06 August 2009

ဖျားနာနေခဲ့ပြီ

မှောင်သွားမဲ့
အချိန်ကာလအတွက်
အမှောင့်ပယောဂတွေ တွယ်လို့
သောကတွေ ပွေချက်တော့

ထောက်ခနဲ
မီးတစ်ချက်လင်းရင်တောင်
မျက်အရောင် တပြောင်ပြောင်
ညီးမိတယ်

ဆေးလိပ်ရယ်
မီးညှိတာပါတဲ့
ချွေးသိပ်တာ
ဖြေ မတတ်လို့
အခက်အခက်တွေပို
ထွက်သက်ရယ်
မမှန်ချင်တော့

ကိုယ်လည်းမပူ
ချောင်းလည်း မဆိုးပါပဲ
ဖျားနာမှုတစ်ခုကို
ကိုယ့်ဘာသာအတည်ပြုလိုက်တယ်
ဆေးမကုပါနဲ့…..

13 comments:

ရွှေပြည်သူ (ShwePyiThu) said...

မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးရလဲ အခက်...း)

နောက်ဆုံးအပိုဒ်လေး တော်တော်ကြိုက်တယ် ကိုရွာသားရေ...

ရွှေပြည်သူ (ShwePyiThu) said...

နောက်ထပ် ခေါင်းစဉ်တစ်ခု စဉ်းစားလို့ရသွားပြီ... "MC အတု" လို့... (စတာ စတား))

သက်ဝေ said...

ကိုယ်လဲမပူ
ချောင်းလည်း မဆိုးပါပဲ
ဖျားနာမှု တစ်ခုကို
ကိုယ့်ဘာသာ အတည်ပြုလိုက်တယ်
ဆေးမကုပါနဲ့....

ဖြစ်မလား ကိုရွာသားရဲ့...
ကုစရာရှိရင် ကုရမှာပေါ့...
ဘယ်ဆေးခန်းသွားချင်လဲ... ပြော...

Unknown said...

ကိုယ်လည်းမပူ
ချောင်းလည်းမဆိုး
ဘ၀အမော
စိတ်အမောတွေကြောင့်
ဖျားနာမှုကိုတော့
အမောင်ငယ်
သင်မကုရင်ဖြင့်
နာတာရှည်ဖြစ်မှာတော့
ရတက်ပွေမိတယ်
ကုပေါ့ အမြန်

ဖိုးသင်္ကြန် said...

ဒါဆိုလဲ သောကြာနေ့ အပြင်မထွက်နဲ့။ နားနားနေနေ တစ်နေ့ ၃ပုဒ်ပဲတင်... အိုကေ?

Vista said...

ကြက်သွန်ချိုင်းကြားညပ်ထားတာထင်တယ်

မီယာ said...

အဖျား ဘယ်လောက်ရှိသလဲ ရွာသားရေ

မောင်ဖားကြီး said...

နားနေနေ နေဦးအစ်ကိုရေ... ကိုဖိုးသင်္ကြန်ပြောသလို လျှောက်မရေးနဲ့ ဘာဖြစ်လဲ..

တစ်နေ့ ငါးပုဒ်လောက်ဆို တော်ပြီပေါ့ :P

ကိုယ့်ဘာသာ ကိုယ်အတည်ပြုတဲ့ အဖျားက တော်တော်ဆိုးတယ်နော်... ဘယ်သူကယ်နိုင်မလဲ အသဲကွဲတဲ့ ရောဂါဆိုလားပဲ...

ကဲကဲ အစ်ကိုဘာဖြစ်လို့ပဲနေမကောင်းကောင်း မြန်မြန်သက်သာပါစေ ဆုတောင်းပါတယ်ဗျာ..

sait phay yar said...

ဘာကနေမကောင်းတာလည်းနော်..... တယ် ဆေးလည်းကုမရ..အင်း ...အသက်လေးမှန်မှန်ရူနေလိုက်

WWKM said...

ရော်.. ခက်..ခက်နေပြီ မောင်ရွာသားတို့ကတော့...း))
ကုမရတဲ့ရောဂါဆိုတော့ကားးးးးး

အသဲကွဲတဲ့ရောဂါ လွယ်လွယ်နဲ့လည်းမပျောက်နိုင်..
အသဲကွဲတဲ့ရောဂါ... (မရတော့ဘူး.)း)))

ဒီလောက် ကဗျာတွေဆက်တိုက်ရေးနေတာ ကောင်မလေးက အကြွေသေးဘူးလား.. မထူးပါဘူးရွာသားရယ် .. ဆက်တိုက်သာရေး.. တစ်နေ့ ၃ ပုဒ်... ဒါနဲ့ အဆင်ပြေသွားရင်လည်း အဆင်ပြေကြောင်း ကဗျာရေးဦးနော်..း))

အဆင်ပြေပါစေ.

မကြီးဝါ

ကောင်းကင်ပြာ said...

စိတ်ပူထှာ

WWKM said...

ရွာသား ဆေးတိုက်ခံရမှာကြောက်လို့ ကဗျာနောက်တစ်
ပုဒ်တင်ချင်တာ မနည်းအောင့်လိုက်ရတယ် ထင်တယ်.
ကဲ...နေ့ကူးပြီ နောက် ၂ပုဒ် လုပ်. :D
မနေ့တုန်းက ဆက်တိုက် နောက်တစ်ပုဒ်တင်ရင်တော့
ဆေးလှုတ်သောက်ခိုင်းမလို့ပဲလေ.း))

Rita said...

မကုပါဘူး
မကုပါဘူး
ကုစရာ ဆေးလဲ မရှိဘူး
ဆေးရှိလဲ ဆေးမီမယ် မထင်ဘူး