24 July 2009

ရင်လှိုက်မီး

ဘယ်သူကြောင့်မှ မဟုတ်ပါဘူး
ကိုယ်တိုင်ကိုက ဒီမီးကိုစွဲလွယ်ခဲ့သား

ဘယ်သူမှ မွှေးတဲ့မီးမဟုတ်ပါဘူး
သစ်ကိုင်းခြောက်တွေ ပွတ်တိုက်လို့ပါ

တငွေ့ငွေ့လောင်လည်း
ပူလိုက်တာ အော်မညည်းရဲ

တမြည့်မြည့်လှိုက်စားလို့
ကမ်းပါးတွေတောင်ပြိုသတဲ့

လောင်စာမရှိပါလျက်
လောင်စာပျိုးရင်း
တလောင်လောင်ငြီးပေမယ့်
လောင်မီးရယ်
စွဲမက်နေပြန်တော့
ငြိမ်းဖို့ခက်ခဲ………

Rဇာနည်ရဲ့ သီချင်းတစ်ပုဒ်ကို ဒီနေ့တစ်နေ့လုံး ဆိုနေမိတယ်။

6 comments:

သက်ဝေ said...

ဒါက တမျိုးပါလားဟ...
သီချင်းပါ တခါထဲတင်လေ...

thandar kyaw said...

ကိုယ်မနေချင်တော့ဘူး သီချင်းလား ဟားဟား မနေချင်ရင်ပြော ကူညီပါရစေ

လူရိုင်းလေး said...

သစ်ကိုင်းခြောက်တွေ ပွတ်တိုက်လို့ ဆိုရင်တော့ အဲ့ဒါ တောမီး ဖြစ်ကို ဖြစ်ရမယ် ကိုရွာသားရေ ရွာပြောင်းဖို့သာ ပြင်ထားပေတော့နော် :P

Rita said...

ဘုရားလောင်း ငုံးမင်းလေးလို သစ္စာဆိုကြည့်ပါလား

ရွှေပြည်သူ (ShwePyiThu) said...

ကူညီနိုင်တာဆိုလို့ ရေခဲရေနဲ့ဗွမ်းကနဲ လာလောင်းဖို့ပဲ တတ်နိုင်ပါတယ်။ အဲလိုလောင်းပြန်ရင်လည်း “လောင်မီးရယ် စွဲမက်နေပြန်တော့” ကိုယ့်ကိုပဲ တသက်လုံး စကားမပြောဘဲနေမှာ မြင်ယောင်တယ် မြင်ယောင်တယ်း))

ကြည်ဖြူပိုင် said...

အလွမ်းများ ငြိမ်းစေသတည်း............ကိုယ်ဆုတောင်းချင်

ချစ်အလွမ်းများငြိမ်းစေသတည်း.....
ကိုယ်ဆုတောင်းချင်

(အဲလိုပဲ အနော်ဟာလေ ကောင်းကို မကောင်းဘူး။သူများသီချင်းဆိုရင်ဓာတ်လိုက်ပြီး လိုက်ဆိုမိပြန်ရော။ လူဇိုးမ)