
You said that you will feel completely broken-heart too, but i don't believe it. Though i used to hold your hands and you spent time
with me, it was all history....

I really hope that he really loves you more than i ( still) do, only then can i force myself to leave you
You want a farewell, but i simply do not want to end this relationship.
Why do you expect me to be smiling and pretend like nothing has happened?


Jay Chou ရဲ့  Silence ဆိုတဲ့ သီချင်းပါ။

ကျွန်မရဲ့  အတွေးကတော့
လမ်းခွဲတဲ့ အချိန်မှာ ဘာမှ မဖြစ်သလို နမ်းမသွားပါနဲ့ 
Why do you expect me to be smiling and pretend like nothing has happened??????

မဆုမွန် said...

ရွာသားလေးရေ နမ်းချင်ပါသော်လည်း သွားက ကြိမ်းနေတယ် ဟင့် :(
အနမ်းမ၀သေးလို့ အနမ်းအဆင့်ဆင့် မနမ်းသင့်ပါဘူးလို့ ငါမဆိုမိခဲ့.လွမ်းမ၀လို့
အနမ်းတွေ အထပ်ထပ်ပို အလို..ကောင်းလိုက်တဲ့ ကဗျာ့စာသားလေးတွေ...ကဲ နမ်းစေ..

သွားက မနာဘူးလေ မကြောက်ပါနဲ့ သွေးချင်းချင်းနီနေတာတောင်မနာပါဘူးလို့ ပြောထားတယ် ငါ့မောင်လေး မကြောက်နဲ့..ကိုယ့်သွားပေမယ့် မကောင်းတော့ရင် မြန်မြန်ရှင်းပစ်..

Maung Myo said...

ဒီအစ်ကိုကြီးကတော့ ဖော်လည်းဖော်ချင်တယ် ပေါ်မှာတော့လည်းကြောက်တယ်း) အကောင်းဆုံးက ပို့စ်တစ်ပုဒ်ရေးပြီးဆိုရင် copyright မှလွဲပြီး ကျန်တာတွေ မှတ်ချက်မရေးသင့်ဘူးနော့် ဟဲဟဲ စာဖတ်သူက ဟုတ်နိုး ဟုတ်နိုး နဲ့ ဖတ်သွားရတဲ့ ဖီလင်က ပိုပျော်ဖို့ကောင်းတယ် ။


လမ်းမှာတွေ့ရင် မုန့်ဖိုးတောင်မယ် ပေးမှ ပြုံးပြပဲ ဂလိုလေးး))))))))))) သွား 31 ချောင်းလုံးပေါ်အောင် တစ်ချောင်းက ပိုးစားလို့ နှုတ်လိုက်ရပြီး ။

မီယာ said...

ရယ်သွမ်းမသွေးပါဘူး ရွာသားရေ...
ပုံနဲ့ ကဗျာလေးတွဲပြီး ဖတ်တာ သနားစရာတောင် ကောင်းသေး...

WWKM said...

ရွာသားးးးးးးးးးးးးးးးးးးးးးးးး

ကလေးတွေကို မဟုတ်တာတွေသင်မပေးနေနဲ့။
ဟုတ်တယ် ရှက်လဲမရှက်ဖူး နော် ညီမလေးအိုးခါး။

တို့တော့ ရှက်လို့ မျက်စိကိုလက်ဝါးကွယ်ပြီး ဖတ်သွားတယ်.

အညာဟာဆယ်ရော်.. အညာဟာဆယ်တဲ့.း)))

ပျော်ပါစေ.

မကြီးဝါ

WWKM said...

ဟိဟိ မိုးခါးကို အမှောင်ထဲမှာတိုက်ပင်ရိုက်နေတာ အိုးခါးဖြစ်တွားဘီ... ရှုးးး သွားမပြောနဲ့နော်. :P

သုခုမလေဒီ said...

အနမ်းတွေကိုဝေဖြာသွားတာပါပဲ။း))
ခံစားချက်လေးကိုဖွင့်ဟတာတော့ကောင်းပါတယ်။

တန်ခူး said...

လမ်းခွဲဖို့ သေချာနေရင် အနမ်းတွေက အလွမ်းတွေဖြစ်မှာသေချာတာမို့  ခြေရာချန်မထားရစ်တာပဲ မကောင်းဘူးလား… ဒီကဗျာကို ရယ်စရာဆို တခုခုက အသေအချာကို မှားနေပြီ… လမ်းလဲမခွဲ အနမ်းလဲမစဲပါစေနဲ့ လို့  ဆုတောင်းပေးလိုက်ပါတယ် ရွာသားလေးရေ…