01 August 2009

အကြွေစေ့များနဲ့ ကျနော်


အသားမကျ နေသေးတဲ့ ဒီအကြွေစေ့တွေ…………………….

တရင်းတနှီးရှိခဲ့ပါလျက် အခုအချိန်ထိ အကြွေစေ့တွေနဲ့ ဝေးကွာနေတုံး။ ဘာလို့များပါလိမ့်ပဲ ……..

ကျောင်းစတက်ရတော့ ကျနော်ရတဲ့ မုန့်ဖိုးက ၂၅ပြား။ အကုန်သုံးခွင့်မရခဲ့ဘူး။ ဆယ်ပြားတစ်ရက် ဆယ့်ငါးပြားတစ်ရက် တစ်လှည့်စီ စုဗူးထဲ မထည့်မနေရ။ စုဗူးဆိုတာကလည်း တရုတ်ကလာတဲ့ အအေးသံဗူးလေးပါပဲ။ ဆယ်ပြားရတဲ့ ရက် မန်ကျည်သီးလှော်ထုပ်လေးကိုင်ရမလို ဖွဲနုမုန့်လုံးလေးတွေပဲ ၀ယ်ရမလိုပေါ့။ ဆယ့်ငါးပြားရတဲ့နေ့ဆို အန်တီရွှေကြီးဆီက အုန်းနို့မုန့်လက်ဆောင်းအေးအေးလေး ဒါမှမဟုတ် အုန်းသီးသာကူမုန့်ဖက်ထုပ်ဆီကို ခြေလှမ်းမိစမြဲ။

ကျောင်းပိတ်ရက်စနေ တနင်္ဂနွေတွေဆို တစ်ရက်မဟုတ်တစ်ရက် စုဗူးထဲလက်နှိုက်ပြီး ရှိသမျှ အကြွေစေ့ထုတ်။ လက်တွေလည်း မည်းလို့။ ပြီးရင်တော့ စုထားတာ ဘယ်လောက်ရှိပြီ အင်းတွေးနေရင်း သူဌေးတောင် ဖြစ်မလိုလို။ နှစ်ထပ်စေ့လေး၊ မတ်စေ့အသစ်ကလေး၊ ရှေးဟောင်းစေ့လေး၊ ဘယ်ဟာက ဘယ်လိုနဲ့ ပျော်လို့။ မကြာပါဘူး နွေကျောင်းပိတ် မပြီးခင်မှာ စုဗူးက ခါလီပြန်ဖြစ်စမြဲ။ လွယ်အိတ်ဝယ်ဖို့ ဖိနပ်ပါးလို့ စာအုပ်များအတွက် စသည် စသည်ပေါ့။

အလယ်တန်းရောက်တော့ ငါးမူးပဲရခဲ့သေးတာ။ ရှစ်တန်းရောက်တော့ အကြွေစေ့တွေနဲ့ နေ့တိုင်းမတွေ့ဖြစ်တော့ဘူး။ မုန့်ဖိုးက တစ်ကျပ်စရပြီကိုး။ နောက်ပိုင်းအကြွေစေ့ဗူးလေးကို အမှတ်တရ သိမ်းထားခဲ့တယ်။ နယ်အိမ်မှာ အခုအထိ တစ်ဗူးရှိနေဦးမယ်။

အကြွေစေ့အသုံးတွေ ပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်းများစွာပေါ့။ တစ်လောက ငါးဆယ်တန်စေ့ တစ်ရာတန်စေ့တွေ ပေါ်ပင်မယ့် ခဏတစ်ဖြုတ်ပါပဲ။ အကြွေစေ့ယဉ်ကျေးမှုက ပျောက်ဆုံးနေဟန်တူရဲ့။

မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ အကြွေတွေကို စတွေ့တဲ့အချိန်မှာ သူတစ်စိမ်းဆန်လွန်းသလိုပဲ။ ပိုက်ဆံအိတ်ထဲကို ထည့်ရင် လေးနေသလားလို့။ ဒီမှာကလည်း အကြွေတွေက ဟောတစ်ဆုပ် ဟောတစ်ဆုပ်။ အသိမ်းအထုပ်ကောင်းတာ ပိုက်ဆံအိတ်ထဲ ထည့်လိုက်တိုင်း အိမ်ပြန်မပါဘူးလေ။ ပိုက်ဆံအိတ်နဲ့အဆင်မပြေဘူးဆိုတော့ ဘောင်းဘီအိတ်ထဲ ထည့်ပြန်တော့ ထိုင်ရာကထရင် ဘယ်နားလှိမ့်နေခဲ့တယ် မသိပြန်ဘူး။ လက်ထဲမှာ ကိုင်ရင်း စားပွဲပေါ်မှာ ကျန်ခဲ့ပေါင်းလည်း မရေမတွက်နိုင်တော့။

အဲဒီတော့ ပါလာသလောက် အကြွေစေ့တွေကို အိမ်မှာ ဗူးတစ်ခုတည်း ပစ်,ပစ်ထည့်နေမိတယ်။ လကုန်ပိုင်းလောက်ဆို အဲ့ဗူးလေးက ကျနော့မနက်စာလေးတွေပေါ့။ အကြွေစေ့တွေထဲက ၁ကျပ်စေ့ ငါးမူးစေ့ ပြားနှစ်ဆယ်စေ့လေးတွေထုတ်ပြီး မနက်စာစားနေကြလေ။

အရင်တုံးကတော့ ရုံးက တရုတ်မက သူ့တူတွေ တူမတွေ မုန့်ဖိုးပေးဖို့ အကြွေလဲနေကြ။ အခု သူအလုပ်ထွက်ပြီးတဲ့နောက် မနက်စာအသွင်ပဲပြောင်းဖြစ်ခဲ့တယ်။ ထမင်းဆိုင်က တရုတ်မကလည်း ကျနော့လက်ထဲ အကြွေတွေမြင်ရင် လဲပါ လဲပါချည်းဖြစ်နေတတ်တယ်။

စိတ်ထဲလည်း အကြွေတွေကို ရှုပ်တယ်ပဲထင်နေမိတယ်။ ဘယ်တော့မှ သွားလေရာမှာ အကြွေမဆောင်တတ်ဘူးလေ။ လေးတာရော အသံမြည်တာရော စုံလို့ပေါ့ဗျာ။

အကြွေမဆောင်တတ်ဘူးဆိုမှ ဟိုတစ်လောက ကားပေါ်မှာ အကြွေလိုက်လဲနေရှာတဲ့ သူကိုလည်း တွေ့ဖြစ်သေးတယ်။ ကျနော်လည်း ကဒ်မပါလာလို့ကတော့ အဲ့လိုလိုက်လဲနေရမှာပါလား တွေးမိပြန်တယ်။ ဒါပေမယ့် အကြွေဆောင်မယ်လို့တော့ အခုထိ စိတ်ကူးမရှိသေးဘူးဗျ။

ပိုက်ဆံအိတ်ထဲမှာ နှိပ်စိ အိတ်လေးနဲ့ တစ်မျိုး၊ ရှုံ့အိတ်ကလေးတွေနဲ့က တစ်သွယ် ပုံစုံအဖုံဖုံနဲ့ အကြွေတွေ သယ်ဆောင်ကြလေတယ်။ ကျနော်ကတော့ အခုထက်ထိ အကြွေတွေနဲ့ဝေးကွာနေဆဲ။

ငယ်ငယ်တုန်းက မက်မက်စက်စက် ကိုင်တွယ်ရေတွက်ဖူးတဲ့ အကြွေတွေ ဘာကြောင့်များ အခုမှ စိမ်းကားနေမိသလဲ။ အရင်းနှီးလွန်ခဲ့လို့များလား။ ဒါမှမဟုတ် အကြွေခေတ်ပဲ ကျော်လွန်ခဲ့လေသလား။ အကြွေတွေကို ကျနော်လက်မခံနိုင်တော့တာလား။ နှစ်ထပ်စေ့မဟုတ်လို့များလား။

အိမ်ကအကြွေပုံးကတော့ လခထုတ်ရက်ဆို သူ့ကို ဂရုစိုက်မယ့်သူမရှိ။

လကုန်ခါနီးမှ တစ်ခေါက်ပြန်လည်ဆုံတွေ့ကြတာပေါ့…………..


photo credit to Ko Phone...

40 comments:

ကြည်ဖြူပိုင် said...

၁ အရင်ယူလိုက်ဦးမယ်။။ အဟဲ :D)

ကြည်ဖြူပိုင် said...

ဟုတ်တယ်နော်။ ၄ တန်းလောက်ထိက အကြွေဟာကိုယ့်ဘုရင်ပဲ။ သူရှိမှကိုယ့်ဘ၀ စားရေးသောက်ရေးအဆင်ပြေတာ။မုန့်ဆိုင်ပြေးပြီး ကပ်စီးနဲ ၀ယ်စား။ ဖွဲနုခဲဝယ်စား။ ကတော့ပုံစက္ကူရှည်ရှည်လေးတွေနဲ့ ထုပ်ထားတဲ့ ဖွဲနုမှုန့်လေးတွေဝယ်စား။ပဲသုတ်လေးတွေဝယ်စားနဲ့ပေါ့။

အလယ်တန်ုးရောက်တော့လဲ ဖယ်ရီပျက်ချိန်တွေဆို ငါးမူးစေ့လေးတွေက အသုံးဝင်တုန်း။

အထက်တန်းရောက်တော့ အကြွေဟာကိုယ့်အတွက်ခပ်စိမ်းစိမ်းနေတဲ့“မဝေ”


ခု....ဒီရောက်လာတော့ ကိုရွာသားလိုပါပဲ အကြွေဆိုတာ သိမ်းဖို့သိပ်စိတ်မရှည်ဘူး။တခါတလေတော့ အိတ်ထဲကထွက်ကျလားကျရဲ့။ တခါတလေတော့လည်း အ၀တ်လျှော်စက်ထဲက ပြန်ကောက်ရတာ ခဏခဏ အိမ်မှာတော့မွေးနေ့လက်ဆောင်ရထားတဲ့စုဘူးထဲ NTUC ကပြန်လာရင်...တစ်နေရာရာက ရခဲ့ရင်ကောက်ထည့်လိုက်တယ်။
တခါတုန်းကMRT ကတ်မပါလို့ အကြွေလဲမရှိလို့ အန်တီတစ်ယောက် ပေးတဲ့ အကြွေလေးနဲ့စီးဖူးတယ်။သူဟာကိုယ့်ကျေးဇူးရှင်ပဲပေါ့
နော်။
တခါတော့ အသုံးကြမ်းလို့ဘိုင်ကျသွားဖူးတယ်။ အကြွေစုဘူးထဲမှာ ၁ဒေါ်လာစေ့တွေတွေ့လိုက်ရတာကမ္ဘာဦးလူသားနေနဲ့
လတွေ့သလိုပါပဲ။ ပျော်ရွင်မှုကို ခံစားခဲ့ဖူးတယ်။အဲဒါ ၂၀၀၇ သြဂတ်စ လက(မန့်တာ တိုက်ဆိုင်တာတွေ့လို့တော်တော်ရှည်သွားပြီ။ ရပ်ဦးမှ:P)

khin oo may said...

အကြွေစေ့

ငယ်ငယ်က ငါးမူးရ
.ပြီကတည်းက ဝေးကွါခဲကြ.
အခုပြန်ဆုံ.
အိမ်မှာများကြီး.
ဘူးနဲ့ထည့်ထား.
အထည့်ဘဲရှိ.
သယ်ရမှာလေး မသုံးလို။
မသူံးလို့လဲမဖြစ်. .။

အဲဒီတော့လည်း သယ်. လာ. သယ်လာပြီးပြန်တော့ဆိုင်ရောက်တော့ စိတ်မရှည်. အချိန်ကမရှိ.
အချိန်ရှိရင်တော့လည်း စိတ်ရှည်လက်ရှည်။
ဒီလိုနဲ့ တို့တွေ ချာလည်လည်

အခုတော့ပြန်ဆုံဘို့ရှိသေးတယ်ဆိုဘဲ။

khin oo may said...

တို့ရေးထားတာဖတ်လို့ကောင်းတယ်။

Phyo Maw said...

ရှိပူရသေး ကုန်မှအေးမှတ်ပါ ကိုကိုရွာသား။
ပိုနေရင် တစ်ကျပ်စေ့များ တို့ဆီပို့လိုက်ပါ။

ကောင်းကင်ပြာ said...

တို့ကို အုန်းနို့ ခေါက်ဆွဲ လိုက်ကျွေးလိုက်ပါ၊ အသုံးတည့်လောက်ပါတယ်၊ အောချက်က ကော်ဖီကရော အကြွေ ပေး သောက်လို့ ရလားဟင်

အိုင်လွယ်ပန် said...

တိမ်တိုက်တစ်ခုပါ
အလင်းမှုန်တွေငွေ့ရည်ဖွဲ့
ချည့်နဲ့နဲ့ နဲ့ပဲလှမ်းခဲ့တယ်
ရင်ဘတ်ခရောင်းဟာ
ခတ်ကျွဲလိုချိုရာတွေအပြည့်
ယုံကြည်မှုရဲ့ပြယုဂ်တွေရဲခဲ့တော့
အမှန်တရားဆိုတာကို
တစ်ခုထဲမြင်တော့တယ်............

ဘဝနှစ်ခု
ခေါင်းနဲ့ပန်းဖြစ်ခဲ့ပြီးနောက်ပိုင်း
ကျွန်တော်အကြွေစေ့မကိုင်တော့ဘူး
ကျွန်တော့်အရုပ်လေးကတော့
တကယ်ပျောက်သွားခဲ့တယ်.............။။။

အိုင်လွယ်ပန်

အရင်ရေးခဲ့ဖူးတဲ့ကဗျာတစ်ပုဒ်ပါ :)
ကောင်းသောနေ့ပါကိုရွာသားရေ :)

ဖိုးသင်္ကြန် said...

ကျွန်တော်မြင်တာကတော့ ဆိုင်ရောက်ရင် ၅၀တန်တွေချည်း ရွှမ်းခနဲ ရွှမ်းခနဲ ထုတ်နေတာပဲ။

လူရိုင်းလေး said...

ဟုတ်ပါ့ ဟုတ်ပါ့ ကိုရွာသားလေးရေ ကျွန်တော်ကတော့ ရန်ကုန်မှာ အကြွေစေ့ကို မကိုင်ခဲ့ရဘူးဗျ ဒီမှာကတော့ အကြွေစေ့တွေမှ ဌေးမှဌေး ဟဲ ဟဲ

khin oo may said...

kom: hi hi...

khin oo may said...

တို့အပြစ်မရှိဘူး. စီပုံးမှမရှိတာ.။

khin oo may said...

ဖိုးသင်္ကြန် ပုံပြောသွားသည်။

khin oo may said...

တစ်လလုံးအားနေတဲ့ကောင် အားအားသလိုနေတာမဟုတ်ဘူး...

khin oo may said...

pm ရေးထားတာတွေ စုပြီး သူကျောင်းပြီးလို့အလုပ်ရရင် Souvenir အနေနဲ့ စာအုပ်ထုတ်ချင်တယ။် (ကျွန်တော် ဘိုင်ကျခဲ့စဉ်က ဆိုတဲ့ခေါင်းစဉ်နဲ့)

သစ်သစ် said...

ကွန့်မန့်မှာ တော်တော်များများရေးသွားပြီလို့ ထင်နေတာ လက်စသတ်တော့ မမကိုးးးး ။ အကြွေအိတ်လေးလို့ ဖိပြီးသုံးနေရတယ် ။ ၅ပြားစိလေးတွေတော့ များနေပြီ ဘီလိုလုပ်ရပါ့မလဲနော်.....။

မေဇင် said...

:).... သဘောကျတယ်.... ဟုတ်ပ အဲ့ဒီ အကြွေတွေ အလုပ်အရမ်း ရှုပ်ပဲ.... တစ်ခါတစ်လေ ပြား၅၀ လောက် အောက်ပြုတ်ကျသွားရင် လိုက်မကောက်ချင်ဘူး...ဒါပေမယ့် မြန်မာငွေ ၃၅၀ ပြုတ်ကျရင် ပြန်ကောက်မယ်ထင်တယ်ပဲ....း)““

khin oo may said...

donation box ထဲထည့်လိုက်ပါ သစ်သစ်.

khin oo may said...

ကုသိုလ်ရပါတယ်။

သစ်သစ် said...

ဟုတ်ကဲ့ မမ အကြံပေးတာ ကျေးဇူးပါ နောက်အဲဒီလိုလုပ်လိုက်ပါ့မယ်...း)

သက်ဝေ said...

ကိုယ်ရောပဲ အကြွေစေ့တွေ မုန်းတယ်... လေးလို့..
သို့သော်လည်း အကြွေစေ့တွေကို ချစ်တဲ့သူတယောက်ကတော့ ကျပ်စေ့တွေကို စုထားတာ ကော်ဖီမှုန့်ပုလင်းနဲ့ သုံး ပုလင်းရှိနေပြီ...
ဒါလဲ ရောဂါတမျိုးပဲလား မသိ...

Anonymous said...

ငယ်ငယ်တုန်းက မုန့်ဖိုး ၂၅ ပြားပဲရတာဆိုတော့ ကိုယ်နဲ့ သိပ်မကွာဘူးပဲ။ (အချိန်ကိုပြောတာ)။

ဖိုးသင်္ကြန်ပြောတဲ့ ၅၀ တန်က အသံမြည်လား၊ အဲ့လို။ :)

ကိုယ်တို့တွေကတော့ အကြွေစေ့တွေကို ဗူးတစ်ဗူးနဲ့ စုထားပြီး ဗူးပြည့်သွားရင် မြန်မာပြည်မှာ လိုအပ်နေတဲ့ အလှူကို (ဆွေမျိုးပဲဖြစ်ဖြစ်၊ ဘယ်အတွက်ပဲဖြစ်ဖြစ်) လှူလိုက်ပါတယ်၊ ရသလောက်ပေါ့။

Vista said...

ဘဏ်မှာသွားလည်းတယ် အဖြတ်တော.ခံရတယ် ဒသမဂဏန်းလောက်ပေါ.

khin oo may said...

သက်ဝေ
အဒူလေးလဲ

khin oo may said...

ကော်ဖီမှုန့်ပုလင်းဆိုတာ လေးကျ့ပ်ခွဲတန်လား ၁၂ ကျပ်တန်လား ရှင်းပါ သက်ဝေ.

khin oo may said...

ပဲကြီးလှော်ဲနဲ့လဲမယ်။

သက်ဝေ said...
This comment has been removed by the author.
khin oo may said...

shock ရသွားသည်။

သက်ဝေ said...

၁၂ ကျပ်တန် ပုလင်းနဲ့ပါ မမ...
၁ပုလင်းမှာ ကျပ်စေ့ ၆၀၀ လောက် ဆန့်တယ်... ဟင်းးးးးးးးးးး

pandora said...

သြော်.. ဖဲနိုင်ထားတဲ့ ငါးပြားစေ့တွေတောင် သတိရသွားပြီ
၆၀ ဖိုးလောက်ရှိတယ်

မေဇင် said...

ကိုရွာသား စီဘောက်လေး ထည့်လိုက်ပြီးရော.....

khin oo may said...

စိတ်ရှည်လိုက်တာ ပန်ပန်ရယ် အံသြကုန်နိုင်ဘွယ်။....

khin oo may said...

ငါးပြားစေ့ နစ်ဆယ်ကို တစ်ကျပ်.. တစ်..နစ်န..သုံးးလေ....ငါး.......တစ်ကျပ်..........တစ်.နစ်.........သုံးလေးငါး.........နစ်ကျပ်.................်ခုရှစ်ကိုး လေးကျပ်...........တစ်ဆယ်ယယယယယယယယယယယယ ယယယယယယယ ..လေးဆယ်ယ်ခုနကိုး......ဆယ် ငါးဆယ်..ယယယယယယယယယယယယရေရင်းနဲ့ မူးသွားသည်..................

http://www.animated-gifs.eu/birds-penguins-12/0083.gif

khin oo may said...

1 Aug 09, 09:54 AM
myo: တို့လည်း အကြွေစေ့တွေကို မကိုင်ဘူး သိမ်းထားတယ် များလာရင် လှူပစ်လိုက်တယ်

မမသီရိ said...

အကြွေစေ့တွေကို ချစ်ဆဲပဲ မောင်လေးရေ
ခုထိလဲ မမ ဆီ အကြွေစေ့တွေ အများကြီးရှိနေသေးတယ်
အကြွေစေ့ ခေတ်မရှိတော့မဲ့ အမှတ်တရ ပေါ့

ငွေဇင်ယော် said...

အမလဲ ရွာသားလိုပဲ။ လကုန်ခါနီးရင် အကြွေစေ့တွေက မနက်စာပဲ။ အကြွေစေ့ နှစ်ကျပ်ဖိုးလောက်ကတော့ အိတ်ထဲမှာ အမြဲထည့်ထားဖြစ်တယ်။ ကတ်မေ့ကျန်ရင်လဲ ဘတ်စ်ကားစီးလို့ရအောင်လို့။
:)

Rita said...

ကိုယ်မသိဘူးတကယ်။
ကားက ကျပ်တန် လက်မခံဘူးလား

ရွှန်းမီ said...

အကြွေစေ့ဆိုတာ ဆောင်ရတယ်.. အကြွေစေ့မြည်သံကြားရင် မကောင်းဆိုးဝါး ထွက်ပြေးတယ် တဲ့ . ..

သီဟသစ် said...

အကြွေစေ့ကတော့ ဆောင်ဖြစ်ပါတယ် လေးလာရင် မြန်မြန်ဝယ်စားပစ်တယ် တစ်ခုခု
ဆိုးတာက လိုရင်ထွက်မလာချင်ဘူး အိတ်ထဲမှာ ကပ်ကပ်နေတယ် သူတို့က
:)

နွေးနေခြည် said...

coin deposit ရှိတယ်လေ...

မိုးခါး said...

အကြွေတွေ အရင်ကတော့ အမြန်ကုန်အောင် သုံးသုံးပစ်တာပဲ (အလကားတော့ အဖြစ်မခံဘူး :D)
ခုတော့ အကြွေရအောင် လဲလဲနေရတယ် .. အကောင့်မှာ သုံးရတာကိုး ..