16 October 2009

ရာသီပျက်တဲ့နေ့

မိုးတွေရွာမယ်လည်းဆိုရဲ့
ရွာကလည်း မရွာပဲ
နေ,သာမယ်လည်းထင်ရဲ့
ပူလည်းမပူပါပဲ
အုံ့ပျက်ပျက်
လင်းတစ်ဝက် မှောင်တစ်ချက်
ဒီတနေ့လုံး ရာသီတွေအားလုံးပျက်နေခဲ့တာ….

လမင်းရယ် သာမှာဖြင့်လည်း
သာစမ်းပါ
နေမင်းရယ် လင်းမှာဖြင့်လည်း
လင်းစမ်းပါ
နေမထွက် လမတက်ပဲ
အနေခက်စေတဲ့နောက်
ဒီကောင်းကင်အောက်က
လူတစ်ယောက်ကို
ပျောက်သည်ထက် ပျောက်
ရောက်ချင်ရာ ရောက်စေချင်ရော့ သလား……….

နှင်းတွေမြင်ပါလျက်
ဆောင်းရာသ်ီလည်း မမှတ်နိုင်
မိုးတွေစိုပါလျက်
မိုးရာသီဟု မတွင်ခဲ့
ကတ္တရာ အရည်ပျော်ပေမယ့်
နွေနေပူဟု မသတ်မှတ်
အပျက်အပျက်နဲ့
တစ်ချက်တစ်ချက်မှ
သတိပြန်ရမိတယ်
ရာသီပျက်နေ့တွေထဲမှာ
နာဖျားနေခဲ့တာ ကြာပါပကော…

20 comments:

ForeverSK said...

Like it

Anonymous said...

ပါရာစီတမောသောက်. ပျောက်

sait phay yar said...

အင်း သေနားသွားတာဘဲ ကဗျာလေးဖတ်ပီး
၇ာသီပျက် ကနေ အမြန်လွတ်မြောက်ပါစေလို့

Unknown said...

သေချာပါတယ် သူ ချင်ကြာပူရာသီဥတုကို ဖွဲ့ ထားတာ

စိတ်ကူးအတွေးလေးတွေကိုဖြင့် အရမ်းလေးစားတာပဲ
ကောင်းလိုက်တဲ့စာစုလေး

စိတ်ကလေးပျော်လို့ ဖျားနာခြင်းကင်းဝေးတဲ့ ရာသီဥတုတွေကို ပိုင်ဆိုင်နိုင်ပါစေ

ခရေညို said...

ရွာသားက Singapore နိုင်ငံကို စောင်းရေးထားတာလာ:?
တူသလိုလိုပဲ။

Anonymous said...

ဆေးတိုက်လိုက်လေ
ရာသီပျက်တာမကောင်းဘူး
ခံရတတ်တယ်................။

စိမ်း... said...

ဟုတ်တယ် ... ဖန်လုံအိမ်အာနိသင့်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တွေပေါ့... :D

Rita said...

မှန်တယ် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်။

(စင်ကာပူကိုရေးထားတာတော့ မဖြစ်နိုင်ဘူး။ ဒီကဗျာထဲမှာ နှင်းကျတယ်လို့ ပါတယ်။ စင်ကာပူမှာ နှင်းမှ မရှိတာ။)

မဆုမွန် said...

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့ မခံပါနဲ့ ငါ့မောင်လေးရေ ...

Talkii said...

ဥတုရာသီ တောကိုမှီတဲ့။ ချင်ကာပူမှာ တောမှ မရှိတာ/ ဘယ်ကောင်းပါ့မလဲ။ :P (artificial တောကကိုပြောတာမဟုတ်ဘူးနှော)

ဗီလိန် said...

မဝါပြောတဲ့ဆေး ၁၀ လုံးသောက် ၄၅၀ အားမဟုတ်ဘူးနော် ၅၀၀ အား။ အပြည့်ကို သောက်။ :P

Ree Noe Mann said...

စိတ်ကူးကောင်းတယ် ချစ်ကို

ညီရီနို

khin oo may said...

ပြောလိုက်ရင်အရသာပျက်သွားမှာစိုလို့ဒီအတိုင်းဘဲံခံစားသွားပရစေ။

သက်ဝေ said...

စိတ် နေကောင်းပါစေ...

ကိုလူထွေး said...

ကိုသက်ဝေပြောမှပဲ တို့ရွာသား စိတ်ကျန်းမာရေးမကောင်းသလို ဖြစ်နေတယ်...

ကဗျာက အတွေးရော အရေးရော ခံစားချက်ရော တင်ပြပုံရော (ဒါတော့မကြည့်ရဲပါ) ကောင်းတယ်ဗျို့...

းဝ)

(ထုံးစံ is ထုံးစံ)

ဆောင်းချမ်းမိုး said...

ကဗျာလေးက ကောင်းတယ်

ကောင်းကင်ပြာ said...

နာတာရှည်များလားးး

မျှော်လင့်ခြင်း said...

ရာသီကလဲပျက်
စိတ်ကလဲပျက်
aircorn ခန်းထဲမှာ
အသက်ရူမဝဖြစ်နေတာ
ကြာခဲ့ပါပြီ။

purplemay said...

အမလေးနော် ဒီမှာ နဂိုတည်းက ဖျားချင်နေတာ...
ဒါဖတ်လိုက်တာ လုံးဝကိုဖျားသွားပြီဗျို့...

PAUK said...

ဒီကဗျာလေးကို
ကြိုက်တယ်..

ကဗျာတွေကို မခံစားတတ်တဲ့ ပြည်သူတစ်ဦး