22 July 2009

တမ်းတခြင်း

ဒီတမ်းတခြင်းတွေနဲ့
ကရွတ်ကွင်းလေးလို
မြည့်နေပါပြီလေ

လွမ်းတတ်လို့
ကမ်းတစ်ဖက်ရယ်သို့
မကူးရဲ

ဇွတ်ဆွဲလို့
ကူးပြန်တော့
လက်ဖ၀ါးတွေ
ရဲပြန်ပေါ့

လွှတ်မယ်လို့
ကြံပြန်လည်း
လက်တွေကမြဲ

မှန်းဆလို့
ရမ်းရော်
တမ်းတကြော်ကြော်
ခေါ်ပါလျက်

မေ့ရက်သူ
တစ်ချက်မငဲ့
ဆွေးချက်နဲ့
လွမ်းသွေး
တစ်စက်တစ်စက်

အေးစက်တဲ့
အမှောင်ထဲ
ချောင်အကွယ်
အငိုတိတ်အောင်

တွေးလျက်မျှော်ဆဲ………..

21 comments:

Anonymous said...

ဖတ်လို့ကောင်သဗျ။။။။။။။။။။။။။။။။

mirror said...

အောက်ဆုံးအပိုဒ်အခိုက်ဆုံးပဲ..။

khin oo may said...

စိတ်မရှည်ဘူး
ဆွဲဆောင့်လိုက်မိတော့မယ်။

khin oo may said...

ဟဲလို mirror

khin oo may said...

တို့ကတော့ဒုံးဒုံးဒိုင်းဒိုင်းဘဲ..ကြိုက်တယ်။

ကောင်းကင်ပြာ said...

မှန်းဆတုန်းပဲ ရှိပါသေးတယ်၊ တကယ်မဟုတ်လောက်သေးဘူး

စူး said...

သူများ တမ်းတတာနဲ့ သူလိုက်တ တယ် ရမလား

ဟွန်း

ဖိုးသင်္ကြန် said...

"စိတ်မရှည်ဘူး
ဆွဲဆောင့်လိုက်မိတော့မယ်။"

"တို့ကတော့ဒုံးဒုံးဒိုင်းဒိုင်းဘဲ..ကြိုက်တယ်။"

ခေတ်ကာလ လူကြီးတွေများ တယ်ဆိုးတာကလား။
တစ်ယောက်ကလည်း နုလိုက်တာလွန်ရော။ နောက်တစ်ယောက်ကျပြန်တော့ ကြမ်းကြမ်းရမ်းရမ်းကြီးမှတဲ့။

သြော် ဒုက္ခ

Rita said...

လက်ဆွဲတဲ့ ကိစ္စကတော့ မမKOM တရားခံပဲ။
ကဗျာမှာ စဆွဲနေပြီ။ လက်ဖ၀ါးတွေတောင် ရဲ ဆိုပါလား။

သစ်သစ် said...

စာပိုဒ်ရေးလည်း နားမလည် ကဗျာရေးတော့ ပို......သွားတယ်...း)

WWKM said...

ဟတ်ဟတ်...
တို့ကတော့ လာပဲရယ်သွားတော့တယ်.. ရုပ်တည်ကြီးနဲ့ရယ်သွားတာ.. စိတ်လေနေလို့.. :D

Unknown said...

Very touching poem.
It is same like I am feeling now...
Want to forget everything and restart my life as I am used to be...

mmtn (kalay) said...

ခံစားချက်လေးက နူးညံ့ပါ့ ကိုရွာသားရေ။

Anonymous said...

ကာရန်တွေတော့အများကြီးပဲတွေ့တယ်။
အနုတော့ မဟုတ်ဘူး။
ရဲနေတယ်။

မောင်ဖားကြီး said...

ကိုရွာသားအနေနဲ့ ဘယ်သူ့ကို ဘယ်လိုတမ်းတပြီး ဘလော့ဂ်နတ်ရှင်နောင်လုပ်နေရသလဲဆိုတာ ဗျူးလို့ရမလားခင်ဗျာ ... :) နောက်တာအစ်ကို ကာရံတွေကမိုက်တယ်

သက်ဝေ said...

ခုထက်ထိ
တွေးလျက်မျှော်ဆဲ... ဆိုတော့ကာ...ဘာပြောရမှန်းတောင်မသိတော့ပါဘူး...

သီဟသစ် said...

အင်း နူးညံ့တဲ့နေရာမှာ အိုနှစ်ယောက်မရှိ
အို ကိုရွာသား

:D

ခင်မင်စွာဖြင့်
သီဟသစ်

Yu Ya said...

ကိုရွာသားရေ... ကဗျာလေး ခံစားသွားပါကြောင်း။

yu ya

Mogok Thar said...

မေ့ရက်တယ်ဗျာ။ တစ်ချက်မှ ငဲ့ မကြည့်ဘူး။

သံယောဇဉ် အမျှင်တန်းကိုလ
လွမ်းတလို့ဗျာပွေ
ဖြေပါလေ မေတ္တာ တေးတွေနဲ့
လင်းဖွဲ့လိမ့်လေး။ ။

ပန်းခရမ်းပြာ said...

လွမ်းလှချည်လား ရွာသားလေးရဲ့။
ဆွေးလိုက်တာမှ ကရွတ်ခွေလေးတောင် ဖြစ်နေပြီ။
ကဗျာလေး ကြိုက်တယ်။

ရွှေပြည်သူ (ShwePyiThu) said...

ငါ့အစ်ကို ဘယ်နှယ့်လုပ်ပြီး အဆွေးကဗျာတွေ ရေးနေပါလိမ့်။ မမြင်ရတာ ၅မိနစ်ကြီးများတောင် ရှိပြီ လွမ်းလိုက်တာ ဆိုတာမျိုးထင်တယ်း)) ကဗျာတွေ အကုန်ကောင်းတယ်...