18 August 2009

ညနေနှစ်ခု

ညနေနှစ်ခု ဘာများကွဲပြားပါလိမ့်ရော………………


ကိုယ်လည်း ဒီကျွန်းတစ်နေရာ သူလည်းဒီကျွန်းတစ်နေရာ။ ဘာလို့များ ခြားနားပါလိမ့်ပဲ။


ကိုယ့်ရဲ့ညနေ

ညနေရုံးဆင်းရင် ကိုယ်က အပြင်ကို ငေးခနဲ ကြည့်စမြဲ။ ရုံးခန်းတစ်ခန်းကို ဖွင့်တော့မှ ပြင်ပလောကနဲ့ အဆက်အသွယ်ပြန်ရတတ်တာလေ။ ကိုယ့်ဘ၀က ထောင်နဲ့မခြားပါဆိုရင် ပြတင်းပေါက်လေးတောင် မရှိဘူးလို့ မေးကောင်းမေးနိုင်တယ်။ ပြတင်းပေါက်လေးတောင် လက်ထောက်ငေးစရာ မရှိတဲ့ဘ၀ပါလေ။

မှန်တံခါးပြီးလို့ အသားတံခါးကို ဖွင့်လိုက်ရင် ကိုယ့်အတွက် တစ်ခါတစ်ခါ သိပ်လှတဲ့တိမ်တွေ တစ်ခါတစ်ခါ မိုးသားတိမ်လိပ်တွေ တစ်ခါတစ်ခါ လျှပ်ပန်းလျှပ်နွယ်တွေ တစ်ခါတစ်ခါ မှုန်မှုန်မှိုင်းမှိုင်းတွေ တွေ့ရတတ်တယ်။ မနေ့ကဆို တိမ်တွေက သိပ်လှနေခဲ့တာ။

အိမ်ရောက်လို့ ပြတင်းပေါက်ကကြည့် မိပြန်တော့ မြက်ခင်းပြင်တစ်ခု။ အပေါ်ကိုမော့ကြည့်ရင် တစ်စင်းပြီးတစ်စင်း အတက်အဆင်းလုပ်နေတဲ့ လေယာဉ်ပျံတွေချည်း။ နေမကောင်းတဲ့ရက်ဆို အိမ်ပြန်ချင်စိတ်နဲ့ မြင်သမျှလေယာဉ်ပျံ ရွှေပြည်ကြီးကချည်းထင်နေမိတတ်တယ်။


သူ့ရဲ့ညနေ

ညနေဖက် အိမ်အပြန်လမ်းမှာ လှပတဲ့နေလုံးနီနီ။ နေ၀င်ချိန်ကောင်းကင်တစ်ခုမှာ သူတစ်လုံးတည်း ထင်တိုင်းကြဲနေတော့တာ။ မိုးသားကောင်းကင် အောက်မှာ ကျန်တဲ့အချိန်ဆို မကြည့်ရဲလို့ နေခဲ့သမျှ အတိုးချ ငေးမောရတော့တာ။ သိပ်ကိုလှတဲ့ ကောင်းကင်တစ်ခုပါလား။

ပြောမယ့်သာပြောတာပါ တစ်ချို့ရက်တွေ အိုတီဆင်းတဲ့အခါများ နေလုံးကြီးထားလို့ တိမ်မျှင်တစ်မျှင်တောင် မြင်ရဖို့ ခက်ခဲလွန်းတယ်။ ပင်ပန်းနွမ်းနယ်မှုနဲ့ ကောင်းကင်ပြင်ကိုတောင် မော့မကြည့်ဖြစ်တဲ့ နေ့တွေ ရှိကောင်းရှိရဲ့။


ညနေတွေသည် ကွဲပြားလျက်ရှိပေသည်။ ကိုယ့်ညနေသည် ကိုယ့်ညနေသာ ဖြစ်၍ သူ့ညနေသည် သူ့ညနေသာ ဖြစ်နေပြန်သည်။

18 comments:

အလွမ်းပြေ said...

ဝမ်းးးးးးး

sait phay yar said...

ပြူတင်းပေါက်မရှိရအောင် ..ဒင်းကောင်လေးဘယ်ပျောက်နေတာလည်း ကိုကိုတစ်ယောက်လက်ထောက်ဖို့အလိုက်မသိတာ နာတော့မယ်... ဟွန်း

ဗီလိန် said...

ပြတင်းပေါက်မရှိတာများ နှိုးစက်လေးကို ရုံးခေါ်သွားလိုက်။

မေဇင် said...

ဘာလဲ မသိဘူး ရုံးတော်တော်များများ ပြတင်းမရှိပါဘူး... အဲကွန်းတွေ နဲ့ကို....း) အိမ်ပြန်ရောက်မှ ပြတင်းပေါက်မှာ အ၀ ထောက်ပေါ့ လက်ထောက်ပြောတာ..။

ကိုလူထွေး said...

သူလဲဒီဂြိုလ်ပေါ်.. ကိုယ်လဲ ဒီဂြိုလ်ပေါ်...
အမှောင်ညထဲကနေ ဘယ်တော့မှ မိုးလင်းခွင့်မရသူတွေလဲ အများကြီးပါပဲ..

စိတ်ဓာတ်မကျပါနဲ့ ကိုရွာသားရာ...

ရှေ့ကိုသာဆက်လျှောက် တနေ့နေ့တော့ ရောက်ရမှာပါ...

းဝ)

ဆောင်းချမ်းမိုး said...

ညနေခင်းဆို..
လာဗျာ သွားသောက်ကြမယ်..
လဘက်ရည်ဆိုင်ကို

ကောင်းကင်ပြာ said...

ကိုယ့် ညနေက သူ့ညနေဖြစ်ဖို့ တို့လာခေါ်ပါတယ်၊ လာ.. ဆောင်းဆောင်းလို လက်ဖက်ရည်ဆိုင်တော့ ဟုတ်ဖူး၊ ကော်ဖီဆိုင်း)

ကောင်းကင်ပြာ said...

ဒီညနေလေးကတော့ နားရတဲ့ အပြာရောင်အင်္ဂါ ညနေလေး ဖြစ်တဲ့ အတွက် အိမ်မှာ ဇိမ်လုပ်နေပါတယ်ကွယ်း)

ကောင်းကင်ပြာ said...

တင်စားတာကွ တင်စားတာ ၊ နားရတဲ့ ရက်မို့လို့၊ မနားရရင် အနီရောင် အင်္ဂါပေါ့ ဟိ

သက်ဝေ said...

ညနေခင်းတွေ...
တူတူပါပဲ.. အပြင်ကိုရောက်မှပဲ တိမ်တွေ.. သိပ်လှတဲ့ တိမ်လိပ်တွေနဲ့ ကောင်းကင်ကြီးကို တွေ့ရတာ...
ကိုယ်ပိုင် ညနေခင်းတွေမှာ တိမ်တွေကို မော့ကြည့်ရင်း ပျော်ရွှင်နိုင်ပါစေ...

Unknown said...

ပုဇွန်ဆီရောင် ညနေအက်ဆေးပေါ့
ညနေဆိုရင် ၀င်ခါနီးနေအလင်းရောင်နဲ့  ကောင်းကင်ပြာရဲ့ အရောင်က သိပ်လှတာပဲ
စိတ်ရှုပ်စရာကောင်းတဲ့နေ့ တွေဆို ကောင်းကင်ကို မော့ကြည့်မိရင် စိတ်ကြည်လင်သွားသလိုခံစားမိတယ်
လှပတဲ့ ညနေခင်းလေးကို ပိုင်ဆိုင်နိုင်ပါစေနော်
(အော် ကြုံရင် ဖုန်းထဲကနေကြည့်ရတဲ့ ညနေခင်းနဲ့ ကောင်းကင်ကို ပေးမယ်)

မိုးခါး said...

ညနေဆိုသိပ်ရောက်ချင်တာ
၅နာ၇ီ မြန်မြန်ထိုးဖို့ပဲ မျှော်နေတာ
ပြန်ချင်လို့ :D
ကိုရွာသားရဲ့ ညနေခင်းနဲ့ နောက်တညနေခင်းကို လာခံစားသွားပါတယ် ..း))
ညနေခင်းတိုင်းလှပပါစေ

Anonymous said...

အက်ဆေးလေးတကယ်ကောင်းတယ်၊ (ဒီလိုပြောရင် အရယ်ရဆုံးဟာသ လာပြောသွားတယ်လို့ လာမပြောနဲ့တော့နော်) တကယ်ပြောတာပါ။

ကိုယ့်ရဲ့ရုံးမှာတော့ ပြတင်းကို မြင်ရတဲ့နေရာ တစ်နေရာရှိတယ်၊ pantry လေ၊ ရေနွေးကို အကြာကြီး ခတ်ရင်း ပုံစံမတူတဲ့တိုက်တွေ၊ အစိမ်းရောင်သစ်ပင်တွေကို ငါးမိနစ်၊ ဆယ်မိနစ်လောက် ငေးပစ်လိုက်တယ်။
ကိုယ့်ရဲ့ အိမ်အပြန်လမ်းလေးမှာလည်း နေလုံးနီနီနဲ့ တိမ်ရောင်စုံတွေ ခင်းကျင်းထားတဲ့ အနောက်ဖက် မိုးကောင်းကင်ကို အမြဲတွေ့ရတယ်၊ အမြဲငေးမိတယ်၊ အဲဒါ ကိုယ့်ညနေပေါ့၊
(ရေးရင်းနဲ့ ပိုစ့်ရေးချင်စိတ်ပေါက်သွားပြီ)

Anonymous said...

ညနေနှစ်ခု ဘာများကွဲပြားပါလိမ့် ရော၊
ဘာလို့များ ခြားနားပါလိမ့် ပဲ။။
လေသံလေးနှစ်ခုက တကယ်လှတယ်။ အဲဒီအစလေး နှစ်ခုကို သိပ်သဘောကျသွားတယ်။

Rita said...

တကယ်ပါ အဲလို တိုတို ထိထိမိမိ ရေးတတ်ချင်တယ်။
ကိုယ်ရေးလိုက်ရင် ထင်တာထက် မလိုဘဲ ရှည်လျားထွေပြားသွားတာတွေချည်းပဲ။

ကြည်ဖြူပိုင် said...

မရေးတော့ပြန်ဘူး...နောက်တစ်ပုဒ်..သူမရေးတာ..၂ပုဒ်ရှိပြီကော..

yangonthar said...

ဆည်းဆာချိန်မှာ လွမ်းမိတာလေးကို ရေးထားတာ ကောင်းတယ်ဗျာ ....:D
ပျော်ရွှင်ပါစေ

RePublic said...

ရေးတတ်ပါ့..