13 May 2009

ခရုခွံ

ငါဟာ ခရုခွံတစ်ခုပါပဲ
နင်ဆွဲချင်းလည်းဆွဲ
လွှဲချင်လည်း လွှဲပစ်နိုင်တယ်

သောင်ပြင်ဖွေးပေါ်မှာ
ရှိနေတဲ့ခရုခွံတွေ
အများသား

နင်းသူနင်း
ကျော်သူကျော်
ကောက်သူကောက်
ရောင်းသူရောင်း

သောင်ပေါ်က ခရု
ဘာကိုမှမမှုခဲ့
လည်မှာဆွဲတော့
တွဲလွဲခိုရုံ
နင်လေလွှဲတော့
ဝေးဝေးခုန်ရုံပေါ့

ငါဟာ ခရုခွံတစ်ခုပါပဲ
နင်ဆွဲချင်းလည်းဆွဲ
လွှဲချင်လည်း လွှဲပစ်နိုင်တယ်


စိတ်အချဉ်ပေါက်လို့ ရေးထားတာလေးပါ မကြိုက်တော့လည်း မျက်စိမှိတ်ကျော်ဖတ်ပေးပါ...

14 comments:

ကောင်းကင်ပြာ said...

ခရုမှာလဲ အဆံနဲ့ လူမှာလဲ အကြံနဲပဲ ရွာသားရယ်၊ ခု အခွံဖြစ်နေတော့လဲ အင်းးးးးးးး

:P said...

ငယ်ငယ်က အိုးပုတ်နဲ့ ကစားရင် ခရုခွံနဲ့ ပိုက်ဆံအကြွေလုပ်တယ်..။

yehtutnaung said...

အောက်ထိရောက်မှ မျက်စိမှိတ် ကျော်ဖတ်လို့  မရတော့ဘူးဗျ..ဟီး။ :P
ခရုခွံဆိုလို့  အရင် ကျွန်တော့် company က MD ကိုတောင် သတိရသွားတယ်..ဟီး။
အဆင်ပြေပါစေဗျာ။ နဲနဲချင်းစီ ချစ်..နဲနဲချင်းစီ ချစ်.. :P

မိုးခါး said...

အဆင်ပြေပါစေ ကိုရွာသားရေ ..း)

ဝေလေး said...

အင်းး..... စားစရာတွေ အချဉ်ပေါက်ရင် မစားရတော့ဘူး။ စိတ်အချဉ်ပေါက်တော့ လွှင့်ပစ်လိုက်ပေါ့... ဟိုတစ်ခါ ရေဆိုးမြောင်းတုန်းကလို..

ဒါနဲ့ စကားမစပ် သောင်ပေါ်မှာပဲ ခရုခွံကရှိတာလား။ ပင်လယ်ကြမ်းပြင်မှာရော မရှိနိုင်ဘူးလား။ သောင်ပေါ်က ခရုခွံထက် ပင်လယ်ကြမ်းပြင်က ခရုခွံဆို ပိုကောင်းမယ်နော် နင်းမယ့်လူလည်းမရှိ ကျော်မယ့်လူလည်းမရှိ... ဆွဲမယ့်လူလည်းမရှိ... လွှဲမယ့်လူလည်းမရှိ.... ရောင်းမယ့်လူလည်းမရှိ....

အဆင်ပြေပါစေ အစစအရာရာ....

ကဗျာမလေး said...

ကြိုက်တယ်ဗျို့<<<<<<<<<<<<<<
ဘာတဲ့...
"သောင်ပေါ်က ခရု
ဘာကိုမှမမှုခဲ့
လည်မှာဆွဲတော့
တွဲလွဲခိုရုံ
နင်လေလွှဲတော့
ဝေးဝေးခုန်ရုံပေါ့"
'နင်ဆွဲချင်းလည်းဆွဲ
လွှဲချင်လည်း လွှဲပစ်နိုင်တယ်' တဲ့လား။

Maung Myo said...

ဝက်တုပ်ကွေးဖြစ်နေလို့ပေါ့ မဟုတ်လို့ကတော့ ပေါက်နေတဲ့ အချဉ်ရေကို ၀က်ကလီစာလေးနဲ့ တို့စားလိုက်မယ် ။

လူပျိုကြီး ဘာတွေဖစ် ပြီးတော့လည်း ပြီးသွားတာပါပဲ ၂၅ လျှော့ ။ခရုလေးကို ကျောက်ခဲတုံးနဲ့ ပစ်သွားတယ် “ကတောက်” ပြောင်နေတဲ့ နဖူးကွဲပါစေ ဟီး

ကျနော်စာပြန်ရေးမယ် link ပေး ဒါပဲ ။

ရွှေပြည်သူ (ShwePyiThu) said...

သေချာတီးခေါက် ကြည့်ပြီးပါပြီ။ ဆွဲမှာတဲ့ တသက်လုံးကို ဆွဲမှာတဲ့... စိတ်အချဉ်မပေါက်နဲ့တော့နော် ကိုရွာသားလေးး))

“နင်ဆွဲချင်းလည်းဆွဲ
လွှဲချင်လည်း လွှဲပစ်နိုင်တယ်”

အဲဒီနေရာလေး အပါအဝင် တစ်ပုဒ်လုံးကို အရမ်းကြိုက်ပါတယ်...

ကြည်ဖြူပိုင် said...

စိတ်မကြီးပါနဲ့ ကို ရွာသားရယ် ။ စိတ်ဆိုးတုန်းတော့ ဒီလိုပေါ့။ နောက်စိတ်ပြန်ပြေသွားတော့လည်း..................


အရမ်းကောင်းတဲ့ ကဗျာလေးတပုဒ်ပါ

Unknown said...

ရွာသားလေးရေ..
အလုပ်တွေ ရှုတ်နေတာနဲ့ မရောက်ဖြစ်ဘူး..။ ရောက်တော့လည်း စိတ်တွေ တိုနေပါလား.. ဒီတခါရော ဇာတ်လမ်းဆင်တာလား..တကယ်လား..။
ဘာပဲဖြစ်ဖြစ်ပေါ့ အသစ်တွေ အားလုံးဖတ်သွားတယ်နော်..။

ဖိုးဂျယ် said...

မျက်စိဖွင့်ပြီး အဆုံးထိ ဖတ်သွားတယ်ဗျို့ ရလား ကိုရွာသား

ဂျူနို said...

ပုတီးလုပ်လို့ ရတယ်။ လိုက်ကာ လှလှ လုပ်လို့ ရတယ်။
ဆေးလိပ်မီးခွက်လုပ်ကြတယ်။
ခရုခွံနဲ့ ငဖဲခြစ်တယ်လေ။ ဈေးထဲမှာ တွေ့ ဖူးတယ်။
နောက်ဆုံး ဘဲစာကျွေးလို့ ရတယ်။ ဖွဲခွံ ခရုခွံဆိုပြီ။
ခရုခွံဆိုပြီး အထင်မသေးနဲ့ ။ ထုရင်တောင် မကွဲတတ်ဘူး။
တက်နင်းဖို့ လည်းမကြံနဲ့ ခြေဖ၀ါးကွဲသွားမယ်။
ခရုခွံဆိုပေမဲ့ သူ့ အစွမ်းနဲ့ သူ့ ဂုဏ်နဲ့ ပါ။

Anonymous said...

ကဗျာလေး ခံစားသွားပါတယ်။

ခင်မင်စွာဖြင့်

မနောသား

Unknown said...

တို့ ကတော့ ၀င်ကစွပ်ပဲ

စိတ်အချဉ်ပေါက်ရင်လည်း
အဲလို ဖတ်ကောင်းတဲ့ ကဗျာဖြစ်တာပဲလား
စာရေးတတ်တဲ့သူများ စိတ်အချဉ်ပေါက်ရင်တောင်
ကဗျာဖြစ်တယ်
အံ့ရော