22 September 2009

နွယ်တစ်ပင်သို့


ကိုယ်တိုင်ကိုက နွယ်တစ်ပင်လို
တွယ်ရစ်နှောင်ဖွဲ့လွန်းလို့
နငယ်မြင်ရင်တောင်
ဝေးအောင်နေမိတယ်

မထင်မှတ်ပါဘူး
ကိုယ်တိုင်ပျိုးမိသည်က
နွယ်တစ်ပင်

အစဉ်ပျိုးသူနဲ့
ဒီနွယ်တစ်ပင်
နှောင်တွယ်ငင်လို့
ရင်ခွင်မှာလည်း
တစ်ရစ်ထက်တစ်ရစ်
တိုးလို့သာဝင်

နွယ်တစ်ပင်ရယ်
အပွင့်ရယ်
ပွင့်နေမှပဲ
နွယ်ပျိုးသူ
ဒီလူတစ်ယောက်
နွယ်ကြိုးမျှင် တစ်ပင်လောက်နဲ့တောင်
လုံလောက်ပါတယ်

ကိုယ်တိုင်ကိုက
တွယ်ရစ်နှောင်ဖွဲ့လွန်းပါလျက်
ဒီတွယ်တာနွယ်ကြိုးကိုဖြင့်
သွေမဖယ်
နောင်အဆက်ဆက်
ထပ်ထပ် ချည်မဆုံး…….

33 comments:

khin oo may said...

အထပ်ထပ်ဖတ်မိတယ။်

သီဟသစ် said...

တစ်ပင်တည်း ရင်ထဲကနွယ်
ပေါ့လေ

အင်း...
လူပျိုကြီးတွေများ သံယောဇဉ်တယ်ကြီးသကိုး
:)

ခင်မင်စွာဖြင့်
သီဟသစ်

yangonthar said...

နွယ်မြစ်သစ်ပင် ဆေးဖက်ဝင်ပါတယ် ကိုရွာသားရာ :))) ကဗျာလေးက ချစ်တယ် ဆိုတဲ့ စကားတစ်လုံးမှမပါပဲ အချစ်အကြောင်း ကို ဖွဲ့ ထားတာ လှတယ်ဗျာ ... အချစ်နဲ့  နှောင်ဖွဲ့ တတ်ခြင်းကို ရှင်းရှင်းလေး မြင်သွားတယ် .... ကင်မရာအယူအဆ အကြောင်းကိုတော့ ကျနော် သိပ်နားမလည်ပါဘူး ဒါပေမယ့် ကိုရွာသား ဓါတ်ပုံတွေကြည့်ရတာ အတော်ကလေး အမြင် အေးတယ် ... လှလည်း လှတယ်ဗျ အဲဒီ ပန်းတွေ နားရောက်သွားသလို ပေါ့ ....
လေးစားလျှက်
ရန်ကုန်သား

ThuHninSee said...

ဗူးပင်စိုက်ပါလား။ နွယ်ပင်ပေမယ့်..သီးလာရင်ေ၇ာင်းလဲရောင်း စားလို့လဲရတယ်။း)

ကောင်းကင်ပြာ said...

ရွာသား အမ ဒီနေ့ botanical garden မှာ တွေ့ခဲ့တဲ့ နွယ်ကြီးလေ အကြီးကြီးပဲ မယုံရင် ဆောင်းဆောင်း မေးကြည့်၊ သိပ်လှတယ်၊ ခိုင်မဲ့ပုံပဲ...း)
သီဟ ပြောသလို တပင်ထဲ ရင်ထဲက နွယ်.....

ညီလင်းသစ် said...

ကျနော်ငယ်ငယ်ကတော့ နွယ်ချိုတွေ တော်တော်ကြိုက် တယ်ဗျ :)

တစ်ရစ်ချင်း တစ်ရစ်ချင်းကို လှလှပပ နွယ်တက်သွားတဲ့ ကဗျာလေး တစ်ပင်ပါပဲဗျာ...။

မေငြိမ်း said...

နွယ်တပင် မြက်တပင်လို.. သံယောဇဉ်ကို အလွယ်တကူဖြတ်နိုင်တဲ့သူ ဖြစ်လိုပါသည်... တဲ့။ ကိုတင်လှိုင်က ဆိုထားတာ အမုန်းခွန်အားပေးသနားပါ.. ဆိုတဲ့ သီချင်းမှာ..။ :)

ခရေညို said...

နွယ်ဆိုတာတွယ်မိရင် ဖြတ်ဖို့ခက်တယ်နော်။
ဒါနဲ့စကားမစပ် အဲဒီနွယ်ပန်းလေးကဘာပန်:တုန်း?

ရေတမာ said...

ရေးတတ်လိုက်တာ. ဖတ်ရင်းနဲ့တောင် လိမ်လိမ်သွားတယ်။ နောက်တာနော် :P သံယောဇဉ်တွေ အထပ်ထပ်ခိုင်မြဲပါစေ

Unknown said...

ကဗျာလေးကအရမ်းကောင်းတယ်။ ဒါက...လူ့သဘာဝကိုပြသွားသလိုပဲနော် ကိုရွာသား။
သံယောဇဉ်ကြီးသူမို့ သံယောဇဉ်တွေနဲ့ဝေးရာကို ဖယ်ခွာနေလည်း ထပ်ကြုံရတဲ့ နေရာသစ်မှာ သံယောဇဉ်တွယ်မိပြန်ရောလေ။ ကိုယ်တိုင်ဓာတ်ခံက သံယောဇဉ်နွယ်တတ်သူမို့ သံယောဇဉ်နွယ်ပင်ကို စိုက်ပျိုးတတ်သူမို့ ...ဘယ်လောက်ပဲဟန်ဆောင်ကြိုးစားစေဦးတော့ နွယ်တွေတရစ်ပြီးတစ်ရစ်တက်လာတတ်တယ်။
အဲဒိ သဘာဝလေးကို အပြည့်အ၀ ဖော်ကျူးနိုင်တယ်
သိပ်ကောင်းတဲ့ကဗျာလေးပါပဲ။

sait phay yar said...

တွယ်မိပြီနွယ်လေးရေ...
ဖြတ်လို့ရတော့ဘူး...

ဖြူတုတ်လေး said...

I am not a big fan of POEMS in general. However, this is so good that even a poem blind person like me could feel it. Good Job!

tg.nwai said...

“ကိုယ်တိုင်ကိုက နွယ်တစ်ပင်လို
တွယ်ရစ်နှောင်ဖွဲ့လွန်းလို့
နငယ်မြင်ရင်တောင်
ဝေးအောင်နေမိတယ်..”

ဒါကို ရင်နဲ့ နားလည်ခံစားမိသွားတယ်.. ကိုယ်တိုင်ကိုက နွယ်တစ်ပင်မို့ တခြားတစ်နွယ်နဲ့ မငြိမိအောင် နေနေရတယ်.. အဲလိုတော့ တွေးမိဖူးတယ်..ဒါပေမယ့် န ငယ်ကို ဝေးအောင်နေဖို့တော့ မစဉ်းစားခဲ့မိဘူး..:)

ကဗျာလေး ကောင်းတယ် ကိုရွာသားရေ..
စကားမစပ်..ဖိုးချိုရဲ့ တပင်တည်း ရင်ထဲကနွယ် သီချင်းလေးရော ကြိုက်လားလို့ပါ..။

NangNyi said...

“နွယ်ပျိုးသူ”ဆိုတာလေး သဘောကျမိတယ်

တန်ခူး said...

ဒီကဗျာလေးမြင်ရင် သက်ဆိုင်သူနွယ် ပျော်သွားမှာပါဥယျာဉ်မှူးရေ…

may16 said...

သိပ်မနွယ်နဲ့ ကိုရွာသားလေး အနွယ်လွန်ပြီးရှုပ်သွားဦးမယ် (နောက်တာနော်) :P

WWKM said...

နွယ်တပင် မြက်တပင်လို.. သံယောဇဉ်ကို အလွယ်တကူဖြတ်နိုင်တဲ့သူ ဖြစ်လိုပါသည်...

တို့လည်း ဒီသီချင်းလေးပဲ ဆိုသွားတော့မယ်.. :P
အနှစ်သာရ အပြည့်ပါတဲ့ ကဗျာလေး ကောင်းပါ့.
နွယ်သိပါစေ.း)

Rebel said...

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)

Rita said...

http://1.bp.blogspot.com/_lEJ07R3uIL0/SoQLC1H_W4I/AAAAAAAAA2I/XJSSKeL0WKU/s1600-h/09082009857.jpg

ကိုလူထွေး said...

တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်
တပင်ထဲ ရင်ထဲကနွယ်


းဝ)

တခေါက်ပဲရေးတာ...
ဘယ်လိုဖြစ်သွားတယ်မသိဘူး...းP

ကိုလူထွေး said...

ဂျူးဂျူးနွယ်က တနွယ်...
နွယ်နွယ်ချမ်းက တနွယ်...
နွယ်နီအုတ်က တနွယ်...
ခင်ညိန်းနွယ်က တနွယ်...
ခေတ်နွယ်နုက တနွယ်...
နွယ်အိမ့်ဥာဏ်က တနွယ်...

ဟာ.... ကိုရွာသားမှာ နွယ်တွေ များလှချည်လား...

းဝ)

puluque said...

တွယ်တာ တက်တဲ့ သံယောဇဉ်တွေနဲ့ ဝေးအောင်နေရက်နဲ့ သံယောဇဉ်တွယ်မိတယ် ဆိုတော့ တော်ရုံ သံယောဇဉ်မဟုတ်ဘူး ဆိုတာ ယုံကြည်ပါတယ်။

ယုံကြည်ပါတယ်..
ယုံကြည်ပါတယ်..


ပျော်ရွှင် ချမ်းမြေပါစေ

သက်ဝေ said...

ကိုယ်လဲ ပုလုကွေးပြောသလိုပဲ...

ယုံကြည်ပါတယ်..
ယုံကြည်ပါတယ်..
ယုံကြည်နေပါတယ်..

ဂျစ်တူး ( မုံရွာ ) said...

ဓါတ်ပုံကလေးများနဲ့စကားပြောပြစ်လိုက်တာပေါ့နော်-
လေးစားပါတယ်ဗျာ-

ဂျစ်တူး ( မုံရွာ ) said...

မင်းလုပ်တာနဲ့ငါတောင်ထိုင်ငိုရမည့်ကိမ်းရောက်သွားတယ်-
မြို့မရှေ့ကဆံပြုတ်(ဦးသန်းဆိုင်)ကိုလွမ်းသွားတယ်-
ငရုပ်ကောင်းမွှေးမွှေးကလေးနဲ့ကြက်သားဖတ်မျှင်မျှင်
ကလေးတွေနဲ့-စားပြီးတာနဲ့ဈေးတန်းလျှောက်မယ်ကွာ-
နောက်ပြီးဘုရားဖူးလာတဲ့သူတွေကိုထိုင်ကြည့်ကြတာပေါ့-
ကျောင်းလစ်ပြီးလာတဲ့သူတွေရောတွေ့နိုင်သေးတယ်ကွ-
ဟား----လွမ်းလိုက်တာကွာ

ဂျစ်တူး ( မုံရွာ ) said...

ဟေ့ကောင်သွားကွာ-သိပ့်တော့မတိုးနဲ့ကိုယ့်လူ-တော်နေဋ္ဌကာထီးစာ-အပ်ချိပ်(တွယ်အပ်)စာမိနေအုံးမယ်
ငါလည်းဘုရားကိုဒေါနပန်းကပ်မယ်ကွာ-
မင်းလည်းသိသားနဲ့ဒေါနပန်းဆိုတာမုံရွာမှာဘဲရ
တာကွ-မန်တလေးကိုမုံရွာကပို့မှရောက်တာ-ဒီတော့
ငါဘုရားရောက်တုံးဒေါနပန်းစိမ်းစိမ်ကလေးကပ်မယ်ကွာ
မင်းရထားစီးပြီးရင်-မစ်တာရှင်းလင်းရုံကိုလစ်မယ်ကွာ-
မင်းဘီးတွေဘယ်ဖက်အပေါက်မှာထိုးထားတာလဲ-အပြန်
ဋ္ဌြကရင်ဘုရားဘက်ကဘဲလှည့်ပြန်ကြမယ်မဟုတ်လား-

ဂျစ်တူး ( မုံရွာ ) said...

ဟေ့ကောင်တိုးတိုးပြောဟ-ငါကဖြူဖွေးကိုခေါ်မလို့လုပ်နေ
တာ-သူကဘယ်ရောက်နေလည်းမသိပါဘူးဟာ-
အေးကောင်းတယ်ငါကလည်းဆူးလေကုန်းထဲမှာဟ-
မင်းကတော့လုပ်ပြီ-ငါကကျောင်းကနေလစ်လာလို့စက်ဘီး
ကမြောက်ဘက်အပေါက်မှာအပ်ထားခဲ့ရတယ်-ရပါတယ်ကွာ-မင်းကမ္ဗောဇမှာအအေးသောက်ရင်ငါလည်း
လိုက်မယ်လေ-ငါကတော့ဖာလူတာသောက်မယ်ရေခဲနဲနဲ
ပေါ့-ဟေ့ကောင်ရုပ်ရှင်ဝင်ကြည့်အုံးမလား-မင်းကောင်မလေးရောဘယ်အချိန်မှာထားလဲ-

ဂျစ်တူး ( မုံရွာ ) said...

အေးကွ-ငါကမျက်မှန်နဲ့ဆိုတော့သိပ့်မသဲကွဲဘူးလေ-
ငါကဒီပြင်သူတယောက်မှတ်နေတာဟ-မင်းလိုကောင်ကို
ဒီလောက်ချောတဲ့ကောင်မကလေးမကြိုက်လောက်ဘူးထင်ထားတာဟ-ဟ ဟ
သဟာရမှာအသုပ်မစားတော့ပါဘူးဟာ-အအေးနဲ့အသုပ်တွေနဲ့စစ်ဖြစ်ကုန်လိမ့်မယ်ဟကောင်ရ-
မြစန္ဒာမှာကြည့်မယ်လေ-မင်းတို့အဆင်ပြေတယ်ဟုတ်လား-မင်းတို့သဘောကွာ-မစ်စတာရှင်းလင်းကိုနောက်နေ့မှဘဲ
ငါလာကြည့်တော့မယ်-မင်းကောင်မကလေးဋ္ဌေကာက်နေမှာစိုးလို့ပါ။
မင်းကလည်းလက်ကိုကောင်းကောင်းတွဲထားလေကွာ-
မင်းဘိုးအေမှဘဲ-ဖွဖွကလေးတွဲထားလို့ကတော့လူတိုးတဲ့အထဲပါသွား
မှဖြင့်---
ဖြူဖွေးကလေးလိုက်လာရင်ကောင်းမးယ်ကွာ-
မင်းငါ့ကိုခေါ်ပေးပါလား-

ဂျစ်တူး ( မုံရွာ ) said...

ဟေ့ကောင်-မင်းကလည်းဋ္ဌကည့်လည်းလုပ်အုံးနော်-
မင်းကောင်မကလေးကိုဘယ်နားသွားထားမှာလည်း-
နောက်ပြိးတော့ငါ့ဘီးကမြောက်ပေါက်မှာပါဆို-
ငိုမှာမင်းကောင်မလေးနှုတ်ခမ်းဆူနေပြီ-
ချော့လိုက်အုံး

ဂျစ်တူး ( မုံရွာ ) said...

ပိုင်မှလည်းလုပ်နော်ဟေ့ကောင်-ငိုတော့မငိုစေနဲ့
တော်နေဋ္ဌကာဒီပြင်လူတွေတမျိုးထင်နေအုံးမယ်
ငါလက်မှတ်သွားဖြတ်ထားလိုက်အုံးမယ်-
မင်းတို့ကမ္ဗောဇ မှာဘဲထိုင်စောင့်နေရစ်ခဲ့တော့-
လူများလာလို့အားနာရင်ဆိုင်ရှေ့က မကျီးပင်ကြီးအောက်
ကသာစောင့်နေရစ်တော့-ငါလက်မှတ်ဖြတ်ပြီးတာနဲ့ဒီကိုဘဲ
ပြန်လာခဲ့မယ်-ကိုယ်လူ-လူမကွဲစေနဲ့နော်-ပြောက်သွားလို့က
တော့ရွာလည်ပြီမှတ်-

ဂျစ်တူး ( မုံရွာ ) said...

အဲဒါကြောင့်မစ်တာရှင်းလင်းဘဲကြည့်ပါဆို-ငါပြောရဲ့နဲ့

ဂျစ်တူး ( မုံရွာ ) said...

ဟေ့ကောင်တော်ပြီကွာ-ခဏနေမှစားရအောင်-မင်းကလည်း
အခုမှဖာလူဒါသောက်ပြီးတယ်-မင်းကောင်မလေးကမစား
ချင်သေးဘူးတဲ့-

Unknown said...

ခေါင်းစဉ်ကို နွယ်ပျိုးသူ လို့ ပေးရမှာ
စိတ်ကလေးက သိပ်နူးညံ့လွန်းအားကြီးတာကိုး
အင်း ခံစားချက်လေးတွေ ရင့်ကျက်နိုင်ပါစေလို့ 
ဆုတောင်းပေးမိပါရဲ့ 
ဒါပေမယ့် အဲ့လိုခံစားရတိုင်း ခုလို စာစုလေးတွေ ပေါ်ပေါက်လာတဲ့ အတွေးလေးကိုတော့ ချီးကျူးမိတယ်
တို့ သာဆို ခံစားရရင် ဘာအတွေးမှကို ထွက်မလာတော့တာ