08 October 2009

ရုပ်သေးရုပ်

ခြေကိုဆွဲတော့ ခြေကြွသတဲ့
လက်ကိုမတော့ လက်ကြွပြန်ရော
ခါးကိုယိမ်းတော့ ဘယ်ညာတိမ်း
ဇတ်ခနဲ မတ်တပ်ထပြန်တော့
ကြိုးတွေကို လျှောအချ
ဟော…ပြန်ကျပါလေရော

ငုတ်တုတ်ရယ် အကျ
ငိုလိုက်မ(မယ်)ဟ လို့
မျက်လွှာအချ
ဟားတိုက်ကာရယ်မောဖို့
ပါးကြောကိုဆွဲ
သွားကိုဖြဲလို့
တစ်အားကို ရယ်ခဲ့ရပြန်တယ်

မောမောနဲ့နားမဟဲ့
အားခဲကာ မာန်တင်းပြန်တော့
ချစ်ခြင်းချည် ဒီကြိုးတွေနဲ့
နေ၀င် မိုးချုပ်
တစ်ထုပ်ပြီး တစ်ထုပ်
ကနေရတဲ့

ငါဟာ ရုပ်သေးရုပ်။

24 comments:

ဖြူတုတ်လေး said...

ဒီကဗျာတော့ ဖြူတုတ်နားလည်တယ်။ ကဗျာတွေ ဆက်လှချည်လား ကိုရွာသားရဲ့။

Unknown said...

သိပ်ကောင်းတဲ့ ခံစားချက်စာစုလေးပဲ
ဘ၀ဇာတ်ခုံပေါ်က ရုပ်သေးရုပ်လေး
ခံစားလွန်းတဲ့ စိတ်လေးတွေ လျှော့ပါစေလို့ 
အမြဲဆုတောင်းပေးနေတယ်

ဒါပေမယ့် ကိုယ်ကိုယ်တိုင်က
ရုပ်သေးရုပ် တရုပ်ဖြစ်နေတော့
ဆုတောင်းမှ ပြည့်ပါ့မလားလို့ 
စိုးရိမ်မိတယ်

မေလေး said...

ဒီလိုပါဘဲ ကိုရွာသားရေ
မငိုချင်ဘဲငိုရ
မရယ်ချင်ဘဲရယ်ရ
ဘဝဇာတ်ခုံပေါ်
မဆုံးနိုင်တဲ့
ဘယ်တော့မှ ဇာတ်သိမ်းခန်းရောက်မယ်
မသိတဲ့ ဇာတ်ထုတ်ကို ကနေကြရတယ်။

စိမ်း... said...

ဟိုက်ရှာလပတ်ရည်....
အတွေး အရေး... ၂ လေးလုံးသာတယ်...
ဆလံပေးခဲ့တယ်... ဆရာကီး... :)

ရွှေပြည်သူ (ShwePyiThu) said...

“ချစ်ခြင်းချည် ဒီကြိုးတွေနဲ့
နေဝင်မိုးချုပ်
တစ်ထုပ်ပြီး တစ်ထုပ်
ကနေရတဲ့
ငါဟာ ရုပ်သေးရုပ်” တဲ့လား ကိုရွာသားရေ...

သံယောဇဉ်ဆိုတဲ့ကြိုးကို နှစ်ဘက် တွယ်ဆက်မိပြီဆိုမှတော့ တဖတ်စွန်းက ဆွဲသမျှ လှုပ်ရှားချင်တဲ့အချိန်မှာရော မလှုပ်ရှားချင်တဲ့ အချိန်မှာပါ... အနည်းနဲ့အများ လှုပ်ရှားကြရတာပါပဲလေ... ကဗျာထဲက ရုပ်သေးရုပ်လေး ပျော်ပျော်ကြီးကနိုင်ပါစေ...

Anonymous said...

စကားလုံးတွေ မိလှချည်လား ကိုရုပ်သေးရုပ်..း)

မျှော်လင့်ခြင်း said...

မနေ့ က ရုံးOvertime အပြီး ရည်းစားက အတင်းခေါ်လို့  စိတ်ညစ်ညစ်နဲ့  shopping သွားတာကို လိုက်ခဲ့  ရတဲ့  အပြန်လမ်း မှာ ရေးခဲ့ တဲ့  ကဗျာ ဖြစ်မယ်လို့  ခန့်မှန်းပါတယ်။

မအားတဲ့ ကြားက Lunch Break မှာ တင်ထားတဲ့  ကဗျာကို ရုံးချိန်မှာ အားနေလို့  ဝင်ဖတ်သွားပါတယ် ။
ဘဝ ဘဝ

ဖိုးသင်္ကြန် said...

မောမောနဲ့ နားမဟဲ့ အားခဲကာ မာန်တင်းပြန်တော့
ချည်တုပ်နှောင် ဒီတုတ်ချောင်းတွေကြောင့်
ဆန့်တန်းကာ တောင့်ထောင့်လှဲရတဲ့
ငါဟဲ့ တုတ်ထိုးရုပ်


:D

:P said...

မင်းမုန်းလို့ ငါ့ဘဝတစ်ခုလုံး ဆုံးနိုင်တယ်.. လိုရာ လက်ညှိုးညွှန်ပါ.. ငါရုပ်သေးပဲ...
(တူးတူး သီချင်း ဆိုသွားတယ်.. ရှေးသီချင်းမို့လို့ ကြားဖူးရဲ့လားတောင်မသိ)

.......အနိုင်ယူတော်မူ....ကိုယ်လိုလူဟာ ချစ်သူ့အတွက်ဆို ဘာမဆိုလုပ်မယ့်
့်ရုပ်သေးရုပ်ပေါ့ကွယ်...( ဒါက မင်းအောင်သီချင်း၊ အစက်တွေက မေ့သွားတဲ့ နေရာတွေ) :P

ကာရံဆူး said...

အလိုလိုက် အကြိုက်ဆောင် မင်းသဘောတိုင်း ငါဟာ ရုပ်သေးရုပ်...:P..ကဗျာလေး ခံစားသွားပါတယ်..

Waing said...

သူစေလိုရာ ကြိုးဆွဲခံရတဲ့ ရုပ်သေးရုပ်ဘ၀ကနေ လွတ်မြောက်နိုင်စေသော်.....

Ree Noe Mann said...

ဘာပြောရမှန်း မသိလို့ ဘာမှကို မပြောတော့ဘူးဗျာ။
ကျနော်သာ ရုပ်သေးရုပ်သာ ဖြစ်ခဲ့မယ်ဆိုရင်
စိတ်ဓာတ်ကျလို့ သေသွားနိုင်တယ် ချစ်ကို

ညီ ရီနို

တန်ခူး said...

အချစ်ရဲ့ရုပ်သေးတဲ့… တူးတူးသီချင်လေးသွားသတိရတယ်… ဘာပဲဖြစ်ဖြစ် ချစ်သူရဲ့ကြိုးဆွဲရာ ကနေရတာကပဲ အချစ်ပဲမိုလား…

yangonthar said...

ရုပ်သေးရုပ်က မမောပေမယ့် ဒီ ကိုယ်ကြီးနဲ့  ဒီစိတ်ကြီးကတော့ ဟောဟဲ စိုက်လို့  ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေပါပြီဗျာ ...... ကဗျာက သွက်သွက် ချာချာ စကားလှလှ တွေနဲ့  ဖတ်လို့  ကောင်းချက် ကိုရွာသားရေ ....
လေးစားလျှက်
ရန်ကုန်သား :))

Talkii said...

ဧကန်တတော့ ငယ်ငယ်က ကြည့်ခဲ့တဲ့ ဘုရားကြီးပွဲက ရုပ်သေးရုပ်ပွဲကို အမှတ်ရလို့ဖြစ်မယ်။ ပွဲစနေပြီတဲ့နော...။

T T Sweet said...

တော်တော်ကောင်းတဲ့ ဘ၀သရုပ်ဖော် ကဗျာပဲ ... သရုပ်အတော်ပါပါတယ် ... ကိုရွာစားလေးကတော့ ကဗျာသမား စာသမား အစစ်ပဲ။

ဒါပေမဲ့ .....ကျောက်ကျော ကိစကတော့ အခဲမကြေသေးဘူးနော် ...း)

khin oo may said...

စကားတတ်တိုင်း.....

Libratun said...

ရုပ်သေးရုပ်တော့ အဖြစ်မခံနဲ့လေ ကိုရွာသားရဲ့၊ ဆရာကြားသွားရင် စိတ်ဆိုးနေဦးမယ်။ နှစ်ပါးသွားကနိုင်အောင်သာ ကြိုးစားလိုက် ပေရော့။

phoechan said...

ကဗျာလေးက ဖတ်လို့ကောင်းသလို အဓိပ္ပါယ်လေးကလည်း သဘောကျစရာလေးဗျာ။ ကျွန်တော်တို့အားလုံးက ကံကြမ္မာ ကြိုးဆွဲရာ ကနေကြရတာပဲ မဟုတ်လား။ ဖြစ်ချင်တာတွေနဲ့ ဖြစ်နေတာတွေက တလွဲတွေ။

ဂျေဂျူဝိုင် said...

ဂျေဂျူဝိုင်၏ http://jjqqyy.mylovecafe.com တွင် ဘုရားရှင်၏ စကားအရ ဖြေရှင်းခြင်း ကို လာရောက် ဖတ်ရှုပေးပါရန်

သက်ဝေ said...

ကိုယ်က သဘာဝမကျတဲ့ အရာတွေကို မကြိုက်တတ်လို့လားတော့ မသိဘူး၊ မျက်နှာသေနဲ့ ရုပ်သေးရုပ်တွေ ရုပ်သေးအကတွေကို တခါမှ မကြိုက်ခဲ့ဖူးဘူး။ ကြိုးဆွဲရာကို ကနေရတဲ့ အဖြစ်ကို မကြိုက်လို့ ကြိုးဆွဲသူနေရာက နေချင်သလား ဆိုတော့လဲ မဟုတ်ပြန်ဘူး၊ သူများကို ကြိုးဆွဲရတာလဲ နဲနဲမှ ဝါသနာမပါဘူး...
ဒီတော့ ကိုရွာသား... ကြိုးဆွဲခံရတဲ့ ရုပ်သေးရုပ်နေရာမှာ မရှိပါစေနဲ့ ဆိုတဲ့ ဆုတောင်းနဲ့အတူ ကိုယ်တိုင်လဲ ကြိုးဆွဲသူ တယောက် မဖြစ်ပါစေနဲ့လို့ မျှမျှတတ ဆုတောင်းသွားပါတယ်။
(ကဗျာနဲ့ ပတ်သက်တဲ့ ကိုယ့်အတွေးနဲ့ ကဗျာထဲက ရုပ်သေးရုပ်လေးအတွက် ကိုယ့်ရဲ့ ဆုတောင်း သက်သက်ပါ...)

Myat Noe Khin said...

ရွာသားရေ မင်းမေးလို့ငါဖြေ ထား တယ်
အကုန် တော့မဟုတ် သေးဘူး

http://myatnoekhin33.blogspot.com/2009/10/ytu.html

Unknown said...

ဒီကဗျာလေးကိုကြိုက်လိုက်တာ။
ကောင်းလိုက်တဲ့ကဗျာလေး

ကိုလူထွေး said...

မတွေ့တာတောင်ကြာပေါ့...

ကြိုးစတချောင်း ဆွဲလိုက်မယ်

ပြန်လာရေးစေရော့ လဟယ်...

းဝ)