20 March 2009

လောင်ကျွမ်းခြင်း

တလူးလူး
တလိမ့်လိမ့်
ဟိုနားကပူသလိုလို
ဒီနားက စပ်သလိုလို
ထထိုင်လိုက်
ပြန်အိပ်လိုက်
မျက်စိမှိတ်ပင်မယ့်
အိပ်လို့မပျော်
ဟိုးတစ်ဖက်ကို
လွင့်ထွက်
အရာအားလုံးကို
မေ့ပျောက် ဖြတ်တောက်ချင်ခဲ့
အတ္တဆိုတဲ့ ငါအစွဲနဲ့
အမြဲတွဲနေသမျှ
ခဏခဏ
လောင်ကျွမ်းနေရ ဦးမှာပါလား…

13 comments:

Anonymous said...

စပ်တာက = ငရုတ်သီး
ပူတာက= မီး

ထို ၂ ခုကိုပေါင်းလိုက်တော့ အစ်ကိုရွာသားက ငရုတ်သီးလှော်နေတာပေါ့း)

ပူစပ် ပူစပ် အချစ်
ထိုင်မရ ထမရ အချစ်
ခဏခဏ အချစ်
မလောင်လိုက်နဲ့ ရေမြန်၂လောင်းပါ အစွဲရှိရင်ချွတ်ပေးမယ်လေ ကျနော့်အသိ ပယောဂဆရာတစ်ယောက်ရှိတယ် :P

yehtutnaung said...

ဝင်လေထွက်သိ..
အခါခါမိလဲ..
မပြေငြိမ်းနိုင်ရာ..
လောင်ကျွမ်းခြင်းပါ။

Anonymous said...

:)...မြောက်လိုက်တဲ့ ကဗျာလေး ။ ကြိုက်တယ်။:)
တော်တော်ပူနေပုံ ပေါက်တယ်နော် ။။:P

WWKM said...

ဒီမှာတော့ချမ်းလိုက်တာ...
ချမ်းလွန်းလို့ နေမရ ထိုင်မရ..း)

တန်ခူး said...

လောင်ကျွမ်းခြင်းတွေ ဟောင်းသွားတော့ အသစ်တွေ ရောက်ရောက်လာ… ကိုယ်ကရှာနေတာလား ကိုယ့်ဆီရောက်လာတာလား… ဝေေ၀၀ါးဝါးပဲ… ဟုတ်တယ်.. ပူတာအရမ်းပဲ…

khin oo may said...

ကိုရွာသားလေး ရာသီဥတု အကူးအပြောင်းမှာ မိတ်တွေ ပေါက်လို့ ခံစားရတာကို ဖွဲ့နွဲ့ထားတာ ဖြစ်ပါတယ။် ခံစားသွားကြပါ။

ဘောလ့က ပြင်တာ ပိတ်ပြင်ရသလား မကြားဘူးပါဘူး။။ ကိုဂီလို အချိုးချိုးချင်နေတာလား။

ရွှန်းမီ said...

လက်စသတ်တော့ ငရုတ်သီးလှော်ရင်း လွင့်ထွက်သွားတာကိုး . .
တလူးလူး တလိမ့်လိမ့် တလွင့်လွင့် နဲ့ ဒယ်အိုးထဲက ဘ၀လေးများ ကို ကိုရွာသား စာဖွဲ့ထားပုံ မိုက်သည်။..
း-)

Htoo Aung Lwin said...

ဘာလို့ လဖက်သုပ်ကို အဲ့ဒိလောက် ငရုပ်သီးတွေထဲ့စားရတာလဲ။ အခုတော့ စပ်ကလဲစပ် မျက်လုံးလဲကြောင် အိပ်မရတော့ဘူးပေါ့။

မီယာ said...

အပူများ ငြိမ်းစေ ဆုတောင်းပေးလေ :)

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ် ကိုရွာသားလေးရေ... အခုလည်း ပူလှပြီး(

ဝေလေး said...

ရာသီဥတုကပူလို့ထင်ပါရဲ့...... ပန်ကာလေးဖွင့်ပြီးအိပ်.. :P

Unknown said...

တမြေ့ ၂လေး လောင်ကျွမ်းနေတာလေးကိုပဲ
နှစ်သက်နေတဲ့ စိတ်ကလေးကိုက အတ္တလေးကို
မီးလောင်ရာလေပင့်သလိုမျိုးလေးပေါ့
(တရားသဘော လေးရသွားတယ်) ကဗျာလေးဖတ်ပြီး

Unknown said...

အဲဒီ့အပူလေးငြိမ်းအောင် စိတ်ကလေးကို လွတ်၂လပ်၂ နေခွင့်ပေးလိုက်ပါလား (ဘယ်သူတွေကြောင့်မှ အထိခိုက် အနာတရမခံရစေပဲနဲ့ )
ဆရာသိပ်လုပ်တာပဲလို့  ထင်နေမလားပဲ