28 May 2009

ပုံပြင်

ဟိုးအရင်က ပုံပြင်တွေကို နှစ်သက်လေ့မရှိဘူး။ ဒီကြားထဲ ပုံပြင်တွေကိုအရမ်းကြိုက်တဲ့ လူတစ်ယောက်အကြောင်းကို ဖတ်လိုက်ရတော့ပိုဆိုးသွားတယ်။ စကားပြောတိုင်းပုံပြင်တွေ ထည့်ပြောတတ်တယ်တဲ့လေ။ ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။ နားထောင်ရင်း အိပ်ငိုက်နေမိမယ်ထင်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်လေးတစ်ခု မရောက်ခင်ထိပေါ့….ဟုတ်တယ် အဲ့ဒီအချိန်လေးမရောက်ခင်အထိပဲ။

အဲဒီနေ့က လမ်းတစ်ခုထဲကိုအသွားမှာပဲ သစ်ပင်အမြင့်ကြီးတွေကို ငေးနေမိတယ်။ လေတွေတရွှီးရွှီးတိုက်စပြုလာရင်း သစ်ခက်တွေ အချင်းချင်းပွတ်သပ်နေတာကို စိတ်ဝင်စားနေတာပေါ့။ သူ့ကို မိုးတွေမရွာခင်လေးမှာပဲ တွေ့ခဲ့ရတာ။ ခပ်သုတ်သုတ်လှမ်းနေတဲ့ ခြေလှမ်းတွေကို တုန့်ဆွဲသွားစေတဲ့ အသံတစ်ခု နားထဲကိုစီးမျှောလာရင်းပေါ့။

လမ်းတစ်လျှောက် သူစကားပြောနေတယ်။ ဒါပေမယ့် နောက်နားစီကပဲ။ ကိုယ်လှည့်ကြည့်ဖို့ကြိုးစားမိတယ်။ ဟင့်အင်း မင်းလှည့်မကြည့်ရဘူးနော်တဲ့။ ဟာ…ဒါဆိုဘာလည်းကွာ။ တစ်ဆိတ်ကိုယ်ပြောတာကိုပဲနားထောင်ပေးပါ။ သူပုံပြင်တစ်ပုဒ်ကို စပြောတယ်။ ထုံးစံအတိုင်း ပျင်းရိစွာနားထောင်ရင်း မိုးမကျခင် အိမ်ထဲကို မြန်မြန်ဝင်မှ။ အိမ်ထဲကိုမ၀င်ခင် သူက နောက်နေ့တွေ့မယ်လို့ ပြောလိုက်တယ်။ ပြောပြီးပြီးချင်း ချာခနဲလှည့်ကြည့်လိုက်ပေမယ့် သူမရှိတော့ဘူး။

မနက်ခင်းရုံးသွားတော့လည်း သူ့ကို မတွေ့မိပြန်ဘူး။ ညနေဖက် အိမ်နားမှာဈေးဝယ်ထွက်တော့မယ်ဆိုတော့ လမ်းတစ်လျှောက်မှာ ကွက်ကြည့်ကွက်ကြည့်လုပ်နေမိပြန်တယ်။ ဟိုနေ့က ပြောသွားတဲ့ ပုံပြင်ကဘာပါလိမ့်။ ဂရိနတ်ဘုရားတွေအကြောင်းဆိုလား ဘာလားပါ။

နောက်နှစ်ရက်လောက်အကြာမှ လေသံတိုးတိုးလေးကိုပြန်ကြားရပြန်တယ်။ မီးနတ်ဘုရား ပြီးတော့ ဗီးနပ်စ်အလှနတ်သမီးတဲ့။ ဟင့်အင်း ငါ့ကို ဒီပုံပြင်တွေ ဘာကြောင့်လာပြောနေရတာလဲ။ ငါစိတ်ဝင်စားတာက ပုံပြင်တွေထက် မင်းဘာကြောင့်လာပြောနေရတာလဲ ဆိုတဲ့အကြောင်းကိုပါ။ အဲဒီနေ့က ပြန်ခါနီးမှာ မင်းဆံပင်လေးတွေက နူးညံ့မွှေးနေတာပဲနော်လို့ မင်းပြောတော့ မင်းကိုလှည့်မကြည့်ပဲမနေနိုင်တော့ဘူး။ ဒါပေမယ့် ကိုယ့်အနောက်မှာ မင်းမရှိတော့ဘူးပဲ။

နောက်ရက်တွေလည်း မပျက်မကွက်လာတတ်တယ်နော်။ ရက်တိုင်းပုံမှန်မဟုတ်ပင်မယ့် ပြက္ခဒိန်မှာ မင်နီခြစ်ထားတဲ့ရက်တွေက နည်းပါတယ်လေ။ တစ်ရက် မှတ်မှတ်ယယဖြစ်သွားပြန်တာက မင်းနားရွက်ဖျားလေးတွေကို နမ်းချင်လိုက်တာလို့ ဖွဖွလေးပြောသွားတဲ့နေ့ပေါ့။ ရင်တွေခုန်နေတာနဲ့ ဖျတ်ခနဲလှည့်ဖို့ အချိန်မရလိုက်ဖူးပေါ့။ ဘုရားရေ…ဒီပုံပြင်ပြောတဲ့သူ ကိုယ့်ကို ချည်နှောင်နေပါပကောလား။

သူရောက်လာမယ်ထင်လို့ နေ့ရက်တိုင်းမှာ ခေါင်းလျှော်မိပြန်ရောလေ။ တချက်တချက် နွေးခနဲဖြစ်သွားတတ်တဲ့ ထွက်သက်တချို့ရဲ့နောက်ကို စိတ်တွေလွင့်နေမိတာ ကြာပါပကောလား။ ဘာကိုမှတလို့ မရနိုင်လောက်အောင် ကိုယ်ဟာ ရူးသွပ်သူတစ်ယောက်ဖြစ်နေပြီတဲ့လား။ အဲ့ဒီရက်တွေက ပုံပြင်ထဲမှာ ထရွိုင်မြို့တိုက်ပွဲနဲ့ နတ်ဘုရားတွေ အချစ်ပြိုင်ပွဲကို ပြောပြသွားတယ်။ အင်း ထရိုဂျန်မြင်းရုပ်ကို ဘာဖြစ်လို့ မြို့ထဲသွင်းကြတာတဲ့လဲ။ ကိုယ့်မိုက်ပြစ်ပါပဲ။.ကိုယ်ကတော့ ထရိုဂျန်မြင်းကို ကိုယ့်ဘာသာကို ဆောက်မိလိုက်တာ။

နတ်တွေနဲ့လူတွေရဲ့ ချစ်ခင်ခြင်းတွေကို ဘာကြောင့်မှန်းမသိ သူထပ်တလဲလဲပြောပြတယ်။ မယုံကြည်ဘူးလို့ ငြင်းဆန်ရင်း ခေါင်းကို တွင်တွင်ရမ်းမိတယ်။ ဟေ့ မင်းဆံပင်တွေ ပျော့နွဲ့လွန်းတယ်ဆိုပြန်ပါရောလား။ ဒီတစ်ခါတော့ သတ္တိကောင်းစွာ သေချာလို့လား တစ်ချက်လောက်ဖွကြည့်ပါလားလို့ ရဲရဲ စိန်ခေါ်မိတယ်။ ဘယ်အချိန်က ကိုယ်ရဲဝံ့သွားတာပါလိမ့်။

နောက်ရက်မှာတော့ ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ သူ့ရဲ့ သွင်ပြင်ကို ကြည့်ချင်တယ်လို့ အရဲစွန့်မိပြန်တယ်။ ဟုတ်တယ်လေ….ရုပ်ဝတ္ထုဆန်တဲ့အပိုင်းလည်း ဆန်မှာပေါ့။ အိုး…မင်းက ကိုယ့်ကို တွေ့ချင်သတဲ့လားဆိုပြီး အံအားသင့်ရယ်မောသွားတဲ့အသံကို ခံစားမိတယ်။ ကိုယ်သိလိုက်တာက ကလေးတစ်ယောက်လိုဘပြည့်တဲ့အသံ။ သြော်..မင်းလိုချင်တာက ဒါကိုး။

ညွတ်နူးပျော်ဝင်လွယ်အောင် တမင်လုပ်ခဲ့တာလား။

စံကားပွင့်နီနီတွေ တလမ်းလုံးပြည့်နေတဲ့လမ်းကို လျှောက်နေတုန်းမှာပဲ မင်းစကားတစ်ခွန်းကို အသေအချာပြောခဲ့တယ်။ ကိုယ်လည်း အသေအချာနားထောင်ခဲ့တယ်။ ပုံပြင်ပြောဆိုတာ ပြီးဆုံးပြီတဲ့။ ဟင်…ဒါဘာလည်း မင်းဆိုလိုချင်တာဘာလဲ။ အခုအချိန်မှာ ကိုယ်ပုံပြင်တွေကို ချစ်နေခဲ့ပြီလေ။

နောက်တစ်ရက်ကစလို့ သူ နောက်ထပ်ရောက်မလာတော့ပါဘူး…….


ပုံပြင်တွေကို နှစ်သက်သွားတဲ့ ကိုယ့်မှာအပြစ်ရှိလား။ ပုံပြင်တွေနဲ့ ရည်ရွယ်ချက်ရှိစွာ ကိုယ့်ကိုချဉ်းကပ်သွားတဲ့သူ့မှာ အပြစ်ရှိလား ယနေ့ထက်ထိ အဖြေမရှိခဲ့သေး။

ပုံပြောသူနဲ့အတူ ပုံပြင်တွေပါ ပျောက်ဆုံးသွားဖို့ ဆုတောင်းချင်ပေမယ့် အရာရာဟာနောက်ကျသွားခဲ့ပြီ။

ပုံပြင်တွေကတော့ နှလုံးသားထဲမှာ ကျန်ရှိနေဆဲ……

46 comments:

Maung Myo said...

ရေချိုး ထမင်းစားပြီး မှ လာပြန်ဖတ်တော့မယ်း) ပြီးတော့ လှေခါးပါ ယူခဲ့အုံးမှ တော်တော်မြင့်တော့နားမလည်ဘူးရယ် အော်...တယ်တုံးတဲ့ ငါပါလားနော် ...။

`ပုံပြင်တွေကတော့ နှလုံးသားထဲမှာ ကျန်ရှိနေဆဲ´ အင်းးးးး အချစ်ပုံပြင်ပဲဖြစ်မို့များတယ် ။

Sonata Cantata said...

ပို့စ်တွေ လာလာဖတ်ဖြစ်ပါတယ်။ အမဘလော့မှာ လင့်ချိတ်ထားခွင့်ပြုပါ။ CBox မတွေ့လို့ ဒီမှာရေးခဲ့တာပါ။

ဝေလေး said...

ပုံပြောတဲ့လူမှာလည်း အပြစ်မရှိသလို ပုံပြင်တွေနှစ်သက်သွားတဲ့လူမှာလည်း အပြစ်ရှိလိမ့်မယ် မထင်ပါဘူး။ ပုံပြင်တွေက တနည်းနည်းနဲ့တော့ နှစ်လိုဖွယ်ကောင်းနေတတ်တာပဲ။ အဲဒါကို သိအောင်ပြောသွားတာနေမှာပေါ့။ အင်းးး
မြင့်တယ် မြင့်တယ်... လှမ်းမမှီဘူး။ တွေးချင်သလိုတွေးသွားတယ်..... ဒါပဲ.... :P

စကားမစပ်... မေးသွားတာဖြေလိုက်ဦးမယ်။
ခွန်သာကိုရှိစေချင်ရင် ရှိမှာမို့လို့လား။ :)
ကြယ်စကားပွင့်တွေကတော့ ပွင့်နေမှာပဲလေ..... :D

Taungoo said...

ပုံပြောဖို့ ကြိုးစားနေပြီပေါ့လေ

လင်းဒီပ said...

ပုံ လာလာပြောတိုင်း ယုံရင်တော့မှားမယ်နော် ဒီရွာသားနှယ်..။

Mogok Thar said...

လုပ်ပါ့ ရွာစားရယ်။ နောက်ကနေများ spy လုပ်ပီး ရေးသလား အောက်မေ့ရတယ်။
ိုကိုယ်လဲ ပုံပြင်တွေ အပြော ခံနေရတယ်။ ရွာသားလေးလို အဖြစ်ကြုံရင် ခက်ရချေရဲ့။ သတိလေးထားမှ။ အင်း ဦးဏှောက် နဲ့ နှလုံးသားက တခါတခါကျ ဆန့်ကျင်နေတာ ခက်သားလားဗျာ။
သတိထားသော်ငြား......

Rita said...

သူရောက်လာမယ်ထင်လို့ နေ့ရက်တိုင်းမှာ ခေါင်းလျှော်မိပြန်ရောလေ။

ငါ့နှယ်နော် ဟုညည်းသွားပါသည်။

ဂရင်းညီနောက် စာအုပ် ပို့လိုက်မယ်နော် ရွာသား။

khin oo may said...

ဖတ်သွားပါသည်။ တက်ဂတာလည်းဖတ်ပြီးပြီ။

PAUK said...

နားလည်အောင် ထပ်ကာ ထပ်ကာ ဖတ်သွားပါတယ်..

မီယာ said...

ဘယ်သူ့အကြောင်းများ ရေးထားတာလဲလို့ ၂ခါ ပြန်ဖတ်ရတယ်။ (ပေါက်ထုံရဲ့ အမပဲလေ) :D

ပုံတွေ နားထောင်ပြီးရင် အဓိပ္ပါယ်ပြန်ပြီး ပြန်ပြောပြပါ။

ကိုလူထွေး said...

စာလာဖတ်ကြောင်း လာအကြောင်းကြားတာပါ

အိုင်လွယ်ပန် said...

ပုံပြင်တစ်ပုဒ်ပါပဲလား ....

အတွေးလေးကောင်းသဗျာ .....

Thant said...

ခွန်သာကို သတိရသွားတယ် ။

မယ့်ကိုး said...

လှလှပပဖွဲ့ ထားတဲ့ ပုံပြင်လေးပဲ။ ကျွန်မ ကတော့ နားထောင်ရကျိုးနပ်ပါတယ်။

မိုးခါး said...

ပုံပြင်အပြောခံရတဲ့ပုံပြင်ကို ဖတ်သွားပါတယ်ဗျို့ ... :D

ဖိုးသင်္ကြန် said...

ဖမ်းမဆုပ်တော့ပါဘူး။ ပုံပြင်ပျက်သွားမှာစိုးလို့။ ဒီအတိုင်းပဲ ဖတ်သွားပါတယ်။

yehtutnaung said...

ကျွန်တော်လဲ တခါတလေ ပုံပြင်တွေ ပြောပြပြီး ပျောက်ကွယ်သွားချင်တယ်...။

လူရိုင်းလေး said...

ကိုရွာသားလေးရေ C-Box ကရှာလို့ကို မတွေ့ဘူး ဖြစ်နေတယ်ဗျ၊ မရှိဘူးလားဟင်?

JuneOne said...

ဖတ်ရင်းးနဲ့နားလည်အောင်မနဲကြိုးစားလိုက်တာ အဆုံးမှာ နားလည်သွားပါတယ်။

sait phay yar said...

မေ ကိုက တုန်းတာပါ
နားအလည်ဘူးတော့ ..ဟီ
ပုံပြင်ကြိုက်တယ် အရုပ်ကြိုက်တယ်
သေချာပြီ ရွာသားကတော့........

ကြည်ဖြူပိုင် said...

သိဘူးရယ်တော်။ ဖတ်ပြီးတော့လည်း နားလည်ဘူး။ တထုထုတော့ တထုထုပဲ။ ခွန်သာဆိုတာလဲပါတယ်။ သိတော့ဘူး။သိတော့ဘူး။
မှန်းဆသွားတာ တစ်ခုကတော့ ကိုရွာသားကို ပုံပြောပြနေတဲ့ကောင်မလေး တစ်ယောက်ရှိတယ်။ သူက ကိုရွာသားကို ပုံပြင်ထဲမှာအသဲ၂ထပ်နဲ့ ဆွဲကြိုးလေး ၀ယ်ပေးခိုင်းတယ်။ ပြီးတော့ ဘလော့ဂ်မှာလူသိရှင်ကြားကြော်ငြာရမယ်တဲ့။ ကိုရွာသားက လုပ်ပြီးပြန်တော့ သူ့အကြောင်းရေးပေးတဲ့။ အဲဒါနဲ့ကိုရွာသားက ရေးလိုက်ရော။ အဲဒါကို အနော်တို့က အသိသက်သေအနေနဲ့ လာဖတ်ရော။ ဟုတ်တယ်ဟုတ်စ်..ဟုတ်စ်......


PS အနော် တဂ်ရေးနေပါပြီရှင့် မကြာခင်ကြွေးဆပ်ပါမယ်ရှင့် :)

khin oo may said...

ထပ်လာဖတ်တယ်။

khin oo may said...

ကိုရွာသားဆံပင်လေးတွေက နှူညံ့မွှေးနေသလား
ရွာသားနားရွက်ဖျားကို နမ်းကြည့်ချင်သတဲ့လား။
ဟမ်. ဆံပင်တွေကလည်းပျော့နွံဲံ့လွန်းသတဲ့လား။
သေချာနေပါပြီ. သူခြောက်နေပြီ။

khin oo may said...

ပုံပြင်လေးကတော့ ရွာသားလေးကို ကောင်မလေးတစ်ယောက်ကလာပြီး ဖြားယောင်း ပြီး နှလုံးသားကို ကစားသွားတာကို ကိုရွာသားရေးထားတာပါ။ သူခံလိုက်ရတာလေးတွေ ကို မချွင်းမချန်တင်ပြထားတာပါ။

khin oo may said...

ဒါပေမဲ့ အမှတ်မရှိတဲ့သူနျလုံးသားကတော့ တမ်းတနေဆဲပါဘဲ။

khin oo may said...

ဘယ်သူများလာဦးမလဲလို့။

khin oo may said...

ရှင်းပြီနော်။

khin oo may said...

ရုတ်တရက်ကြီး ကွန်မက်တွေ ဘွားကနဲ များသွားပါလားဆိုပြီး လန့်သွားမျာဘဲ မလန့်ပါနဲ့ ။ တို့ပါ။

khin oo may said...

မောင်မျိုးကတော့အတွေ့အကြုံရှိဘူးပုံမရဘူး။

khin oo may said...

လင်းဒီပ ကတော့ရည်းစားများမဲ့ပုံဘဲ။

khin oo may said...

မိုးကုတ်သား စတိုရီကတော့ရှင်းပါတယ်။

khin oo may said...

ပေါက်နဲ့ မီယာနဲ့ကတော့ တဂိုဏ်းထဲသားတွေပါ ပြောစရာမရှိဘူး။

khin oo may said...

june one ကာတော့ဇွဲရှိသူကလေးပါ။ မေ..ကကော...

khin oo may said...

ကြည်ဖြူပိုင်ကတော့ တဲ့တိုးသမားပါ. သူ့မခံစားတတ်ဘူး။ စိတ်ကမရှည်နိုင်တော့ဘူး။

khin oo may said...

စီပုံးမှ မရှိဘဲ။
တို့အပြစ်မရှိဘူး။

ကြည်ဖြူပိုင် said...

ဟားဟား....မမခင်ဦးမေကတော့ ရေလည်မိုက်တယ်ကွာ။ ရေလည်ခိုက်သွားပြီ။ကိုရွာသားရေးတာကိုသူများတွေ
ပေါက်ပြီး ကိုယ်မပေါက်သေးလို့ ညံ့လှတဲ့ငါဟ ဆိုပြီး မကျေမနပ်နောက်တစ်ခေါက်လာဖတ်တာ။ မမရဲ့ အမြင်ကို ရေးထားတာဖတ်ပြီးတော့ အစုံကို တထိုင်တည်းသိသွားပြီ :D

ကိုရွာသားရေ...တဂ်ရေးပြီးကြောင်း report လာတင်တာပါ :)

Moe Cho Thinn said...

ဒါဆို အရင်က နေ့တိုင်း ခေါင်းမလျှော်ဘူးပေါ့။

P.S တက်ဂ်တာကို ရေးပေးပါ့မယ်။ စိတ်မရွှင်သေးလို့ အေးဆေးပေါ့နော်။ သတိရလို့ ကျေးဇူးလဲ တင်တယ်။

ဝေလေး said...

မမခင်ဦးမေ ကောက်ချက်ချသွားတာကြည့်ပြီး ရီလိုက်ရတာ... ဆီပုံးမရှိလို့ ဒီမှာပဲရေးပါတယ်.. :P

WWKM said...

ဟတ်ဟတ်..မမလုပ်တာမိုက်တယ်.း)))))ကောင်းတယ်.
စီဘုံးမထည့်ချင်အုံး..း)

ဒီတစ်ခါတော့မပေါက်ဖူးရွာသားလေးရေ...
ပုံပြင်လေးနားထောင်တတ်အောင်ကြိုစားလိုက်ပါနော်.း)

မကြီးဝါ

Phyo Maw said...

ဖတ်တယ်။ နားမလည်ဘူး။

ရွှေပြည်သူ (ShwePyiThu) said...

တခါတခါ ပုံပြင်တွေက ပုံပြင်မှန်းသိရက်နဲ့တောင် စွဲလမ်းစရာ ကောင်းနေတတ်တာပဲလေ။ အဲတော့ ပုံပြင်ပြောတဲ့သူကိုပါ စွဲလမ်းသွားတတ်တာပေါ့။ ဒါပေမယ့် ဒုက္ခစရောက်တဲ့အချိန်က ပုံပြင်တွေကို လက်တွေ့ဘဝထဲ တပိုင်းတစ ဆွဲသွင်းပြီးခါမှ ပုံပြင်ဆုံးသွားတဲ့ အခါမျိုးတွေပေါ့။ “ထရိုဂျန်မြင်းကို ကိုယ့်ဘာသာကို ဆောက်မိ” တဲ့ကောင်မလေး (ကောင်မလေးအဖြစ် ရေးထားတာလို့ ထင်ပါတယ်) စိတ်ငြိမ်းချမ်း ပျော်ရွှင်ပါစေ...

သီဟသစ် said...

ကိုရွာသားလေးရေ...

နှလုံးသားမှာ ထင်ကျန်နေတဲ့ပုံပြင်လေးတွေနဲ့အတူ ပုံပြောသူလေး ပြန်လာပါစေ ဆုတောင်းပေးသွားပါတယ်ဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

ရွာစားရေ့။ အပျင်းပြေက အပြင်းပြေးနေလား မသိပါဘူး။ ဘယ်လိုပင် ၀င်ဖတ်သော်ငြား ပုံပြင်ထဲ ရောက်ရောက်သွားတယ်။ ဘယ်သွားအော်ရမှန်းမသိလို့. လုပ်ပါအုံး။

Talkii said...

Reader ထဲမှာ ဖတ်ရတယ်နော :P

Unknown said...

ဟားဟား မမကွမ်ပြောတာသဘောကျသွားတယ်....
ကိုရွာသား.....။

Unknown said...

ရွာသားလေးရေးတဲ့ ပုံပြင်လေးကရော
နှစ်သက်ကြည်နူးမှုလေးရော
တွေးစရာလေးရောနဲ့ 
ဖတ်တဲ့သူကို ဆွဲဆောင်သွားတာလေးက
သိပ်ကို လှပလွန်းတယ်
ခံစားချက်လေးကို ပုံပြင်လေးနဲ့  တင်စားသွားတာကိုက
သိပ်ကို ကဗျာဆန်သွားတာပဲ

(ထပ်ဖတ်ချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်တယ်)