25 September 2009


သိပျတိုးတကျတာပဲ။ သိပ်မြန်တာပဲ။ ဟိုက်ယား….တယ်ဟုတ်ပါလားကွ။ ဒီလောက်တောင်သေးငယ်သွားပြီတဲ့လား။ အို…ဘာတဲ့ အပြာရောင်အလင်းတန်းနဲ့ ကြည့်တော့ ကိုယ်တိုင် ဇာတ်လမ်းထဲရောက်နေသလို ုဆိုပါလား။ ဟော…အသစ်ပေါ်ပြန်ပြီတဲ့။ အဲ့ဂလောက်မြန်နေပြီတဲ့လား……စသည့် တစက္ကန့်မှသည် တစက္ကန့်အပြောင်းတိုင်းအတွက် ထွက်ပေါ်လျက်ရှိသော တိုးတက်ထွန်းကားနေသည့် နည်းပညာခေတ်ကြီးထဲမှ ကျနော်အတွက် တစေ့တစောင်းလေးပါပဲ။

ပြီးခဲ့တဲ့ အပတ်က အိုင်တီပြပွဲတစ်ခုကအစ ကျနော့ကွန်ပြူတာနဲ့ external hardisk နှစ်ခုစလုံးက မီးနီအပြ။ ကွန်ပြူတာက 150GB နဲ့ external က 320 GB မလောက်တဲ့ဘူးတဲ့ခင်ဗျ။ သိမ်းထားတဲ့ ရုပ်ရှင်တွေနဲ့ ရိုက်ထားသမျှ စုဆောင်းထားတဲ့ ဓါတ်ပုံတွေက များသည်ထက်များလာခဲ့သည်ကော။ ခရီးတစ်ခါထွက်ရင် ဓါတ်ပုံဖိုင်က 4GB လောက်တော့ ခပ်ပျော့ပျော့။ ဆိုတော့…ဆိုတော့

ကိုဗီလိန်ရေ ကျနော့်အတွက် 500GB တစ်လုံးလောက်ဆွဲခဲ့ပါလို့ မှာမိရော။ အသစ်ရလာတဲ့ အထဲကို ရုပ်ရှင်တွေထည့်။ အဟောင်းလေးထဲကို ဓါတ်ပုံတွေ ရှိသမျှအကုန်ထည့်။ မတော် ကွန်ပြူတာပျက်သွားမခက်လား ဆိုပြီးတော့ပေါ့ဗျာ။ နှစ်ညလောက် ပြောင်းလိုက်ရတယ် ဟိုရွှေ့လိုက် ဒီရွှေ့လိုက် ဟိုနားစီလိုက် ဒီနားညှိလိုက်ပေါ့ဗျာ။ လိုက်ကာမှာ ဇာအနားလေး အပြီးသတ်တပ်မလို့ တွန့်နေတုန်း ဗြုန်းဆို………..

ကွန်ပြူတာက အဟောင်းကောင်လေးကို သိတော့ဘူးတဲ့ဗျာ။ ကဲကဲ ကွန်ပြူတာကို အစက ပြန်စ ပြန်ကြည့်။ သကောင့်သားက စိုးစဉ်းမှ မရှိတော့။ အခန်းထဲက ကဗျာဆရာကြီးစက်မှာလည်း စမ်းကြည့် မရှိ။ ဒုက္ခနဲ့ လှလှတော့ တွေ့ပြီ။ ဘုရားစာရွတ်ရင် ကောင်းသွားမလား အာ…ပေါက်ပေါက်ရှာရှာ တောင်တွေးမြောက်တွေးတွေ ဖြစ်ကုန်ပြီ။ ဘယ်လိုလုပ်ရမလဲ။ ကုန်ပြီ…ကုန်ပြီ ရူးသွပ်မှုတွေ အားလုံးကုန်ပြီလေ။ အဲ့ဒီ ဓါတ်ပုံတွေအကုန်လုံးက ရွှေပြည်ပြန်တုံးက ပုံတွေ၊ ခရီးထွက်ခဲ့တဲ့ပုံတွေ၊ ကြိုကြားကြိုကြား ရိုက်ဖြစ်တဲ့ပုံတွေ၊ ဟိုတစ်စ ဒီတစ်စတွေ။ အခုတော့ အားလုံး ပလုံ (အသံတောင်မမြည်လိုက်ပါဘူးလေ)။

ကျနော်သုံးနေကျက Western Digital တံဆိပ်ပါ။ ဆွဲမိဆွဲရာ ကောက်ရိုးတစ်မျှင်ကို ကောက်ဆွဲဖို့ သုံးနေကျ Google ကနေ service center ကိုရှာမိရော။ တွေ့ပါပြီလေ ရုံးနဲ့သိပ်မဝေးပါလားပေါ့။ ထမင်းစားချိန် ရုံးက အစ်ကိုကြီးကို အကူအညီတောင်းပြီး လိုက်ပို့ခိုင်းခဲ့မိတယ်။ ဒီဘက်လှေကားက လေးထပ်အထိပဲ။ ဟိုဘက်လှေကားက ခုနှစ်ထပ်အထိတက်။ အပေါ်လည်းရောက်ရော ကျနော်တို့က wireless တွေပဲ service လုပ်တာပါတဲ့။ WD နဲ့ပတ်သတ်မှု အလျဉ်းမရှိပါ အခုလိုမျိုးမှားပြီးရောက်လာတာ များပြီတဲ့။ သူတို့ရွှေ့သွားတာ လွန်ခဲ့တဲ ငါးနှစ်ကပါတဲ့။ ခဏဆိုပြီး သက်ဆိုင်ရာ လိပ်စာကိုရှာပေးနေတော့တယ်။ တော်ပါသေးတယ် ကူညီတတ်တဲ့သူမို့ မတော် မောင်းထုတ်လွှတ်လည်း ခံရမှာလေ။

ရေဆုံးမြေဆုံးလိုက်တတ်တဲ့အကျင့်အတိုင်း လိပ်စာအသစ်ကိုရောက်အောင်သွားခဲ့တယ်။ မှတ်လာခဲ့တဲ့ လိပ်စာက နှစ်ထပ်မှာမို့ နှစ်ထပ်ကိုတက်ပြန်တော့ Receptionist is out for lunch, kindly contact the listed no. for assistant. အင်းခေါ်ပေါ့ ဘေးနားက ဖုံးကလေးနဲ့ service department ကိုခေါ်။ ပြီးတော့ ဘလာဘလာပြော မင့်hardisk serial no. ပြော အားလုံးလည်းပြီးသွားရော တစ်ထပ်ကို ပြန်သွားပဲတဲ့။ သေဟဲ့နန္ဒိယ…..

တန်းစီစောင့်တဲ့လူတွေကြားထဲမှာ ကိုယ်လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ပြုံးပြံုးရွှင်ရွှင်ပဲ အမည်းရောင်တော့မရှိတော့ဘူး အပြာရောင်လက်ခံတယ်မဟုတ်လားဆိုတော့ ကျနော်မေးမိတယ်။ ငါ့ဒေတာတွေကောလို့။ သူတို့က ဒေတာတွေ ပြန်မဖော်ပေးပါဖူးတဲ့။ ကိုယ့်ဖာသာ ဖော်မယ်ဆို ဒေတာဖော်တဲ့ နေရာတွေက ဒီမှာပါတဲ့ ဆိုပြီး စာရင်းလေးထုတ်ပေးတယ်။ ဒေတာအရင်ဖော်ပြီးမှ အသစ်တစ်လုံးလာထုတ်ပါတဲ့။ အင်းလို့ပဲပြောပြီး ဆန်ပြုတ်သောက်လာခဲ့တယ်။

ညနေဆင်းမှ အနီးအနားမှာရှိတဲ့ ဒေတာဖော်တဲ့ နေရာကိုပြေး၊ ခြောက်နာရီခွဲဆို ပိတ်မှာမို့ပါ။ hardisk ကို ပြင်မယ့်လက်ထဲထည့်လိုက်ပြီးတော့မှ ဟူးလို့ သက်ပြင်းချမိတယ်။ ဘယ်အရာတွေကို အဓိက ရှာပေးရမလဲဆိုတော့မှ JPEG တွေပါလို့ ကျေးဇူးပြုပြီး အကုန်နီးပါးရအောင် လုပ်ပေးပါလို့ တောင်းပန်ပြုံးလေးနဲ့ပေါ့။ မချိသွားဖြဲဆိုတာ ဒါမျိုးနေမှာပါလေ။

ပေးပြီးတဲ့နေ့ကစပြီး ဆက်သွယ်နိုး ဆက်သွယ်နိုး ချစ်သူဖုံးကိုမျှော်သလိုမျိုး ဖုံးကိုလှမ်းကြည့်ရတာ ခဏခဏ၊ ချစ်သူစာ လာလိမ့်နိုး မေးလ်ဖွင့်စစ်ရတာလည်း ခဏခဏ။ မနေနိုင်လို့ မနက်က ဖုံးဆက်တော့မှ ဖုံးပြန်ဆက်မယ်တဲ့။ ထမင်းစားချိန်မှာပဲ မျှော်လေတဲ့ဖုံးက ခေါ်ပေတော့မယ်။ 60% လောက်ပြန်ရမယ် ဆယ်ရက်လောက်တော့ ကြာပြီး…..သူပြောလိုက်တဲ့ တခဏမှာတင် ဘာကိုမှ မကြားနိုင်အောင်ပါပဲ အဲ့ဒီအတွက် S$500.00ကျပါမယ်တဲ့ဗျာ။ ကဲ……………..

နည်းပညာများ၏ နောက်ကွယ်ကို ခဏဝင်ကြည့်မိတယ်။ မလွယ်ပါဘူးကွယ်။ နှမြောတသ သုံးကြိမ်ရွတ်ယုံပဲပေါ့။ အင်း ဒုက္ခ ဒုက္ခ ဒုက္ခ ဓါတ်ပုံရိုက်ချင်တဲ့ ဒုက္ခ………………………………..အနတ္တ အနတ္တ အနတ္တ ဘယ်အရာမှ မမြဲပါလား။ ဒေါသ ဒေါသ ဒေါသ ဓါတ်ပုံဆိုတဲ့အသံကြားတိုင်း ဒေါသ ဒေါသ ဒေါသ ဖြစ်နေမိတော့တာပါပဲ....


မရေးဘူးလို့စဉ်းစားတာပါပဲ ဒါပေမယ့် ရင်ထဲလည်း ပြည့်ကြပ်နေပြန်တော့ ကွမ်းစာလေးဖြစ်ပြန်ပေါ့။ မကောင်းဘူးလို့လည်း မယူဆလိုက်ပါနဲ့ဗျာ ကျနော်လို ခပ်တုံးတုံးလူမျိုးမှ ဖြစ်တတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓါတ်ပုံ မရိုက်တော့ဘူးလားလို့ တော့ လာ မမေးပါနဲ့ ရိုက်ဦးမှာပါ။ ပုံအဟောင်းတွေအကြောင်းတော့ မေ့ထားလိုက်ကြပါစို့ရဲ့.....

40 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဟယ်...

ဘေးက ကြားရတဲ့လူတောင် တော်တော်နှမြောတာ ကိုရွာသားဆို ပိုဆိုးတော့မပေါ့... တကယ်ကို စိတ်မကောင်းပါဘူး...း(

WWKM said...

ဟမ်း.. ပြောတော့ ဒီနေ့သောကြာညနေနဲ့ စနေနေ့က
ချစ်သူအတွက် အပိုင်ပေးထားတဲ့နေ့ဆို.ဘာလို့ပို့စ်က တက်လာရတာတုန်း။ ချစ်သူ စိတ်ကောက်နေပြီထင်ရဲ့။
း)))
တာ့တာ တို့တော့သွားပြီ.. ဦးဥာဏ်ကိုသွားကြိုလိုက်ဦး
မယ်.ဟီးဟီး.

Htoo Aung Lwin said...

အော် သဗ္ဗေသတ္တာ ကမ္မဿကာ လို့ ပြောရအောင်လဲ
Hard Disk က သတ္တဝါမဟုတ်.........။
အင်းကိုရွာသားရေ ခက်ပြန်သကောနော်..........။

Vista said...

သနားထှာ ကိုယ့်ဟာကိုယ်ဖော်ရင်ရတာကို
ပြန်ဖော်တဲ. Getdataback လိုမျိုး software မှ ဘယ်လောက်မှမပေးရဘူး Backupsoftware လည်းမပေးရပါဘူး
backup မှမလုပ်ထားတာခံပေါ့ ကိုရွာသားရယ် ဟိဟိ

mirror said...

ဖြစ်ပုံက တပုံစံထဲပါလား။
တရာနဲ့ ဖြေပါကွယ်။ငါးရာတောင် ကုန်မှာကိုး :)
အလကား၊အလကားနောက်တာပါကွယ်။

ကိုယ်ချင်းစာပါတယ်။ရူးမလိုပဲ။ခြေမကိုင်မိ၊လက်မကိုင်မိလေ။
ဟုတ်တယ်မား။

yangonthar said...

အော်ဖြစ်ရလေ ကိုရွာသားရာ ... နှမျောစရာကောင်းလိုက်တာဗျာ .....
အဆင်ပြေပါစေ ......

ကိုရင်နော်ခင်လေးငယ် said...

ဖြစ်ရလေကွယ်..

:P said...

ဖြစ်မှ ဖြစ်ရလေ ရွာသားလေးရယ်.....
ပုံဟောင်းလေးတွေက တန်ဖိုးပိုတက်တယ် သဘောထားပါကွယ်....။

ဆောင်းချမ်းမိုး said...

ထမ်းပိုးထက် လက်ခံကြီး ဆိုသလို ဖြစ်နေပြီ
ကိုရွာသားရယ်.. စိတ်မကောင်းလိုက်ထှာ

ဆောင်းချမ်းမိုး said...

လက်ခ..လက်ခ
လက်ခလို့ရေးတာနော်..
မှားရိုက်ရတယ်လို့ဗျာ

ကောင်းကင်ပြာ said...

ပုံတွေ အကုန်ပြန်ရပါစေ ရွာသားရေ..

ကိုလူထွေး said...

၆၀% ကို ၅၀၀ ဆိုတော့
ရာနှုန်းပြည့်သာပြန်ရရင် ၁၀၀၀ တောင်းမလားမသိ...

လုပ်ရက်ကြလေခြင်းဗျာ...

း´(

(ဦးလေးကတော့ ဘိန်းမုန့်ပဲ ရောင်းတာပါကွယ်
မောင်ရင်တို့ပြောတဲ့ ဒစ်ဆိုလား Disc ဆိုလား မသိပါဘူး)

Anonymous said...

သနားပါတယ်ကာရွာသိုးကြီး..

Talkii said...

Recover လုပ်တဲ့ software တွေနဲ့ အရင် စမ်းကြည့်ရမှာဗျ။ မရတော့မှ သွားပို့လိုက်ရမှာ။ နောက်ဆိုရင်တော့ dvd ရိုက်၊ external hard-disk ထဲကူး၊ ကွန်ပျူတာထဲမှာလည်း သိမ်း။ တကယ်ကို အရေးကြီးတယ်ဆိုရင်တော့ hosting ကောင်းကောင်းတစ်ခုမှာလည်း အပိုသိမ်းထားရင် လွန်မယ်မထင်။

အဲဒါ စက်နတ်မတင်လို့။ ငှက်ပျောပွဲ အုန်းပွဲနဲ့ လက်ဖက်သုပ်နဲ့ ရိုးရာ ကန်တော့ပေးလိုက်။ နောက်မဖြစ်တော့ဘူး။ :P

JulyDream said...

မိအေး ၂ ခါ နာရတဲ့ကိန်းပဲနော်။ သတိထားအုံးမှပဲ။

ရွှေရတုမှတ်တမ်း said...

ဘဘတို့ကတော့နားမလည်လို့တို့တောင်မကြည့်ဘူး..
ခံရပေါင်းများပေါ့

ဖြူတုတ်လေး said...

ကြားရတာစိတ်မကောင်းပါဘူး ကိုရွာသား။ 'နှမြောတသ' အပိုဒ်ကိုတော့ ရယ်ရလို့ကျိုက်တယ်။

Libratun said...

တန်ပါတယ်ဗျာ။ ရိုက်ချက်တွေက ဒီလောက်ကောင်းတာကို။
နောက်ဆိုရင်တော့ ကိုVista လားမသိ။ သူတို့နဲ့ တခြားသူတွေကို မေးမြန်းထားပေါ့။

ဗီလိန် said...

မဟုတ်ဘူးလေ Vista ရဲ့ Back up လုပ်တဲ့အချိန်မှာ ဖြစ်သွားတာလေ။

ဗီလိန် said...

ဒါများကိုရွာသားရယ် ဓာတ်ပုံ မြင်တိုင်း ကင်မရာ မြင်တိုင်း ဒေါသမဖြစ်မခံနဲ့။
ကိုင်နေတဲ့ DSLA 1000D ကို ကျနော့ကို ၂၀၀ နဲ့ ပြန်ရောင်းလိုက်။ ကင်မရာ မမြင်ရင် ဒေါသမထွက်တော့ဘူး။ ကိုရွာသားထွက်မယ့် ဒေါသကို ကျနော်က ၂၀၀ တောင်ပေးပြီး ဝယ်ပေးရမှာနော်။ ကျေးဇူးတင်။ အဟိ

ချိတ်ချိုးနဲ့

Vista said...

ကို ဗီလိန်ရဲ့ သူက Backup လုပ်တာမှမဟုတ်တာ
" ဟိုဆွဲသိမ်းဒီဆွဲသိမ်းလုပ်တာ " ဟိဟိ

DSLA 1000D ကို ကျနော့ကို ၂၀၀ နဲ့ ပြန်ရောင်းလိုက်
ဟုတ်လား .. ???
ကျနော် ၃၀၀ ပေးမယ် ကျနော့်ရောင်းပါ ဟက်ဟက် ..

တောင်ပေါ်သား said...

အင်း ငါ့အကိုကတော့ ဖြစ်ရမယ် ဒီလိုပဲ ဈေးကြီးတယ် သူတို့တွေက တောင်းမှာပဲး( နောက်တခါ ကျနော့်ကို ဆက်သွယ်း)


လေးစားလျက်
တောင်ပေါ်သား

Ree Noe Mann said...

ဪ ဖြစ်ရမယ်နော် ကိုရွာသားရယ်။

အဲ့ဒါပြောတာပေါ့ ရှေ့ လူကြီးတွေကပြောတာ

ထွက်စရာမရှိလဲ ဆီလို အပေါက်ရှာထွက်တယ်
ဆိုတာ ဒါမျိုး ထင်ပါ့ဗျာ။

ခင်တဲ့ ရီနို

ကြည်ဖြူပိုင် said...

သူတို့တောင်းတဲ့ဈေးက
ကြီးလွန်းတယ်။မတန်လိုက်တာ။
စိတ်မကောင်းမဖြစ်ပါနဲ့ ကိုရွာသားရယ်။
အားတင်းထား
ကျားယို

tg.nwai said...

နှမြောစရာနော်..စိတ်မကောင်းပါဘူး ကိုရွာသားရယ်..ဒေတာတွေပျောက်သွားလို့ စိတ်ပူရတာက တမျိုး..ငါးရှာထွက်လို့..အဲ..ငါးရာထွက်သွားလို့ စိတ်ညစ်ရတာက တမျိုး...နောက်ဆို အရှေ့ကဆရာတွေ ပြောသွားသလို လုပ်ထားရမယ်ထင်တယ်.. backup တွေ အဲဒီ backup တွေကိုမှ ပြန်backup လုပ်..အင်း..ဒါလည်း နည်းပညာရဲ့ ပရိယာယ်တွေပဲဖြစ်မယ်..

(ဒီတခါတော့ သီချင်းတွေနဲ့ တွဲမမြင်တော့ပါဘူး..:)

မီယာ said...

နည်းပညာဆိုလို့... နှမြောလိုက်တာဟယ်။ ပိုင်ရှင်ဘယ်လောက် ခံစားရမလဲ ကိုယ်ချင်းစာတယ်။

ရေတမာ said...

ညစ်မှ ထွက်ရလေ အကိုရာ ပုံတွေအတွက်နှမြောတယ် ဘာပဲဖြစ်ဖြစ် မေ့ထားလိုက်ကြပါစို့ရဲ့

Linn Zaw Win said...

500 sounds quite cheap. When my friend go for data recovery, they asked for 1000+. I suggest you to buy Rapidshare or Megaupload or some online hosting like that and also store the files online as well as offline in your external harddisk.
Gd luck!

khin oo may said...

စာရောကွန်မက်တွေရောဖတ်သွားတယ်။ နစ်ခေါက်။

khin oo may said...

နှမျောလိုက်တာ..........

သစ်သစ် said...

တူလေး ရွာသား အန်တီလာသွားတယ်နော်......ဟွန့် နာမယ်..း(

မျှော်လင့်ခြင်း said...

ပုံတွေကို web site မှာတင်ထားလေ
ကျွန်မကတော့ရိုက်ထားတဲ့ပုံတွေ picasa web link မှာတင်ထားတာ
လိုရင် ပြန်ကူးလို့ လွယ်တယ်
သူငယ်ချင်းတွေ ကို ပို့ လို့ လဲလွယ်တယ်

$500 ကိုတော့ နှမြောတသ ၃ ကြိမ်ရွတ်ပြီးပေးမလား
ပုံတွေပဲ အဆုံးခံမလား
ဒါလဲ ရွေးချယ်မှုတခုပေါ့
စလုံးမှာ ဒီလိုရွေးချယ်မှုတွေ ကသိပ်စိတ်ပျက်စရာ

Unknown said...

စိတ်မကောင်းဘူး
နှမြောစရာပဲ ဘကြီးရာ နော့
ဒါ့ပုံတွေ နောက်တခါရိုက်ပါ
ဒါနဲ့  စကားမစပ် ၅၀၀ ပေးလိုက်ရော့လား
ဈေးကြီးတာဗျာ

puluque said...

ကိုရွာသားရေ ဟတ်ဒစ် ကြွသွားတာများ ဘာခတ်လို့..
သူကြွသွားရင် အုန်းပွဲ ငှက်ပျောပွဲနဲ့ ပြန်ခေါ်ပေါ့ ပြန်လာလိမ့်မယ်ထင်ပါတယ်.. ကျတော် တို့တောမှာဆို နတ်တွေကြွလာဖို့ အတွက်ဆို အုန်းပွဲ ငှက်ပျောပွဲနဲ့ ခေါ်တာပဲ။ လာမလာတော့ မသိပါ။ နတ်ကတော်ကို မေးကြည့်မှပဲသိမယ်

ကာရံဆူး said...

အော် ကိုရွာသားရယ် လူပန်း ငွေကုန်သွားပြီး 100% တောင် မပျော်နိုင်တာ စိတ်မကောင်းလိုက်တာ...နောက်တစ်ခါ မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်နော်..

Unknown said...

500 တကယ်ပေးလိုက်ရရင် ပိုက်၂အရမ်းကုန်မှာနော့
ဒါဆို မန်းမန်းမစားတော့နဲ့  ခေါက်ဆွဲကြော် ပဲစားတော့

NangNyi said...

ခုလိုကြားသိရတာ ဝမ်းသာမိပါတယ်ဗျာ

NangNyi said...

ခုလိုကြားသိရတာ ဝမ်းသာမိပါတယ်ဗျာ

mae said...

ဘဝတူမို့ ခံစားသွားတယ်..

ကိုရုပျဆိုး said...

အာ ...... internet ပေါ်မှာ JPEG Recovery Software တွေ ပေါမှ ပေါ။ အဲဒါလေးနဲ့ recover အရင်ပြန်လုပ်ကြည့်လိုက်တာမဟုတ်။ အခုတော့ ..... အဟင့် . S$-500 ကြီးများတောင် ....... အင်းလေ .. ဒီ ဓါတ်ပုံတွေပြန်ရိုက်ဖို့ နောက်တစ်ခေါက်ခရီးထပ်ထွက်ရရင် ............