26 May 2009

ဖန်ခွက်တစ်ခွက်ရဲ့ ဒိုင်ယာရီ


ထိရှလွယ်တဲ့
ဖန်ခွက်တစ်ခွက်ပါပဲ
ပွန်းပဲ့တာလည်း များလှပါပြီ
ခွမ်းကနဲ မကွဲခင်လေး
ခဏမှာ
ဖန်ခွက်တစ်ခွက်ရဲ့
ဒိုင်ယာရီကို သတိရပေးပါ…

ဖန်ခွက်တစ်ခွက်ရဲ့
ဟာမိုနီကို မင်းသိပါ့မလား.

မူးယစ်အောင်ဖန်တီးခဲ့တာ
ဖန်ခွက်တစ်ခွက်ရဲ့
ဟာမိုနီ မဟုတ်ဘူး

အေးမြအောင်ဖန်တီးခဲ့တာ
ဖန်ခွက်တစ်ခွက်ရဲ့
ဟာမိုနီ မဟုတ်ဘူး

မင်းအတွက်
ငါ့ရဲ့ ဟာမိုနီက
ဖန်တီးသူ စိတ်ကြိုက်ပါလေ

ထိရှလွယ်တဲ့
ဖန်ခွက်တစ်ခွက်ပါပဲ
ပွန်းပဲ့တာလည်း များလှပါပြီ
ခွမ်းကနဲ မကွဲခင်လေး
ခဏမှာ
ဖန်ခွက်တစ်ခွက်ရဲ့
ဒိုင်ယာရီကို သတိရပေးပါ…

17 comments:

ကောင်းကင်ပြာ said...

သတိရနေမှာ ပါ ၊ မေ့ထားတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်၊ နားလည်ပေးပါတဲ့ အမ ကို လာပြောသွားတယ်

တန်ခူး said...

အက်ရာမထင်သရွေ့ တော့ ဖန်ခွက်တခွက် ဒိုင်ယာရီလေး ကျန်းမာနေဦးမှာပါ… သတိ… ကွဲတတ်သည်ဆိုတာလေး ဖန်ခွက်ကိုင်တဲ့ လက်လှလှလေးကို ပေါင်းဖတ်ပြကြည့်ပါလား….

Maung Myo said...

နုတယ် ညုတယ်
ကျတယ် ကွဲတယ် (ခွမ်း)

ခုရက်ပိုင်း ကျနော့်အစ်ကိုဘာဖြစ်နေပါလိမ့် မရိုးဘူး သတိထားဗျို့ မိုးဦးကျ တုပ်ကွေးဝင်မယ်း)

Htoo Aung Lwin said...

အဲ့ဖန်ခွက်လေး ပေးပါလားဟင် ဘီယာလေးထည့်သောက် ကြည့်ချင်တယ်
ဟဲ ဟဲ

ဗီလိန် said...

ဖန်ခွက် ဘယ်လိုကိုင်ရသလဲ သိချင်ရင် အဆိုအမိန့်တွေ လာဖတ်ချေ။ :)

yehtutnaung said...

ဖန်ခွက်ထဲ
ဟာမိုနီနည်းနည်း ထည့်သောက်လိုက်တယ်
ဒဏ်ရာများများနဲ့ 
ဒိုင်ယာရီ အပိုင်းအစတွေသာ
ရင်ဘတ်ထဲ ကျန်ခဲ့တယ်ဗျာ။

khin oo may said...

ကောင်းလှချည်လား။

khin oo may said...

but ခွက်တွေက များနေတယ။်

khin oo may said...

တစ်ခွက်ဲ ဆိုတော့လည်း တစ်ခွက်အနေနဲ့ခံစာကြည့်ရတာပေါ့လေ။

khin oo may said...

ပညာတွေတတ်တိုင်းမသုံးပါနဲ့ကွယ်။ ကလေးမသနားစရာ။...

khin oo may said...

ကြိုက်လို့ ဂဒီးဂဒီးဖင်္တသွားတယ။် လေးခေါက်။

ဖိုးသင်္ကြန် said...

ဝိုင်ခွက်လား၊ ကော့တေးခွက်လားတော့မသိဘူး။ အရေးကြီးတာ ဖြည့်ပေးမယ့်အရည်ပဲ။ တခုခု မဖြည့်လိုက်ရပဲနဲ့ ခွမ်းခနဲတော့ အကွဲမခံနဲ့ကိုယ့်လူရေ။

သီဟသစ် said...

ကိုရွာသားရေ..

အချစ်တွေနဲ့ ပြည့်နေတဲ့ ဖန်ခွက်လေး ဖြစ်ပါစေဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

မိုးခါး said...

ထိရှလွယ်တဲ့
ဖန်ခွက်တစ်ခွက်ပါပဲ
ပွန်းပဲ့တာလည်း များလှပါပြီ
ခွမ်းကနဲ မကွဲခင်လေး
ခဏမှာ
ဖန်ခွက်တစ်ခွက်ရဲ့
ဒိုင်ယာရီကို သတိရပေးပါ…
တမျိုးလေးပဲ .. လွမ်းသလိုလို ဆွေးသလိုလို ..း)
ပျော်ရွှင်ပါစေရှင့်

ဝေလေး said...

မနေ့ကတော့ ပုံလေးမတွေ့မိဘူးလားလို့......
ဖန်ခွက်က ပူလိုက် အေးလိုက်ဆို မြန်မြန်ကွဲတတ်တယ် ကြားဖူးလားလို့.....
အင်း.... ဒါကလည်း ဖန်ခွက်ကြောင့်မှမဟုတ်တာပဲနော်....
ဖန်တီးသူ စိတ်ကြိုက်ပဲပေါ့.....
တချို့ဖန်ခွက်တွေကတော့ တော်တော်ခံနိုင်ရည်ရှိတတ်ကြတယ်...

ရွှေပြည်သူ (ShwePyiThu) said...

ဒါကြောင့် ပြောပြောနေတာ... ငါ့အစ်ကို ရုတ်တရက်ကြီး နုရွသွားပါတယ်လို့... ပြောလည်း လက်ကမခံချင်ဘူး...

Unknown said...

တင်စားပြီး ဖွဲ့ ဆိုထားတာလေးက
သိပ်လှတာပဲ
ထိရှလွယ်တဲ့
ဖန်ခွက်တခွက်ရဲ့  ဒိုင်ယာယီ

သိပ်ပြီး မခံစားနဲ့  စိတ်ကလေး သနားပါတယ်