20 October 2009

ယင်တစ်ကောင်နဲ့ အရက်တစ်ခွက်

ဝှီခနဲ ပျံလာတဲ့ယင်တစ်ကောင်
အရက်တစ်ခွက် အနံ့ပြင်းပြင်းမှာ
တစ်ခါဖူးမှ မရဖူးတဲ့အနံ့ကြောင့်
ဖြတ်ခနဲ ခုန်အဆင်း…

သေရည်ဇောနဲ့
မိန်းမိန်းမူးမူး
တိမ်းတိမ်းပွေပွေ
သောက်လေ သောက်လေ
ငတ်မပြေ…

ခွက်အနားသတ်
ပြန်တက်ရမယ်လို့ စိတ်မကူးမိ
အတောင်စိုလို့ လေးလံလှလည်း
မက်မက်စက်စက် အသောက်မပြတ်

တစ်စက်တစ်စက်နဲ့
ပက်လက်လှန်လဲတော့မှ
အရက်ခွက်ရယ် ထူပါဦးတဲ့

တကယ့် ငမူး……….

27 comments:

သက်ဝေ said...

နေရာတိုင်းမှာ Limit ဆိုတာ ရှိသင့်တဲ့ အရာပါ...
ပြီးတော့ Control...
လူတွေဆိုတာက ယင်ကောင် တကောင်ထက်ပိုမြင့်တဲ့ အဆင့်အတန်းနဲ့ အသိဉာဏ် ရှိကြသူတွေ မဟုတ်လား... ဒီတော့ သူများထူမှ ထလို့ရမယ့် အခြေအနေမျိုးကို မရောက်နိုင်ဘူးလို့ ယုံကြည်နေမိတာပဲ...။ (ကွဲလွဲနိုင်ပါတယ်...)

NangNyi said...

ငါဟဲ့ ယင်ကောင် !!
(ဒါကိုလည်း ကွဲလွဲနိုင်ပါတယ်.. ဥပမာအားဖြင့် “ငါဟဲ့ အရက်ခွက်” တို့ဘာတို့)

ဒဏ္ဍာရီ said...

အတိုင်းအတာ ဆိုတဲ့ အရာဟာ နေရာတိုင်းမှာ အရေးကြီးတယ်နော်။

ခင်မင်လေးစားလျှက်

စိမ်း... said...

ဆိုင်ရှင် နှစ်ယောက်မြင်နေပြီဆိုရင်တော့ ရပ်သင့်ပြီ... :)

ဗီလိန် said...

ယင်ကောင်လည်း သောက်တတ်တာ ခုမှသိတယ်။

ကာရံဆူး said...

အော် ယင်ကောင်လည်း အရသာ သိသွားတာကိုး...

ပုံ့မေ said...

အဲတော့ အဆန်းပဲ ယင်ကောင်လဲ အရက်သောက်တယ်.... အီးးး ယင်ကောင်သောက်ထားတဲ့ အရက်ခွက် ကိုရွာသား သောက်မိရင်... ဝေါ့.....ရွံ့ စရာကြီးးး :)

သိင်္ဂါကျော် said...

ဒီယင်ကောင်တော့လား အရက်ထဲမှာ နစ်ပြီး သေတော့မှာ....

ဖိုးသင်္ကြန် said...

အမြည်းမပါဘဲ
"နိ" ကစ်တာကိုးဗျ....

Ree Noe Mann said...

ငမူး ကဗျာလေးပေါ့....

စိတ်ကူးကောင်းတယ်။

ချစ်ညီ ရီနို

စာခြောက်ရုပ် said...

ယင်ကောင်မှာလဲ အသားမရှိပေမယ် ခံစားတတ်တဲ့အသွေးက ရှိတာကိုး...ယင်ကောင်လဲလေ လောကီသားပေမို့..

မေလေး said...

မူသေ မေသူ ညည်းအေ့ မဟုတ်တာ ကျုပ်တို့ အကို ကိုရွာသားက အရက်မပြောနဲ့ ဘီယာတောင်မသောက်ပါဘူးအေ့။
ဟုတ်တယ်နော် ကိုရွာသား

yangonthar said...

ကောင်းသွားရင် ကျိုးလိုက်တော့ မနက်ခေါင်းကိုက် မှ တစ်ပက်လောက်ပြန်မော့လေ ... :)
ခင်တဲ့
ရန်ကုန်သား :)

Unknown said...

I really appreciate the idea of this poem.
Like it.....

သံလွင် HeRo said...

ဂျော်နီလမ်းလျှောက်တာမြင်တော့လည်း
ယင်ကောင်လဲဘယ်နေနိုင်မှာလဲဗျာ...
မော့ကြည့်တာနေမှာပေါ့ :)

MieMie said...

ယင်ကောင်က အထီးလား အမလား .... :)

mie nge

tg.nwai said...

အရက်ခွက်ရယ်..ထူပါဦးတဲ့..တကယ့်ငမူး...
တဲ့လား..

အဲဒီနေရာလေး သဘောတကျ ပြုံးမိတယ်..:)

khin oo may said...

Suicide လုပ်ချင်တာများနေရာရှားလို့။ ဒီယင်ကောင့်နှယ်။

မျှော်လင့်ခြင်း said...

တခါမှ မသောက်ဖူးလို့  ယင်ကောင်က ဒီလိုဖြစ်သွားတာ
မကြာမကြာသောက်ပေးရင် ဒီလိုဖြစ်မှာမဟုတ်ဖူး

ha ha ha

တောင်ပေါ်သား said...

ဘာ ဘာပြောတယ် အော် အဲ့ဂလိုလား ဒီလိုလေးလားး) ယင်ကောင်က မူးသွားတယ်။ သောက်တုန်းကတော့ သောက်ပြီး ခုမှဟွန်းးး မပြောချင်ပါဘူးနော့် တကယ်ကို မပြောချင်ဘူး နောက်မသောက်နဲ့း)


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

သေချာပါတယ်
အဲဒီယင်ကောင် အထီးပဲ :P
(ဦးစံရှား လုပ်သွားတယ် .. ဒေါ်စံရှား ပေါ့ .. :D)
အဲဒီတောင်ပေါ်သားတော့လေ .. ညီမရှေ့ကကြီး မန့်မန့်သွားတယ် ..

Unknown said...

ဖတ်ပြီး ပြုံးယုံလေး ပြုံးသွားတယ်

Unknown said...

စကားမစပ် အရောင်က မပြောင်းဘူးပဲ

ခရေညို said...

အဲဒီ ယင်ကောင်ကလည်း ကိုယ့် limit ကို ကိုယ်မသိဘူးထင်တယ်

puluque said...

အမ သက်ဝေ ပြောတာကို ထောက်ခံပါတယ်။ Limit တွေ control တွေ ရှိသင့်တယ်လေ။။။ မရှိဘူးဆိုပြီး ကိုယ့်ဟာကိုယ်တော့ အလျှော့မပေးနဲ့ ယင်ကောင်ရယ်။ စိတ်ဆိုတာ ကို စိတ်နဲ့ ပြန်ထိမ်းနိုင်ရမယ်လေ....

Libratun said...

ပြန်မတက်နိုင်လောက်ပါဘူး ဘာလို့ဆို ယင်ကောင်ကိုး ကြိုက်တဲ့ အစားတစ်ခုခု စွဲမက်စရာတစ်ခုခုဆိုလည်း ဝေးဝေး မသွားရှာနိုင်ဘူး။ ဘာလို့ဆို ယင်ကောင်ကိုး။

Nice idea and writing! bro

purplemay said...

ဒီယင်ကောင် အတော်ဆိုး....:)