16 June 2009

တေးအဆုံး


သီချင်းတစ်ပုဒ်ရဲ့ အစမှာ

အဆုံးသတ်ဆိုတာရှိပါတယ်

အစကိုချည်ပြီးရင်

အဆုံးကိုမှီရပါလိမ့်မယ်

အလယ်မှာပဲ

ပြန်လှည့်သွားရင်တော့

နှလုံးသားနဲ့တီးထားတဲ့

တေးတစ်ပုဒ်ကို

နားလည်လိမ့်မယ်

မဟုတ်ပါဘူး

အစမှာနိမ့်ပင်မယ့်

အနှောင်းမှာ မြင့်ချင်မြင့်ပါလိမ့်မယ်

တေးသွားဆိုတာ

အတက်အကျရှိတတ်တယ်

တေးတစ်ပုဒ်ကိုမှ

နားလည်မှုမပေးရင်

နှလုံးသားကိုတော့

နီးစပ်ဖို့

ဝေးပါသေးတယ်


အကယ်၍

တောင်းဆိုနိုင်ခွင့်ရှိသေးရင်

တစ်ခုပါပဲ

နှလုံးသားက ဖွဲ့ဆိုထားတဲ့
တေးအဆုံးထိ

ရှိနေပေးဖို့ပါ..................

22 comments:

ဝေလေး said...

အင်းး..... တေးအဆုံးထိရှိနေဖို့တော့ လိုလိမ့်မယ်... တောင်းဆိုတာကို သဘောတူနိုင်ပါစေ...
စကားမစပ်
အဲဒါ ဝေလေးဆီက ကောက်သွားတဲ့ တယောလေးလား. အဟဲ....

Sein Lyan Tun said...

တစ်ပေါ့ကွယ်

Sein Lyan Tun said...

အဲ မတစ်တော့ဘူး
ဆန့် သွားပြန်ဖီး
ဝေလေးက အူးသွားတယ်

ဝေလေး said...

အဟဲ..... ဆောရီး အစ်ကိုဖိုးစိန်ရေ.... ရောက်နေမှန်းမသိလိုက်ဘူး...... :D
မရည်ရွယ်ပဲ နံပါတ်တစ်ဖြစ်သွားတယ်... :P

Sein Lyan Tun said...

နှလုံးသားက ဖွဲ့ဆိုတယ်ဆိုမှတော့
ဒီတေးသွားက နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ
ကီးကြောင်နေတယ်ဆိုရင်တောင်မှ ဖွဲ့ဆိုထားတဲ့ နှလုံးသားတေးကို ဆုံးတဲ့ထိ ရင်ဘတ်နဲ့ နားထောင်မှာပါ။
ကြိုက်တယ် ကဗျာလေး
ချင်ခင်စွာဖြင့်
ဖိုးစိန်

သီဟသစ် said...

ကိုရွာသားရေ

အချစ်ငှက်လေးတွေ အမြဲပျံနိုင်စေသတည်း...

ခင်မင်စွာဖြင့်
သီဟသစ်

ကောင်းကင်ပြာ said...

နားလည်မှုတွေနဲ့ နှလုံးသားချင်း အမြန်နီးပါစေ ရွာသား

khin oo may said...

ကြွေသွားပြီကွယ်။

Moe Cho Thinn said...

တေးအဆုံးထိ နားထောင်သွားလို့ မောင်လေးတယောက်လို နားလည်ခင်မင်သွားပါပြီ။ ရွာသား ရည်ညွှန်းတဲ့ သက်ဆိုင်သူလဲ နှလုံးသားထဲက တေးတပုဒ်ကို အဆုံးထိ နားထောင်သွားပါစေ။

မွန် said...

တေးအဆုံးထိ နားဆင်တာမဟုတ်ခဲ့ရင် ခရီးအဆုံးထိ ဘယ်လိုက်ပါနိုင်မလဲ
ဒါသေချာတယ်လေ

လင်းဒီပ said...

မင်းဆိုမယ်ဆိုရင် ကိုယ်ရေးပေးပါ့မယ်..ဒါပေမယ့် ဒီသီချင်းကို မင်းခံစားတတ်မှကွယ်...

မင်းနားထောင်မယ်ဆိုရင် ကိုယ်တီးပြပါမယ်..ဒါပေမယ့်
ထပြန်ရင် တယောနဲ့ လိုက်ရိုက်မယ်...

ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်
မယုံမလွန့်တဲ့ ပေးဆပ်မှုတော့ စိုက်ရမယ်
နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ....

ဝန်ခံချက်...
(ရွာသားလေး၏ခံစားမှုကို ခံစားကြည့်ရင်း အခံစားလွန်သွားပြီး ဆရာစိုင်းခမ်းလိတ်သီချင်းအား လင်းဒီပ ဖျက်ဆီးမိသွား၏..:P)

ThuHninSee said...

အခုတော့ တေးအဆုံးထိ နားထောင်ခိုင်းတယ်နော်။
ယူပြီးမှ ညီမလေးကို တေးဆုံးတဲ့အထိ နားထောင်မိလို့
ဟင်းအိုးတူးသွားရင် ယောင်းမနဲ့ထမရိုက်နဲ့။
ဒါပဲ။
း)

အိုင်လွယ်ပန် said...

နားထောင်ပြီး
စဉ်းစားစရာတွေနဲ့ လှည့်ပြန်သွားပါတယ်ဗျာ ...

Anonymous said...

အနုပညာတွေမြောက်ပြီးရင်းမြောက်လှပါလား။

PAUK said...

ကိုရွာသားက တော်တော် နုရွပါ့လား

နွေးနွေးသဲမွန် said...

တေးအဆုံးလေးအထိ ရှိနေပါစေ....

သက်ဝေ said...

ရည်ရွယ်သူလေးက ကိုရွာသား နှလုံးသားက ဖွဲ့ဆိုထားတဲ့ တေးအဆုံးထိ ချစ်ခြင်းမေတ္တာများ၊ နားလည်မှုများ နဲ့အတူ ရှိနေပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်...။

စကားမစပ်.. ဓါတ်ပုံက ကိုရွာသားလေး ပုံလား..။

မိုးခါး said...

မိုက်တယ်
တေးသွားလေးဆုံးတဲ့ထိတင်မက အမြဲတမ်းရှိနေနိုင်ပါစေနော် ..း)
ပျော်ရွှင်ပါစေ

Anonymous said...

တေးသွားတွေရဲ့ ကြားက လှစ်ဟပြချင်နေတဲ့ နှလုံးသားသံစဉ်တစ်ချို့ စီးထွက်ကျလာတယ် ....
တေးသွားဆိုတဲ့ အတိုင်း အနိမ့်အမြင့် ညီညာချင်မှ ညီညာလိမ့်မယ် ... အားဖျော့တိုးလျှိုးသွားတာ ရှိသလို ... ပြင်းပြနက်ရှိုင်းသွားတာမျိုးလည်း ရှိနိုင်လိမ့်မယ် ... အတက်အကျကို လိုက်ပြီး ငါ့နှလုံးသားကို အရောင်မခြယ်သချင်ပါနဲ့လား ... ခံစားချက်ကို နားလည်နိုင်ဖို့ ဆိုရင် အဖွင့်တစ်ခုကို နှစ်သိမ့်တတ်ရုံနဲ့တော့ မလုံလောက်ပါဘူး ... တေးသွားရဲ့ အဆုံးထိမတ်မတ်ရပ်ပြီး မျက်ရည်တစ်စက်ကျနေတတ်ခဲ့ဖို့လည်း လိုပါသေးတယ် ....

ကဗျာလေးကောင်းတယ်ဗျာ .. ခံစားမိသလိုလေး ရေးကြည့်ခဲ့တယ် ... ဖော်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီခဲ့ရင်တော့ ခွင့်လွှတ်ပါ ..
နေဒေးသစ်။

ကဗျာမလေး said...

အဲးးးးး
ကိုရွာသား
“သီချင်းတစ်ပုဒ်ရဲ့ အစမှာ

အဆုံးသတ်ဆိုတာရှိပါတယ်”
အစမှာကတည်းက အဆုံးသတ်နေရင် နားထောင်ဖို့အချိန်တောင် ရှိတော့ဘူးနေားးးးး :P
နည်းနည်းရှင်းပြပါဦးနော် ... ဟိ။

Rita said...

မြန်မာပြည်မှာလို မီးမပျက်ရင် အဆုံးထိ နားထောင်ပါမယ်။
(cassette ဖွင့်ပေးမှာလားလို့ပါ)

Unknown said...

ဆက်ဆိုပါ နားထောင်နေတယ်

စကားမစပ် ကဗျာလေးတွေရေးတာ သိပ်ကောင်းတာပဲ
ခံစားချက်လေးကို လှပတဲ့ကဗျာဖြစ်အောင် ရေးနိုင်စွမ်းကိုတော့ တကယ့်ကို ချီးမွမ်းမိတယ်