14 October 2009

လှေခါးရယ် ရှည်လျားလေကွယ်..

ဒီနေ့ ရုံးသွားရင်း လှေကားက အဆင်း (ကျနော်က အဆင်းမှာ လှေကားကိုပဲ သုံးလေ့ရှိပါတယ်) တွေးမိသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မပျင်းဘူးဆိုရင် ဖတ်ဖို့ပေါ့…

ဓါတ်လှေကားကိုတွေ့ပါလျက် လှေကားကနေပဲ ဆင်းမိပြန်ပြီ။ နှစ်ဆင့်လောက်ဆင်းအပြီးမှာတော့ ကိုယ့်စိတ်တွေ ပျံ့လွင့် ပြန်သည်ပေါ့။

ဓါတ်လှေကားကို နှစ်ခြိုက်သူများပါတယ်။ ဒါပေမယ့် အဆင်းတိုင်းကို လှေကားက ဆင်းတတ်တဲ့ ကိုယ့်အကျင့်က ငယ်ကတည်းကလေ။ အထပ်နှစ်ဆယ်မှာ မနေမိလို့တော်ပါသေးရဲ့။

ဒါပေမယ့် ဒီလှေကားကို ရှည်လျားပါစေလို့ ကိုယ်ဆုတောင်းမိပြန်တယ်။ ဘာကြောင့်လဲ…ဟုတ်လား…ချစ်သူကြောင့်ပါပဲ…

ချစ်သူနဲ့လှေကား ဘာများ စပ်ဆက်တာပါလိမ့်ပဲ။ တကယ်တော့ စပ်ဆက်နေပါတယ်။

ကျနော့ချစ်သူ လာလည်တဲ့အခါတိုင်း သူ့ကို ကျနော်ပြန်ပို့နေကျလေ။ ပြန်ပို့လေတိုင်း ဒီလှေကားကနေပဲ ဆင်းဖြစ်တယ်။ ဆင်းနေကျက ကျနော့လက်ကိုသူကတွဲပြီး ဘေးချင်းယှဉ်လျက်ပေါ့။ စိတ်လိုလျက်ရရှိရင်တော့ နောက်ကနေ ကျနော့ကို သိုင်းဖက်တတ်သေးတယ်။ ပြီးတော့ ကျနော့ဂုတ်ပိုးလေးကို ဖွဖွလေး မွှေးကြူနေပြန်တယ်။ နောက်ထပ် သူပြောနေကျ စကားက ကျနော့ဆီက အနံ့လေးကို သူအမြဲမှတ်မိနေတတ်တယ်။ အိမ်ပြန်ရောက်လို့ သူ့အင်္ကျီတွေကနေ အဲ့ဒီ အနံ့ကို ရရင် သူ့ဘေးနား ကျနော်ရှိနေသလိုပဲတဲ့လေ။ သိပ်စကားတတ်လွန်းတယ်။ တစ်ချို့ရက်တွေကျတော့ အဆင့်တိုင်း အဆင့်တိုင်းမှာ အနမ်းမိုးတွေချွေလို့။ ကျနော်က မသိချင်ယောင်ဆောင်ပြီး ပြန်မမွှေးခဲ့ရင် နှုတ်ခမ်းလေးကိုဆူပြီး သူ့ရဲ့ မကျေနပ်မှုကို ပြရှာတယ်။ လှေကားလေး ပြီးဆုံးရင် လမ်းပေါ်ကိုရောက်တော့မယ်လေ။ ဒါကြောင့်မို့ အဆင့်တွေများဖို့ ကျနော်ဆုတောင်းမိတာ မလွန်လောက်ပါဘူးနော့။

ပြီးတော့ ကျနော်ရုံးပြန်လို့ သူတဖွဖွဖုံးဆက်နေတဲ့အချိန်ဆို…ကျနော်ဓါတ်လှေကားနဲ့ တက်လို့ မရပြန်ဘူး။ ဓါတ်လှေကားထဲ ၀င်တာနဲ့ ကျနော့ဖုံးက ဆက်သွယ်မှု ဧရိယာ ပြင်ပကို ရောက်သွားပြီ။ အဲ့ဒီအတွက် ဒီလှေကားကို ရှည်လျားတယ် မထင်မိပါပဲ ခြေထောက်နဲ့ တက်မိတယ်။ သူ့ဖက်ကလည်း ဖိနပ်သံပြင်းပြင်းနဲ့ ခြေနင်းသံကိုကြားမှာပါပဲ။ ပထမဆုံးအကြိမ်တုံးကတော့ သူကမေးတယ် ဘာသံတွေလဲတဲ့။ ကျနော်ကပြောလိုက်တယ် လှေကားကနေ တက်နေတာပါလို့ အသံမကြားရတော့မှာစိုးသဗျ ဆိုတော့ တော်တော်ပိုတယ်တဲ့လေ။ နောက်အခေါက်တွေတော့ သူလည်း နားယဉ်သွားတယ်ထင်ပါရဲ့။ အိမ်ရှေ့ရောက်လို့ သော့ဖွင့်တော့မှပဲ သူသိရှာတော့တယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးခင်ဗျ မှတ်မှတ်ရရ ကျနော်တို့ ပြဿနာတက်ကြတဲ့ ညနေခင်းတစ်ခုမှာလည်း ဒီလှေကားက ဇာတ်ကောင်တစ်ခုပဲ။ အကြောင်းတစ်ခုကြောင့် ကျနော်စိတ်ဆိုးပြီး အဲ့လှေကားကနေ ဘောက်ဆတ်ဆတ် ဆင်းသွားမိတယ်။ သူ့ကိုလည်း ပြန်လှည့်မကြည့်တော့ဘူး။ ဒါပေမယ့် လှေကားကနေ လမ်းပေါ်ကို မတက်ခင်မှာတော့ သူ့ကို ကျနော် စောင့်ဖြစ်အောင် စောင့်ခဲ့ပါတယ်။ ချစ်သူကတော့ ကျနော့ကို စိတ်ဆိုးသွားရှာတယ်။ ပုံမှန် ဒီလှေကားကို နှစ်ယောက်အတူ ဆင်းနေကြ။ အခုလို ထားခဲ့ရက်တယ်ဆိုပြီးတော့ပေါ့။ လှေကားက ကျနော်တို့ကြားမှာ အဓိကဇာတ်ကောင်ကြီးတစ်ခု ဖြစ်နေတော့တာပါလား။

လူတွေက ဓါတ်လှေကားကိုပဲ အသုံးများကြတာကိုး။ လှေကားလေးမှာ နူးညံ့တဲ့ချစ်ခင်ခြင်းတွေ၊ ကြင်နာယုယမှုတွေ ဖန်ဆင်းလို့ရတယ်ဆိုတာ သိပ်မသိကြသေးဘူးထင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ချစ်သူနှစ်ဦးအတွက် ချစ်စရာကောင်းတဲ့ အချိန်လေးတွေ ဒီလှေကား ဖန်ဆင်းပေးခဲ့နိုင်တာပေါ့။

ကျနော့ရဲ့ချစ်ခြင်းတွေ သတိရခြင်းတွေကိုလည်း ဒီလှေကားက သက်သေပြုပေးနိုင်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုတစ်နေ့ညနေက သူကလည်း ဖုံးမဆက်ဖြစ်ပါဘူး ဒါပေမယ့် လျှောက်နေကျခြေထောက်တွေနဲ့ လှေကားကို ပြေးတက်မိတယ်။ သုံးဆင့်လောက်လွန်လာမှ ဘာဖြစ်လို့ ဓါတ်လှေကား မသုံးမိပါလိမ့်ဆိုတာ ကျနော် စဉ်းစားမိပြီး အော်ရီမိတော့တယ်။ စိတ်ထဲမှာ အကျင့်ပါ နေတော့တာကိုး။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ မနက်ခင်းရုံးသွားတိုင်းမှာ ကျနော့ မျက်နှာတစ်ဝိုက်က လေးတိုးတယ်ချည်း စိတ်စွဲနေမိတယ်။ လှေကားကအဆင်းမှာ တစ်ခါတစ်ခါ ရပ်စောင့်နေမိတတ်တာမို့။ ရော်…လို့ ရေရွတ်ရင်း ဆင်းဖို့ သတိထားမိတာ အကြိမ်ကြိမ်ရှိပါပြီ။

အဲဒီတော့ ချစ်သူနဲ့အတူ ဆင်းဖြစ်တဲ့ အကြိမ်တိုင်း ဒီလှေကားကို ရှည်လျားလေကွယ်လို့ ကျနော် ဆုတောင်းရင် ကျနော့အပြစ်မဟုတ်လောက်ပါဘူးနော်။…………………

32 comments:

ကြည်ဖြူပိုင် said...

ချစ်သူနဲ့ရုံးသွားရုံးပြန်တိုင်း
ချစ်ခြင်းတွေအပြည့်အ၀ဖန်ဆင်းနိုင်တဲ့
လှေခါးလေးမှာ
ချစ်ခြင်းလေးတွေဆက်လက်ဖန်ဆင်း
နိုင်ပါစေလို့
ဆုမွန်ခြွေပေးပါတယ်ကိုရွာသားရေ

သိပ်ပြီးဖတ်လို့ကောင်းတဲ့...
တကယ့်အဖြစ်အပျက်ဆိုရင်လည်း
ကြည်နူးစရာကောင်းတဲ့...
စိတ်ကူးယဉ်ဆိုရင်လည်း ညက်ညောလှတဲ့..
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။

khin oo may said...

တစ်ကယ့်အဖြစ်အပျက်လား။

khin oo may said...

တစ်ကယ့်ချစ်ခြင်းလား။

khin oo may said...

ဆွတ်ပျံ့တဲ့ဇတ်လမ်းတစ်ပုဒ်လား။

မဆုမွန် said...

အစ်မတော့ လှေကားတက်တိုင်း ကိုယ့်ခြေသံကိုယ်ပြန်ကြားပြီး ကျောချမ်းလွန်းလို့ ဓာတ်လှေကားပဲ သုံးတယ် ဟီး

တကယ်ကြည်နူးစရာလေးပဲ

ကောင်းကင်ပြာ said...

အမှန်အကန် ဇာတ်လမ်းလေးနဲ့ လှေခါးလေး ကို အဖေါ်ပြု ရေးသွားတာ မိုက်တယ်....

ဖြူတုတ်လေး said...

ကြည်ဖြူပြောတဲ့ အတိုင်းသဘောတူတယ်။ On top of that, ကိုရွာသား စာရေးအရမ်းကောင်းတယ်။

ခရေညို said...

ရွာသားလေး စာအရေးအသား အရမ်းကောင်းတာပဲ ရွာသားလေးရဲ့တကဲ့အဖြစ်အပျက်ထင်တယ်နော်

ရွှေပြည်သူ (ShwePyiThu) said...

Idea သိပ်ကောင်းသလို အရေးအသားကလည်း ကောင်းတယ် ကိုရွာသား (ပြုံးစိစိနဲ့ ဖတ်သွားသည်။)

မျှော်လင့်ခြင်း said...

ရုံးမှာကတော့ လှေကားကို လုံးဝမသုံးပါနဲ့ လို့ 
Admin ကအမိန့် ထုတ်ထားပါတယ်။

လှေကားမှာ တွေ့ ကြတဲ့  ဇတ်လမ်းကြောင့် အိမ်ထောင်ရှိတဲ့  Malaysia ကမိန်းကလေးနဲ့  Indonesia က ကောင်လေး နှစ်ယောက်လုံးကို အလုပ်က ထုတ်လိုက်တယ်။
ကျွန်မတို့ ရုံးက လှေကားမှာလဲ CCTV Camera တပ်ထားတယ် လုံခြုံရေးအတွက်တဲ့ ။

တောင်ပေါ်သား said...

အော် လှေကားဇာတ်လမ်းပါ့လား ဒီလူကြီး မရိုးသားဘူး အဟေးးးး နိဂုံးချုပ်ရရင်ဖြင့် လှေကားက အေးဆေးတက်ရ၊ ဆင်းရတယ် အချိန်ရတယ် ဒီတော့ကာ အဟေးဟေးးးးးး သတိ ရှေ့တွင် CCTV ကင်မရာရှိသည်။း) ချစ်သူဘ၀ဆိုတာ ဒီဂလိုကိုးးးးး မှတ်ထားဦးမှး) ပျော်ရွှင်ပါစေ ငါ့အကိုရေ


လေးစားလျက်
တောင်ပေါ်သား

မေလေး said...

အော် လှေကားက ဒီလိုကိုးး
ချစ်သူနဲ့ ဘဝလှေခါးတွေလဲ အောင်အောင်မြင်မြင် မမောနိုင် မပန်းနိုင် တက်နိုင်ပါစေနော်

Unknown said...

အရေးအသားလေးတွေက သိပ်ပြီး နူးညံ့သိမ်မွေ့ တဲ့ချစ်ခြင်းတွေနဲ့  ပြည့်နေတဲ့ စာလေးပဲ ဖတ်ရင်းတောင် ကြည်နူးပျော်ရွှင်မှုလေး ခံစားရတယ်

ချစ်သူ ဘ၀မှာ လှေကားရှည်လျားပါစေ ဆုတောင်းတဲ့ ရွာသားမမှားပါဘူး

ချစ်သူ ဘ၀မှသည် အိမ်ထောင်သည်ဘ၀ရောက်မှ
ဟာကွာ ဓါတ်လှေကားရှိရက်သားနဲ့  မောကမော ညောင်းကညောင်းနဲ့  လို့ သာ မပြောင်းလဲပါစေနဲ့ 
လို့ သာ ဆုတောင်းပေးပါတယ်ဗျာ

လော၂ဆယ်တော့ ဒီပိုစ့်ကတော့ သက်သေကျန်ခဲ့ပြီဗျ

ဗီလိန် said...

ဖတ်ရတာ အူတောင်ရားတယ်။ ကျနော်က ကလေးဆိုတော့ သိပ်တော့ နားမလည်ဘူး။ ရွစိစိတော့ ဖြစ်တာအမှန်။ :P

တော်သေးတာပေါ့ အပေါ်ဆုံးထပ်ထိတက်သွားပြီး။ ခေါင်းမိုးထပ်ကို တက်တဲ့ သံလှေကားနဲ့ပါ တက်မသွားလို့။ တက်ရင်းတက်ရင်းနဲ့ နတ်ပြည်လည်းရောက်သွားဦးမယ်။ :D

Vista said...

ရှက်စာကြီး ဟိဟိ ... ကိုယ့်ရုံးမှာလို အိမ်သာထဲကလွဲလို့ နေရာတိုင်း CCTV Camera တွေတတ်ထားတာမျိုးဆိုလို့ ကတော့ Data Center က Surveillance Video တွေသိမ်းတဲ့ Sever ထဲမှာ ကိုရွာသားတို့ ရုပ်ရှင်ရိုက်တာတွေ အတိုင်းသားမြင်နေရလိမ့်မယ် ...နောက်ဆိုသတိထား ဟက်ဟက် ...

စိမ်း... said...

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး...
ချစ်သူနဲ့အတူတူ အဲ့လို လှေကားကနေဆင်းရလို့ ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုပါ လုပ်ပြီးသားဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အင်မတန်အကျိုးရှိပါတယ်... ဒီတော့ ဒီလှေကားကို ရှည်စေချင်တာ ကျတော်မလွန်ပါဘူးနော့... :)

ဖိုးသင်္ကြန် said...

၅ပိုဒ်မြောက်ကစပြီး မဖတ်တော့ဘူး...
မခံစားနိုင်တော့လို့
:E

တန်ခူး said...

အပြစ်မဟုတ်ပါဘူး… လက်ထပ်ပြီးလို့ အိမ်ဝယ်ရင် အထပ်မြင့်မြင့်သာ ၀ယ်ပေတော့… တို့ ကတော့ လှေကားဆို ဝေးဝေးရှောင်တယ်… ပျင်းတာလေ… ဒါကြောင့်လဲ ကိုယ်အလေးချိန်တွေ တက်နေတာပေါ့( ၀ တယ်လို့  မရေးချင်လို့ )… RITတုန်းက တို့ သူငယ်ချင်းတယောက်လဲ အဆောင်မှာ စာကျက်ရင် သူ့ ချစ်သူ အကျီင်္လေး ဘေးနားထားပြီး ကျက်တတ်တယ်လို့  ကြားဖူးတယ်… အနားမှာရှိနေတယ်လို့  ခံစားရတယ်ဆိုပဲ… ရွာသားတို့ အိမ်လာလည်ရင် ဓာတ်လှေကားနဲ့  တက်ဖြစ်အောင်တက်မယ်… အနှောက်အယှက်ဖြစ်သွားမှာ စိုးလို့ ပါ… ပျင်းလို့ ဟုတ်ပါဘူး….

ဖိုးသင်္ကြန် said...

ဟာ ဗျာ
စဉ်းစားတာ အလုပ်တောင် ဆက်လုပ်လို့မရတော့ဘူး

WWKM said...

မောင်ရွာသားကတော့ ..
ကလေးတွေအူယားအောင်လုပ်ပြန်ပြီ။ဟိုအပေါ်က သားသားဗီလိန် အူယားသွားပြီ။ ဖိုးသင်္ကြန်တို့ နေမရ
ထိုင်မရ ဖြစ်သွားရှာပြီ။ ဟဟားး

နောက်မှ လွှမ်းမိုးလို... လက်ခံထားတဲ့သူတွေကို တရားစွဲဆိုမည် မလုပ်နဲ့နော်... :D

လင်းဒီပ said...

အဲဒါကြောင့် ဘယ်လှေကားကမှ မဆင်းဘူး...
ဒါမျိုးတွေတွေ့ရရင် ကိုယ်က မျက်စိရှက်တတ်ပါဘိသနဲ့..:P

Unknown said...

One of your best stories. It is very romatic story.. I can feel the love by reading this story.
Want to have this kind of lover in real life.

purplemay said...

မထင်ပါဘူး မထင်ပါဘူး...လှေခါးကို ရှည်လျားတယ် မထင်ပါဘူး...ဟိ

Rita said...

ဟားဟားဟား
ကွန်မန့်တွေဖတ်ပြီး ရီလိုက်ရတာ။

အော် လှေကား လှေကား
ဒါကြောင့်လဲ စာရေးကောင်းလို့ နာမည်ကြီးသကိုး

puluque said...

အပြစ်မဟုတ်ပါဘူးလေ....

သက်ဝေ said...

လင်းဒီပကို ကိုယ်ချင်းစာနိုင်ပါတယ်...
သူ့ခမျာ တခါတလေ အညောင်းပြေ အညာပြေ လှေခါးလေးနဲ့ ဆင်းချင်တာတောင်မှ မဆင်းရဘူး..
မဆင်းရဘူး ဆိုတာထက် မဆင်းရဲဘူး ဆိုတာက ပိုမှန်မယ်ထင်ပါ့...

ဟဲဟဲ.. သေချာခံစားပြီး အတည်အတံ့ ရေးထားတာကို နောက်ကျမှ ပြောင်ချော်ချော် လာလုပ်သွားတာ စိတ်မရှိပါနဲ့... အခုတလော ခဲရာခဲဆစ် မေးခွန်းတချို့နဲ့ စိတ်နဲနဲနောက်နေလို့ပါ... :D

တန်ခူး said...

တက်ဂ်ထားပါတယ်... ရေးပေးပါ...

Phyo Maw said...

ကိုရယ် မောင်ရယ် ကုန်းပိုးစီးချင်တယ် ဆိုလာရင်ကော
ဒန် တန် တန် တန့်

ဝေလေး said...

ဓာတ်လှေကားရှိရင် ဓာတ်လှေကားကတက်တယ် ဆင်းတယ် စက်လှေကားရှိရင်စက်လှေကားက တက်တယ် ဆင်းတယ်.. လှေကားကိုသုံးဘူး... ပျင်းတာ.. :D စကားမစပ် ဟိုတစ်ခေါက်က လှေကားအကြောင်းရေးဖူးသလားလို့.. ဓာတ်ပုံလေးနဲ့တွဲရက်.. အမှတ်ပဲမှားသလား.. ဇာတ်လမ်းခြင်းတော့ တူပါဘူး သတိရသွားတာလေး ပြန်ပြောမိတာ ဘာရယ်မဟုတ်..။ မှားသွားရင်လည်း တောင်းပန်ပါ၏။

ကိုရီး{ကိုကြီး} said...

မိုက်တယ်ဝေရ့်.....

မိုးခါး said...

:P
ဓါတ်လှေကားနဲ့ပဲ တက်ပါတော့မယ် .. :D
ဓါတ်လှေကားမှာ သရဲကြောက်လို့ လှေကားနဲ့ တခါ ဆင်းမိပါတယ် ပိုဆိုးနေလို့ ..း((
ဖိုးသင်္ကြန်တယောက် အလုပ်မလုပ်နိုင်လောက်အောင် ဘာတွေစဉ်းစားလဲ မသိ .. လှေကားနဲ့ ဆင်းရကောင်းမလား ဓါတ်လှေကားပဲ စီးရ ကောင်းမလား စဉ်းစားနေပုံပဲ .. :P
ဖတ်ပြီး အသည်းတော့ တကယ်ယားတယ် .. ဟီးးးး

Thetmar said...

တကယ်မသိဘူးဗျာ လှေကားမှာ နူးညံ့ တဲ့  ချစ်ခင်ခြင်းတွေ ဖန်ဆင်းလို့ ရတယ် ဆို တာ....:P

တကယ်လား
အော်ရီ မိတယ်ဆိုတာ
တကယ်လား
ချစ်သူနဲ့ အတူ ဆင်းမတဲ့ လှေကားဆိုတာ။
လာချောင်းဦးမယ်:D