25 March 2009

ကျန်ခဲ့မယ်

လရိပ်ပြာ
ရွှေရည်လမ်း
ရေကြည်ချမ်းရှိတဲ့ဆီ

ပန်းနံ့သာ
နေခြည်နွေး
ပျံ့ပျုးသာမွှေးတဲ့ဆီ

စောင်းယဉ်သာ
ငြိမ့်ငြိမ့်အေး
သံချိုတေးတွေရှိတဲ့ဆီ

ပျော်ချစ်ခင်
တူဆင်နွှဲဖို့
မခေါ်ပစ်ခွာ
သူတွင်မုန်းလည်း

လွမ်းလျက်
ကမ်းတစ်ဖက်ရယ်က
လက်ပြလို့
ကျန်ခဲ့မယ်.....

12 comments:

Anonymous said...

ဒွတ်ခေါ....ဘီလိုနားလည်ရမှန်းမသိတော့

ကဗျာကို ကဗျာလိုပဲဖတ်ရမလားး
ဟိုလိုလို ဒီလိုလိုပဲတွေးရမလားးး
လားး

လားး

လွမ်းလျက်
ကမ်းတစ်ဖက်ရယ်က
လက်ပြလို့
ကျန်ခဲ့မယ်.....

လက်ပဲပြပြီးကျန်ခဲ့ ခုန်တော့ ခုန်မချလိုက်နဲ့ အောက်မှ ဆူးတွေ ချွှန်မြနေတာပဲ ။ ခုချလိုက်လို့ကတော့ ပွဲကပြီးပြီး the end :)

Htoo Aung Lwin said...

“ပျော်ချစ်ခင်
တူဆင်နွှဲဖို့
မခေါ်ပစ်ခွာ
သူတွင်မုန်းလည်း”
မုန်းပါဘူးနော် ဒီက.........
ဟွန့်လူဆိုး သူက စပြီး မုန်းချင်နေလားမသိဘူး။

လင်းဒီပ said...

ဒီကဗျာလေးက ရွတ်လို့ကောင်းတယ်..

ရိုးရှင်းပြီး..
ကျစ်လစ် ရှင်းသန့်နေတယ်။

ရွာသားလေး ရေးနေကျ
ပုံစံထဲက ခွဲထွက်နေတယ်လို့ ခံစားမိတယ်..။
ကူးသွားပါတယ်...ကြိုက်လို့။

Phyo Evergreen said...

ပန်းနံ့သာ
နေခြည်နွေး
ပျံ့ပျုးသာမွှေးတဲ့ဆီ

ပန်းခင်းလေးထဲရောက်သွားသလိုဘဲ..။ ကြိုက်တယ်.. ခိုက်တယ်.. ကဗျာကို..။

WWKM said...

အဲဒါဆို.... “ ဆာယိုနာရ”ပေါ့..း)

khin oo may said...

25 Mar 09, 23:53
ုkom: စာသားလေး တွေ က သိတ်လှတယ်။ မောင်စိန်ဝင်း ပုတီးကုန်းတို့ခိုင်ထူးသီချင်းတို့ခင်မောင်တိုး တို့သီချင်းစာသားလေးတွေ လိုဘဲ။ အနုပညာနယ် နဲ့သာနီးရင် သီချင်းအဖြစ်နဲ့ တောင်းသွားကြမှာဘဲ

25 Mar 09, 23:50
ုkom: အလွမ်းဆိပ်သင့်ကာ ကျန်ခဲ့မယ်။ (အဲ...ဒီစာသားလေး ကောင်းတယ်။ )

25 Mar 09, 23:49
ုkom: သက်ပြင်းချလို့ကျန်ခဲ့မယ်။

25 Mar 09, 23:49
ုkom: ခေါင်းငိုက်စိုက်ချလိုကျန်ခဲ့မယ်။
25 Mar 09, 23:48

ုkom: အဲလိုသဘောမျိုးလေ.းစကားလုံးကို ရွေးသင့်တယ။် ဝမ်းနည်းနေတဲ့သဘောပို ပီပြင်တာပေါ့။ လက်ပြတယ် ဆိုတာ တာတာ.တီတိ..ဘိုင်ဘိုင်. ဟိ
25 Mar 09, 23:47

ုkom:ုkom: လွမ်းလျက် ကမ်းတစ်ဖက်ရယ်က ခေါင်းငိုက်စိုက်ကျ လို့ ကျန်ခဲ့မယ်.....

25 Mar 09, 23:47
ုkom: လွမ်းလျက် ကမ်းတစ်ဖက်ရယ်က လက်ပြလို့ ကျန်ခဲ့မယ်.....

25 Mar 09, 23:47
ုkom: ကွန်မက်တွေ က ဖြူနေတယ။်ဖတ်လို့မရလို့ high light လုပ်ပြီးဖတ်ရတယ်။

25 Mar 09, 23:46
ုkom: လက်ပြလို့ ကျန်ခဲ့မယ်ဆိုတော့ဝမ်းသာ သလိုချည်းဖြစ်နေတယ်။

25 Mar 09, 23:35
ုkom: visited

ရွှန်းမီ said...

:-)
နုနေ၏။

မေငြိမ်း said...

ရိုးဂုဏ်နဲ့ ချစ်စရာကောင်းတဲ့ ကဗျာလေး..။

Thant said...

ချစ်ဖို့ကောင်းတဲ့ ကဗျာလေး..... အရမ်းနုတယ် ။ ထိရင် ပဲ့ကြွေကျသွားမလားမသိ ။း)

ရွှေပြည်သူ (ShwePyiThu) said...

လက်ပြမှာလား လက်ယပ်ခေါ်မှာလား ကိုရွာသားလေးရေ...း) စတာ။ တကယ့်ကို နူးညံ့တဲ့ ကဗျာဆွေးဆွေးလေးပါပဲ...

ဝေလေး said...

ကဗျာလေးက ရွတ်လို့ကောင်းတယ်.......

Unknown said...

သိပ်ကောင်းတာပဲ
ဖတ်ရင်းနဲ့  သဘောကျတယ်
ပြန်ဖတ်တယ်
တို့ ကြိုက်တဲ့ စာလုံးလေး ၂ လုံးပါတယ်
အပိုင်ယူလိုက်ပြီ