03 April 2009

အဝေးရောက်ကြယ်

မှေးမှိန်ခဲ့တယ်
တကယ့်ကို မှေးမှိန်ခဲ့ပါတယ်
မလင်းတလက် လင်းတလက်ရယ်မို့
အလင်းမဲ့တယ် ဆိုကဲ့ရဲ့လည်း
လင်းလျက်ငွေကြယ် မငြင်းရက်တယ်
တကယ်တော့ ငါဟာ အဝေးရောက်ကြယ်
မေ့ပျောက်ဖို့လွယ်တဲ့
ဟိုး……..အဝေးကကြယ်

ငယ်တုန်းက စသင်ရတဲ့ ကဗျာလေးက
မှိတ်တုတ်မှိတ်တုတ်လက်သောကြယ်
သင်သည်ဘယ်လောက် အံ့သြဖွယ်
ဤကမ္ဘာထက်လွန်မြင့်မား
မိုးကောင်းကင်ထက် စိန်ပမာ

အဲဒီကဗျာလေးသင်ပြီးကတည်းက သူက ကြယ်ကလေးသိပ်ဖြစ်ချင်ခဲ့တာတဲ့။ ပြီးတော့ သူကြားဖူးနားဝရှိတာလေးက အလင်းရောင်မဲ့တဲ့ ညဘက်တွေမှာ ခရီးသွားတွေအတွက် ကြယ်တွေက လမ်းပြပေးတဲ့ အမှတ်အသားလေးတွေတဲ့။ အိုး…..တကယ့်ကို ရူးသွပ်စွာ ကြယ်ကလေးဖြစ်ခွင့်ကို အနူးအညွတ်တောင်းဆိုမိခဲ့တာ…….

16 comments:

Anonymous said...

လမိုက် ညတွေမှာတောင် ကြယ်ကလေးက မှိတ်တုတ် မှိတ်တုတ်လေးနဲ့ ခရီးသွားတွေကို အကျိုးပြုသေးတာပဲ ဆက်လက်လင်းလက်နေပါအုံး လေတိုက်ခံနေရတဲ့ ဆီမီးခွက်လေးတွေလည်းရှိနေသေးတယ်လေ အားနာပါး) ။

ရွှေပြည်သူ (ShwePyiThu) said...

“မေ့ပျောက်ဖို့လွယ်တဲ့ ဟိုး……..အဝေးကကြယ်” တဲ့လား ငါ့အစ်ကိုရေ။ မှေးမှိန်ခဲ့တယ်ဆိုပေမယ့် ကြယ်တစင်း လက်မလက်ကို ကြယ်က ဆုံးဖြတ်ရမှာ မဟုတ်ဘဲ ကြည့်တဲ့သူတွေကသာ ဆုံးဖြတ်ကြတာလို့ ထင်တာပါပဲ။ ဒါကြောင့် သူ့ကိုယ်သူ မလင်းလက်ဘူးထင်နေပေမယ့် တကယ်တမ်းတော့ သိပ်လင်းလက်တဲ့ ကြယ်တစင်းလဲ ဖြစ်နေနိုင်တာပါပဲ...

အိုင်လွယ်ပန် said...

ကိုလေးဖြူရဲ့ ညနေကြယ် သီချင်းလေး
နားထောင်ပြီးဖတ်သွားတယ်ဗျာ ....

ကောင်းတယ် ....

Phyo Evergreen said...

ဝေးနေလို့သာ မှိန်တယ်လို့ထင်တာပါ.. ကြယ်ပွင့်တိုင်း သူ့အလင်းနဲ့သူ.. လှလှပပလင်းပါတယ်။

WWKM said...

ဝေးနေလို့သာ မှိန်တယ်လို့ထင်တာပါ.. ကြယ်ပွင့်တိုင်း သူ့အလင်းနဲ့သူ.. လှလှပပလင်းပါတယ်။

ကူးချသွားသည်. :D

မီယာ said...

ရွာသားလေးရေ.. သတိတရ စီဘုံးမှာ လာအော်တာ ကျေးဇူးပါ... စိတ်ရောကိုယ်ပါ ရှုပ်နေလို့ပါ။ အဝေးရောက် ကြယ် အလင်းမမဲ့ပါကွယ်...
(ဒီလောက်ပဲ ရတယ် :P)

Htoo Aung Lwin said...

ကောင်းကင်ထက်က ကြယ်တိုင်းဟာ လူသားတွေနဲ့ အဝေးကြီးမှာပဲ နေရပါတယ်။ ဒါပေမဲ့ သူတို့က လူတွေအတွက် လင်းလက်ပြီး အကျိုးပြုကြတယ်။ ကြယ်လေးဖြစ်ချင်တဲ့ ကိုရွာသား လူသားတွေအတွက် အမြဲ လင်းလက်နိုင်ပါစေ...............

Phyo Maw said...

ကြယ် ကိုကြီးကျော်မဟုတ်ဘူး ကိုကြီးကြယ်ပဲ ခေါ်တော့မယ်။
အော် အဝေးရောက် ကိုကြီးကြယ်ရဲ့... အဖြစ်ကလည်း မနှစ် မနှစ် မနှစ်ကတဲ့ မတူတော့တဲ့ပုံပဲ။

လင်းဒီပ said...

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်..
ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့ သီချင်းတွေလည်း...
ရင်တွေ ကွဲသွားအောင် ဆိုနေဦးမယ်..။
(ကိုမောင်လေးလင်းဒီပ)

ဂျူနို said...

ခက်ပါရောလား။
ကြယ်ဆိုတာ ညရောက်မှ ထွက်ထွက်လာတာ။ ဇီးကွက်လိုပဲ ညငှက် ဆိုရမလားပဲ။
ငါ့တူက ဖြစ်ချင်တယ်ဆိုတော့ အဒေါ်ရင်ကျိုးရမယ်ထင်တယ်။

khin oo may said...

ပင်လယ်ဖြစ်စေသတည်း ဆိုတာကို မှတိမိသေးတော့တယ။် လင်းဒီပပေါ့။

Unknown said...

Stars are small compare to the moon. But they have their own ability and dont need to depend on others like moon does.
In addition the signification of stars is the knowledges of good and truth.
So proud to be star!

ကိုလူထွေး said...

မလင်းတလက် လင်းတလက်ရယ်မို့
အလင်းမဲ့တယ် ဆိုကဲ့ရဲ့လည်း
လင်းလျက်ငွေကြယ် မငြင်းရက်တယ်

ဝေလေး said...

မေ့ချင်တယ်ဆိုရင်တော့ အဝေးကဖြစ်ဖြစ် အနီးကဖြစ်ဖြစ် မေ့သွားကြမှာပဲမဟုတ်လား။ ကိုယ်တိုင်ကပေးတဲ့အလင်းကို ကိုယ်တိုင်ကြည့်ခွင့်မရတော့ မှေးမှိန်နေလား လင်းလက်နေလား ဘယ်သိနိုင်မှာလဲ....

Unknown said...

ခံစားချက်လေးတွေက တခါတခါ သိပ်တူနေလို့ 
အံ့သြမိတယ်
တို့ ကတော့ ဒီလို လှ၂ပ၂လေး မဖွဲ့ တတ်ဘူး

ကိုယ်တိုင် သေရင် ကောင်းကင်က ကြယ်လေးဖြစ်ချင် သလို ကိုယ်ချစ်တဲ့သူတွေဆိုလည်း ကောင်းကင်က ကြယ်လေးတွေနဲ့  နှိုင်းယှဉ်ကြည့်မိတယ်

ငယ်၂က မေ၂ဆိုပြတဲ့ ကဗျာလေးကို အကုန်မမှတ်မိတာ
မောင်ရွာသားကျေးဇူးနဲ့  ပြန်ဖတ်သွားတယ်
သိပ်ဉာဏ်ကောင်းတယ်

khin oo may said...

.......