26 April 2009

လက်ဖက်ရည်ဝိုင်းကလေး စိုစိုပြေ

လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် အခုနေများ ထဖွင့်မိရင် စိုစိုပြေပြေ လက်ဖက်ရည်ဝိုင်းကလေးတစ်ခု အရမ်းကို ဖြစ်စေချင်မိတယ်။ ဒီနေ့ သို့မဟုတ် မနက်ဖြန်တော့ ဖွင့်မယ်စိတ်ကူးတယ်။ ကဲ လာအားပေးကြမယ်ဟုတ်….

ကျနော့လက်ဖက်ရည်ဆိုင်က ၀န်ထမ်းတွေက ဒီလိုဗျ

၁။ ကော်ဖီဖျော်ကောင်းတဲ့ ကျနော့ရဲ့ ကော်ဖီစက်ကလေးက အဖျော်ဆရာ
ပြတင်းပေါက်ပိုင်ရှင် ကိုမောင်လေးလင်းဒီပ (ရေနွေးများပြန်ပြီ သကြားနည်းပြန်ပြီ)
၂။ လူမှုဆက်ဆံရေး အရမ်းအဆင်ပြေလို့ ကြီးကြပ်ရေးမှူးအဖြစ်
ကိုဇင်ယော် (ကောင်မလေးတွေဆို အလကား)
၃။ ဗလကောင်းကောင်း စားပွဲထိုးလေးနှစ်ယောက်က
မဝေလေးနဲ့ မောင်မျိုး (သိပ်သွက်လက်မယ့် ပေါ့ပေါ့ပါးပါးလေးတွေ)
၎။ အကြော်ဆရာကိုကိုကင်း တဖြစ်လည်း
ကြာဇံကြော် အရမ်းကြော်တတ်တဲ့ ကိုဗီလိန် (ခေါင်းကြီးစောင်းစောင်း ပြီးကြော်နေမှာ)
၅။ ငါးကြင်းတပိဿာလက်ဝယ်ရှိလို့ မုန့်ဟင်းခါးဆရာခန့်လိုက်ရတဲ့
ကိုခရောင်း (သူ့ဗိုက်ထဲထည့်တာ ပိုများမယ်)
၆။အရမ်းအားနာတတ်တဲ့ အလုပ်ကို သေချာလုပ်တတ်တဲ့
ငွေကိုင် မရွှေပြည်သူ (ပိုက်ဆံမတွမ်လောက်ဘူးထင်ရတာပါပဲ)
၇။ ပန်းကန်ကို ပြောင်စင်အောင်ဆေးမယ့်သူအဖြစ်
ကျနော်မောင်ရွာသား (အထက်ကအလုပ်တွေ ဘာမှမလုပ်တတ်လို့)
၈။ စည်းရုံးရေးသိပ်ကောင်းတော့ မိတ်ခေါ်ဖို့ ဧည့်ကြိုလေးက
စီလုပ်ကလေးမောင်ဂျူလိုင် (သနဲ့တတော့ မကွဲဘူးနော် ဂရုစိုက် တောက်တွားပါ တောက်တွားပါနဲ့အော်နေမှာ)
၉။ စာရင်းတွေတွက်ဖို့ HP ဘရန်း ကွန်ပြူတာတွေကို ထိန်းကျောင်းရန်
ကိုကြီးဝီ (စက်တွေထိုင်ကြည့်နေပြီး တစ်ချိန်လုံး မအားဘူးပြောနေတာပါပဲ။ ဘီယာဆိုလာခဲ့တဲ့)
၁၀။ ဆိုင်ရှင်ကတော့ အလုပ်ပြောင်းမယ်လို့ ကြံစည်နေတဲ့
ကိုရုပ်ဆိုးကြီးပါပဲ (ဗိုက်ကြီးကပူတော့ ခန့်ခန့်ထည်ထည်ပေါ့)
တို့ပဲဖြစ်ပါတယ်။

မနက်ခင်း စားပွဲခင်းပြီဆိုကတည်း ပထမဆုံးရောက်နေမှာ က ဆရာမမေငြိမ်း။ သူက မြသီလာထဲက ဆိုင်လေးနဲ့တူတယ်ဟဲ့ ဆိုပြီး လာလာသောက်တတ်တယ်။ ပြီးရင် မပြန်တော့ဘူးလေ။ ရေနွေးအိုးတွေ တစ်အား ချပေးရတော့တာပါပဲ။

သိပ်မကြာခင်မှာ လမ်းလျှောက်ရင်း မိုင်တိုင်တွေမှတ်ရင်း ရောက်လာမယ့် အမကေ။ သူကတော့ သူ့ရဲ့ သယ်ရင်း ဘလော်ဂါမဟုတ်လေတဲ့ အစ်ကိုငြိမ်းဇေဦးနဲ့ စကားတပြောပြော။ အစ်ကိုငြိမ်းဇေဦးလာတိုင်း သူမှာတတ်တာက ချဉ်စပ်တစ်ပွဲ ပြီးတော့မှ မရစ်နဲ့နော်ဆိုတာက နောက်တစ်ပိုင်းပေါ့။ တခါတလေလည်း အမကေက စမူဆာတွေ ၀င်ကြော်သွားပေးတတ်လေရဲ့။

တို့ကတော့ ၀က်သားမှ ၀က်သားပါပဲဆိုပြီး လည်ပင်းအစ်အစ်လေးနဲ့ ချစ်စရာ အမမုံ့ချိုသွင်းကလည်း ၀က်သားကောက်ညှင်းထုတ်စားဖို့ ဆိုပြီး ကိုကျော်ဝဏ္ဏကို ဂျီကျပြီး ရောက်ရောက်လာတတ်ပါသေးတယ်။ ကြက်ဥထမင်းကြော်တော့ မကျော်ခိုင်းမိဖို့ ဆိုင်က လူတွေကို သတိပေးထားရတယ်။

တရားတွေနာပြီးရင် ပုံပြင်တွေ အသစ်အသစ်ထွင်တတ်တဲ့ ကျနော့်အဒေါ်အယ်ဇီ။ သူလာတာကတော့ ရိုးအွန်တွေ ဝေဖို့။ ကျနော့ဦးလေးကတော့ တခါတရံပေါ့။ ဟင်းအမယ်တွေ သားရေကျလောက်အောင် ပြောတတ်ပင်မယ့် ချက်တတ်မယ်တော့မထင်။

ပေါက်တတ်ကရ အတွေ့အကြုံတွေကို ချပြဖို့ ပုဆိုးကွင်းသိုင်းပြီးလိုက်ရှာနေတတ်တဲ့ ကိုလူထွင်းကြီးကလည်း ရှာလို့တွေ့ပြီဆို ဆိုင်ကို အပြေးအလွှား။

ဘန်နာတွေ ဘယ်လို ပြောင်းရမယ် ကော်ပီရိုက်က အဲ့လိုပါဆိုပြီး အသေအချာရှင်းတတ်တဲ့ ဟိုနေ့ကတောင် တစ်ယောက်တည်း ထိုင်သောက်ပြီး တစ်စုံတစ်ယောက်ကို စောင့်နေတဲ့ အမပန်ဒိုရာကလည်း လာပြီးရင် မပြန်တော့။ ကင်မရာကလည်းလွယ်လို့။

သားသားလေးကလေ ပြီးတော့ လော့ဂျစ်ကဘယ်လို ဆိုပြီး အားလုံးကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောမယ်ဆိုပြီး စောင့်နေတဲ့ အမတန်ခူးကလည်း ဆိုင်ထောင့်ကနေ လာသမျှလူကိုမျှော်လို့။

အိမ်ရောင်းအိမ်ဝယ် လမ်းညွှန် တီတီဆွိကလည်း မတန်ခူးနဲ့တခါတလေ ပါလာတတ်ပါတယ်။

ဂျပန်ခရီးစဉ်တွေ အကြောင်း အစားအစာတွေ ပြင်ဆင်ပုံတွေ ပြောပြဖို့ အဆင်သင့်စောင့်နေတတ်တဲ့ မကြီးဝါနဲ့ အမမြတ်နိုး။ သွားကျန်းမာရေးအတွက် ဦးဥာဏ်လည်း ရံဖန်ရံခါ ပညာပေးကွင်းဆင်းတတ်ပါတယ်။

တူးတူးသီချင်းတွေ(အခုပဲ တရားခံက၀န်ခံသွားပါတယ် သူကြိုက်တာ ကိုငှက်ပါတဲ့) ဖွင့်ပေးပါဦးဆိုပြီး အမြဲတောင်းဆိုတတ်တာက အမသုနှင်းဆီ။ တချက်တချက်တော့ အိုးလေးလှုပ်ပါဦး လုပ်ခိုင်းတတ်သေးတာကလား။

ဘလော့ရွာမှာလေ နေတုန်းကပေါ့ဆိုပြီး သူဘယ်ကနေ ဘယ်လို ရောက်လာတယ်။ ဘယ်သူတွေနဲ့တွေဆုံရင်းနီးခဲ့တယ်ဆိုတာကို မမောနိုင်မပန်းနိုင် ဖောက်သည်ချတတ်တာက အမမီယာ။ ဒါတောင်မကုန်သေးဘူးတဲ့ နောက်ဆက်တွဲတွေလာအုံးမယ်ဆိုပဲ။

ကဗျာကဘယ်လို နမိတ်ပုံတွေ ဘယ်သို့ အစချီ ဆွေးနွေးလေတဲ့ ကဗျာဝိုင်းခေါင်းဆောင်က အစ်ကိုအောင်သာငယ်။ ပြီးတော့ ဘေးဘက်ကပ်ရပ်ဆီမှာက ကိုမိုးမြင့်တိမ်၊ ကိုလွယ်ပန်၊ မမယ်ကိုး၊ ကိုအိပ်မက်ရှင်၊ ကိုကောင်းကင်ကို၊ မမသီရိ၊ နှင်းနဲ့မာယာ တို့လည်း တန်းစီလို့။ အဲ့အချိန်ဆို ကျနော့အဖျော်ဆရာကလည်း အဲ့ဒီဖက်ကို ငေးလို့။

ဘုရားစင်အောက်မှာ ထိုင်ပြီး တရားဆွေးနွေးဖို့အဆင်သင့်ဖြစ်နေတတ်တဲ့ ကိုအောင်ဦးတို့ ကိုသုခတို့လည်းတွေ့နိုင်ပါတယ်။

အရှစ်ရေကိုယ့်ကြောင့်ဆိုပြီး သီချင်းဆိုဟန်နဲ့ ကိုတောင်ငူအပြင် ရခိုင်မုန့်တီပူပူလေးဆိုပြီး ကိုပုလုကွေးကလည်း ၀င် ၀င်လာတတ်သေးတယ်။

ပါးလေးမဖောင်းတော့လို့ ခြေသလုံးတွေမလှတော့လို့ ဆိုတဲ့ အမခင်ဦးမေကလည်း တစ်ချက်တစ်ချက်မှသာ လာနိုင်တယ်။ အမလက်မလည်ဘူးတဲ့ သူ့ဆိုင်ကလည်း အရမ်းရောင်းကောင်းတယ်လေ။ ဘလော့အစုံသုတ်ဆိုင်တဲ့။

မောင့်ကို ခေါ်ပြီး ဆိုင်ကို ဓါတ်ပုံလှလှလေးရိုက်ပေးဦးမယ်နော်ဆိုပြီး မပေါ်လာတော့တဲ့ မမုံ့လုံးကိုလည်းမျှော်ရတာမောလှပါပြီ။ တိတ်တိတ်လေး ဆိုင်နောက်ဖေးကနေ လက်ဖက်ရည်သောက်ပြီး ပြန်သွားတာပဲလို့သူက ပြောနေကျ။ ဘယ်လိုလုပ်သိမလဲဗျာ ဆိုင်နောက်က ရောက်လာတာကိုး။

ပုံတူပန်းချီတွေကို ဆွဲပေးမယ်နော် တစ်ယောက်တစ်ဆယ်ဆိုပြီး စီးပွားရှာကောင်းတဲ့ မနန်းညီ၊ မျက်မှန်လေးပင့်ပင့်ပြီး တစ်ချက်တစ်ချက်တွေသွားတတ်တဲ့ မကြေးမုံ တို့လည်း ဖောက်သည်တွေပါပဲ။ ဒါပေမယ့် သူတို့ကခရီးဝေးက လာရတာမို့ ကားကြပ်တဲ့ရက် မီးပျက်တဲ့ရက်ဆို ဆိုင်ကို မလာနိုင်ကြဘူးတဲ့။

စာမေးပွဲရက်မို့ ပေါချက်တွေနဲ့မို့ ဒီရက်ပိုင်းပျက်ကွက်မယ် ဆိုပြီး ခွင့်တိုင်သွားတာက မရွှန်းမီ။ ပေါင်မုန့်တွေ ကုန်ကုန်သွားတာသူ့ကြောင့်ပါ။ နောက်ထပ်ခွင့်တိုင်တာက ကိုကလူသစ် သမီးလေးကူထိန်းရမှာမို့။ လာမယ်ကြာမယ်ပြောတာပါပဲ။

အချစ်အကြောင်းတွေ သင်ပေးဦးမယ်ဆိုတဲ့ ကိုဖိုးသင်္ကြန်ဆီမှာလည်း အချစ်နိသရည်းတွေ ဆည်းပူးသူတွေကြောင့် ဆိုင်မှာလူစည်စေတာပေါ့။

အစ်ကို မုံရွာဝက်အူချောင်းစားချင်တယ်လို့ ဂျီကျတတ်တဲ့ ကိုတော်ကီတစ်ယောက်ကလည်းရှိသေးတယ်။ အခုတော့ ထပ်တရာနဲ့ နှစ်သိမ့်ထားရတယ် သူ့ကို။

ဟယ်…လူတွေအများကြီးပါလား ဒီသီချင်းလေး ဒီစာအုပ်လေး တတ်နိုင်ရင် ရှာပေးပါလားဆိုပြီး အကူအညီတောင်းတတ်တာက မရီတာ(မအေးမြတ်မြတ်ကို)။ ရသွားပြီဆိုရင်တော့ ကျေးဇူးနော်ဆိုပြီး နောက်တစ်ခေါက် အသစ်ရှာခိုင်းဖို့ ရောက်ရောက်လာစမြဲ။

ကဗျာတွေစာတွေတင်မကပဲ ဓါတ်ပုံဆရာဝိုင်းကလည်း စည်သဗျ။ ကိုမောင်လှအပြင် ကိုညီမင်းစံ ကိုညီလင်းသစ် တို့နဲ့ တိုးမပေါက်ပေါ့ဗျာ။ ကိုညီလင်းဆက်ကလည်း ခရီးရက်ရှည်မထွက်ဖြစ်ရင် ပေါက်ပေါက်လာတတ်သေးတာကိုး။

ကိုဖိုးဂျယ်၊ ခရာတွန်၊ ကိုဖြိုးမော်၊ ကိုကေမောင်ငြိမ်း၊ကိုသီဟသစ်၊ မကြည်ဖြူပိုင်၊ မမိုးပြာ၊ မမိုးခါးတို့ဝိုင်းကလည်း ပွစိပွစိ။ ငြင်းကြခုန်ကြ လူငယ်သဘာဝနဲ့ ဆူလို့ညံလို့။ အကြော်ဆရာ့ ပရိတ်သတ်တွေဆိုပါတော့။

ဆိုင်ကို ဒီဂျေလာပွတ်ပေးမယ်ဆိုတဲ့ ကမ္ဘာကျော် ကိုကိုဖား ဒီဂျေဖားကလည်း လာမယ်ပြောပြီးကာမှ ဒီရက်ပိုင်း ဘွတ်ကင်တွေပြည့်သွားလို့ မအားပါတဲ့။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်ဆိုတဲ့ ဆိုင်းဘုတ်ကို လိုက်လိုက်ပြတတ်တဲ့ ကိုနေညိုရင့်ကလည်း ညနေလေးငါးနာရီဆို ဆေးလိပ်ဗန်းလေးနဲ့လာတတ်သေးတယ်။

ကုလားအစားအစာလာလာမေးတတ်တဲ့ ပခုက္ကူက ကိုအောင်ဖြိုးကလည်း ဒီရက်ပိုင်း ဆိုင်သစ်တွေ့သွားတယ်ထင်ပါရဲ့။ ပျောက်ချက်သားကိုကောင်းလို့။

ဆိုင်မှာ ရုံးပိတ်ရက် ညနေ ပါတီလေးများလုပ်လို့ရမလား လာလာမေးတတ်တဲ့ အမပန်းခရမ်းပြာ။

ဒီဆိုင်ရောက်ရင် တမာမြေအလွမ်းပြေတယ်ဆိုပြီး တမာပင်အောက်အမြဲထိုင်တတ်တဲ့ ဖေါက်သည်က အမကြီးပါချူး။ မန္တလေးအကြောင်းလား ဘာသိချင်လည်းဆိုတဲ့ မန္တလာမြေက အမမေနဲ့ မယုဝရီတို့လည်း လာမြဲလာလျက်။

ဝိုင်းပေါက်စေ့ကို လိုက်စကားပြောနိုင်တဲ့ သူကတော့ အထူးဧည့်သည်တော် အမဆင်ဒန်လာ။ အိမ်ဦးနတ်ကျန်းမာရေးကောင်းမကောင်းကို အမရဲ့ အလည်အပတ်နဲ့ ဆက်စပ်ကြည့်လို့ရသတဲ့။ အခုသူလောလောဆယ်ချေထားတဲ့ ယတြာက ဒီလက်ဖက်ရည်ဆိုင်ကို လုံးဝခြေမချရဆိုပဲ။

ဆိုင်ရဲ့ ကြော်ငြာကို လစဉ် အင်တာဗျူးတွေ ဝေေ၀ဆာဆာနဲ့ထည့်ပေးတာကတော့ အမတူးတူးသာနဲ့ မဆုမွန်တို့ပါပဲ။ သူတို့အပြင်မုန့်တွေစားပြီးတိုင်း အသေအချာဓါတ်ပုံရိုက်ပြီး ဝေမျှပေးတတ်တဲ့ ကိုဖြိုးကိုလည်း ကျေးဇူးတင်ရမှာပါပဲ။

ကင်မရာကြီးကြီးနဲ့ အသေအချာလာရိုက်ပေးမယ်ဆိုပြီး ကင်မရာသွားရှာနေတဲ့ အမခင်မင်းဇော်။ ပြန်လာမယ်နော်တဲ့ အခုတော့ ကိုပီအေအတွက် ဟင်းချက်လိုက်ဦးမယ်တဲ့။

ဆိုင်ကလေးစည်တယ်ဆိုပြီး လမ်းပေါ်က ဖြတ်သွားရင်း ငေးငေးသွားတတ်တဲ့ သူသုံးယောက်ရှိပါသေးတယ်။ မမေရီ၊ ကိုနေလင်း နဲ့ ဂရေ့စ်တို့ပါတဲ့။ အားမရတဲ့အခါများကြတော့ ဆိုင်ထဲကို ၀င်ဝင်လာပြီးဆွေးနွေးသွားကြပါသေးတယ်။

ဆိုင်လေးကတော့ စည်လို့။ အဲ့လိုမျိုးနေ့တိုင်းလေး ဖြစ်ချင်မိတယ်။

ချစ်ခင်ရင်းနှီးလိုစိတ်နဲ့ မောင်မျိုး တက်ဂ်တဲ့ ပို့စ်လေးကို အခုလိုလေးရေးခဲ့မိတယ်။ လွန်တာရှိရင် ၀န္ဒာမိပါ။ အာလုံးကိုတွေ့ချင်မိတာ တကယ့်စိတ်ရင်းပါ။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…..

ကျနော်ဆက်တက်ဂ်ချင်တဲ့သူတွေက
ကိုမောင်လေးလင်းဒီပ
မရွှေပြည်သူ

35 comments:

ဖိုးသင်္ကြန် said...

ဘာမှ ပြောစရာမရှိတော့ပါဘူး အကိုရာ။ စလုံးမှာသာ ဒီလိုဆိုင်မျိုးရှိလို့ကတော့ အိမ်ငှားမနေတော့ဘူး။ တခါတည်း အိပ်ရာလိပ်ထမ်းပြီး လာထိုင်မယ်။

ThuHninSee said...

အဲ..လွဲသွားပြီ. တူးတူးသီချင်းက ကျုပ်အကြိုက်မဟုတ်ဘူး။ တူးတူးကြိုက်တဲ့ အမည်မဖော်လိုသူ မမီယာအတွက် တင်ပေးထားတာ။
ုကိုယ့်အသည်းစွဲက ထူးအိမ်သင်ပါကွဲ့။

မယ့်ကိုး said...

“ကဗျာဝိုင်းခေါင်းဆောင်က အစ်ကိုအောင်သာငယ်။ ပြီးတော့ ဘေးဘက်ကပ်ရပ်ဆီမှာက ကိုမိုးမြင့်တိမ်၊ ကိုလွယ်ပန်၊ မမယ်ကိုး၊ကိုမိုးမြင့်တိမ်၊ ကိုလွယ်ပန်၊ မမယ်ကိုး၊ ကိုအိပ်မက်ရှင်၊ ကိုကောင်းကင်ကို၊ မမသီရိ၊ နှင်းနဲ့မာယာ ...”

တကယ်ဖြစ်နေတဲ့ မယ်ကိုးရဲ့  ပုံရိပ်က သူများပြောတာတွေ နားထောင်သလိုလိုနဲ့  လက်ဖက်ရည်ကပ်သောက်နေတာ :D :D :D

..အဲဒီလက်ဖက်ရည်ဆိုင်လေးရှိရင်
အရမ်းကောင်းမှာပဲနော်...အိပ်မက်လေထန်ကုန်း...

pandora said...

တော်တော်ပျော်စရာကောင်းမယ့် လေထန်ကုန်းလေးပဲ
စိတ်ကူးလေးတွေ လှနေတယ် ရွာသားလေးရေ

ကြည်ဖြူပိုင် said...

အပြင်မှာသာအဲဒိလို လက်ဖက်ရည်ဆိုင်ကလေးတကယ်ရှိရင်ပျော်စရာကြီး
နော့..ဟဲဟဲ ...လက်ဖက်ရည်မကြိုက်တော့ မုန့်တွေ
တ၀ကြီးလာစားပြီး သူငယ်ချင်းတွေအများကြီးနဲ့...ဟဟ..တွေးရင်းနဲ့တောင်ပျော်လာပြီ။တကယ်ပဲ

Anonymous said...

ပညာရှိပီသတယ် ။ လူမုန်းမများအောင် ၁၀ ယောက်မက ထည့်ရေးသွားတား) ကျေးဇူးပါ ရေးပေးတဲ့ အတွက် ဆုံချင်ပါသေးတယ် မသေခင်တစ်နေ့တော့ ။

ရွှေပြည်သူ (ShwePyiThu) said...

အောက်ပါ အကြောင်းအရာတွေကို အစ်ကိုရုပ်ဆိုးကြီးကို လုံးဝပြန်မတိုင်ပါဘူး...

:: ကိုမောင်လေးလင်းဒီပ ဆိုင်မှာ လူကျချိန်တွေမှာတောင် ကော်ဖီမဖျော်ဘဲ စာအုပ်တစ်အုပ်ကို ခိုးခိုးဖတ်နေတဲ့အကြောင်း

:: ကိုဇင်ယော် ကောင်မလေးတွေဆို အလကား လက်ဖက်ရည်တိုက်တဲ့ အကြောင်း (သူက လကုန်ရင်တော့ စာရင်းနဲ့ သေချာ ပြန်ရှင်းပေးပါတယ်)

:: အကြော်ဆရာ လိန်လိန် ဆီအိုးကြီးပစ်ပစ်ပြီး လာသမျှ လူငယ်တွေကို “လ္ဘက်ရည်ဆိုင် ဘယ်လိုထိုင်မလဲ” ဆိုတာ သွားသွားပြောပြနေတဲ့ အကြောင်း (သူ့ရဲ့ “လူငယ်တွေ လ္ဘက်ရည် ဘယ်လိုသောက်မလဲ” ပို့စ်ကို ဖတ်ကြည့်ကြပါ)

:: မုန့်ဟင်းခါးဆရာ ခရောင်း ငါးဖယ်လေးတွေကို ကိုယ်ချင်းစာလို့ (သူ့ရဲ့ “ငယ်ဘဝက ငါးဖယ်ဗျ (၁) နဲ့ (၂)” ပို့စ်တွေကို ဖတ်ကြည့်ကြပါ) ဘယ်သူတွေ ဘယ်လိုတောင်းတောင်း မုန့်ဟင်းခါးထဲမှာ ငါးဖယ် ဘယ်တော့မှ ထည့်မပေးဘူး ဆိုတဲ့အကြောင်း)

:: ဧည့်ကြိုတာဝန်ယူထားတဲ့ ကိုဂျူလိုင် ဧည့်ကြိုပေးနေရတာနဲ့ သူတကယ်လုပ်ချင်တဲ့ ပရဟိတတွေအတွက် အချိန်မပေးနိုင်လို့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အကြောင်း (တောက်တွားပါ ဆိုတာ... သူ “တောက်” ခေါက်နေတာပါ။ ဟိုပန်းကန်ဆေးတဲ့ အစ်ကိုကြီး နားကြားလွဲတာ)

:: HP Brand ကွန်ပျူတာတွေကို ထိုင်ထိုင်ကြည့်နေတဲ့ ကိုRepublic အဲလို ထိုင်ကြည့်ရင်းနဲ့ပဲ အတွေးအသစ်တွေ ရနေတာ ဆိုတဲ့အကြောင်း

:: ဟိုပန်းကန်ဆေးနေတဲ့ အစ်ကိုကြီး သူ ဘာမှမလုပ်တတ်ဘူးလို့ ပြောပြောပြီး သူများတွေ လုပ်တာကိုင်တာမှားရင် ပန်းကန်ခွက်ယောက်တွေနဲ့ ကောက်ပေါက်မယ် တကဲကဲ လုပ်နေတယ် ဆိုတဲ့အကြောင်း (စားပွဲထိုးလေး ၂ယောက်ကိုလည်း ဗလကောင်းတယ်ဆိုပြီး အလေးအပင်တွေ ညာညာပြီး မခိုင်းတတ်ပါသေးတယ်)

အားလုံးထဲမှာတော့ ညီမငယ်လေး ဝေလေးက အလုပ်အကြိုးစားဆုံးပါပဲ (ဆိုင်မှာ မိန်းကလေး၂ယောက်ပဲ ရှိတော့ စည်းလုံးရမယ်လေး) အားလုံးပဲ အပေါ်မှာရေးထားတာ အမှားပါခဲ့ရင်လည်း စိတ်မဆိုးကြပါနဲ့နော်။ ကိုရွာသားလေးပို့စ်ကို ဖတ်ပြီး ပျော်လာလို့ နောက်မိတာပါး))

ဂျူနို said...

ဖေဖေ ရခိုင်သွားတုန်းက
သူ့ သူငယ်ချင်းက လ္ဘက်ရည်ဆိုင် ခေါ်သွားတယ်တဲ့။
ဟိုရောက်တော့ ဖေဖေနဲ့ သူ့ မိတ်ဆွေက နွားနို့ သောက်မယ် ပြောတယ်။
သူတို့ သူငယ်ချင်းက လ္ဘက်ရည်တဲ့။
ဒါနဲ့ စားပွဲထိုးကို လှမ်းမှာလိုက်တာ။ အတူပါလာတဲ့ အမျိုးသမီးက ရှက်ပြီး စကားတစ်ခွန်းမှ မပြောတော့ဘူးတဲ့။

သိတဲ့လူရှိရင် ပြောကြ။ ဘယ်လိုမှာလည်းလို့ ။

yehtutnaung said...

~~ London တွေရမယ်
ဂျိုးသိန်း ရမယ်
၅ ၃ လုံးတွေရမယ်
မိုင်းလ် ဆဲဗန်းတွေရမယ်.. ~~

အဲ.. ကိုရွာသား လုပ်တာနဲ့  အကျင့်တွေ ပေါ်ကုန်ပြီ။
(( နေကလဲ ပူလိုက်တာ ))
(( ဒီဆိုင်လေးမှာ ခဏနားမယ်ဗျာ ))
(( လ္ဘက်ရည် ကျဆိမ့် တခွက်လောက် လုပ်ပါဦး။ ))
(( မုန့် ဟင်းခါးရရင်လဲ အကြော်လေးနဲ့  တပွဲဗျာ။
စာရင်းတော့ ထုံးစံအတိုင်း ရှင်းမယ်နော်။ :P ))

JulyDream said...

ဧည့်ကြိုလုပ်ရမှာဆိုတော့ ဆိုင်ပြင်ထွက် နေပူခံရပြီး ဧည့်ကြိုရမှာပေါ့။ ဒီလောက် ပူတဲ့ ရာသီဥတုမှာဗျာ။ လုပ်ရက်လိုက်တာ။ အသားတွေ မဲကုန်ပြီး ကျွန်တော့်ရဲ့ အသည်းလေး မမှတ်မိရင် ဘယ်လိုလုပ်မလဲ ဆရာသမားရဲ့။ ပြီးတော့ နွေရာသီမှာ ခွေးရူးကလည်း ပေါသေးတယ်။ ဆိုင်ပြင်ထွက်တုန်း ခွေးရူးကိုက်ခံရရင် ချက်မှာ ဆေးထိုးခံရအုန်းမယ်။ ဘယ်အငြိုးတွေနဲ့များ မုန်းမာန်ဖွဲ့ရက်သလဲကွယ်။

ကိုလူထွေး said...

တွေ့ ပြီကွ... တွေ့ ပြီ...

ကျွန်တော့အတွက်တော့ ချိုစိမ့်တစ်ခွက်ဗျို့ ...

ပုဆိုးတိုတိုဝတ်တယ်လုပ်ပါဗျာ... ဘယ်နှယ် ပုဆိုးကွင်းသိုင်းရမှာလဲ... ကြည့်မကောင်း ရှုမကောင်း...

mirror said...

ကဲ...ဆရာ ရွာသားလေးက ခွက်ကြီးကြီးလေးတစ်ခွက်ဆေးပြီး အဖျော်ဆရာ ကိုဒီပက
ပေါ့ဆိမ့်လေးတစ်ခွက်လောက် လုပ်စမ်းပါဗျာ။
ဟူး (ချွေးတစ်ချက်သုတ်လိုက်ရင်း)..... အဝေးကြီးကလာရတာ မောလွန်းလို့... :P


စိတ်မရှိဘူးမလား၊ပြောတာနဲနဲရိုင်းသွားလား မသိ :P

ဂျူနို said...

ဟေ့ ၀ တယ်ငယ်ချင်းလာတယ်။
ထိုင်ကြထိုင်ကြ
ဟေ့တောင်တွေ အသားန် မျှားမျှား ခေါက်ဆွဲမျှားမျှား
စီစွဲစွဲ ကျန်စု ခါလိုင်း လိုပဲလုပ်။

အဓိပ္ပါယ် သိရင် ကော့မန့် မှာ ဖြေထားပါဗျို့ 

Unknown said...

လမ်းပေါ်က ငေးတယ်ပဲပြောပြော သတိတရမို့ လို့ ကျေးဇူးပါ..။ ဆိုင်ကို အမြဲတမ်းလာပါတယ်နော့်.. ပုဂံဆေးတဲ့ လူတယောက်ထဲနဲ့ သိတော့ ပုဂံဆေးတဲ့ လူ မရှိရင် ပြောရမဲ့ လူ မရှိလို့ ပါနော့် :P

ကောင်းကင်ပြာ said...

အမလဲ လာဝင်သောက်သွားပါတယ်၊ ၀ိုင်းပေါက်စေ့ လိုက်ထိုင်ပီး လ္ဘက်ရည် တခွက်ပဲ သောက်သွားမိတယ်

ဂရေစ့် said...

ဒီလောက်စိုပြည်တဲ့လက္ဘက်ရည်ဝိုင်းမှာမပါရလို့စိတ်ဆိုးပြီးပြန်သွားပါ၏။

ဗီလိန် said...

မရွှေပြည်သူ ပြောတာဟုတ်တယ်ဗျ။ ကျနော်က ကြာဆံမကြော်ပဲ လ္ဘက်ရည်ဆိုင် ဘယ်လို ထိုင်သင့်ကြောင်းလေထိုင်ပေါနေမှာ ဟဲဟဲ၊ စည်းရုံးရေးအတွက်ပါ တာဝန်ယူပေးဦးမှာ။ ငှဲငှဲ.................. အာာာ ဒုက္ခပဲ နောက်ဖေးမှာ ကြာဆံတွေ တူးကုန်ပြီ ဝုန်း ဒိုင်း... နောက်ဖေးအသွား ခုန်နဲ့ ခလုတ်တိုက်မိတာ ရေနွေးအိုးကျကွဲသွားပြီ။ ကောက်ပေးပါဦးဗျိုး။ ကြာဆံကြော်အိုးဆီ ပြေးလိုက်ဦးမယ်။ :D :D :D.........................

Rita said...

ပါမှ ပါပါ့မလားလို့။ ပူလိုက်ရတာ။
ဘယ်တုန်းတည်းက မျက်စေ့နောက်နေလဲ မသိဘူးနော်။
(idea သိပ်ကောင်းတာပဲ)

မဆုမွန် said...

ကြေငြာလဲ ထည့်ပေးမယ် အာအက်အေ အသုံးလုံး လေဒီအို မှာလဲ တိုက်ရိုက်လွှင့်ပေးမယ်နော်..ဟီဟီ ပလာတာ နဲ့ အီကြာကွေး တစ်ပွဲလောက် ချိုကျတစ်ခွက်နော် တိုင်ကီ ဟီး

တန်ခူး said...

တိုးတိုးလုပ်ပါ ရွာသားလေးရယ်…
တော်ကြာအိမ်ကလူ ကြားသွားလို့  အိမ်အလုပ်တွေ အကြွေးပုံနေတဲ့ အကြောင်းရင်း ရိပ်မိသွားပါဦးမယ်…
တော်ကြာ လဘက်ရည်ဆိုင်မထိုင်ရဆို အမိန့် ထုတ်လိုက်မှ ဒုက္ခ… အဲဒီလိုဆို သူငယ်ချင်းဆွိဆီ သွားလည်မလို့ ဆို ပတ်ထွက်ရမှာပဲ… လဘက်ရည်ဆိုင် မထိုင်ပဲနဲ့ မှ မနေနိုင်တာလေ…

ဝေလေး said...

အဟမ်း......

ချိုဆိမ့်တူး... ကျဆိမ့်ဝမ်း... အစ်ကိုမောင်မျိုး ဘာလုပ်နေတာလဲ ဟိုမှာခေါ်နေပြီ ရှင်းမယ်တဲ့။ လာပြီ... လာပြီ.......

:P :P ... ဟိ ဟိ အလုပ်ကြိုးစားပြသွားတာ။
ဟုတ်တယ် မမရွှေပြည်သူ။ အဲဒီပန်းကန်ဆေးတဲ့ဦးလေးကြီးက ဗလကောင်းတယ်ဆိုပြီး ညာခိုင်းနေတာ.... ဟွန့်....

ပျော်စရာကြီး..........ရေးလဲရေးတတ်ပါရဲ့နော်......

Dr. Yi Yi Win said...

သြော်..သြော်..သူကဒီမှာဆိုင်ဖွင့်ထားပါလား။ နေရာတောင်မရှိတော့ဘူး။ ဘယ်ဝိုင်းကို ၀င်ရပါ့..အဟား။

ဖိုးဂျယ် said...

ဟိုဟာက ဟိုလိုလေ ဒီဟာက ဒီလိုလေ
ကိုဖြိုးမော်ရ ဟုတ်တယ် မဟုတ်လား
ကျွန်တော်ပြောတာ ထောက်ခံတယ်ဟုတ်
မှန်တယ် မဟုတ်လား ညီလေး ခရာတွန်
ထောက်ခံပါဗျာ ကိုကေမောင်ငြိမ်းရာ
(လေလျှောက်ဖောနေတာ)
ဟို ပိန်ညောင်ညောင်စားပွဲထိုးလေး ဒီခဏကွာ
ရေတခွက်လောက် ခပ်ပေးပါကွာ
ပြောရတာ မောလို့ ပြီးရင် ဟို လည်စောင်းစောင်းကောင်လေး
ကြော်တဲ့ ကြာဇံကြော်တပွဲယူခဲ့

ဟီး ကိုရွာသားလေး ရေးသွားတာ ပျော်လို့
ဝင်စသွားတယ်။
စိတ်ဆိုးရင် ကော်ဖီဝယ်တိုက်း)

ပန်းခရမ်းပြာ said...

ရွာသားလေးရေ
ပါတီလုပ်ခွင့် ပြုပြီပေါ့ ….

တခါတည်း ကြေငြာလိုက်ပြီနော်…

“ရွာသားလေးရဲ့ လေအန်ကုန်း လက်ဖက်ရည်ဆိုင်မှာ
စနေနေ့ ညတိုင်း ပါတီရှိပါသည်။”
BYOFD
(Bring your own food & drink)

T T Sweet said...

ခုမှတွေ့လို့ အိမ်ရောင်းအိမ်ဝယ် အန်တီကြီး လဖက်ရည်ဝင်သောက်သွားပါသည်။ ပျော်စရာကြီး နော့။

Anonymous said...

ဟတ်ဟတ်.. ရွာသားလေးတို့လုပ်ထားတာ...
သိပါဘူး.. မရောက်လို့ .လဘက်ရည်ဆိုင်ဖွင့်တာ အခုမှ
သိတာပဲ.... ပျော်စရာကြီးးးး :D

ကဲကဲ.. ချိုဆိမ့်ဝမ်း .. ဝေလေးရေ.. မမဘို့ ခွက်ကြီးကြီး
နဲ့နော်... ညီအစ်မချင်းတွေပဲ ဆိုင်ရှင် အရင်းပြုတ်ရင်
ပြုတ်ပစေ.... :D

နောက်ပြီး အီကြာကွေး ၊ စမူဆာ ၊ နံပြားထောပတ်သုတ်.
အကုန်လာထား... စားချင်တာတွေပြောတာပါ..း)

Talkii said...

မုန့်ဟင်းခါးလေးရော လုပ်ပါဦး
မုန့်ဖတ်များများ
ဟင်းရည်များများ
ကြက်ဥများများ
(ကိုရွာသားက အနောက်ကနေ အမြင်ကတ်ပြီး)
((ဘာနည်းချင်သေးလဲ))
:D
ပိုက်ဆံတော့ နည်းနည်းတောင်းပါ

ဂရေစ့် said...
This comment has been removed by the author.
ဂရေစ့် said...

ဆောရီးနော်..ဟိဟိ..ရန်တွေ့ရတာအလကားဖြစ်သွားပီ..
တွေ့ဝူးလေ.အမြီးပိုင်းမှာထည့်တာကိုလို့...

ညီလင်းသစ် said...

လက်ဖက်ရည်ဆိုင်က အတော့်ကို စည်နေတာပဲဗျ...၊

နောက်ကျပေမယ့် အပေါက်ဝမှာတင်မနေဘဲ အထဲထိ ဝင်ထိုင်သွားပါတယ်ဗျာ...၊ :D
ကျဆိမ့်တစ်ခွက်နဲ့ ရေနွေးတစ်အိုးဆို ရပါပြီဗျို့....။

မောင်ဖားကြီး said...

ဒီဂျေဖားကို ဆိုင်ထဲခေါ်မယ် ဆိုရင်တော့ စားသုံးသူတွေ လန့်ပြေးသွားမယ် ထင်တယ် အစ်ကိုရေ... :)

မိုးခါး said...

ရေနွေးတအိုးလောက် .. ကြာပါတယ် ဒီလောက်လူစီနေတာ ကိုယ်တိုင်ပဲ သွားယူတော့မယ် .. :P
လူစုံတက်စုံပဲနော် .. :D
ပရိုမိုးရှင်းတို့ ဒစ်စကောင့်တို့လုပ်သင့်တယ် .. :P

RePublic said...

အလုပ်ပြုတ်မှာ မပူရတော့ဘူးဗျို့ ၊၊ ကိုရွာသားကြီးဆိုင်မှာ
ဝင်လုပ်ခွင့်ပြုလို့ ကျေဇူး တင်နေတာ ၊၊ မင်္ဂလာပါခင်ဗျ၊၊

ကိုရုပ်ဆိုး said...

ဟ ... ရွာသားရ။ ကောင်တာထိုင်ခိုင်းတယ်ဆိုတာ။ အနားယူခိုင်းသလိုမျိုးကွ။ ငါက ဘယ်သူနဲ့မှ စကားမပြောရတော့ဘဲ ငုတ်တုတ်ထိုင်နေရတော့မှာလား။ ဒီ အိုင်ဒီယာ မကောင်းဘူး။ ၀ိုင်းပေါက်စိလိုက်ပြီး ဆိုင်ရဲ့ အရည်အသွေး၊ အစားအသောက်အရည်အသွေး၊ အရည်အသွေးတွေအကုန်စီစစ်ရတဲ့ QC မန်နေဂျာ လုပ်မယ်ကွာ။ ရာထူးပြောင်းပေး။ ဒါမှ အားလုံးနဲ့ စကားပြောရမှာ။ ပိုက်ဆံကိုတော့ ကဒ်နဲ့ဝိုင်းမှာ တစ်ခါတည်း ဖြတ်ကွာ။ ကောင်တာ မထားနဲ့တော့ ... :P

Unknown said...

ဖတ်ရင်းနဲ့  ကြည်နူးပျော်ရွှင်မိတယ်
လက်ဖက်ရည်ဆိုင် မထိုင်တတ်တဲ့တို့ တောင်
အဲလို ဆိုင်မျိုးလေးဆို လာထိုင်ချင်မိအောင်ကို အရေးအသားလေး အကွက်ကျကျရေးတတ်တယ်
ပျော်ဖို့ ကောင်းလိုက်တာနော်
ခုတော့ အဝေးကပဲ ငေးသွားတယ်ကွယ်