03 June 2009

ဖုန်းကလေး

ကျနော့ဘေးနားက
ဖုန်းကလေး
တီတီတူ
ကြည်ကြည်ဖြူ
မြည်ချက်ရယ်
ရက်စက်ပေါ့လေး…

နွမ်းလျအိမ်အပြန်
ဖုန်းချက်ကညံ
ရက်မှန်မှန်
ဆက်ပြန်ပါ
ချိုစကားကြောင့်
သန်းခေါင်လေ
မောင်မမှုပါ
မှောင်ထုကိုအံတုလို့
ဆက်ဖို့အရေး…

မဆက်ပြန်
ချက်မှန်မှန်
SMSရယ်ကြောင့်
ဘက်ထရီရယ်ကုန်ပါမှ
မောင်ရပ်မယ်
ဆက်တိုက်ပြောမို့
မောပါ့မယ်လေး……..

ံ့ကျနော့ဘေးနားက ဖုံးကလေးဆိုတာကို highlight လုပ်ပါတယ်ခင်ဗျာ။ ရွှေဥာဏ်တော် အတွေးချော်နေကြရင်ဖြင့် မောင်ရွာသား အမယ်မင်းရပါလိမ့်မယ်.....

30 comments:

Moe Cho Thinn said...

သန်းခေါင်လေ
မောင်မမှုပါ တဲ့..
တယ်ကြိုးစားပါလား။

ATN said...

တော်သေးတာပေါ့...
ဘက်ထရီကုန်သွားလို့....း)

ကောင်းကင်ပြာ said...

ရုံးကိုပါ ဘက်ထရီအားသွင်းဖို့ ယူသွားပါ၊ အိမ်မှာလဲ သွင်းရင် ပြောကြည့်ပါ:)

ကိုလူထွေး said...

အမြဲမြည်
မှန်မှန်မြည်
အမှောင်မှာမြည်
သန်းခေါင်မှာမြည်
ဟောဗျ...
ဘက်ထြီ ကုန်သွားပြီ

khin oo may said...

ကြိုးလေးတပ်ပြောပါ။

khin oo may said...

အိမ်ခေါ်ထားလိုက်တာမဟုတ်ဘူး ပြီးရော။

မွန် said...

ဘရိန်းကင်ဆာ
သိမ်းချင်လာ အသက်ပေးမယ်
ဆက်ပေါ့ဖုန်းလေး
အဟေးဟေး

မိုးခါး said...

အင်း ၀ီရိယကောင်းတာပေါ့း))
ဖြေးဖြေးပြော ရေခွက်လေး ဘေးနားထားပြီးပြောနော် :P

Talkii said...

ဖြေးဖြေး ဖြေးဖြေးပြော နားနားပြီးပြော မောမယ်
Hand free ရော Battery ကြိုးရော အကုန်ချိတ်ပြော။

ကြိုးစားချက်ကယ် လွန်ရော လွန်ရော :)

WWKM said...

အဲဒါဆိုလည်း ၂ ယောက်သားအနှောက်အယှက်ဖြစ်မှာ
စိုးလို့ အစ်မဖုန်းမဆက်တော့ပါဘူးကွယ်..း)))

ဖုန်းနံပါတ်တော့ပေးထားပြီး ဖုန်းဆက်မှာစိုးလို့ ဖုန်းမအားကြောင်း ကြိုတင်အသိပေးတာလားမသိ.း))

မမKOMပြောသလို အစ်မလဲကြိုးတတ်ပြောပေါ့ကွယ်လို့
ပြောမလို့.. ဒါပေမယ့် မမပြောသွားတဲ့ အိမ်ခေါ်ထားလိုက်တာမဟုတ်ဖူး ကပိုမိုက်တယ်.
အဟတ်.

သိပြီ..သိပြီ.. တို့နဲနဲပေါက်သွားသလိုပဲ.. အငှဲ.. သေခြာ
တော့မသိဘူး.. ရမ်းသမ်းတွေးကြည့်တာ.. မှားရင်လဲ
အရှုံးမရှိ..း))))

WWKM said...

အမယ်မင်းရယ်မှ ရှင်းရတော့မယ်............း)))

ပြန်လာဖတ်သွားပြီ..
ကိုယ့်အစ်မတွေ ရွှေဥာဏ်တော်စူးရောက်တာကို အပြစ်မ
ယူပါနဲ့ မောင်ရွာသားရယ်...း))
ပျော်စေချင်လို့ စကြတာပါ.း) ဆက်လုပ်.. ဆက်သာလုပ်.. :D

တန်ခူး said...

အဲလောက်အကြာကြီးပြောတာ ဖုန်းက မပူလာဘူးလား… အမဖုန်းဆို ၁၅မိနစ်လောက်ကြာတာနဲ့  ပူလာပြီ… ကြည့်ရတာ ပူလို့ ပူမှန်းလဲ မသိတော့ဘူး ထင်ပါတယ်… အေးလေ… ဒီလိုလေးတွေက မယူခင် ကြည်နူးရတာ… ကြည်နူးပေဦးတော့ ငါ့မောင်ရေ… ယူပြီးတဲ့အခါ တိုနိုင်သမျှတိုသလားအောင့်မေ့ရတယ်… “ပြန်လာပြီ”…. “ဒါပဲ”… ဆက်မပြောတော့ပါဘူးလေ… တော်ကြာ… ကောင်မလေးဖတ်မိပြီး လန့် သွားပါဦးမယ်…

မိုးခါး said...

မတန်ခူးပြောတာ ရီရတယ် ..း)

ကဗျာမလေး said...

ဖုန်းအပြောပြိုင်မလား .. ဟီ ဟိ...။
ကဗျာတို့ကတော့ ပြောပြီဆို တပြိုင်တည်း အားသွင်းလျက်နဲ့ပဲ ... ဟီး။

Mogok Thar said...

သွားပြာ လေးသာ တပ်ပီး ပြောပါ လို့ ဘေးကဖုန်းလေးကို အကြံပေးလိုက်ပါလား ရွာစားရယ်။
ဒါဆို ဘက်ထရီသွင်းရင်းလဲ ပြောလို့ ရဘီ။
ရွာစား ကြိတ်အားကျနေ ပြောထာပဲ။

ဗီလိန် said...

ဒါကြောင့် ဖုန်းက အမြဲ အင်ကေ့ခ်ျဖြစ်နေတာကိုး။

ရွှေပြည်သူ (ShwePyiThu) said...

“လက်ခုပ်ထဲက ဖုန်း”ပဲ ဖြစ်ရမယ်။ ဘေးကဖုန်းကိုသာ ပြောနေတာ ရေးတဲ့လူကိုယ်တိုင်ကလည်း ဖုန်းခတွေလည်းမနည်း SMS လည်းမလောက်လို့ ကြားမိတာပါပဲး))

ရွှေပြည်သူ (ShwePyiThu) said...

StarHub က Billing System မှားတာလည်း ဖြစ်နိုင်ပါတယ်။ (ပြန်ဖြေရှင်းပေးတာ... ကြောက်လို့)

ဝေလေး said...

ဖုန်းကို အစ်ကို့ဘေးနားမထားလို့ ဘယ်နားထားမလဲ... အမြဲကိုင်ထားလို့လား...... :D .....
နောက်သွားတာ...... တစ်ကယ်... :P

ရွှန်းမီ said...

ဖုန်းကို charging ကြိုးလည်းတပ်.. ရေခဲလည်းကပ်ပြီး သုံးပေါ့လေ..း-)

Htoo Aung Lwin said...

အင်း မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခတ် အဲ့ဒါဖုန့်လို့မှတ်..........။

ဆောင်း said...

ဘက်ထရီ အပိုဆောင်ထားပါလား။ ချာဂျာလေးလည်း ဆောင်အဆင်ပြေလို့ 

JuneOne said...

နား နား ပြီးပြော မောမယ်။

မျိုကြီး သီချင်းထဲကလို။

:P said...

ကိုဖုန်းဆက်နိုင် ပေါ့လေ....။

လင်းဒီပ said...

ပြဿနာ....လက်ခုပ်ထဲက ဖုန်းတဲ့...။
ထပ်လုပ်နေပြန်ပါပြီ..။

Moe Myint Tane said...

တယ်ဆိုတဲ့စာပါလား ကိုယ့်ဆရာ။ ကဗျာလေးကနေ စကားတွေပြောပြနေတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

khin oo may said...

WWKM said... ဖုန်းနံပါတ်တော့ပေးထားပြီး ဖုန်းဆက်မှာစိုးလို့ ဖုန်းမအားကြောင်း ကြိုတင်အသိပေးတာလားမသိ.း))


[ဒီလိုလုပ်တာ ကောင်းသလား။.]

Rita said...

ဒီလို အချိန်မှာတော့ တားလဲ ရမယ် မထင်

မီယာ said...

ဘက်ထရီကုန်တဲ့ အထိတဲ့လား။ အကြာကြီး သိပ်မပြောနဲ့နော် ခေါင်းထိတတ်တယ် တဲ့

Unknown said...

အင်း အံ့သြသွားတယ်