19 June 2009

ဒွိဟ

အခုအချိန်မှာ
ဘယ်ဆုကိုလိုချင်သလဲ
ပေးဆပ်ခြင်း
စွန့်လွှတ်ခြင်း
ခွဲခွာခြင်း
အရာအားလုံးအတွက်
အဘယ်ဆုကိုလိုချင်သလဲ

လွတ်မြောက်မှု
ကျန်းမာပျော်ရွှင်မှု
ငြိမ်းချမ်းမှု
ဘာတွေကိုဆုတောင်းပေးရမလဲ
ဘယ်ဟာက အသင့်တော်ဆုံးလဲ
ကိုယ်တိုင်ဝေခွဲမရနိုင်ဘူး
ဒွိဟစိတ်နဲ့
ဒီတစ်ရက်ကို
အမှတ်တယဖြစ်စေခဲ့ပြန်တယ်

မကြားနိုင်ပေမယ့်
တောင်းဆုချွေပါတယ်
လိုရာပြည့်ပါစေ……….

22 comments:

ThuHninSee said...

ကိုရွာသားကဗျာလေးကို ကြိုက်တယ်။

ပန်းခရမ်းပြာ said...

ရွာသားလေးနဲ့ အတူ တောင်းဆုချွေပါတယ်။
လိုရာပြည့်ပါစေ……….

Rita said...

ပြည့်စေသတည်း

ရွှေပြည်သူ (ShwePyiThu) said...

သြော်... အခုတော့ ငါ့အစ်ကိုတစ်ယောက် နူးညံ့သိမ်မွေ့ပြီး အကြင်နာတွေ မေတ္တာတွေ စေတနာတွေနဲ့ ၂၄ နာရီ ပြည့်နှက်နေပါပေါ့လား... ကောင်းပါ့ ကောင်းပါ့း)) ကူဆုတောင်းပေးမယ်... လိုရာပြည့်ပါစေ...း))

Mogok Thar said...

အတူတောင်းဆုခြွေ
လိုရာတွေ ပြည့်စေသား။

မိုးခါး said...

အတူလိုက်ပီးဆုတောင်းပေးလိုက်တယ်နော် ..း)

ကောင်းကင်ပြာ said...

တို့လဲ လာဆုတောင်းတယ် ရွာသားနဲ့အတူတူ

ကဗျာမလေး said...

စာတွေလာဖတ်တယ်ဗျ

လင်းဒီပ said...

အားလုံးဝိုင်းပြီးဆုတောင်းနေကြတယ်။
တချို့က အသံထွက်
တချို့က ထိတ်လန့်ခြင်းနဲ့ စိုးထိတ်စွာ...။

ခမ်းကီး said...

ကဗျာအတွက် ကျေးဇူးပါဗျာ။

Htoo Aung Lwin said...

ဒွိဟဖြစ်နေတဲ့ စိတ်ကြီးကနေ
အမြန်ဆုံး တည်ငြိမ်နိုင်ပါစေဂျာ

Talkii said...

ဆုတောင်းတာနဲ့ ဆုပန်တာ မတူဘူးတဲ့။ ဘယ်လို မတူတာလဲတော့မသိဘူး။ ဆုပန်တာက ပိုပြီး dedicated ဖြစ်တယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်... အားလုံးဆန္ဒတွေ အမြန်ဆုံးပြည့်နိုင်ပါစေလို့ ...။

RePublic said...

ဆုပေးလို့ လာယူတာ ကိုရွာသားကြီး ၊၊ များကြီးယူသွားပြီ ၊၊

khin oo may said...

ရယူချင်တယ်။

Yu Ya said...

ရယူချင်ရင် အရင်ဆုံး ပေးဆပ်ရမယ်နဲ့ တူတယ်နော်.. ဟုတ်တယ်ဟုတ် .. ကိုရွာသားရေ..

Phyo Evergreen said...

အတူတူဆုတောင်းပေးနေတယ်..။

သီဟသစ် said...

ကိုရွာသားရေ

အားလုံးက ဆုတောင်းပေးနေကြပါတယ်ဗျာ
မကြားနိုင်ပေမယ့် ရမှာပါ

ခင်မင်စွာဖြင့်
သီဟသစ်

မောင်ဖားကြီး said...

ဒွိဟ ဖြစ်မနေပါနဲ့ အစ်ကိုရေ ... အကုန်ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်...
အကုန်လည်း ပြည့်မှာပါ....

Anonymous said...

ပျော်ရွှင်ငြိမ်းချမ်းမှုနှဲုအတူ လွတ်မြောက်အေးချမ်းနိုင်ပါစေ ...

ပွင့်မြုးဇင် said...

ကဗျာလေးကြိုက်တယ်...

သက်ဝေ said...

အားလုံးက ဆုတောင်းပေးနေကြတဲ့အတွက်
အားလုံးရဲ့ ဆုတောင်းမေတ္တာတွေကို မြင်ယောင် ခံစား နေရမှာ သေချာပါတယ်...

Unknown said...

ကဗျာဖတ်ပြီး ဒွိဟဖြစ်သွားတယ်
ပြန်ဖတ်တယ် ဒွိဟပဲ အဖြေက
တို့ နားမလည်ဘူး
ဆုတောင်းပေးတဲ့အတွက် သက်ဆိုင်သူကတော့ ၀မ်းသာမယ်လို့ ထင်တယ်