20 June 2009

ညောင်ညိုပင်လမ်းခွဲ



ညောင်ညိုပင်ရယ်
ဒီလမ်းကို ငါမရွေးချယ်ချင်ဘူး....


ဒီအရိပ်ကိုခိုခဲ့ဖူးတယ်

အေးမြတယ်

နွေးထွေးတယ်

ချွေးတိတ်အောင်စောင့်ရင်း

မင်းအရိပ်မှာ

တမှေးအိပ်ခဲ့တာ ကြာလှပါပကော

ညောင်ညိုပင်ရေ


မင်းအရိပ်မှာ

ပြည့်သိပ်နေမှတော့

ငါ့အတွက် နေရာဖဲ့မပေးနိုင်တော့ဘူးပေါ့

လေတစ်ချက်အတိုက်မှာ

ငါကြားလိုက်ပါတယ်

မငြိုငြင်ပါနဲ့

ညောင်ညိုပင်ရယ်

လမ်းခွဲစကားတွေ
မဆိုရက်ပေမယ့်

ရှေ့ခရီး မှုန်မှုန်ပြပြကို
ငါသွားရဦးမယ်.......

21 comments:

ဖိုးစိန် said...

တို့လဲလိုက်မယ် ချန်မထားနဲ့ 
ချစ်သူသွားတော့ပျင်းလှတယ်
တို့လဲလိုက်မယ် ချန်မထားနဲ့
း)
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Rita said...

တမျိုးပဲနော်
:)

သီဟသစ် said...

ဘယ်နားက ညောင်ညိုပင် ပါလိမ့်နော်
ညောင်ညိုပင်တွေက ပေါတယ်မို့လား

:P

လွတ်ငြိမ်းလေပြေ (breeze) said...

ခွဲခွာရတယ်ဆိုတာ ဝမ်းနည်းစရာ အကောင်းဆုံးပါ ကိုရွာသားရေ
ဒါက ကဗျာအတွက် ရေးတာပါ
cbox မရှိလို့ ဒီမှာပဲရေးမယ်နော်
ဓါတ်ပုံဘယ်လိုရိုက်လဲ နည်းနည်း ပြောပြပါ
ပုံတွေ ကြိုက်လို့ပါ
စာရေးဟန်က မောင်စိန်ဝင်း တို့လိုမျိုးလို့ ခံစားမိပါတယ်

မမသီရိ said...

ညောင်ညို ရိပ်က အေးမြပါတယ် မောင်လေးရေ
သစ်တပင်ကောင်းတော့ ငှက်တသောင်းနား တဲ့
မောင်လေး အတွက် တနေရာစာ ချန်ထားမှာပါ
သွားရမဲ့ ခရီး သွားပြီးတဲ့အခါ
ညောက်ညို ရိပ်မှာ အပန်းဖြေပါလေ.. နော်

ခင်မင်စွာနဲ့

Phyo Evergreen said...

ပင်းတယက ညောင်ပင်တွေလား..။

အိုင်လွယ်ပန် said...

ဆက်လျှောက်
(မျိုးကြီးသီချင်း :) )

shwenyi said...

ပုံထဲမှာ ညောင်ညိုပင်တွေ အများကြီးပဲ.. ဘယ်ညောင်ပင်နဲ့လမ်းခွဲမှာလဲ...။

JulyDream said...

ညောင်နှစ်ပင်ဆိုရင်တော့ ရွာသားကြီးကို ညီလာခံ တက်တဲ့ လူကြီးလို့ပဲ မြင်လိုက်မိမှာ သေချာတယ်။

သြော်... အခုချိန်မှာ သူလည်း မငယ်တော့ပါဘူး။

PAUK said...

ညောင်ညိုပင်အိုကို သက်သေပြုလို့ ကိုယ်..
လတွေ နှစ်တွေ ကုန်ဆုံးသွားသည့်တိုင်...
အို..
အို...
အို...
(နောက် ဗားရှင်း တစ်ခုက...)
ညောင်ပင်တစ္ဆေ ..
ဝေလေလေ....
နင် ဘယ်ကိုင်းမှာနေ...
ညောင် ကိုင်းမှာနေ...
နင်ဘာသီးစား..
.....
............
...........

ရွှေပြည်သူ said...

ဘာမှမမြဲတဲ့လောကမှာ ခွဲချိန်တန်တော့လည်း ခွဲကြရပြန်တာပါပဲ... ညောင်ညိုပင်က ငြိုငြင်မှတော့ ခွဲခွာသူမှာ အပြစ်မရှိပါဘူးလေ။ ပိုအေးမြတဲ့ ငြိုငြင်မှု ကင်းမဲ့တဲ့ အရိပ်သစ် တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ပဲ နားခိုသူကို ဆုတောင်းပေးလိုက်ပါတယ်...

ခရောင်းလမ်း said...

ညောင်ညိုရိပ်က စောင့်နေမယ်မယ်မောင်

khin oo may said...

မငြိုငြင်ပါနဲ့

ညောင်ညိုပင်ရယ်

khin oo may said...

သိတ်မရှင်းသေးဘူး
ထပ်ဖတ်ရဦးမယ်

(မင်းအရိပ်မှာ
ပြည့်သိပ်နေမှတော့
ငါ့အတွက် နေရာဖဲ့မပေးနိုင်တော့ဘူးပေါ့
)

အရိပ်က အများကြီးဥစ္စာ ယုတိမရှိဘူး။
အိပ်ပါလေ့. လူအများကြီး


တို့သာဆိုရင်တော့ညောင်ပင်ဘက်ကဘဲ
မင်းသာ မနေချင်လို့ထွက်သွားတာ
တို့ဘက်ကတော့ အရိပ် ရင်ခွင်ကို အများကြီးပေးထားတယ။်

khin oo may said...

မန်းဒလေး ဦးပိန်နားက .(မှန်းတုတ်လိုက်သည်)

khin oo may said...

ကဗျာကလေးကတော့လှတယ်။ လက်ရည်တွေ အရမ်းတက်လာတယ်။

sait phay yar said...

၇ွာသားလာပြန်ပီ... ပြောထားတာမမှတ်သေးဘူးလား

နေဒေးသစ် said...

ကဗျာလေး ဖတ်ရင်း ညောင်ညိုရိပ်မှာ တစ်ရေး အိပ်ခဲ့ပါတယ် ...
နေဒေးသစ်။

Mogok Thar said...

ရှေ့ခရီး မှုန်မှုန်ပြပြကို
ငါသွားရဦးမယ်.......
လမ်းခွဲစကားတွေ
မဆိုရက်ပေမယ့်


(ဘော်ဘော်တွေကို ပလပ်ထားခဲ့တာတော့ ကောင်းဘူးကွယ်။)

မိုးခါး said...

ကြည့်ရတာ ဘယ်နေရာကြည့်ကြည့် အလွမ်းဓါတ်ခံနဲ့ ကဗျာတွေထွက်လာတယ်ထင်တယ် ..း))
ပျော်ရွှင်ပါစေ
(စာကြွေးတွေလိုက်ဖတ်နေပါတယ် .. :D)

may said...

ကဗျာလေးတွေကို သိပ်သဘောကျတယ်

ဒါပေမယ့် ရှေ့ ဆက်လျှောက်မယ့် ခရီးအတွက် သူ့ ဘာသာသူနေတဲ့ ညောင်ညိုပင်ကို လမ်းခွဲမယ် ဆိုရင်တော့
တို့ တော့ လမ်းခွဲတာနဲ့  ညောင်ညိုပင်ကို ရည်ညွှန်းကြတာကို အရင်ကလည်းကြားဖူးတယ်
စဉ်းစားမိတယ် မဆိုင်ဘူးလားလို့ 

သူ့ ကဗျာလေးကတော့ အရိပ်ခွဲဝေမပေးနိုင်လို့ ပါ ဆိုတဲ့ အဓိပ္ပါယ်လေးကြောင့် ခွဲရတာပေါ့

လော၂ဆယ် အေးအေးလူလူ ဒါ့ပုံထဲက အပင်အောက်မှာ စာသွားဖတ်ချင်တယ်